ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×



ေရႊတိဂုံေစတီ ေတာ္ရွိ ေရႊစင္ေရႊျပားမ်ားကို လုံၿခံဳေရးတင္းက်ပ္စြာျဖင့္ စစ္ေဆးေနၿပီး စစ္ေဆးေတြ႕ရွိခ်က္မ်ားကို အမ်ားျပည္သူထံသို႔ အခ်ိန္ႏွင့္ တစ္ေျပးညီ အသိေပးသြားမည္ျဖစ္ ေၾကာင္း သာသနာေရးဦးစီးဌာန က ယမန္ေန႔တြင္ သတင္းထုတ္ ျပန္သည္။


ေရႊတိဂုံေစတီေတာ္ ေအာက္ၾကာႏုဧရိယာတြင္ ပူေဇာ္ထား ေသာ ေရႊစင္ေရႊျပားမ်ားကို သီး ျခားအလုပ္႐ုံ၌ ထားရွိၿပီး ကြၽမ္း က်င္ပညာရွင္မ်ားႏွင့္ ေရႊသန္႔စင္ ျခင္း၊ ေရႊမုိက္ထုတ္လုပ္ျခင္း၊ မွတ္တမ္းတင္ျခင္း လုပ္ငန္းမ်ား ကိုလုံၿခံဳေရးတင္းက်ပ္စြာျဖင့္ အ ဆင့္ဆင့္စနစ္တက် ေဆာင္ရြက္ ေနေၾကာင္း စစ္ေဆးေတြ႕ရွိခ်က္မ်ားကို အခ်ိန္ႏွင့္ တစ္ေျပးညီ ထုတ္ျပန္အသိေပးမည္ျဖစ္ေၾကာင္းလည္းထုတ္ျပန္ခ်က္က ေဖာ္ျပသည္။

‘‘အဆင့္တုိင္းကို ပညာရွင္ ေတြနဲ႔ စနစ္တက်စစ္ေဆးေဆာင္ရြက္ေနပါတယ္။ ၿပီးမယ့္အခ်ိန္က ေတာ့ ေျပာလို႔မရဘူး။ လုပ္ငန္း စဥ္အေပၚမွာ မူတည္တယ္’’ ဟု သာသနာေရးဦးစီးဌာန ၫႊန္ၾကား ေရးမွဴးခ်ဳပ္ဦးေအာင္ဆန္း၀င္းက ေျပာသည္။

ေရႊတိဂုံေစတီေတာ္ ေအာက္ၾကာႏုဧရိယာတြင္ ပူေဇာ္ထားေသာ ေရႊစင္ျပား ၃,၉၂၁ ခ်ပ္အနက္ ကုိးခ်ပ္ကို စစ္ေဆးရာ၌ ေရႊ ၉၈ ဒသမ ၉၁ ရာခိုင္ႏႈန္းပါ၀င္ေၾကာင္း ထုတ္ျပန္ထားမႈအေပၚ ေ၀ဖန္အႀကံျပဳခ်က္မ်ားရရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ သို႔ေသာ္ ေရႊတိဂုံေစတီေတာ္တြင္ ကပ္လွဴထားေသာ ေရႊ စင္ျပားမ်ားသည္ လြန္ခဲ့ေသာ ရွစ္ႏွစ္၊ ကိုးႏွစ္ခန္႔က ကပ္လွဴေသာေရႊျပားမ်ားျဖစ္ၿပီး ထိုစဥ္ကတည္းက ေရႊပါ၀င္မႈ ၉၈ ရာခိုင္ႏႈန္းရွိသည္ဟု သိရသည္ဟု ပါရွိသည္။

ႏို၀င္ဘာ ၂၄ ရက္ကလည္းသာသနာေရးႏွင့္ ယဥ္ေက်းမႈ၀န္ႀကီးဌာနက ေရႊတိဂုံေစတီေတာ္ ၾကာေမွာက္ၾကာလန္ ဧရိယာရွိ နမူနာေရႊစင္ျပားကို ျပန္သန္႔စင္ရာ၌ ေရႊပါ၀င္မႈ ၉၈ ဒသမ ၉၁ရာခိုင္ႏႈန္းအထိ ရွိသည္ဟု လူမႈကြန္ရက္တြင္ ေရးသားမႈမ်ားမွာ ေအာက္ၾကာႏု ဧရိယာရွိ ေရႊစင္ျပားကိုးခ်ပ္၏ ရလဒ္သာျဖစ္ၿပီး ၾကာေမွာက္ၾကာလန္ ဧရိယာတစ္ခုလုံးရွိ ေရႊစင္ျပားမ်ား ရလဒ္မဟုတ္သျဖင့္ ယင္းရလဒ္အေပၚ သုံးသပ္အေျဖရွာပါက အဓိပၸာယ္သက္ေရာက္မႈ မွားယြင္းႏုိင္ေၾကာင္း ထုတ္ျပန္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

ရွှေတိဂုံစေတီ တော်ရှိ ရွှေစင်ရွှေပြားများကို လုံခြုံရေးတင်းကျပ်စွာဖြင့် စစ်ဆေးနေပြီး စစ်ဆေးတွေ့ရှိချက်များကို အများပြည်သူထံသို့ အချိန်နှင့် တစ်ပြေးညီ အသိပေးသွားမည်ဖြစ် ကြောင်း သာသနာရေးဦးစီးဌာန က ယမန်နေ့တွင် သတင်းထုတ် ပြန်သည်။


ရွှေတိဂုံစေတီတော် အောက်ကြာနုဧရိယာတွင် ပူဇော်ထား သော ရွှေစင်ရွှေပြားများကို သီး ခြားအလုပ်ရုံ၌ ထားရှိပြီး ကျွမ်း ကျင်ပညာရှင်များနှင့် ရွှေသန့်စင် ခြင်း၊ ရွှေမိုက်ထုတ်လုပ်ခြင်း၊ မှတ်တမ်းတင်ခြင်း လုပ်ငန်းများ ကိုလုံခြုံရေးတင်းကျပ်စွာဖြင့် အ ဆင့်ဆင့်စနစ်တကျ ဆောင်ရွက် နေကြောင်း စစ်ဆေးတွေ့ရှိချက်များကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်အသိပေးမည်ဖြစ်ကြောင်းလည်းထုတ်ပြန်ချက်က ဖော်ပြသည်။

‘‘အဆင့်တိုင်းကို ပညာရှင် တွေနဲ့ စနစ်တကျစစ်ဆေးဆောင်ရွက်နေပါတယ်။ ပြီးမယ့်အချိန်က တော့ ပြောလို့မရဘူး။ လုပ်ငန်း စဉ်အပေါ်မှာ မူတည်တယ်’’ ဟု သာသနာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ဦးအောင်ဆန်းဝင်းက ပြောသည်။

ရွှေတိဂုံစေတီတော် အောက်ကြာနုဧရိယာတွင် ပူဇော်ထားသော ရွှေစင်ပြား ၃,၉၂၁ ချပ်အနက် ကိုးချပ်ကို စစ်ဆေးရာ၌ ရွှေ ၉၈ ဒသမ ၉၁ ရာခိုင်နှုန်းပါဝင်ကြောင်း ထုတ်ပြန်ထားမှုအပေါ် ဝေဖန်အကြံပြုချက်များရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် ရွှေတိဂုံစေတီတော်တွင် ကပ်လှူထားသော ရွှေ စင်ပြားများသည် လွန်ခဲ့သော ရှစ်နှစ်၊ ကိုးနှစ်ခန့်က ကပ်လှူသောရွှေပြားများဖြစ်ပြီး ထိုစဉ်ကတည်းက ရွှေပါဝင်မှု ၉၈ ရာခိုင်နှုန်းရှိသည်ဟု သိရသည်ဟု ပါရှိသည်။

နိုဝင်ဘာ ၂၄ ရက်ကလည်းသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရွှေတိဂုံစေတီတော် ကြာမှောက်ကြာလန် ဧရိယာရှိ နမူနာရွှေစင်ပြားကို ပြန်သန့်စင်ရာ၌ ရွှေပါဝင်မှု ၉၈ ဒသမ ၉၁ရာခိုင်နှုန်းအထိ ရှိသည်ဟု လူမှုကွန်ရက်တွင် ရေးသားမှုများမှာ အောက်ကြာနု ဧရိယာရှိ ရွှေစင်ပြားကိုးချပ်၏ ရလဒ်သာဖြစ်ပြီး ကြာမှောက်ကြာလန် ဧရိယာတစ်ခုလုံးရှိ ရွှေစင်ပြားများ ရလဒ်မဟုတ်သဖြင့် ယင်းရလဒ်အပေါ် သုံးသပ်အဖြေရှာပါက အဓိပ္ပာယ်သက်ရောက်မှု မှားယွင်းနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top