ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ခြင့္ျပဳခ်က္မဲ့ ႏုိင္ငံျခား ေငြသံုးစြဲသူမ်ားကို အေရးယူမည္ ဟု ဗဟိုဘဏ္ေျပာၾကားၿပီးေနာက္ ျပည္တြင္းေငြေၾကးေဈးကြက္တြင္ ကန္ေဒၚလာတန္ဖိုး အနည္းငယ္ တည္ၿငိမ္လာသည္ဟု စီးပြားေရး လုပ္ငန္းရွင္အခ်ိဳ႕က ေျပာသည္။

ျပည္တြင္း ေဈးကြက္တြင္ ကန္ေဒၚလာသည္ တန္ေဆာင္ တိုင္႐ံုးပိတ္ရက္အၿပီး၌ တစ္ေဒၚ လာလွ်င္က်ပ္ ၁,၅၈၀ မွ ၁,၅၈၅ က်ပ္ခန္႔ ေဈးဖြင့္ေၾကာင္း ျပင္ပ ေငြလဲဝန္ေဆာင္မႈ လုပ္ကိုင္သူ တစ္ဦးက ေျပာသည္။

ယခုရက္ပိုင္းတြင္ အေရာင္း အဝယ္ပံုမွန္ရွိေနၿပီး ေဈးကြက္ တည္ၿငိမ္ေနသည္ဟု ၎က ေျပာ သည္။

ေဈးကြက္အတြင္း ေဒၚလာ တန္ဖိုး တည္ၿငိမ္ေနေသာ္လည္း ဗဟိုဘဏ္၏ ရည္ၫႊန္းေငြလဲႏႈန္း သည္ ႏိုဝင္ဘာ ၂၃ ရက္တြင္ တစ္ ေဒၚလာ ၁,၅၇၃ က်ပ္သို႔ ေရာက္ ရွိလာသည္။ ၿပီးခဲ့သည့္တစ္ပတ္က ၁,၅၆၅က်ပ္ခန္႔သာရွိခဲ့ေသာ ဗဟိုဘဏ္ ရည္ၫႊန္းေငြလဲႏႈန္းသည္ ေဈးကြက္ေပါက္ေဈးႏွင့္ နီးစပ္ရန္ လိုက္ပါျမင့္တက္လာျခင္းျဖစ္ႏုိင္သည္ဟု ပုဂၢလိကဘဏ္တစ္ခုမွ အႀကီးတန္းအရာရွိတစ္ဦးက ေျပာသည္။

ျပည္တြင္း၌ ႏုိင္ငံျခားေငြ သံုးစြဲျခင္းႏွင့္ ပတ္သက္၍ ဗဟို ဘဏ္က အေရးယူမည့္ ေဆာင္ ရြက္ခ်က္သည္ ေဒၚလာတန္ဖိုး က်ဆင္းေရး လုပ္ေဆာင္သည့္ နည္းလမ္းတစ္ခုျဖစ္ေၾကာင္း ထြန္းေကာ္မာရွယ္ဘဏ္ဥကၠ႒ ဦးသိန္း ထြန္းက ေျပာသည္။

ျပည္တြင္း၌ က်ပ္ေငြတစ္မ်ိဳး တည္းသာသံုးစြဲရန္ ဗဟိုဘဏ္က သံုးႀကိမ္ခန္႔ ၫႊန္ၾကားစာ ထုတ္ျပန္တားျမစ္ေသာ္လည္း ေဒၚလာ သံုးစြဲမႈကို တားဆီးႏိုင္ျခင္းမရွိေပ။ ထို႔ေၾကာင့္ လက္ရွိတြင္ ခြင့္ျပဳ ခ်က္မဲ့ ႏုိင္ငံျခားေငြအသံုးျပဳမႈ အ ေရးယူမည့္အစီအစဥ္ တိတိက်က်လုပ္ေဆာင္ေစလုိေၾကာင္း စီးပြား ေရး လုပ္ငန္းရွင္အခ်ိဳ႕က ေျပာ သည္။

ဗဟိုဘဏ္အေနျဖင့္ ျပည္ တြင္း၌ ႏုိင္ငံျခားေငြတန္ဖိုး က် ဆင္းရန္ႏွင့္ တည္ၿငိမ္မႈရွိေစရန္ ႏိုဝင္ဘာ ၁၁ ရက္က ႏုိင္ငံျခား ဘဏ္ခြဲမ်ားကို ျပည္တြင္း လုပ္ငန္းရွင္မ်ားအား ေငြေခ်းခြင့္ျပဳခဲ့ သည္။ႏုိင္ငံျခားဘဏ္မ်ားကို ေငြ ေခ်းခြင့္ျပဳျခင္းသည္ ကန္ေဒၚလာ အပါအဝင္ ႏုိင္ငံျခားေငြမ်ား ျပည္ တြင္းသို႔ စီးဝင္လာေစရန္ ရည္ရြယ္ ျခင္းျဖစ္ေၾကာင္း ႏုိဝင္ဘာ ၁၄ ရက္ သတင္းစာရွင္းလင္းပြဲတြင္ ျမန္မာႏုိင္ငံေတာ္ ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးစိုးသိန္းက ေျပာၾကားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day

#Unicode Version#

ခွင့်ပြုချက်မဲ့ နိုင်ငံခြား ငွေသုံးစွဲသူများကို အရေးယူမည် ဟု ဗဟိုဘဏ်ပြောကြားပြီးနောက် ပြည်တွင်းငွေကြေးဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုး အနည်းငယ် တည်ငြိမ်လာသည်ဟု စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။

ပြည်တွင်း ဈေးကွက်တွင် ကန်ဒေါ်လာသည် တန်ဆောင် တိုင်ရုံးပိတ်ရက်အပြီး၌ တစ်ဒေါ် လာလျှင်ကျပ် ၁,၅၈၀ မှ ၁,၅၈၅ ကျပ်ခန့် ဈေးဖွင့်ကြောင်း ပြင်ပ ငွေလဲဝန်ဆောင်မှု လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

ယခုရက်ပိုင်းတွင် အရောင်း အဝယ်ပုံမှန်ရှိနေပြီး ဈေးကွက် တည်ငြိမ်နေသည်ဟု ၎င်းက ပြော သည်။

ဈေးကွက်အတွင်း ဒေါ်လာ တန်ဖိုး တည်ငြိမ်နေသော်လည်း ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း သည် နိုဝင်ဘာ ၂၃ ရက်တွင် တစ် ဒေါ်လာ ၁,၅၇၃ ကျပ်သို့ ရောက် ရှိလာသည်။ ပြီးခဲ့သည့်တစ်ပတ်က ၁,၅၆၅ကျပ်ခန့်သာရှိခဲ့သော ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းသည် ဈေးကွက်ပေါက်ဈေးနှင့် နီးစပ်ရန် လိုက်ပါမြင့်တက်လာခြင်းဖြစ်နိုင်သည်ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ပြည်တွင်း၌ နိုင်ငံခြားငွေ သုံးစွဲခြင်းနှင့် ပတ်သက်၍ ဗဟို ဘဏ်က အရေးယူမည့် ဆောင် ရွက်ချက်သည် ဒေါ်လာတန်ဖိုး ကျဆင်းရေး လုပ်ဆောင်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း ထွန်းကော်မာရှယ်ဘဏ်ဥက္ကဋ္ဌ ဦးသိန်း ထွန်းက ပြောသည်။

ပြည်တွင်း၌ ကျပ်ငွေတစ်မျိုး တည်းသာသုံးစွဲရန် ဗဟိုဘဏ်က သုံးကြိမ်ခန့် ညွှန်ကြားစာ ထုတ်ပြန်တားမြစ်သော်လည်း ဒေါ်လာ သုံးစွဲမှုကို တားဆီးနိုင်ခြင်းမရှိပေ။ ထို့ကြောင့် လက်ရှိတွင် ခွင့်ပြု ချက်မဲ့ နိုင်ငံခြားငွေအသုံးပြုမှု အ ရေးယူမည့်အစီအစဉ် တိတိကျကျလုပ်ဆောင်စေလိုကြောင်း စီးပွား ရေး လုပ်ငန်းရှင်အချို့က ပြော သည်။

ဗဟိုဘဏ်အနေဖြင့် ပြည် တွင်း၌ နိုင်ငံခြားငွေတန်ဖိုး ကျ ဆင်းရန်နှင့် တည်ငြိမ်မှုရှိစေရန် နိုဝင်ဘာ ၁၁ ရက်က နိုင်ငံခြား ဘဏ်ခွဲများကို ပြည်တွင်း လုပ်ငန်းရှင်များအား ငွေချေးခွင့်ပြုခဲ့ သည်။နိုင်ငံခြားဘဏ်များကို ငွေ ချေးခွင့်ပြုခြင်းသည် ကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေများ ပြည် တွင်းသို့ စီးဝင်လာစေရန် ရည်ရွယ် ခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၁၄ ရက် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားထားသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top