၂၀၁၉ တြင္ ႐ိုက္ကူး မည့္ ႐ုပ္ရွင္ကားအတြက္ ႀကိဳတင္ျပင္ဆင္ျခင္းအျဖစ္ ႀကိဳးစား၍ Gym ကစားေနေၾကာင္း သ႐ုပ္ေဆာင္ေအးျမတ္သူက ေျပာ သည္။
‘‘ေအးျမတ္သူ အခုႀကီး ေအာင္ ေဆာ့ရတဲ့အတြက္ အစား မ်ားမ်ားစားရတယ္။ အသားေတြ၊ ပ႐ိုတင္းဓာတ္ပါတာေတြ မ်ား မ်ားစားရတယ္။ အေလးအႀကီး ႀကီးေတြ မ,ရတယ္။ ေအးျမတ္သူ တင္ပါးကို အရင္ကအသားေပး ေဆာ့တဲ့အတြက္ ေအာက္ပိုင္းက ေအးေအးေဆးေဆးပဲ။ မ,ႏုိင္ တယ္။ ေအးျမတ္သူက လက္က မမႏုိင္ဘူး။ လက္ေကာက္၀တ္ ေတြက သူမ်ားထက္ေသးတဲ့အ တြက္ မႏုိင္ေသးဘူး။ ႂကြက္သား ေတြ မသန္မာေသးဘူး။ အဲဒါက အခက္အခဲေပါ့။ လက္ေမာင္း ေတြ ႀကီးေအာင္လုပ္ေနရတာက ေအးျမတ္သူအတြက္ စိန္ေခၚမႈ ေပါ့။ လက္ေမာင္းေတြပိုႀကီးၿပီး ပိုထြားရမယ္။ အဲဒီအတြက္ ႀကိဳး စားၿပီး ဆက္ေဆာ့ရမွာေပါ့’’ဟု ၎ကေျပာသည္။
လက္ရွိ ခႏၶာကိုယ္အခ်ဳိးအ စားကို ႏွစ္သက္ေသာ္လည္း တင္ပါးပိုင္းကို ယခုထက္ ပို၍ ေတာင့္တင္းက်စ္လ်စ္ခ်င္၍ Gym ပိုကစားျဖစ္ေနသည္ဟု ဆုိသည္။
‘‘လူေတြအကုန္လုံးက ယို ယြင္းႏုိင္တယ္။ ႏွစ္ေတြၾကာလာ တာနဲ႔အမွ် လူတုိင္းျဖစ္ေစ၊ အိမ္ တစ္အိမ္ျဖစ္ေစ ျပဳျပင္ေျပာင္းလဲ မႈ မရွိရင္ ယိုယြင္းပ်က္စီးႏုိင္တယ္။အဲဒီေတာ့ က်န္းမာေအာင္၊ ႀကံ႕ ခိုင္ေအာင္ျပန္ၿပီး ပ်ဳိးေထာင္ရ တယ္’’ဟု ၎ကဆုိသည္။
၂၀၁၆ ကတည္းက ကံ ေကာင္းလာေသာ ေအးျမတ္သူ သည္ ၂၀၁၈ အကုန္ ၂၀၁၉ တုိင္ ေအာင္ ကံေကာင္းမႈမ်ား မရပ္ တန္႔ခ်င္ေသးဘဲ အိမ္ေထာင္က် သည္အထိ ကံေကာင္းခ်င္သည္ ဟု ဆုိသည္။
‘‘ကံေကာင္းတယ္ဆုိတာ ကိုယ္လည္းေကာင္းတဲ့အရာေတြ လုပ္မွ ရတာပါ။ ေအးျမတ္သူက ေတာ့ ကိုယ္လုပ္ရမယ့္ အလုပ္ကို အေကာင္းဆုံးလုပ္တယ္။ ကံ ေကာင္းဖို႔အတြက္ ေကာင္းတဲ့အ ရာေတြကို ႀကိဳးစားၿပီး မ်ားမ်ား လုပ္ပါမယ္ရွင့္’’ ဟု ၎ကေျပာ သည္။
အခ်စ္ေရး အဆင္ေျပေပ်ာ္ ရႊင္ေနၿပီး အသက္ (၃၅)ႏွစ္တြင္အိမ္ေထာင္ျပဳရန္ ရည္ရြယ္ထား ေၾကာင္း ၎ကဆုိသည္။
‘‘စိတ္ထားတတ္ဖုိ႔ လုိတယ္။ လုပ္ငန္းခြင္ပဲျဖစ္ပါေစ၊ အခ်စ္ ေရးပဲ ျဖစ္ပါေစ။ ကုိယ္သူတစ္ပါး ကို အာ႐ုံမစိုက္နဲ႔။ ကိုယ့္ကိုယ္ ကိုယ္ပဲ ကုိယ္ၾကည့္ပါ။ သူမ်ား ကို အာ႐ုံစိုက္ရင္ ကိုယ္ပင္ပန္း တယ္။ ခ်စ္သူမွာလည္း ခ်စ္သူကို တအားႀကီး ဖိအားေပးၿပီး ဂ႐ု မစိုက္နဲ႔။ ကိုယ့္ကိုယ္ကုိယ္ ဘယ္ လိုလွေအာင္ ေနမလဲဆိုတာပဲ စဥ္းစား၊ ခ်စ္သူက အလုိလုိေန ရင္း ကိုယ့္ကိုခ်စ္လာလိမ့္မယ္’’ ဟု ေအးျမတ္သူက ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day
#Unicode Version#
၂၀၁၉ တွင် ရိုက်ကူး မည့် ရုပ်ရှင်ကားအတွက် ကြိုတင်ပြင်ဆင်ခြင်းအဖြစ် ကြိုးစား၍ Gym ကစားနေကြောင်း သရုပ်ဆောင်အေးမြတ်သူက ပြော သည်။
‘‘အေးမြတ်သူ အခုကြီး အောင် ဆော့ရတဲ့အတွက် အစား များများစားရတယ်။ အသားတွေ၊ ပရိုတင်းဓာတ်ပါတာတွေ များ များစားရတယ်။ အလေးအကြီး ကြီးတွေ မ,ရတယ်။ အေးမြတ်သူ တင်ပါးကို အရင်ကအသားပေး ဆော့တဲ့အတွက် အောက်ပိုင်းက အေးအေးဆေးဆေးပဲ။ မ,နိုင် တယ်။ အေးမြတ်သူက လက်က မမနိုင်ဘူး။ လက်ကောက်ဝတ် တွေက သူများထက်သေးတဲ့အ တွက် မနိုင်သေးဘူး။ ကြွက်သား တွေ မသန်မာသေးဘူး။ အဲဒါက အခက်အခဲပေါ့။ လက်မောင်း တွေ ကြီးအောင်လုပ်နေရတာက အေးမြတ်သူအတွက် စိန်ခေါ်မှု ပေါ့။ လက်မောင်းတွေပိုကြီးပြီး ပိုထွားရမယ်။ အဲဒီအတွက် ကြိုး စားပြီး ဆက်ဆော့ရမှာပေါ့’’ဟု ၎င်းကပြောသည်။
လက်ရှိ ခန္ဓာကိုယ်အချိုးအ စားကို နှစ်သက်သော်လည်း တင်ပါးပိုင်းကို ယခုထက် ပို၍ တောင့်တင်းကျစ်လျစ်ချင်၍ Gym ပိုကစားဖြစ်နေသည်ဟု ဆိုသည်။
‘‘လူတွေအကုန်လုံးက ယို ယွင်းနိုင်တယ်။ နှစ်တွေကြာလာ တာနဲ့အမျှ လူတိုင်းဖြစ်စေ၊ အိမ် တစ်အိမ်ဖြစ်စေ ပြုပြင်ပြောင်းလဲ မှု မရှိရင် ယိုယွင်းပျက်စီးနိုင်တယ်။အဲဒီတော့ ကျန်းမာအောင်၊ ကြံ့ ခိုင်အောင်ပြန်ပြီး ပျိုးထောင်ရ တယ်’’ဟု ၎င်းကဆိုသည်။
၂၀၁၆ ကတည်းက ကံ ကောင်းလာသော အေးမြတ်သူ သည် ၂၀၁၈ အကုန် ၂၀၁၉ တိုင် အောင် ကံကောင်းမှုများ မရပ် တန့်ချင်သေးဘဲ အိမ်ထောင်ကျ သည်အထိ ကံကောင်းချင်သည် ဟု ဆိုသည်။
‘‘ကံကောင်းတယ်ဆိုတာ ကိုယ်လည်းကောင်းတဲ့အရာတွေ လုပ်မှ ရတာပါ။ အေးမြတ်သူက တော့ ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံးလုပ်တယ်။ ကံ ကောင်းဖို့အတွက် ကောင်းတဲ့အ ရာတွေကို ကြိုးစားပြီး များများ လုပ်ပါမယ်ရှင့်’’ ဟု ၎င်းကပြော သည်။
အချစ်ရေး အဆင်ပြေပျော် ရွှင်နေပြီး အသက် (၃၅)နှစ်တွင်အိမ်ထောင်ပြုရန် ရည်ရွယ်ထား ကြောင်း ၎င်းကဆိုသည်။
‘‘စိတ်ထားတတ်ဖို့ လိုတယ်။ လုပ်ငန်းခွင်ပဲဖြစ်ပါစေ၊ အချစ် ရေးပဲ ဖြစ်ပါစေ။ ကိုယ်သူတစ်ပါး ကို အာရုံမစိုက်နဲ့။ ကိုယ့်ကိုယ် ကိုယ်ပဲ ကိုယ်ကြည့်ပါ။ သူများ ကို အာရုံစိုက်ရင် ကိုယ်ပင်ပန်း တယ်။ ချစ်သူမှာလည်း ချစ်သူကို တအားကြီး ဖိအားပေးပြီး ဂရု မစိုက်နဲ့။ ကိုယ့်ကိုယ်ကိုယ် ဘယ် လိုလှအောင် နေမလဲဆိုတာပဲ စဉ်းစား၊ ချစ်သူက အလိုလိုနေ ရင်း ကိုယ့်ကိုချစ်လာလိမ့်မယ်’’ ဟု အေးမြတ်သူက ပြောသည်။
ကံေကာင္းမႈေတြ မရပ္တန္႔ေစခ်င္တဲ့ ေအးျမတ္သူ
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။