ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကိုယ့္ရဲ႕စိတ္ကူးအိပ္မက္ထဲက ကိုယ္ပိုင္လုပ္ငန္းေလးကိုတည္ေထာင္လိုက္ႏုိင္ျပီး ကိုယ္တိုင္လုပ္ငန္းရွင္တစ္ေယာက္ ျဖစ္လာတယ္ဆိုတာ တကယ့္ကို ေပ်ာ္စရာအေျခအေနေကာင္းတစ္ခု၊ ဘဝေအာင္ျမင္တုိးတက္ဖို႔အတြက္ လမ္းစတစ္ခုပဲ ျဖစ္ပါတယ္။ ဒါေပမဲ့တစ္ဖက္မွာလည္း စိန္ေခၚမႈေတြက ရွိေနျပီး အဲဒီစိန္ေခၚမႈေတြကို မေက်ာ္ျဖတ္ႏုိင္ရင္ေတာ့ ကိုယ့္ရဲ႕ စိတ္ကူးအိပ္မက္ေလးဟာ အခ်ိန္တိုတိုနဲ႔ ပ်က္စီးသြားမွာပဲျဖစ္ပါတယ္။ ဒါေၾကာင့္အသစ္တည္ေထာင္ခါစ ကိုယ္ပိုင္လုပ္ငန္း ေတြေရရွည္ရပ္တည္ႏုိင္ေအာင္အေထာက္အကူျပဳမယ့္ အၾကံျပဳခ်က္ (၃) ခ်က္ကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ကိုယ့္ရည္မွန္းခ်က္အေပၚ ယံုၾကည္တဲ့သူေတြကိုပဲ ဝန္ထမ္းအျဖစ္ခန္႔အပ္ပါ

ကိုယ္နဲ႔အတူလက္တြဲျပီး အလုပ္လုပ္ရမယ့္သူေတြဟာ ကိုယ့္လုပ္ငန္းရဲ႕အလားအလာ၊ ရည္မွန္းခ်က္နဲ႔ပတ္သက္လို႔ ကိုယ္ယံုၾကည္သလို ယံုၾကည္တဲ့သူေတြျဖစ္ဖို႔ လိုပါတယ္။ ဒါေၾကာင့္ ဝန္ထမ္းခန္႔အပ္တဲ့ေနရာမွာပဲျဖစ္ျဖစ္၊ ပူးေပါင္းလုပ္ေဆာင္မယ့္သူရွာေဖြတဲ့အခါမွာပဲ ျဖစ္ျဖစ္ ကိုယ့္လုပ္ငန္းအေၾကာင္းနဲ႔ ရည္မွန္းခ်က္ကိုအေသအခ်ာေျပာျပျပီး ယံုၾကည္မႈရွိတဲ့သူေတြကို ရွာေဖြဖို႔လိုပါတယ္။ ဒါမွသာ ၾကံဳေတြ႔လာရတဲ့အခက္အခဲေတြကို စိတ္တူ၊ကိုယ္တူေက်ာ္ျဖတ္ ႏုိင္မွာပါ။ အဲဒီလိုမဟုတ္ဘဲ ကိုယ့္ရည္မွန္းခ်က္နဲ႔ပတ္သက္လို႔ ကိုယ္တစ္ေယာက္တည္းကတက္ၾကြေနျပီး က်န္တဲ့ လူေတြက ဝတ္ေက်တန္းေက်လုပ္ေနမယ္ဆိုရင္ ကိုယ္ကိုယ္တုိင္ေတာင္ အခက္အခဲေတြနဲ႔ ၾကံဳေတြ႕ရတဲ့အခါ ကိုယ့္ယံုၾကည္ခ်က္အေပၚသံသယဝင္လာျပီး အလြယ္တကူလက္ေျမွာက္အရံႈးေပးတာမ်ိဳး ျဖစ္သြားႏုိင္ပါတယ္။

(၂) ရင္းႏွီးျမဳပ္ႏွံသူေတြနဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရးတည္ေဆာက္ထားပါ

ကိုယ့္ရဲ႕လုပ္ငန္းကို စတင္ျပီးတဲ့ေနာက္မွာ အေျခအေနေကာင္းလာလို႔ ထပ္မံတုိးခ်ဲ႕ဖို႔အတြက္ပဲျဖစ္ျဖစ္၊ မထင္မွတ္ထားတဲ့ အခက္အခဲေတြေၾကာင့္ ဆက္လက္ရပ္တည္ႏုိင္ေရးအတြက္ပဲျဖစ္ျဖစ္ ေငြအရင္းအႏွီးလိုအပ္လာခဲ့ရင္ ေခ်းငွားတာထက္ ရင္းႏွီးျမဳပ္ႏွံမႈရယူတာက ပိုေကာင္းပါတယ္။ အဲဒီလို ရင္းႏွီးျမဳပ္ႏွံမႈရယူဖို႔အတြက္ လိုအပ္မွလိုက္ရွာတာထက္စာရင္ ကိုယ့္လုပ္ငန္းစတင္ဖို႔ ျပင္ဆင္ေနတဲ့အခ်ိန္မွာကတည္းက ကိုယ့္လုပ္ငန္းကိုစိတ္ဝင္စားတဲ့သူေတြ၊ ကိုယ့္အေပၚယံုၾကည္မႈ ရွိတဲ့သူေတြနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးတစ္ရပ္ၾကိဳတင္ထူေထာင္ထားဖို႔လိုပါတယ္။ အရင္းအႏွီးလိုတဲ့အခ်ိန္က်မွ သြားျပီး ရင္းႏွီးျမဳပ္ႏွံဖို႔ ဆြဲေဆာင္မယ္ဆိုရင္ ဘယ္သူကမွာ ေရာ့၊အင့္ ဆိုျပီး ေပးလိုက္မွာ မဟုတ္ပါဘူး။

(၃) မူလရည္မွန္းခ်က္မေပ်ာက္ဆံုးဘဲ အေျခအေနအလိုက္ လိုက္ေလ်ာညီေထြေျပာင္းလဲႏုိင္ပါေစ

သင့္ရဲ႕မူလရည္မွန္းခ်က္ကို မ်က္ေျချပတ္မခံဘဲ ေအာင္ျမင္တဲ့အထိလုပ္ေဆာင္ရမယ္ဆိုတာ မွန္ပါတယ္။ ဒါေပမဲ့ အဲဒီလို ေဖာ္ေဆာင္ရင္းနဲ႔ၾကံဳေတြ႕လာရတဲ့အေျခအေနေတြနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေျပာင္းလဲလုပ္ေဆာင္ႏုိင္ဖို႔လည္း ျပင္ဆင္ထားရမွာပါ။ ဒါဟာသင့္ရဲ႕ရည္မွန္းခ်က္ကို လက္လႊတ္လိုက္ရမယ္ဆိုတဲ့ အဓိပၸါယ္မဟုတ္ပါဘူး။ သင္မူလ ခ်မွတ္ထားတဲ့ လုပ္ငန္းစဥ္အတိုင္းအဆင့္လိုက္လုပ္လို႔မရေတာ့တဲ့အေျခအေနမွာ တျခားနည္းလမ္းတစ္မ်ိဳး၊ ပံုစံတစ္မ်ိဳးနဲ႔ ေျပာင္းလဲလုပ္ေဆာင္ဖို႔သာ ဆိုလိုတာျဖစ္ပါတယ္။

ဒီေန႔ကမၻာမွာ လူမႈပတ္၀န္းက်င္နဲ႔ သဘာ၀ပတ္၀န္းက်င္ဆိုင္ရာ အေရးတႀကီးလိုအပ္ခ်က္ေတြကိုျဖည့္ဆည္းေပးႏိုင္ဖို႔ အတြက္ စိတ္အားထက္သန္ၿပီး သူတို႔ရဲ႕ အရည္အေသြးေတြနဲ႔စြမ္းအင္ေတြကို ပိုမိုေကာင္းမြန္တဲ့ ကမၻာတစ္ခုတည္ေဆာက္ ရာမွာအသံုးခ်ေနတဲ့ မ်ိဳးဆက္သစ္တစ္ရပ္ရွိေနပါတယ္။ Chivas Regal ဟာ အဲဒီမ်ိဳးဆက္သစ္ေတြကို အဓိပၸာယ္ျပည့္၀တဲ့ နည္းလမ္းေတြနဲ႔ထိေတြ႕ဆက္ဆံၿပီး သူတို႔ေတြထဲကေန ေအာင္ျမင္တဲ့ လူမႈကူညီေရး စြန္႔ဦးတီထြင္လုပ္ငန္းရွင္ေတြ ေပၚထြက္လာေစဖို႔အတြက္ အားေပးကူညီသြားဖို႔ ဆံုးျဖတ္ထားပါတယ္။စီးပြားေရးလုပ္ငန္းနဲ႔  တီထြင္ဖန္တီးမႈေတြက ကာင္းမြန္မႈအတြက္အင္အားတစ္ရပ္ျဖစ္လာႏိုင္တယ္လို႔ Chivas Regal ကစိတ္ထဲႏွလံုးထဲက ယံုၾကည္ထားပါတယ္။ www.chivas.com ကို၀င္ေရာက္ၿပီးေတာ့ဆက္လက္ေလ့လာဖတ္ရႈ႕ႏုိင္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun


#Unicode Version#

ကိုယ့်ရဲ့စိတ်ကူးအိပ်မက်ထဲက ကိုယ်ပိုင်လုပ်ငန်းလေးကိုတည်ထောင်လိုက်နိုင်ပြီး ကိုယ်တိုင်လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာတယ်ဆိုတာ တကယ့်ကို ပျော်စရာအခြေအနေကောင်းတစ်ခု၊ ဘဝအောင်မြင်တိုးတက်ဖို့အတွက် လမ်းစတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့တစ်ဖက်မှာလည်း စိန်ခေါ်မှုတွေက ရှိနေပြီး အဲဒီစိန်ခေါ်မှုတွေကို မကျော်ဖြတ်နိုင်ရင်တော့ ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်လေးဟာ အချိန်တိုတိုနဲ့ ပျက်စီးသွားမှာပဲဖြစ်ပါတယ်။ ဒါကြောင့်အသစ်တည်ထောင်ခါစ ကိုယ်ပိုင်လုပ်ငန်း တွေရေရှည်ရပ်တည်နိုင်အောင်အထောက်အကူပြုမယ့် အကြံပြုချက် (၃) ချက်ကို ဖော်ပြပေးချင်ပါတယ်။

(၁) ကိုယ့်ရည်မှန်းချက်အပေါ် ယုံကြည်တဲ့သူတွေကိုပဲ ဝန်ထမ်းအဖြစ်ခန့်အပ်ပါ

ကိုယ်နဲ့အတူလက်တွဲပြီး အလုပ်လုပ်ရမယ့်သူတွေဟာ ကိုယ့်လုပ်ငန်းရဲ့အလားအလာ၊ ရည်မှန်းချက်နဲ့ပတ်သက်လို့ ကိုယ်ယုံကြည်သလို ယုံကြည်တဲ့သူတွေဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် ဝန်ထမ်းခန့်အပ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ ပူးပေါင်းလုပ်ဆောင်မယ့်သူရှာဖွေတဲ့အခါမှာပဲ ဖြစ်ဖြစ် ကိုယ့်လုပ်ငန်းအကြောင်းနဲ့ ရည်မှန်းချက်ကိုအသေအချာပြောပြပြီး ယုံကြည်မှုရှိတဲ့သူတွေကို ရှာဖွေဖို့လိုပါတယ်။ ဒါမှသာ ကြုံတွေ့လာရတဲ့အခက်အခဲတွေကို စိတ်တူ၊ကိုယ်တူကျော်ဖြတ် နိုင်မှာပါ။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်ရည်မှန်းချက်နဲ့ပတ်သက်လို့ ကိုယ်တစ်ယောက်တည်းကတက်ကြွနေပြီး ကျန်တဲ့ လူတွေက ဝတ်ကျေတန်းကျေလုပ်နေမယ်ဆိုရင် ကိုယ်ကိုယ်တိုင်တောင် အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ ကိုယ့်ယုံကြည်ချက်အပေါ်သံသယဝင်လာပြီး အလွယ်တကူလက်မြှောက်အရှုံးပေးတာမျိုး ဖြစ်သွားနိုင်ပါတယ်။

(၂) ရင်းနှီးမြုပ်နှံသူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ထားပါ

ကိုယ့်ရဲ့လုပ်ငန်းကို စတင်ပြီးတဲ့နောက်မှာ အခြေအနေကောင်းလာလို့ ထပ်မံတိုးချဲ့ဖို့အတွက်ပဲဖြစ်ဖြစ်၊ မထင်မှတ်ထားတဲ့ အခက်အခဲတွေကြောင့် ဆက်လက်ရပ်တည်နိုင်ရေးအတွက်ပဲဖြစ်ဖြစ် ငွေအရင်းအနှီးလိုအပ်လာခဲ့ရင် ချေးငှားတာထက် ရင်းနှီးမြုပ်နှံမှုရယူတာက ပိုကောင်းပါတယ်။ အဲဒီလို ရင်းနှီးမြုပ်နှံမှုရယူဖို့အတွက် လိုအပ်မှလိုက်ရှာတာထက်စာရင် ကိုယ့်လုပ်ငန်းစတင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာကတည်းက ကိုယ့်လုပ်ငန်းကိုစိတ်ဝင်စားတဲ့သူတွေ၊ ကိုယ့်အပေါ်ယုံကြည်မှု ရှိတဲ့သူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ရပ်ကြိုတင်ထူထောင်ထားဖို့လိုပါတယ်။ အရင်းအနှီးလိုတဲ့အချိန်ကျမှ သွားပြီး ရင်းနှီးမြုပ်နှံဖို့ ဆွဲဆောင်မယ်ဆိုရင် ဘယ်သူကမှာ ရော့၊အင့် ဆိုပြီး ပေးလိုက်မှာ မဟုတ်ပါဘူး။

(၃) မူလရည်မှန်းချက်မပျောက်ဆုံးဘဲ အခြေအနေအလိုက် လိုက်လျောညီထွေပြောင်းလဲနိုင်ပါစေ

သင့်ရဲ့မူလရည်မှန်းချက်ကို မျက်ခြေပြတ်မခံဘဲ အောင်မြင်တဲ့အထိလုပ်ဆောင်ရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဖော်ဆောင်ရင်းနဲ့ကြုံတွေ့လာရတဲ့အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလုပ်ဆောင်နိုင်ဖို့လည်း ပြင်ဆင်ထားရမှာပါ။ ဒါဟာသင့်ရဲ့ရည်မှန်းချက်ကို လက်လွှတ်လိုက်ရမယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။ သင်မူလ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်းအဆင့်လိုက်လုပ်လို့မရတော့တဲ့အခြေအနေမှာ တခြားနည်းလမ်းတစ်မျိုး၊ ပုံစံတစ်မျိုးနဲ့ ပြောင်းလဲလုပ်ဆောင်ဖို့သာ ဆိုလိုတာဖြစ်ပါတယ်။

ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီးလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့ အရည်အသွေးတွေနဲ့စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက် ရာမှာအသုံးချနေတဲ့ မျိုးဆက်သစ်တစ်ရပ်ရှိနေပါတယ်။ Chivas Regal ဟာ အဲဒီမျိုးဆက်သစ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့ နည်းလမ်းတွေနဲ့ထိတွေ့ဆက်ဆံပြီး သူတို့တွေထဲကနေ အောင်မြင်တဲ့ လူမှုကူညီရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေဖို့အတွက် အားပေးကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။စီးပွားရေးလုပ်ငန်းနဲ့  တီထွင်ဖန်တီးမှုတွေက ကာင်းမွန်မှုအတွက်အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်လို့ Chivas Regal ကစိတ်ထဲနှလုံးထဲက ယုံကြည်ထားပါတယ်။ www.chivas.com ကိုဝင်ရောက်ပြီးတော့ဆက်လက်လေ့လာဖတ်ရှု့နိုင်ပါတယ်။


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top