မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ဒီေန႕ေခတ္ လူငယ္ေတာ္ေတာ္မ်ားမ်ားၾကားမွာ ေရပန္းစားလာတာကေတာ့ ေက်ာပိုးအိတ္တလုံးနဲ႕ သြားတဲ့ ဘတ္ဂ်က္ခရီးေတြပါ။ ျမန္မာနိုင္ငံက လူငယ္ေတြလည္း စတင္ၿပီး သြားေနၾကၿပီျဖစ္လို႔ အာရွတိုက္မွာ ဘတ္ဂ်က္ခရီးသြားလို႔ရတဲ့ နိုင္ငံေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

အခု တြက္ျပထားတဲ့ ဘတ္ဂ်က္ခရီးစဥ္ေတြဟာ အသက္သာဆုံးေနရာေတြက တညတာ တည္းခိုစရိတ္၊ လူႏွစ္ေယာက္စာ သြားလာစရိတ္၊ နာမည္ေက်ာ္ေနရာေတြကို တေန႕ တေနရာ ဝင္ခြင့္စရိတ္၊ ေဈးသက္သာတဲ့ စားေသာက္ဆိုင္မ်ားမွာ တေန႕ သုံးနပ္စာ စားစရိတ္ စတာေတြ ပါရွိပါတယ္။

(၁) Hanoi (ဗီယက္နမ္)

ဗီယက္နမ္နိုင္ငံဟာ ျမန္မာနိုင္ငံထက္ ေငြေၾကးတန္ဖိုးနိမ့္တာေၾကာင့္ ျမန္မာနိုင္ငံသားေတြအေနနဲ႕ သြားေရာက္ လည္ပတ္ရ အဆင္ေျပပါတယ္။ ျမန္မာက်ပ္ေငြ တက်ပ္ဟာ ဗီယက္နမ္ေငြေၾကး 14 Dong နဲ႕ ညီမွ်ပါတယ္။ ျပင္သစ္ လက္ေအာက္ခံျဖစ္ခဲ့ဖူးတဲ့ ဒီနိုင္ငံမွာ လည္ပတ္စရာေတြ အရမ္းကို ေပါမ်ားပါတယ္။ ဗီယက္နမ္ကို လည္ပတ္မယ္ ဆိုရင္အသုံးစရိတ္အေနနဲ႕ ျမန္မာက်ပ္ေငြျဖင့္

တည္းခိုစရိတ္(Hostel) တည = တေသာင္းက်ပ္ခန႔္

သြားလာစရိတ္ လူ၂ဦး တေန႕တာ= ရွစ္ေထာင္ခန႔္

စားစရိတ္ သုံးနပ္စာ = ႏွစ္ေသာင္းခန႔္

လည္ပတ္စရာေနရာမ်ားသို႔ ဝင္ခြင့္ = သုံးေထာင္ခန႔္

ေဖ်ာ္ေျဖေရး(အရက္၊ေကာ္ဖီ၊အဆာေျပမုန႔္ စသျဖင့္) = ငါးေထာင္ခန႔္ ကုန္က်နိဳင္ပါတယ္။

(၂) Vientiane (လာအို)

လာအိုနိုင္ငံဟာ ယဥ္ေက်းမႈအေမြအႏွစ္ အလြန္ႂကြယ္ဝတဲ့ နိုင္ငံျဖစ္ပါတယ္။ လည္ပတ္စရာ၊ေလ့လာစရာနဲ႕ အနားယူစရာ ေတြ ေပါမ်ားတဲ့ လာအိုနိုင္ငံဟာ သြားေရာက္လည္ပတ္သင့္တဲ့ အာရွနိုင္ငံေတြထဲက တခုပဲျဖစ္ပါတယ္။ ျမန္မာက်ပ္ေငြ တက်ပ္ဟာ လာအို ေငြေၾကး (3) Kipနဲ႕ ညီမွ်ပါတယ္။ လာအိုကို လည္ပတ္မယ္ဆိုရင္ အသုံးစရိတ္အေနနဲ႕ ျမန္မာက်ပ္ေငြျဖင့္

တည္းခိုစရိတ္(Hostel) တည = တေသာင္းက်ပ္ခန႔္

သြားလာစရိတ္ လူ၂ဦး တေန႕တာ = ငါးေထာင္ခန႔္

စားစရိတ္ သုံးနပ္စာ =တေသာင္းႏွင့္ငါးေထာင္ခန႔္

လည္ပတ္စရာေနရာမ်ားသို႔ ဝင္ခြင့္ = ႏွစ္ေထာင္ခန႔္

ေဖ်ာ္ေျဖေရး (အရက္၊ေကာ္ဖီ၊အဆာေျပမုန႔္ စသျဖင့္) = ေျခာက္ေထာင္ခန႔္ က်သင့္နိုင္ပါတယ္။

(၃) Chiang Mai (ထိုင္းႏုိင္ငံ)

ထိုင္းနိုင္ငံကို ဘတ္ဂ်က္ခရီးအေနနဲ႕ သြားေရာက္လည္ပတ္မယ္ဆိုရင္ ဘန္ေကာက္ကို မသြားပဲ ခ်င္းမိုင္ကိုသြားဖို႔ တိုက္တြန္းခ်င္ပါတယ္။ ခ်င္းမိုင္ဟာ ဘန္ေကာက္ထက္ သြားလာရပိုမိုလြယ္ကူၿပီး စားေသာက္စရိတ္၊ ေနထိုင္စရိတ္ေတြ သက္သာပါတယ္။

လည္ပတ္စရာေတြ ေပါမ်ားၿပီး အစားအေသာက္ေတြဟာလည္း ေဈးသက္သာပါတယ္။ ခ်င္းမိုင္ကို လည္ပတ္မယ္ဆိုရင္ အသုံးစရိတ္အေနနဲ႕ ျမန္မာက်ပ္ေငြ

တည္းခိုစရိတ္ (Hostel) တည = တေသာင္းခန႔္

သြားလာစရိတ္ လူ၂ဦး တေန႕တာ = ငါးေထာင္ခန႔္

စားစရိတ္ သုံးနပ္စာ = တေသာင္းခန႔္

လည္ပတ္စရာေနရာမ်ားသို႔ ဝင္ခြင့္ = ငါးေထာင္ခန႔္

ေဖ်ာ္ေျဖေရး (အရက္၊ေကာ္ဖီ၊အဆာေျပမုန႔္ စသျဖင့္)= ႏွစ္ေသာင္းခန႔္ ကုန္က်နိဳင္ပါတယ္။

(၄) Manila (ဖိလစ္ပိုင္)

ဖိလစ္ပိုင္နိုင္ငံရဲ႕ ၿမိဳ႕ေတာ္ Manila ဟာလည္း ျမန္မာနိုင္ငံသားေတြအေနနဲ႕ သြားေရာက္လည္ပတ္သင့္တဲ့ ၿမိဳ႕ေတြထဲက တၿမိဳ႕ျဖစ္ပါတယ္။ ကမ္းေျခေတြ အပန္းေျဖစခန္းေတြ ရွိတဲ့ ဒီၿမိဳ႕မွာ လည္ပတ္အနားယူမယ္ဆိုရင္ အသုံးစရိတ္အေနနဲ႕ ျမန္မာက်ပ္ေငြ

တည္းခိုစရိတ္ (Hostel) တည =တေသာင္းႏွစ္ေထာင္ခန႔္

သြားလာစရိတ္ လူ၂ဦး တေန႕တာ = ႏွစ္ေထာင္ခန႔္

စားစရိတ္ သုံးနပ္စာ = တေသာင္းငါးေထာင္ခန႔္

လည္ပတ္စရာေနရာမ်ားသို႔ ဝင္ခြင့္ = ငါးေထာင္ခန္

ေဖ်ာ္ေျဖေရး (အရက္၊ေကာ္ဖီ၊အဆာေျပမုန႔္ စသျဖင့္) = ေျခာက္ေထာင္ခန႔္ ကုန္က်နိဳင္ပါတယ္။

ယခုတြက္ျပထားတဲ့ ေငြေၾကးေတြဟာ ယေန႕(နိုဝင္ဘာလ ၆ ရက္ေန႕၊၂၀၁၈) ျမန္မာ့ေငြေဈးနဲ႕ တြက္ခ်က္ထားတာျဖစ္လို႔ ေငြေၾကးကြာဟမႈေတြ ရွိနိုင္ပါတယ္။

ဒါ့အျပင္ တြက္ခ်က္ထားတဲ့ ကုန္က်စရိတ္ေတြဟာလည္း ေဈးအသက္သာဆုံးျဖစ္ေအာင္ ေခြၽတာတြက္ခ်က္ထားတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: irrawaddy


#Unicode Version#

ဒီနေ့ခေတ် လူငယ်တော်တော်များများကြားမှာ ရေပန်းစားလာတာကတော့ ကျောပိုးအိတ်တလုံးနဲ့ သွားတဲ့ ဘတ်ဂျက်ခရီးတွေပါ။ မြန်မာနိုင်ငံက လူငယ်တွေလည်း စတင်ပြီး သွားနေကြပြီဖြစ်လို့ အာရှတိုက်မှာ ဘတ်ဂျက်ခရီးသွားလို့ရတဲ့ နိုင်ငံတွေကို ဖော်ပြပေးချင်ပါတယ်။

အခု တွက်ပြထားတဲ့ ဘတ်ဂျက်ခရီးစဉ်တွေဟာ အသက်သာဆုံးနေရာတွေက တညတာ တည်းခိုစရိတ်၊ လူနှစ်ယောက်စာ သွားလာစရိတ်၊ နာမည်ကျော်နေရာတွေကို တနေ့ တနေရာ ဝင်ခွင့်စရိတ်၊ ဈေးသက်သာတဲ့ စားသောက်ဆိုင်များမှာ တနေ့ သုံးနပ်စာ စားစရိတ် စတာတွေ ပါရှိပါတယ်။

(၁) Hanoi (ဗီယက်နမ်)

ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံထက် ငွေကြေးတန်ဖိုးနိမ့်တာကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ သွားရောက် လည်ပတ်ရ အဆင်ပြေပါတယ်။ မြန်မာကျပ်ငွေ တကျပ်ဟာ ဗီယက်နမ်ငွေကြေး 14 Dong နဲ့ ညီမျှပါတယ်။ ပြင်သစ် လက်အောက်ခံဖြစ်ခဲ့ဖူးတဲ့ ဒီနိုင်ငံမှာ လည်ပတ်စရာတွေ အရမ်းကို ပေါများပါတယ်။ ဗီယက်နမ်ကို လည်ပတ်မယ် ဆိုရင်အသုံးစရိတ်အနေနဲ့ မြန်မာကျပ်ငွေဖြင့်

တည်းခိုစရိတ်(Hostel) တည = တသောင်းကျပ်ခန့်

သွားလာစရိတ် လူ၂ဦး တနေ့တာ= ရှစ်ထောင်ခန့်

စားစရိတ် သုံးနပ်စာ = နှစ်သောင်းခန့်

လည်ပတ်စရာနေရာများသို့ ဝင်ခွင့် = သုံးထောင်ခန့်

ဖျော်ဖြေရေး(အရက်၊ကော်ဖီ၊အဆာပြေမုန့် စသဖြင့်) = ငါးထောင်ခန့် ကုန်ကျနိုင်ပါတယ်။

(၂) Vientiane (လာအို)

လာအိုနိုင်ငံဟာ ယဉ်ကျေးမှုအမွေအနှစ် အလွန်ကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။ လည်ပတ်စရာ၊လေ့လာစရာနဲ့ အနားယူစရာ တွေ ပေါများတဲ့ လာအိုနိုင်ငံဟာ သွားရောက်လည်ပတ်သင့်တဲ့ အာရှနိုင်ငံတွေထဲက တခုပဲဖြစ်ပါတယ်။ မြန်မာကျပ်ငွေ တကျပ်ဟာ လာအို ငွေကြေး (3) Kipနဲ့ ညီမျှပါတယ်။ လာအိုကို လည်ပတ်မယ်ဆိုရင် အသုံးစရိတ်အနေနဲ့ မြန်မာကျပ်ငွေဖြင့်

တည်းခိုစရိတ်(Hostel) တည = တသောင်းကျပ်ခန့်

သွားလာစရိတ် လူ၂ဦး တနေ့တာ = ငါးထောင်ခန့်

စားစရိတ် သုံးနပ်စာ =တသောင်းနှင့်ငါးထောင်ခန့်

လည်ပတ်စရာနေရာများသို့ ဝင်ခွင့် = နှစ်ထောင်ခန့်

ဖျော်ဖြေရေး (အရက်၊ကော်ဖီ၊အဆာပြေမုန့် စသဖြင့်) = ခြောက်ထောင်ခန့် ကျသင့်နိုင်ပါတယ်။

(၃) Chiang Mai (ထိုင်းနိုင်ငံ)

ထိုင်းနိုင်ငံကို ဘတ်ဂျက်ခရီးအနေနဲ့ သွားရောက်လည်ပတ်မယ်ဆိုရင် ဘန်ကောက်ကို မသွားပဲ ချင်းမိုင်ကိုသွားဖို့ တိုက်တွန်းချင်ပါတယ်။ ချင်းမိုင်ဟာ ဘန်ကောက်ထက် သွားလာရပိုမိုလွယ်ကူပြီး စားသောက်စရိတ်၊ နေထိုင်စရိတ်တွေ သက်သာပါတယ်။

လည်ပတ်စရာတွေ ပေါများပြီး အစားအသောက်တွေဟာလည်း ဈေးသက်သာပါတယ်။ ချင်းမိုင်ကို လည်ပတ်မယ်ဆိုရင် အသုံးစရိတ်အနေနဲ့ မြန်မာကျပ်ငွေ

တည်းခိုစရိတ် (Hostel) တည = တသောင်းခန့်

သွားလာစရိတ် လူ၂ဦး တနေ့တာ = ငါးထောင်ခန့်

စားစရိတ် သုံးနပ်စာ = တသောင်းခန့်

လည်ပတ်စရာနေရာများသို့ ဝင်ခွင့် = ငါးထောင်ခန့်

ဖျော်ဖြေရေး (အရက်၊ကော်ဖီ၊အဆာပြေမုန့် စသဖြင့်)= နှစ်သောင်းခန့် ကုန်ကျနိုင်ပါတယ်။

(၄) Manila (ဖိလစ်ပိုင်)

ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် Manila ဟာလည်း မြန်မာနိုင်ငံသားတွေအနေနဲ့ သွားရောက်လည်ပတ်သင့်တဲ့ မြို့တွေထဲက တမြို့ဖြစ်ပါတယ်။ ကမ်းခြေတွေ အပန်းဖြေစခန်းတွေ ရှိတဲ့ ဒီမြို့မှာ လည်ပတ်အနားယူမယ်ဆိုရင် အသုံးစရိတ်အနေနဲ့ မြန်မာကျပ်ငွေ

တည်းခိုစရိတ် (Hostel) တည =တသောင်းနှစ်ထောင်ခန့်

သွားလာစရိတ် လူ၂ဦး တနေ့တာ = နှစ်ထောင်ခန့်

စားစရိတ် သုံးနပ်စာ = တသောင်းငါးထောင်ခန့်

လည်ပတ်စရာနေရာများသို့ ဝင်ခွင့် = ငါးထောင်ခန်

ဖျော်ဖြေရေး (အရက်၊ကော်ဖီ၊အဆာပြေမုန့် စသဖြင့်) = ခြောက်ထောင်ခန့် ကုန်ကျနိုင်ပါတယ်။

ယခုတွက်ပြထားတဲ့ ငွေကြေးတွေဟာ ယနေ့(နိုဝင်ဘာလ ၆ ရက်နေ့၊၂၀၁၈) မြန်မာ့ငွေဈေးနဲ့ တွက်ချက်ထားတာဖြစ်လို့ ငွေကြေးကွာဟမှုတွေ ရှိနိုင်ပါတယ်။

ဒါ့အပြင် တွက်ချက်ထားတဲ့ ကုန်ကျစရိတ်တွေဟာလည်း ဈေးအသက်သာဆုံးဖြစ်အောင် ချွေတာတွက်ချက်ထားတာ ဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top