(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

လုပ္ခဲ့မိတဲ့ အမွားအတြက္ ကိုယ့္ကုိကိုယ္ အျပစ္႐ွိသလို ခံစားေနရတာဟာ သင့္ရဲ႕စိတ္အေျခအေနကိုထိခုိက္ႏိုင္ပါတယ္။ လူတိုင္း အမွားေတြက်ဳးလြန္ဖူးပါတယ္။ ျပန္ျပင္လို႔ရတဲ့အမွားနဲ႔ ၊ ျပင္လို႔မရတဲ့
အမွားေတာ့ ရွိတာေပါ့။ ဒါေပမယ့္ တစ္ခ်ိန္လံုး ကိုယ့္ဘာသာ အျပစ္႐ွိသလို ခံစားေနမယ့္အစား တစ္
ဖက္သားကို ေတာင္းပန္လိုက္တာက သင့္ရဲ႕ေနာင္တစိတ္ကို အနည္းငယ္ေတာ့ေလ်ာ့ခ်ႏုိင္မယ္ထင္ပါတယ္။

အျပစ္႐ွိတယ္လို႔ ထင္ေနတဲ့စိတ္

အျပစ္႐ွိတယ္လို႔ ထင္ေနတဲ့စိတ္ဟာ သင့္က်န္းမာေရးကို ထိခိုက္ေစတယ္ဆုိတာ မွတ္ထားပါ။ ေကာင္းတဲ့အက်ဳိးဆက္ကိုေတာ့ ျဖစ္မလာေစပါဘူး။ အျပစ္႐ွိစိတ္ကို ထုတ္လိုက္ျပီး ေနာက္ထပ္ေတာ့အမွားေတြမက်ဳးလြန္နဲ႔ေတာ့ေပါ့။ အမွားေတြကေန သင္ခန္းစာယူျပီး ဒီလိုပဲ ေ႐ွ႔ဆက္ေလွ်ာက္ရတာပါပဲ။ အမွားေတြကို ျပန္လည္ကုစားဖို႔ ေကာင္းမြန္တဲ့ အေရးကိစၥေတြနဲ႔ ထပ္ျပီးေတာ့ျဖည့္ဆည္းပါ။ သင့္ရဲ႕စိတ္ဖိစီးမႈကိုလည္း ေလ်ာ့ခ်ေပးႏုိင္ပါတယ္။

ေနာင္တရေနတဲ့စိတ္ကို အခ်ိန္တိုတြင္း ဖယ္ထုတ္

အရင္ဆံုး သင့္ရဲ႕စိတ္ကို အနားေပးလိုက္ပါ။ မဟုတ္တဲ့ အေတြးေတြ ေလွ်ာက္စဥ္းစားေနမယ့္အစား
ငါအိုေခမွာပါ.. အဆင္ေျပသြားလိမ့္မယ္.. အခ်ိန္ၾကာရင္ ဒါေတြအနည္ထိုင္သြားလိမ့္မယ္ဆိုျပီး ကိုယ့္ကိုကိုယ္ ျဖည့္ေတြးပါ။ တစ္ေန႔ တစ္ေန႔အလုပ္လုပ္ရတာနဲ႔တင္ စိတ္ပင္ပန္း ကိုယ္ပင္ပန္းျဖစ္ေနရတာ၊ ျပီးခဲ့ျပီးသား အမွားေတြအတြက္ ထပ္ျပီးစိတ္ဖိစီးေနရဦးမယ္ဆုိ သိပ္မဟုတ္ေသးဘူး။ ကုိယ့္ကိုကုိယ္ ႏွိပ္စက္လြန္းရာ က်ပါတယ္။ အျပစ္႐ွိတယ္ထင္ရင္ သူ႔ကိုေတာင္းပန္စကားေျပာလိုက္ပါ။ ဝန္မေလးပါနဲ႔။ ဒါမွ သင့္စိတ္ထဲမွာလည္း ျမိဳသိပ္ထားစရာမလိုေတာ့မွာေပါ့။

ခြင့္ျပဳလိုက္ပါ

အမွားတစ္ခုကို မင္းက်ဳးလြန္မိတယ္မလား။ သင္ခန္းစာယူတတ္ေအာင္ လုပ္ပါ။ ေတြ႔ၾကံဳလိုက္ရတဲ့
အရာေတြနဲ႔ ကိုယ့္ကိုကိုယ္ေျပာင္းလဲပါ။ မေျပာင္းလဲပဲ ဒီအက်င့္တုိင္းပဲ ဆက္သြားေနမယ္ဆိုရင္ ဒီေနာင္တေတြထဲမွာပဲ နစ္မြန္းေအာင္လုပ္သလိုျဖစ္ေနပါလိမ့္မယ္။ လူ႔ဘဝက တိုလွပါတယ္။ ဒီစိတ္ၾကီးနဲ႔ တသက္လံုး႐ွင္သန္မေနပါနဲ႔ ။ ေနေပ်ာ္ေအာင္ ၾကိဳးစားပါ။ ေနေပ်ာ္မွ စစ္မွန္တဲ့႐ွင္သန္ျခင္းျဖစ္မွာေပါ့။ ေလွာင္ပိတ္မထားပါနဲ႔။ ျပီးခဲ့တာေတြကို လက္လႊတ္လိုက္ျပီး အခုခ်ိန္ကစ စိတ္ေတြကို refresh လုပ္လုိက္ပါ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend


#Unicode Version#

လုပ်ခဲ့မိတဲ့ အမှားအတွက် ကိုယ့်ကိုကိုယ် အပြစ်ရှိသလို ခံစားနေရတာဟာ သင့်ရဲ့စိတ်အခြေအနေကိုထိခိုက်နိုင်ပါတယ်။ လူတိုင်း အမှားတွေကျုးလွန်ဖူးပါတယ်။ ပြန်ပြင်လို့ရတဲ့အမှားနဲ့ ၊ ပြင်လို့မရတဲ့
အမှားတော့ ရှိတာပေါ့။ ဒါပေမယ့် တစ်ချိန်လုံး ကိုယ့်ဘာသာ အပြစ်ရှိသလို ခံစားနေမယ့်အစား တစ်
ဖက်သားကို တောင်းပန်လိုက်တာက သင့်ရဲ့နောင်တစိတ်ကို အနည်းငယ်တော့လျော့ချနိုင်မယ်ထင်ပါတယ်။

အပြစ်ရှိတယ်လို့ ထင်နေတဲ့စိတ်
အပြစ်ရှိတယ်လို့ ထင်နေတဲ့စိတ်ဟာ သင့်ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာ မှတ်ထားပါ။ ကောင်းတဲ့အကျိုးဆက်ကိုတော့ ဖြစ်မလာစေပါဘူး။ အပြစ်ရှိစိတ်ကို ထုတ်လိုက်ပြီး နောက်ထပ်တော့အမှားတွေမကျုးလွန်နဲ့တော့ပေါ့။ အမှားတွေကနေ သင်ခန်းစာယူပြီး ဒီလိုပဲ ရှေ့ဆက်လျှောက်ရတာပါပဲ။ အမှားတွေကို ပြန်လည်ကုစားဖို့ ကောင်းမွန်တဲ့ အရေးကိစ္စတွေနဲ့ ထပ်ပြီးတော့ဖြည့်ဆည်းပါ။ သင့်ရဲ့စိတ်ဖိစီးမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။

နောင်တရနေတဲ့စိတ်ကို အချိန်တိုတွင်း ဖယ်ထုတ်
အရင်ဆုံး သင့်ရဲ့စိတ်ကို အနားပေးလိုက်ပါ။ မဟုတ်တဲ့ အတွေးတွေ လျှောက်စဉ်းစားနေမယ့်အစား
ငါအိုခေမှာပါ.. အဆင်ပြေသွားလိမ့်မယ်.. အချိန်ကြာရင် ဒါတွေအနည်ထိုင်သွားလိမ့်မယ်ဆိုပြီး ကိုယ့်ကိုကိုယ် ဖြည့်တွေးပါ။ တစ်နေ့ တစ်နေ့အလုပ်လုပ်ရတာနဲ့တင် စိတ်ပင်ပန်း ကိုယ်ပင်ပန်းဖြစ်နေရတာ၊ ပြီးခဲ့ပြီးသား အမှားတွေအတွက် ထပ်ပြီးစိတ်ဖိစီးနေရဦးမယ်ဆို သိပ်မဟုတ်သေးဘူး။ ကိုယ့်ကိုကိုယ် နှိပ်စက်လွန်းရာ ကျပါတယ်။ အပြစ်ရှိတယ်ထင်ရင် သူ့ကိုတောင်းပန်စကားပြောလိုက်ပါ။ ဝန်မလေးပါနဲ့။ ဒါမှ သင့်စိတ်ထဲမှာလည်း မြိုသိပ်ထားစရာမလိုတော့မှာပေါ့။

ခွင့်ပြုလိုက်ပါ
အမှားတစ်ခုကို မင်းကျုးလွန်မိတယ်မလား။ သင်ခန်းစာယူတတ်အောင် လုပ်ပါ။ တွေ့ကြုံလိုက်ရတဲ့
အရာတွေနဲ့ ကိုယ့်ကိုကိုယ်ပြောင်းလဲပါ။ မပြောင်းလဲပဲ ဒီအကျင့်တိုင်းပဲ ဆက်သွားနေမယ်ဆိုရင် ဒီနောင်တတွေထဲမှာပဲ နစ်မွန်းအောင်လုပ်သလိုဖြစ်နေပါလိမ့်မယ်။ လူ့ဘဝက တိုလှပါတယ်။ ဒီစိတ်ကြီးနဲ့ တသက်လုံးရှင်သန်မနေပါနဲ့ ။ နေပျော်အောင် ကြိုးစားပါ။ နေပျော်မှ စစ်မှန်တဲ့ရှင်သန်ခြင်းဖြစ်မှာပေါ့။ လှောင်ပိတ်မထားပါနဲ့။ ပြီးခဲ့တာတွေကို လက်လွှတ်လိုက်ပြီး အခုချိန်ကစ စိတ်တွေကို refresh လုပ်လိုက်ပါ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top