ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရန္ကုန္(ေတာင္ပိုင္း)ခ႐ိုင္၊ သန္လ်င္ ၿမိဳ႕မရဲစခန္း၌ စက္တင္ဘာ ၁၂ ရက္ ညပိုင္းက ခိုးမႈျဖင့္ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရသူ အငွားယာဥ္ေမာင္း ကိုေအာင္ေအာင္ ေသဆံုးမႈႏွင့္ပတ္သက္ၿပီး ၎၏ မိခင္အေနႏွင့္ အမႈမွန္ေပၚေပါက္ေစလိုေၾကာင္း သိရသည္။

''ကေလးတေယာက္ကို ဒီေလာက္ထိေအာင္လုပ္လို႔ရလားဆိုတာကို သက္ဆိုင္ရာလူႀကီးေတြ သိေစခ်င္တယ္။ က်ဳိးပဲ့ ႐ံုေလာက္ဆိုရင္ေတာင္ အျပင္မွာျပန္ၿပီး ေဆးကုေပးလို႔ ရေသးတယ္။ အသက္တေခ်ာင္းကို ၄ ရက္ အတြင္းနဲ႔ ေသေလာက္ေအာင္႐ိုက္တာကိုေတာ့ ကြၽန္မအေနနဲ႔ ဘယ္လိုမွမေက်နပ္ႏိုင္ပါဘူး။ ရင္ထဲမွာလည္း ခံစားေနရတယ္''ဟု ေသဆံုးသူ၏ မိခင္ျဖစ္သူ ေဒၚေအးမွ News Watch သို႔ေျပာသည္။

''ကြၽန္မသားက ၉ လပိုင္း ၁၂ ရက္က အဖမ္းခံရတာ။ ၁၃ ရက္မွာ သားေလးကို သြားေတြ႕ေတာ့ စခန္းမွဴးျမင့္စိုးက အမႈမစစ္ရေသးဘူး၊ အမႈစစ္ၿပီးမွေတြ႕လို႔ရမယ္ဆိုၿပီး ကြၽန္မတို႔ကို ျပန္ေျပာပါတယ္။ ဒါနဲ႔ ၁၄ ရက္မွာ ကြၽန္မတို႔သြားေတြ႕ေတာ့ ကေလးက ေအာက္ပိုင္းေတြ သိပ္မေကာင္းဘူးျဖစ္ေနတယ္။ အခ်ဳပ္ခန္းထဲက သမံတလင္းေပၚ အိပ္ရလို႔ ျဖစ္တာလားဆိုၿပီး ေဆး႐ံုကိုျပေပးဖို႔ စခန္းမွဴးကိုသြားေျပာေတာ့ ခင္ဗ်ားတို႔ ရွိရင္မပို႔ေပးဘူး၊ ခင္ဗ်ားတို႔မရွိမွ ပို႔ေပးမယ္ေျပာလို႔ ကြၽန္မတို႔က ျပန္ခ်င္ေယာင္ေဆာင္ၿပီး ေဆး႐ံုအေပါက္ ဝကေန သြားေခ်ာင္းၾကည့္ေတာ့ ဆိုင္ကယ္ ၄ စီးနဲ႔ ရဲ ၅ ေယာက္က ေဆး႐ံုမွာ ကြၽန္မသားရဲ႕ ဒူးေခါင္းကို ဓာတ္မွန္႐ိုက္ၿပီး ျပန္ပို႔ေပးလိုက္တယ္။ ေနာက္တေန႔ ရဲစခန္းမွာ ကြၽန္မသားကိုသြားေတြ႕ေတာ့ ဗိုက္ေအာင့္တယ္ဆိုလို႔ အနားကပ္ၿပီး ေမးၾကည့္တာ သူ႕ကို႐ိုက္တယ္ဆိုၿပီး တိုးတိုးေလး ျပန္ေျပာတယ္''ဟု ေဒၚေအးက ေျပာသည္။

ျဖစ္စဥ္မွာ စက္တင္ဘာ ၁၃ ရက္ မနက္ ၃ နာရီခြဲအခ်ိန္က သန္လ်င္ၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္သူရထြန္း တာဝန္မွဴး တာဝန္ေဆာင္ရြက္ေနစဥ္ ညဥ့္နက္ပိုင္း လွည့္ကင္းတာဝန္ထမ္းေဆာင္ခဲ့ၾကသည့္တပ္ဖြဲ႕ဝင္မ်ားမွ ၿမိဳ႕ေဟာင္း ၈ ရပ္ကြက္၊ ၿမိဳင္(တည္းခိုခန္း)အနီး၊ က်ဳိက္ေခါက္ဘုရားလမ္းမေပၚရွိ TOYOTA COROLLA အမ်ဳိးအစား၊ ယာဥ္အမွတ္ FF/3650 ၊ မီးခိုးေရာင္ေမာ္ေတာ္ယာဥ္ေပၚမွ ဘတၳရီအိုး ၂ လံုးအား ခုိးယူမႈျဖင့္ ကိုေအာင္ေအာင္ ပါ ၃ ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သန္လ်င္ၿမိဳ႕မရဲစခန္းမွ သိရသည္။

ကားဘတၴရီ ၂ လံုးခိုးယူခဲ့သည့္ မ်ဳိးသီဟ(ခ)ေၾကာင္ေပ်ာက္၊ သန္းေဇာ္ေဌးႏွင့္ ေအာင္ေအာင္တို႔ ၃ ဦးအား ပုဒ္မ ၃၇၉/၅၄ ျဖင့္ အမႈဖြင့္စစ္ေဆးေဆာင္ရြက္ခဲ့ၿပီး အင္းစိန္ေထာင္သို႔ ပို႔ေဆာင္ခဲ့ကာ စက္တင္ဘာ ၂၆ ရက္ တရား႐ံုးထုတ္စစ္ေဆးလာစဥ္ ေအာင္ေအာင္ ၂၈ ႏွစ္ဆိုသူမွာ ႐ုတ္တရက္ေသဆံုးခဲ့ျခင္းျဖစ္သည္။

''ကြၽန္ေတာ္က သူတို႔ ၃ ေယာက္ကို အဲဒီမနက္ပိုင္းက ရဲလုပ္ထုံးလုပ္နည္းနဲ႔အညီ တႀကိမ္ပဲစစ္ေဆးခဲ့တာပါ။ တဖက္က ေျပာေနၾကတဲ့ ရဲ ၅ ေယာက္က လက္ထိပ္ ၃ ကြင္းခတ္ၿပီး စစ္ေဆးတယ္ဆိုတာလည္း မဟုတ္ပါဘူး။ ထု႐ိုက္ၿပီး စစ္မွ အမႈမွန္ေပၚတာမဟုတ္ဘူး။ ထု႐ိုက္တဲ့ေခတ္လည္း မဟုတ္ေတာ့ဘူး။ ဥပေဒနဲ႔အညီပဲ ေဆာင္ရြက္တာပါ။ ၾကာသပေတးေန႔မနက္ ယမန္ယူၿပီးေတာ့ ရဲလုပ္ငန္းလို အပ္ခ်က္ေတြလုပ္ေဆာင္ႏိုင္ ေအာင္လို႔ ေသာၾကာေန႔ထိ ထားလိုက္တယ္။ တနလၤာေန႔မွ ေထာင္ကိုပို႔တာပါ။ ေထာင္ဆိုတာကလည္း ဒဏ္ရာေတြပါရင္ လက္မခံပါဘူး။ ဆရာဝန္ေဆးစာျပန္ၾကားခ်က္အရေတာ့ ေအာင္ေအာင္က ေရာဂါအရသာ ေသဆံုးခဲ့တာျဖစ္ၿပီး ျပင္ပဒဏ္ရာမရွိပါဘူးလို႔ ျပန္ၾကားခဲ့တာပါ''ဟု ဒုရဲအုပ္သူရထြန္းက ေျပာသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး လူ႕အခြင့္အေရးေကာ္မရွင္က ေသဆံုးသူ၏ မိခင္၏တိုင္ၾကားခ်က္အရ မိသားစုဝင္မ်ားအား ကြင္းဆင္းေမးျမန္းခဲ့ေၾကာင္း၊ ႏိုဝင္ဘာ ၂၃ ရက္တြင္ ေသဆံုးသူႏွင့္ အမႈတြဲ ၂ ဦးအား အင္းစိန္အက်ဥ္းေထာင္တြင္ သြားေရာက္စစ္ေဆးမည္ျဖစ္ေၾကာင္း၊ လာမည့္သီတင္းပတ္တြင္ သက္ဆိုင္ရာရဲတပ္ဖြဲ႕ဝင္မ်ားအား စစ္ေဆးေမးျမန္းသြားမည္ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံအမ်ဳိးသား လူ႕အခြင့္အေရး ေကာ္မရွင္အတြင္းေရးမွဴး ဦးဘုန္းၾကြယ္က News Watch သို႔ ေျပာသည္။




ဖိုးသူေတာ္ (www.phothutaw.com)
Credit: New Watch (သတင္းႏွင့္ဓာတ္ပံု - မင္းဇာနည္၊ ေခါက္ခ်ဳိး)


#Unicode Version#

ရန်ကုန်(တောင်ပိုင်း)ခရိုင်၊ သန်လျင် မြို့မရဲစခန်း၌ စက်တင်ဘာ ၁၂ ရက် ညပိုင်းက ခိုးမှုဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူ အငှားယာဉ်မောင်း ကိုအောင်အောင် သေဆုံးမှုနှင့်ပတ်သက်ပြီး ၎င်း၏ မိခင်အနေနှင့် အမှုမှန်ပေါ်ပေါက်စေလိုကြောင်း သိရသည်။

''ကလေးတယောက်ကို ဒီလောက်ထိအောင်လုပ်လို့ရလားဆိုတာကို သက်ဆိုင်ရာလူကြီးတွေ သိစေချင်တယ်။ ကျိုးပဲ့ ရုံလောက်ဆိုရင်တောင် အပြင်မှာပြန်ပြီး ဆေးကုပေးလို့ ရသေးတယ်။ အသက်တချောင်းကို ၄ ရက် အတွင်းနဲ့ သေလောက်အောင်ရိုက်တာကိုတော့ ကျွန်မအနေနဲ့ ဘယ်လိုမှမကျေနပ်နိုင်ပါဘူး။ ရင်ထဲမှာလည်း ခံစားနေရတယ်''ဟု သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်အေးမှ News Watch သို့ပြောသည်။

''ကျွန်မသားက ၉ လပိုင်း ၁၂ ရက်က အဖမ်းခံရတာ။ ၁၃ ရက်မှာ သားလေးကို သွားတွေ့တော့ စခန်းမှူးမြင့်စိုးက အမှုမစစ်ရသေးဘူး၊ အမှုစစ်ပြီးမှတွေ့လို့ရမယ်ဆိုပြီး ကျွန်မတို့ကို ပြန်ပြောပါတယ်။ ဒါနဲ့ ၁၄ ရက်မှာ ကျွန်မတို့သွားတွေ့တော့ ကလေးက အောက်ပိုင်းတွေ သိပ်မကောင်းဘူးဖြစ်နေတယ်။ အချုပ်ခန်းထဲက သမံတလင်းပေါ် အိပ်ရလို့ ဖြစ်တာလားဆိုပြီး ဆေးရုံကိုပြပေးဖို့ စခန်းမှူးကိုသွားပြောတော့ ခင်ဗျားတို့ ရှိရင်မပို့ပေးဘူး၊ ခင်ဗျားတို့မရှိမှ ပို့ပေးမယ်ပြောလို့ ကျွန်မတို့က ပြန်ချင်ယောင်ဆောင်ပြီး ဆေးရုံအပေါက် ဝကနေ သွားချောင်းကြည့်တော့ ဆိုင်ကယ် ၄ စီးနဲ့ ရဲ ၅ ယောက်က ဆေးရုံမှာ ကျွန်မသားရဲ့ ဒူးခေါင်းကို ဓာတ်မှန်ရိုက်ပြီး ပြန်ပို့ပေးလိုက်တယ်။ နောက်တနေ့ ရဲစခန်းမှာ ကျွန်မသားကိုသွားတွေ့တော့ ဗိုက်အောင့်တယ်ဆိုလို့ အနားကပ်ပြီး မေးကြည့်တာ သူ့ကိုရိုက်တယ်ဆိုပြီး တိုးတိုးလေး ပြန်ပြောတယ်''ဟု ဒေါ်အေးက ပြောသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၃ ရက် မနက် ၃ နာရီခွဲအချိန်က သန်လျင်မြို့မရဲစခန်းမှ ဒုရဲအုပ်သူရထွန်း တာဝန်မှူး တာဝန်ဆောင်ရွက်နေစဉ် ညဉ့်နက်ပိုင်း လှည့်ကင်းတာဝန်ထမ်းဆောင်ခဲ့ကြသည့်တပ်ဖွဲ့ဝင်များမှ မြို့ဟောင်း ၈ ရပ်ကွက်၊ မြိုင်(တည်းခိုခန်း)အနီး၊ ကျိုက်ခေါက်ဘုရားလမ်းမပေါ်ရှိ TOYOTA COROLLA အမျိုးအစား၊ ယာဉ်အမှတ် FF/3650 ၊ မီးခိုးရောင်မော်တော်ယာဉ်ပေါ်မှ ဘတ္ထရီအိုး ၂ လုံးအား ခိုးယူမှုဖြင့် ကိုအောင်အောင် ပါ ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သန်လျင်မြို့မရဲစခန်းမှ သိရသည်။

ကားဘတ္ထရီ ၂ လုံးခိုးယူခဲ့သည့် မျိုးသီဟ(ခ)ကြောင်ပျောက်၊ သန်းဇော်ဌေးနှင့် အောင်အောင်တို့ ၃ ဦးအား ပုဒ်မ ၃၇၉/၅၄ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ကာ စက်တင်ဘာ ၂၆ ရက် တရားရုံးထုတ်စစ်ဆေးလာစဉ် အောင်အောင် ၂၈ နှစ်ဆိုသူမှာ ရုတ်တရက်သေဆုံးခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်က သူတို့ ၃ ယောက်ကို အဲဒီမနက်ပိုင်းက ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ တကြိမ်ပဲစစ်ဆေးခဲ့တာပါ။ တဖက်က ပြောနေကြတဲ့ ရဲ ၅ ယောက်က လက်ထိပ် ၃ ကွင်းခတ်ပြီး စစ်ဆေးတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ထုရိုက်ပြီး စစ်မှ အမှုမှန်ပေါ်တာမဟုတ်ဘူး။ ထုရိုက်တဲ့ခေတ်လည်း မဟုတ်တော့ဘူး။ ဥပဒေနဲ့အညီပဲ ဆောင်ရွက်တာပါ။ ကြာသပတေးနေ့မနက် ယမန်ယူပြီးတော့ ရဲလုပ်ငန်းလို အပ်ချက်တွေလုပ်ဆောင်နိုင် အောင်လို့ သောကြာနေ့ထိ ထားလိုက်တယ်။ တနင်္လာနေ့မှ ထောင်ကိုပို့တာပါ။ ထောင်ဆိုတာကလည်း ဒဏ်ရာတွေပါရင် လက်မခံပါဘူး။ ဆရာဝန်ဆေးစာပြန်ကြားချက်အရတော့ အောင်အောင်က ရောဂါအရသာ သေဆုံးခဲ့တာဖြစ်ပြီး ပြင်ပဒဏ်ရာမရှိပါဘူးလို့ ပြန်ကြားခဲ့တာပါ''ဟု ဒုရဲအုပ်သူရထွန်းက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်က သေဆုံးသူ၏ မိခင်၏တိုင်ကြားချက်အရ မိသားစုဝင်များအား ကွင်းဆင်းမေးမြန်းခဲ့ကြောင်း၊ နိုဝင်ဘာ ၂၃ ရက်တွင် သေဆုံးသူနှင့် အမှုတွဲ ၂ ဦးအား အင်းစိန်အကျဉ်းထောင်တွင် သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း၊ လာမည့်သီတင်းပတ်တွင် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များအား စစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အတွင်းရေးမှူး ဦးဘုန်းကြွယ်က News Watch သို့ ပြောသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top