ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

လူတဦး၏ ဆုံးရႈံးမႈသည္ တျခားတဦးအတြက္ အျမတ္ထြက္သည္ဟု ေျပာေလ့ရွိၾကသည္။ ထိုအခ်က္သည္ အလားအလာ ေကာင္းေသာ္လည္း ထိန္းရခက္ေသာ တိုက္စစ္မႉး မရွိေသာေၾကာင့္ ေမွ်ာ္လင့္ခ်က္သစ္တခု ေပၚေပါက္လာေသာ ျမန္မာ့ လက္ေ႐ြးစင္ အသင္း၏ တိုက္စစ္ပိုင္းတြင္ အမွန္တကယ္ ျဖစ္ေပၚခဲ့သည္။ ထိုဇာတ္လမ္းသည္ ေက်ာ္ကိုကိုႏွင့္ ေအာင္သူတို႔၏ ဇာတ္လမ္းပင္ျဖစ္သည္။

ေက်ာ္ကိုကိုသည္ ျမန္မာနိုင္ငံ၏ ေဘာလုံးၾကယ္ပြင့္ ျဖစ္လာမည္ဟု ယူဆခဲ့ၾကသည္။ ေက်ာ္ကိုကိုသည္ ထိုသို႔ မျဖစ္ခဲ့ မဟုတ္ေသာ္လည္း အလြန္ တိုေတာင္းေသာ ကာလအတြင္းတြင္သာ ၾကယ္ပြင့္ျဖစ္ခဲ့သည္။ ေက်ာ္ကိုကို၏ စြမ္းရည္မ်ား လက္ေတြ႕ျဖစ္မလာဟု ဆိုလွ်င္ ေလွ်ာ့ေပါ့ ေျပာဆိုရာေရာက္မည္ ျဖစ္သည္။ သူသည္ ျမန္မာေဘာလုံး ေလာကတြင္ မင္းသားျဖစ္ခဲ့ေသာ္လည္း သူ၏ မွားယြင္းမႈတခုႏွင့္ ျမန္မာအသင္းတြင္ လူသစ္တေယာက္ ေရာက္လာေသာေၾကာင့္ သူ႕အေျခအေန ယိမ္းယိုင္သြားသည္။

ေက်ာ္ကိုကို ကို ျမန္မာအသင္းနည္းျပ ဂါဒ္ ဇိစ္ က ၂၀၁၆ ခုႏွစ္ အာရွ ေဘာလုံးအဖြဲ႕ခ်ဳပ္ ဆူဇူကီး ဖလား (AFF Suzuki Cup 2016) တြင္ ထည့္သြင္းခဲ့ျခင္းမရွိဘဲ ၂၀၁၈ ခုႏွစ္ ပြဲတြင္လည္း ဒဏ္ရာေၾကာင့္ မကစားနိုင္ ျဖစ္ေနခ်ိန္တြင္ ေအာင္သူသည္ ေရွ႕တန္းမွ တိုင္းျပည္ေဘာလုံးအသင္းကို ဦးေဆာင္ေနသည္။ ျမန္မာအသင္းသည္ ၁၂ ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ ထိပ္တန္း ေဘာလုံးပြဲတြင္ သမိုင္းဝင္ရန္ ေမွ်ာ္လင့္ေနသည္။

ထို႔ေၾကာင့္ FOX Sports Asia က ျမန္မာအသင္းတြင္ ေအာင္သူ ေရွ႕တန္းမွ ဦးေဆာင္ေနသမွ် ကာလပတ္လုံး ေက်ာ္ကိုကိုကို မလိုအပ္ေတာ့သလို ျဖစ္ေနရျခင္း အေၾကာင္းရင္းကို ေလ့လာခဲ့သည္။ ေအာင္သူသည္ အာရွျခေသၤ့မ်ား (ျမန္မာ့လက္ေ႐ြးစဥ္) အတြက္ ပိုမိုသင့္ေတာ္ေသာ ကစားသမား ျဖစ္ေနသည္။

ကလပ်အသင်းအဆင့် စွမ်းဆောင်ရည်

အမရပူရတြင္ေမြးဖြားသူ ေက်ာ္ကိုကို သည္ ေဇယ်ာေ႐ႊေျမ အသင္းတြင္ လူငယ္ကစားသမား အျဖစ္ ၂၀၁၁ ခုႏွစ္တြင္ စတင္ ပါဝင္ၿပီး အသင္းအတြက္ ပြဲေပါင္း ၄၁ ပြဲတြင္ ဂိုး ၁၈ ဂိုး သြင္းယူခဲ့သည့္ ဝါရင့္အေတြ႕အႀကဳံကို စတင္ လိုက္သည္။ ၂၀၁၃ ခုႏွစ္တြင္ သူသည္ ျမန္မာနိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္၏ ရန္ကုန္ယူနိုက္တက္ အသင္းသို႔ ေျပာင္းကာ ထိုကလပ္တြင္ အမ်ားဆုံး ကစားခဲ့သည္။

သူသည္ ပြဲေပါင္း ၁၂၀ ကစားခဲ့ၿပီး ၄၉ ဂိုးသြင္းယူကာ အသင္းကို အဖြဲ႕ခ်ဳပ္ ခ်န္ပီယံႏွစ္ႀကိမ္ႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဒိုင္း တႀကိမ္ ရေစခဲ့သည္။ ေနာက္ဆုံး ၂၀၁၈ ခုႏွစ္သို႔ ေရာက္ေသာအခါ ေက်ာ္ကိုကို သည္ ထိုင္းေဘာလုံး ပထမတန္းမွ ခ်င္းရိုင္ ယူနိုက္တက္ႏွင့္ စာခ်ဳပ္ခ်ဳပ္လိုက္ၿပီး ျပည္ပတြင္ စတင္ ကစားသည္။

သို႔ေသာ္ ထိုသို႔ေျပာင္းေ႐ႊ႕ ကစားျခင္းသည္ လက္ရွိအခ်ိန္အထိ သူ႕အတြက္ အဆင္ေျပလွျခင္း မရွိေသးေပ။ သူသည္ ထိုင္းအသင္း၏ အေရးပါမႈ အဆင့္တြင္ ေအာက္သို႔က်လာေနၿပီး အသင္းအတြက္ ၇ ႀကိမ္ ကစားေသာ္လည္း ဂိုးသြင္းယူနိုင္ျခင္း မရွိေပ။ ပိုမိုဆိုး႐ြားသည္မွာ ၂၀၁၈ ခုႏွစ္ ဧၿပီလတြင္ ျပင္းထန္ေသာ ဒူးဒဏ္ရာ ရရွိၿပီး ယခုတိုင္ အျပည့္အ၀ ျပန္လည္ ေကာင္းမြန္ျခင္း မရွိေသးေပ။

တဖက္တြင္မူ ေအာင္သူသည္ ရတနာပုံအသင္းတြင္ နာမည္ရလာၿပီး ပြဲေပါင္း ၅၈ ပြဲတြင္ ၂၄ ဂိုးသြင္းသည္။ ေက်ာ္ကိုကိုႏွင့္ တခ်ိန္တည္း ေလာက္မွာပင္ ထိုင္း ပထမတန္းသို႔ သြားေရာက္ကစားခဲ့သည္။ သူ၏ အသင္းသည္ အေကာင္းဆုံး ကစားနိုင္ျခင္း မရွိေသးေသာ္လည္း ေအာင္သူသည္ ေဘာလုံးရာသီ တေလွ်ာက္လုံးတြင္ ေျခစြမ္းျပေနသည္။

သူသည္ ၁၁ ဂိုးသြင္းထားၿပီး ဂိုးဖန္တီးမႈ ၈ ႀကိမ္ ျပဳလုပ္ခဲ့သျဖင့္ ၂၀၁၈ ေဘာလုံးရာသီအတြင္း ပၪၥမေျမာက္ အေကာင္းဆုံး ျဖစ္ေနကာ ထိုင္း ေဘာလုံးအသင္းႀကီး တခုျဖစ္ေသာ ေျမာင္ေသာင္ ယူနိုက္တက္က ေစာင့္ၾကည့္ ခံေနရသည္ဟု သတင္း ထြက္ေနသည္။ သူသည္ AFF Suzuki Cup 2018 တြင္လည္း ျမန္မာအသင္းအတြက္ ဒုကၡေရာက္ေအာင္ မလုပ္ေၾကာင္း ျပသေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

လူတဦး၏ ဆုံးရှုံးမှုသည် တခြားတဦးအတွက် အမြတ်ထွက်သည်ဟု ပြောလေ့ရှိကြသည်။ ထိုအချက်သည် အလားအလာ ကောင်းသော်လည်း ထိန်းရခက်သော တိုက်စစ်မှူး မရှိသောကြောင့် မျှော်လင့်ချက်သစ်တခု ပေါ်ပေါက်လာသော မြန်မာ့ လက်ရွေးစင် အသင်း၏ တိုက်စစ်ပိုင်းတွင် အမှန်တကယ် ဖြစ်ပေါ်ခဲ့သည်။ ထိုဇာတ်လမ်းသည် ကျော်ကိုကိုနှင့် အောင်သူတို့၏ ဇာတ်လမ်းပင်ဖြစ်သည်။

ကျော်ကိုကိုသည် မြန်မာနိုင်ငံ၏ ဘောလုံးကြယ်ပွင့် ဖြစ်လာမည်ဟု ယူဆခဲ့ကြသည်။ ကျော်ကိုကိုသည် ထိုသို့ မဖြစ်ခဲ့ မဟုတ်သော်လည်း အလွန် တိုတောင်းသော ကာလအတွင်းတွင်သာ ကြယ်ပွင့်ဖြစ်ခဲ့သည်။ ကျော်ကိုကို၏ စွမ်းရည်များ လက်တွေ့ဖြစ်မလာဟု ဆိုလျှင် လျှော့ပေါ့ ပြောဆိုရာရောက်မည် ဖြစ်သည်။ သူသည် မြန်မာဘောလုံး လောကတွင် မင်းသားဖြစ်ခဲ့သော်လည်း သူ၏ မှားယွင်းမှုတခုနှင့် မြန်မာအသင်းတွင် လူသစ်တယောက် ရောက်လာသောကြောင့် သူ့အခြေအနေ ယိမ်းယိုင်သွားသည်။

ကျော်ကိုကို ကို မြန်မာအသင်းနည်းပြ ဂါဒ် ဇိစ် က ၂၀၁၆ ခုနှစ် အာရှ ဘောလုံးအဖွဲ့ချုပ် ဆူဇူကီး ဖလား (AFF Suzuki Cup 2016) တွင် ထည့်သွင်းခဲ့ခြင်းမရှိဘဲ ၂၀၁၈ ခုနှစ် ပွဲတွင်လည်း ဒဏ်ရာကြောင့် မကစားနိုင် ဖြစ်နေချိန်တွင် အောင်သူသည် ရှေ့တန်းမှ တိုင်းပြည်ဘောလုံးအသင်းကို ဦးဆောင်နေသည်။ မြန်မာအသင်းသည် ၁၂ ကြိမ်မြောက် အရှေ့တောင်အာရှ ထိပ်တန်း ဘောလုံးပွဲတွင် သမိုင်းဝင်ရန် မျှော်လင့်နေသည်။

ထို့ကြောင့် FOX Sports Asia က မြန်မာအသင်းတွင် အောင်သူ ရှေ့တန်းမှ ဦးဆောင်နေသမျှ ကာလပတ်လုံး ကျော်ကိုကိုကို မလိုအပ်တော့သလို ဖြစ်နေရခြင်း အကြောင်းရင်းကို လေ့လာခဲ့သည်။ အောင်သူသည် အာရှခြင်္သေ့များ (မြန်မာ့လက်ရွေးစဉ်) အတွက် ပိုမိုသင့်တော်သော ကစားသမား ဖြစ်နေသည်။

ကလပျအသငျးအဆင့ျ စှမျးဆောငျရညျ

အမရပူရတွင်မွေးဖွားသူ ကျော်ကိုကို သည် ဇေယျာရွှေမြေ အသင်းတွင် လူငယ်ကစားသမား အဖြစ် ၂၀၁၁ ခုနှစ်တွင် စတင် ပါဝင်ပြီး အသင်းအတွက် ပွဲပေါင်း ၄၁ ပွဲတွင် ဂိုး ၁၈ ဂိုး သွင်းယူခဲ့သည့် ဝါရင့်အတွေ့အကြုံကို စတင် လိုက်သည်။ ၂၀၁၃ ခုနှစ်တွင် သူသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ရန်ကုန်ယူနိုက်တက် အသင်းသို့ ပြောင်းကာ ထိုကလပ်တွင် အများဆုံး ကစားခဲ့သည်။

သူသည် ပွဲပေါင်း ၁၂၀ ကစားခဲ့ပြီး ၄၉ ဂိုးသွင်းယူကာ အသင်းကို အဖွဲ့ချုပ် ချန်ပီယံနှစ်ကြိမ်နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း တကြိမ် ရစေခဲ့သည်။ နောက်ဆုံး ၂၀၁၈ ခုနှစ်သို့ ရောက်သောအခါ ကျော်ကိုကို သည် ထိုင်းဘောလုံး ပထမတန်းမှ ချင်းရိုင် ယူနိုက်တက်နှင့် စာချုပ်ချုပ်လိုက်ပြီး ပြည်ပတွင် စတင် ကစားသည်။

သို့သော် ထိုသို့ပြောင်းရွှေ့ ကစားခြင်းသည် လက်ရှိအချိန်အထိ သူ့အတွက် အဆင်ပြေလှခြင်း မရှိသေးပေ။ သူသည် ထိုင်းအသင်း၏ အရေးပါမှု အဆင့်တွင် အောက်သို့ကျလာနေပြီး အသင်းအတွက် ၇ ကြိမ် ကစားသော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိပေ။ ပိုမိုဆိုးရွားသည်မှာ ၂၀၁၈ ခုနှစ် ဧပြီလတွင် ပြင်းထန်သော ဒူးဒဏ်ရာ ရရှိပြီး ယခုတိုင် အပြည့်အ၀ ပြန်လည် ကောင်းမွန်ခြင်း မရှိသေးပေ။

တဖက်တွင်မူ အောင်သူသည် ရတနာပုံအသင်းတွင် နာမည်ရလာပြီး ပွဲပေါင်း ၅၈ ပွဲတွင် ၂၄ ဂိုးသွင်းသည်။ ကျော်ကိုကိုနှင့် တချိန်တည်း လောက်မှာပင် ထိုင်း ပထမတန်းသို့ သွားရောက်ကစားခဲ့သည်။ သူ၏ အသင်းသည် အကောင်းဆုံး ကစားနိုင်ခြင်း မရှိသေးသော်လည်း အောင်သူသည် ဘောလုံးရာသီ တလျှောက်လုံးတွင် ခြေစွမ်းပြနေသည်။

သူသည် ၁၁ ဂိုးသွင်းထားပြီး ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ခဲ့သဖြင့် ၂၀၁၈ ဘောလုံးရာသီအတွင်း ပဉ္စမမြောက် အကောင်းဆုံး ဖြစ်နေကာ ထိုင်း ဘောလုံးအသင်းကြီး တခုဖြစ်သော မြောင်သောင် ယူနိုက်တက်က စောင့်ကြည့် ခံနေရသည်ဟု သတင်း ထွက်နေသည်။ သူသည် AFF Suzuki Cup 2018 တွင်လည်း မြန်မာအသင်းအတွက် ဒုက္ခရောက်အောင် မလုပ်ကြောင်း ပြသနေသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top