ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အစားအေသာက္ကို ခုံမင္တဲ့ လူေတြအတြက္ လူျဖစ္ရက်ိဳးနပ္ေအာင္ ဘဝမွာ ျမည္းစမ္းသင့္တဲ့ အစားအစာမ်ားအေၾကာင္း ေဖာ္ျပေပးခ်င္ပါတယ္။ ဒီအစားအစာေတြကေတာ့ အရသာ ရွိလြန္းလို႔ သင္လုံးဝ မႀကိဳက္ဘူးဆိုရင္ေတာင္ ဘဝမွာ တႀကိမ္တခါေတာ့ ျမည္းစမ္း ၾကည့္သင့္ပါတယ္။

(၁) ေက်ာက္ပုစြန္

သင္ဘယ္ေနရာမွာပဲ ေနေန ေက်ာက္ပုစြန္ဟာ ျမည္းစမ္း စားၾကည့္သင့္တဲ့ အစားအစာ တမ်ိဳးပါ။ ေသေသခ်ာခ်ာ ခ်က္ျပဳတ္ ျပင္ဆင္ထားတဲ့ ေက်ာက္ပုစြန္ကို စားရင္း ပါးစပ္ထဲမွာ ပုစြန္အရသာ စိမ့္ဝင္သြားတဲ့ ခံစားခ်က္က ဘယ္အရာနဲ႕မွ မတူတာကို ခံစားရပါလိမ့္မယ္။

(၂) Kebeb (တူရကီ)


တူရကီနိုင္ငံကို သြားေရာက္ လည္ပတ္မယ္ဆိုရင္ တူရကီေတြရဲ႕ အဓိက အစားအစာျဖစ္တဲ့ Kebeb ကို စားျဖစ္ေအာင္ စားဖို႔ တိုက္တြန္းခ်င္ပါတယ္။ တူရကီမွာ ရွိတဲ့ လူမ်ိဳးဘာသာမေ႐ြး Kebeb ကို ပုံစံမ်ိဳးစုံနဲ႕ စားသုံးၾကၿပီး မတူညီတဲ့ အရသာေပါင္းစုံ ရွိတယ္လို႔ သိရပါတယ္။

(၃) Masala Dosa (အိန္ဒိယ)

Dosa ဆိုတာ အိႏၵိယစားေသာက္ဆိုင္ေတြမွာ ေရာင္းခ်တဲ့ “တိုရွည္”ပါပဲ။ ဆန္မုန႔္ ပါးပါးကို အစပ္အရသာ ဟင္းလ်ာေတြနဲ႕ တြဲဖက္စားသုံးရတဲ့ အစားအစာ ျဖစ္ပါတယ္။ အိႏၵိယနိုင္ငံကို ခရီးမထြက္ျဖစ္ေသးဘူး ဆိုရင္ေတာင္ အိႏၵိယ စားေသာက္ဆိုင္ တခုခုမွာ သြားေရာက္ ျမည္းစမ္းဖို႔ တိုက္တြန္းခ်င္ပါတယ္။

(၄) Ice Cream (အေမရိကန္)

ေရခဲမုန႔္ကေတာ့ ျမန္မာနိုင္ငံအတြင္းမွာလည္း ေဖာေဖာသီသီရတဲ့ မုန႔္ပါပဲ။ ဒါေပမဲ့ အေမရိကန္က ျပဳလုပ္တဲ့ ေရခဲမုန႔္ကေတာ့ ဒီအရသာေတြနဲ႕ ကြာျခားေနပါလိမ့္မယ္။ အသုံးျပဳတဲ့ ပါဝင္ပစၥည္းေတြ ကြာျခားတဲ့ အေမရိကန္ေဒသထြက္ Ice Cream ေတြဟာ ကမာၻ႔အေကာင္းဆုံး အခ်ိဳပြဲေတြအျဖစ္ ရပ္တည္ေနတာကိုေတာ့ ျငင္းလို႔ မရပါဘူး။

(၅) Fish ‘N’ Chips  (အဂၤလန္)


စားေသာက္ဆိုင္ေတြမွာ ရနိုင္တဲ့ Fish and Chips ေတြဟာ အပိုပစၥည္းေတြ ထပ္ၿပီး ထည့္သြင္းလိုက္ျခင္းေၾကာင့္ ထင္သေလာက္ စားမေကာင္းပါဘူး။ အမွန္တကယ္ ေကာင္းမြန္တဲ့ Fish and Chips ေတြကို အဂၤလန္နိုင္ငံက လမ္းေဘးဆိုင္ေတြမွာ ရရွိနိုင္ပါတယ္။

(၆) Dim Sum (ေဟာင္ေကာင္)

ေဟာင္ေကာင္နိုင္ငံရဲ႕ ေန႕လည္စာ စားပြဲမွာ အၿမဲတမ္းနီးပါး ရွိေနတဲ့ စားစရာ တမ်ိဳးကေတာ့ Dim Sum ျဖစ္ပါတယ္။Dim Sum ကို ေပါင္းထားတဲ့ ပုံစံ၊ ေၾကာ္ထားတဲ့ ပုံစံ စသျဖင့္ ပုံစံအမ်ိဳးမ်ိဳးနဲ႕ ေတြ႕ရွိနိုင္ၿပီး အသား၊ ငါး၊ ဟင္းသီးဟင္း႐ြက္ စတာေတြနဲ႕ အစာသြပ္ေလ့ရွိၾကပါတယ္။ ပုံစံလွလွေလးေတြနဲ႕ တကိုက္စာ ကြက္တိ လုပ္ထားေပးတာေၾကာင့္ ျမည္းစမ္းၾကည့္ဖို႔ အႀကံေပးခ်င္ပါတယ္။

(၇) Tacos (မက္ကဆီကို)

မကၠွဆီကို နိုင္ငံရဲ႕ လူႀကိဳက္အမ်ားဆုံ းအစားအစာျဖစ္တဲ့ Tacos ဟာ ကမာၻ႔ေနရာအသီးသီးမွာ ေရာင္းခ်တယ္ ဆိုေပမယ့္ မကၠဆီကို နိုင္ငံမွာ ျပဳလုပ္တာေလာက္ မေကာင္းဘူးလို႔ သိရပါတယ္။ Tacos ဟာ နံျပားကဲ့သို႔ ျဖစ္ေနတဲ့ မုန႔္ဖက္အေပၚမွာ အမဲသား၊ ၾကက္သြန္နီ၊အစပ္ အႏွစ္ စတာေတြကို ထည့္ထားၿပီးေဒသခံေတြကေတာ့ ဟမ္ဘာဂါ စားသလို လက္နဲ႕ အားရပါးရ ကိုင္စားေလ့ ရွိပါတယ္။

(၈) Lasagna (အီတလီ)

အီတလီနိုင္ငံရဲ႕ လူႀကိဳက္အမ်ားဆုံး အစားအစာကို ပီဇာလို႔ သင္ထင္ရင္ေတာ့ မွားေနပါၿပီ။အီတလီ နိုင္ငံသားေတြ အႀကိဳက္ဆုံး အစားအစာဟာ အီတလီရိုးရာ ေခါက္ဆြဲ တခုျဖစ္တဲ့ Lasagna ပဲ ျဖစ္ပါတယ္။ Lasagna ဟာ အသား အထပ္ထပ္ေပၚမွာ Cheese အထပ္ထပ္အုပ္ၿပီး မုန႔္ဖုတ္သလို ဖုတ္စားရတဲ့ အစားအစားျဖစ္လို႔ ျမင္ရတာ လွပၿပီး စားေကာင္းမွာ ေသခ်ာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: irrawaddy

#Unicode Version#

အစားအသောက်ကို ခုံမင်တဲ့ လူတွေအတွက် လူဖြစ်ရကျိုးနပ်အောင် ဘဝမှာ မြည်းစမ်းသင့်တဲ့ အစားအစာများအကြောင်း ဖော်ပြပေးချင်ပါတယ်။ ဒီအစားအစာတွေကတော့ အရသာ ရှိလွန်းလို့ သင်လုံးဝ မကြိုက်ဘူးဆိုရင်တောင် ဘဝမှာ တကြိမ်တခါတော့ မြည်းစမ်း ကြည့်သင့်ပါတယ်။

(၁) ကျောက်ပုစွန်

သင်ဘယ်နေရာမှာပဲ နေနေ ကျောက်ပုစွန်ဟာ မြည်းစမ်း စားကြည့်သင့်တဲ့ အစားအစာ တမျိုးပါ။ သေသေချာချာ ချက်ပြုတ် ပြင်ဆင်ထားတဲ့ ကျောက်ပုစွန်ကို စားရင်း ပါးစပ်ထဲမှာ ပုစွန်အရသာ စိမ့်ဝင်သွားတဲ့ ခံစားချက်က ဘယ်အရာနဲ့မှ မတူတာကို ခံစားရပါလိမ့်မယ်။

(၂) Kebeb (တူရကီ)


တူရကီနိုင်ငံကို သွားရောက် လည်ပတ်မယ်ဆိုရင် တူရကီတွေရဲ့ အဓိက အစားအစာဖြစ်တဲ့ Kebeb ကို စားဖြစ်အောင် စားဖို့ တိုက်တွန်းချင်ပါတယ်။ တူရကီမှာ ရှိတဲ့ လူမျိုးဘာသာမရွေး Kebeb ကို ပုံစံမျိုးစုံနဲ့ စားသုံးကြပြီး မတူညီတဲ့ အရသာပေါင်းစုံ ရှိတယ်လို့ သိရပါတယ်။

(၃) Masala Dosa (အိန်ဒိယ)

Dosa ဆိုတာ အိန္ဒိယစားသောက်ဆိုင်တွေမှာ ရောင်းချတဲ့ “တိုရှည်”ပါပဲ။ ဆန်မုန့် ပါးပါးကို အစပ်အရသာ ဟင်းလျာတွေနဲ့ တွဲဖက်စားသုံးရတဲ့ အစားအစာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကို ခရီးမထွက်ဖြစ်သေးဘူး ဆိုရင်တောင် အိန္ဒိယ စားသောက်ဆိုင် တခုခုမှာ သွားရောက် မြည်းစမ်းဖို့ တိုက်တွန်းချင်ပါတယ်။

(၄) Ice Cream (အမေရိကန်)

ရေခဲမုန့်ကတော့ မြန်မာနိုင်ငံအတွင်းမှာလည်း ဖောဖောသီသီရတဲ့ မုန့်ပါပဲ။ ဒါပေမဲ့ အမေရိကန်က ပြုလုပ်တဲ့ ရေခဲမုန့်ကတော့ ဒီအရသာတွေနဲ့ ကွာခြားနေပါလိမ့်မယ်။ အသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေ ကွာခြားတဲ့ အမေရိကန်ဒေသထွက် Ice Cream တွေဟာ ကမ္ဘာ့အကောင်းဆုံး အချိုပွဲတွေအဖြစ် ရပ်တည်နေတာကိုတော့ ငြင်းလို့ မရပါဘူး။

(၅) Fish ‘N’ Chips  (အင်္ဂလန်)


စားသောက်ဆိုင်တွေမှာ ရနိုင်တဲ့ Fish and Chips တွေဟာ အပိုပစ္စည်းတွေ ထပ်ပြီး ထည့်သွင်းလိုက်ခြင်းကြောင့် ထင်သလောက် စားမကောင်းပါဘူး။ အမှန်တကယ် ကောင်းမွန်တဲ့ Fish and Chips တွေကို အင်္ဂလန်နိုင်ငံက လမ်းဘေးဆိုင်တွေမှာ ရရှိနိုင်ပါတယ်။

(၆) Dim Sum (ဟောင်ကောင်)

ဟောင်ကောင်နိုင်ငံရဲ့ နေ့လည်စာ စားပွဲမှာ အမြဲတမ်းနီးပါး ရှိနေတဲ့ စားစရာ တမျိုးကတော့ Dim Sum ဖြစ်ပါတယ်။Dim Sum ကို ပေါင်းထားတဲ့ ပုံစံ၊ ကြော်ထားတဲ့ ပုံစံ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ တွေ့ရှိနိုင်ပြီး အသား၊ ငါး၊ ဟင်းသီးဟင်းရွက် စတာတွေနဲ့ အစာသွပ်လေ့ရှိကြပါတယ်။ ပုံစံလှလှလေးတွေနဲ့ တကိုက်စာ ကွက်တိ လုပ်ထားပေးတာကြောင့် မြည်းစမ်းကြည့်ဖို့ အကြံပေးချင်ပါတယ်။

(၇) Tacos (မက်ကဆီကို)

မက္ကှဆီကို နိုင်ငံရဲ့ လူကြိုက်အများဆုံ းအစားအစာဖြစ်တဲ့ Tacos ဟာ ကမ္ဘာ့နေရာအသီးသီးမှာ ရောင်းချတယ် ဆိုပေမယ့် မက္ကဆီကို နိုင်ငံမှာ ပြုလုပ်တာလောက် မကောင်းဘူးလို့ သိရပါတယ်။ Tacos ဟာ နံပြားကဲ့သို့ ဖြစ်နေတဲ့ မုန့်ဖက်အပေါ်မှာ အမဲသား၊ ကြက်သွန်နီ၊အစပ် အနှစ် စတာတွေကို ထည့်ထားပြီးဒေသခံတွေကတော့ ဟမ်ဘာဂါ စားသလို လက်နဲ့ အားရပါးရ ကိုင်စားလေ့ ရှိပါတယ်။

(၈) Lasagna (အီတလီ)

အီတလီနိုင်ငံရဲ့ လူကြိုက်အများဆုံး အစားအစာကို ပီဇာလို့ သင်ထင်ရင်တော့ မှားနေပါပြီ။အီတလီ နိုင်ငံသားတွေ အကြိုက်ဆုံး အစားအစာဟာ အီတလီရိုးရာ ခေါက်ဆွဲ တခုဖြစ်တဲ့ Lasagna ပဲ ဖြစ်ပါတယ်။ Lasagna ဟာ အသား အထပ်ထပ်ပေါ်မှာ Cheese အထပ်ထပ်အုပ်ပြီး မုန့်ဖုတ်သလို ဖုတ်စားရတဲ့ အစားအစားဖြစ်လို့ မြင်ရတာ လှပပြီး စားကောင်းမှာ သေချာပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top