(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ေရခဲေသတၱာထဲ ဘယ္လိုပဲ ပစၥည္းေတြ ေသခ်ာစီထည့္ပါေစ၊ ထားစရာေနရာ မရွိျဖစ္ေနၿပီလား။ မဆံ့ဆံ့ေအာင္အတင္း ထိုးထည့္ေတာ့လည္း အစားအေသာက္ေတြ ပ်က္စီးသြားမွာစိုးလို႔ အခက္ေတြ႕ေနၿပီဆိုရင္ နည္းလမ္းေကာင္းေလးေတြ မၽွေဝေပးခ်င္ပါတယ္။ ေရခဲေသတၱာထဲမွာ ထည့္သမၽွ ပစၥည္းေတြဆံ့ေအာင္ စနစ္တက် ဘယ္လိုထားမလဲ။

ၾကက္ဥထည့္တဲ့ စကၠဴခြက္ေလးေတြကို သုံးၿပီရင္ မပစ္ပါနဲ႔။ ဒီၾကက္ဥခြက္ေလးေတြသုံးၿပီး ဟင္းအႏွစ္ ပုလင္းဘူးေတြ စီၿပီး ထည့္လို႔ရပါတယ္။ ဒါဆို ေနရာက်ဥ္းက်ဥ္းေလးမွာ ဘူးအမ်ားႀကီး ထည့္သိမ္းထားလို႔ ရတာေပါ့။ မဟုတ္ရင္ ဘူး ၃၊ ၄ ဘူးနဲ႔ ျပည့္သြားတတ္တာပါ။

ဆိုဒါနဲ႔ အခ်ိဳရည္ပုလင္းေတြကို ေရခဲေသတၱာထဲ ထည့္သိမ္းတာ ေနရာေတာ္ေတာ္ ယူပါတယ္။ ဒီလို မျဖစ္ရေအာင္ လုပ္ေပးဖို႔ ဘိုင္ဒါကလစ္ (Binder clips) ေလးပဲ လိုတာပါ။ အခ်ိဳရည္ပုလင္းေတြကို ေဘးတဖက္ကပ္ၿပီး ပိရမစ္ပုံစံ (pyramid) ထပ္စီလိုက္ပါ။ ေဘးကေန ဘိုင္ဒါကလစ္ေလးနဲ႔ ထိန္းထားေပးလိုက္ရင္ ေနရာလည္းအမ်ားႀကီး မလိုဘဲ အဆင္ေျပေျပနဲ႔ ထားလို႔ရၿပီေပါ့။ တကယ္လို႔ ဘိုင္ဒါကလစ္ မဟုတ္ဘဲ သံလိုက္တုံးေလးေတြ သုံးၿပီးလည္း ပုလင္းေတြ စီထားလို႔ ရပါတယ္။

ဘိုင္ဒါကလစ္က ဒီတေနရာတည္း အသုံးဝင္တာမဟုတ္ပါဘူး။ အသီးအရြက္ အိတ္ေတြ၊ စားလက္စ က်န္တဲ့ မုန႔္ထုပ္ေတြကို ေလလုံေအာင္ ျပန္ပိတ္တဲ့ အခါလည္း အသုံးဝင္တဲ့ ပစၥည္းေလးပါ။ ဒီအတိုင္း ေရခဲေသတၱာထဲထားတာထက္ ဘိုင္ဒါကလစ္ေလးနဲ႔ ေလလုံေအာင္ ျပန္ပိတ္ထားလိုက္ရင္ ဝယ္တုန္းကအတိုင္း လတ္လတ္ဆတ္ဆတ္ ရွိေနသလို မုန႔္ထုပ္ေတြဆိုလည္း ေလဝင္လို႔ ေပ်ာ့သြားတာမ်ိဳး မရွိေတာ့ပါဘူး။

ေရခဲေသတၱာမွာ ဝယ္ကတည္းကပါတဲ့ ၾကက္ဥပုံစံ ခြက္ေလးေတြက ၾကက္ဥထည့္သိမ္းဖို႔ ဘယ္ေတာ့မွ ေလာက္တယ္ မရွိပါဘူး။ ဒါဆို မေလာက္လို႔ ပိုေနတဲ့ ၾကက္ဥေတြကို ဘယ္လို သိမ္းဆည္းထားမလဲ။ အဆင္ေျပေျပနဲ႔သိမ္းနိုင္ေအာင္ Wire Basket ေလးေတြရွိပါတယ္။ မရွိလည္း ပလက္စတစ္ျခင္းေထာင္းေလးထဲကို ပိုေနတဲ့ ၾကက္ဥေတြထည့္သိမ္း ထားလို႔ ရပါတယ္။

အေရးႀကီးတဲ့ အစားအေသာက္ေတြ ထည့္သိမ္းထားလို႔ ေရခဲေသတၱာထဲ အနံ႔အသက္ မထြက္ဘဲ သန႔္ရွင္းေနဖို႔လည္း လိုပါတယ္။ အစားအေသာက္မ်ိဳးစုံမို႔ ၾကာလာရင္ အနံ႔အသက္ မေကာင္းတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ေရခဲေသတၱာထဲကို အနံ႔စုပ္တဲ့ လက္ဖက္ေျခာက္ျဖစ္ျဖစ္၊ မီးေသြးခဲျဖစ္ျဖစ္ ထည့္ထားရင္ မေကာင္းတဲ့ အနံ့ေတြကို စုပ္ယူေပးပါတယ္။

အနည္းဆုံး တပတ္တႀကိမ္ (သို႔မဟုတ္) ၁၀ ရက္ တခါေလာက္ေတာ့ ေရခဲေသတၱာကို သန္႔စင္ေပးဖို႔ လိုပါတယ္။ သန္႔ရွင္းေရး လုပ္မယ္ဆိုရင္ ဆပ္ျပာရည္ထဲ ရွာလကာရည္ အနည္းငယ္ေရာ ထည့္ၿပီး အဝတ္သန္႔သန္႔တခုနဲ႔ ေသခ်ာ ပြတ္တိုက္ေပးပါ။ အစြန္းအထင္း၊ ညစ္ပတ္ေနတာေတြ ေတာက္ေျပာင္သြားပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

ရေခဲသေတ္တာထဲ ဘယ်လိုပဲ ပစ္စည်းတွေ သေချာစီထည့်ပါစေ၊ ထားစရာနေရာ မရှိဖြစ်နေပြီလား။ မဆံ့ဆံ့အောင်အတင်း ထိုးထည့်တော့လည်း အစားအသောက်တွေ ပျက်စီးသွားမှာစိုးလို့ အခက်တွေ့နေပြီဆိုရင် နည်းလမ်းကောင်းလေးတွေ မျှဝေပေးချင်ပါတယ်။ ရေခဲသေတ္တာထဲမှာ ထည့်သမျှ ပစ္စည်းတွေဆံ့အောင် စနစ်တကျ ဘယ်လိုထားမလဲ။

ကြက်ဥထည့်တဲ့ စက္ကူခွက်လေးတွေကို သုံးပြီရင် မပစ်ပါနဲ့။ ဒီကြက်ဥခွက်လေးတွေသုံးပြီး ဟင်းအနှစ် ပုလင်းဘူးတွေ စီပြီး ထည့်လို့ရပါတယ်။ ဒါဆို နေရာကျဉ်းကျဉ်းလေးမှာ ဘူးအများကြီး ထည့်သိမ်းထားလို့ ရတာပေါ့။ မဟုတ်ရင် ဘူး ၃၊ ၄ ဘူးနဲ့ ပြည့်သွားတတ်တာပါ။

ဆိုဒါနဲ့ အချိုရည်ပုလင်းတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းတာ နေရာတော်တော် ယူပါတယ်။ ဒီလို မဖြစ်ရအောင် လုပ်ပေးဖို့ ဘိုင်ဒါကလစ် (Binder clips) လေးပဲ လိုတာပါ။ အချိုရည်ပုလင်းတွေကို ဘေးတဖက်ကပ်ပြီး ပိရမစ်ပုံစံ (pyramid) ထပ်စီလိုက်ပါ။ ဘေးကနေ ဘိုင်ဒါကလစ်လေးနဲ့ ထိန်းထားပေးလိုက်ရင် နေရာလည်းအများကြီး မလိုဘဲ အဆင်ပြေပြေနဲ့ ထားလို့ရပြီပေါ့။ တကယ်လို့ ဘိုင်ဒါကလစ် မဟုတ်ဘဲ သံလိုက်တုံးလေးတွေ သုံးပြီးလည်း ပုလင်းတွေ စီထားလို့ ရပါတယ်။

ဘိုင်ဒါကလစ်က ဒီတနေရာတည်း အသုံးဝင်တာမဟုတ်ပါဘူး။ အသီးအရွက် အိတ်တွေ၊ စားလက်စ ကျန်တဲ့ မုန့်ထုပ်တွေကို လေလုံအောင် ပြန်ပိတ်တဲ့ အခါလည်း အသုံးဝင်တဲ့ ပစ္စည်းလေးပါ။ ဒီအတိုင်း ရေခဲသေတ္တာထဲထားတာထက် ဘိုင်ဒါကလစ်လေးနဲ့ လေလုံအောင် ပြန်ပိတ်ထားလိုက်ရင် ဝယ်တုန်းကအတိုင်း လတ်လတ်ဆတ်ဆတ် ရှိနေသလို မုန့်ထုပ်တွေဆိုလည်း လေဝင်လို့ ပျော့သွားတာမျိုး မရှိတော့ပါဘူး။

ရေခဲသေတ္တာမှာ ဝယ်ကတည်းကပါတဲ့ ကြက်ဥပုံစံ ခွက်လေးတွေက ကြက်ဥထည့်သိမ်းဖို့ ဘယ်တော့မှ လောက်တယ် မရှိပါဘူး။ ဒါဆို မလောက်လို့ ပိုနေတဲ့ ကြက်ဥတွေကို ဘယ်လို သိမ်းဆည်းထားမလဲ။ အဆင်ပြေပြေနဲ့သိမ်းနိုင်အောင် Wire Basket လေးတွေရှိပါတယ်။ မရှိလည်း ပလက်စတစ်ခြင်းထောင်းလေးထဲကို ပိုနေတဲ့ ကြက်ဥတွေထည့်သိမ်း ထားလို့ ရပါတယ်။

အရေးကြီးတဲ့ အစားအသောက်တွေ ထည့်သိမ်းထားလို့ ရေခဲသေတ္တာထဲ အနံ့အသက် မထွက်ဘဲ သန့်ရှင်းနေဖို့လည်း လိုပါတယ်။ အစားအသောက်မျိုးစုံမို့ ကြာလာရင် အနံ့အသက် မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာထဲကို အနံ့စုပ်တဲ့ လက်ဖက်ခြောက်ဖြစ်ဖြစ်၊ မီးသွေးခဲဖြစ်ဖြစ် ထည့်ထားရင် မကောင်းတဲ့ အနံ့တွေကို စုပ်ယူပေးပါတယ်။

အနည်းဆုံး တပတ်တကြိမ် (သို့မဟုတ်) ၁၀ ရက် တခါလောက်တော့ ရေခဲသေတ္တာကို သန့်စင်ပေးဖို့ လိုပါတယ်။ သန့်ရှင်းရေး လုပ်မယ်ဆိုရင် ဆပ်ပြာရည်ထဲ ရှာလကာရည် အနည်းငယ်ရော ထည့်ပြီး အဝတ်သန့်သန့်တခုနဲ့ သေချာ ပွတ်တိုက်ပေးပါ။ အစွန်းအထင်း၊ ညစ်ပတ်နေတာတွေ တောက်ပြောင်သွားပါလိမ့်မယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top