မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

မိန္းကေလးနဲ႔အလွအပဆုိတာ ကင္းကြာေနလုိ႔မရပါဘူး။ဘယ္လုိအရာေတြဟာ ကုိယ့္ကုိလွေစမလဲ ဘယ္လုိအရာေတြက ကုိယ့္အသားအရည္ကုိပ်က္စီးေစမလဲေလ့လာျပီး အျမဲတမ္းထိန္းသိမ္းေနရတာပါ။ဒီေတာ့ Trend ပ်ိဳေမတို႔အတြက္ ႏုိင္ငံတကာက က်င့္သံုးၾကတဲ႔အလွအပေရးရာလွ်ိဳ႔၀ွက္ခ်က္ေလးေတြကုိျပန္ျပီးမ်ွေ၀ေပးခ်င္ပါတယ္။



ၾသစေတးလ်

ၾသစေတးလ်သူေတြရဲ ႔ေဗာက္ရွင္းနည္းေလးကေတာ့ သူတုိ႔ရဲ ႔ေခါင္းေလ်ွာ္ရည္ထဲကုိ tea tree oil အစက္အနည္းငယ္ထည့္လိုက္တာပါပဲတဲ႔။အဲ႔ဒါက ေဗာက္ေတြကင္းစင္ေစတယ္လုိ႔သိရပါတယ္။

အီဂ်စ္

အီဂ်စ္ေတြရဲ႕ ခႏၶာကုိယ္တစ္ခုလံုးအတြက္ အလွအပထိန္းသိမ္းနည္းကေတာ့ ႏြားႏို႔ ၁လီတာ ဒါမွမဟုတ္ ၂လီတာနဲ႔ ပ်ားရည္ ၁၀၀ ဂရမ္ကုိ ေရာစပ္ကာေရစိမ္ခ်ိဳးတာပါတဲ႔။ေရခိ်ဳးျပီး မိနစ္ ၂၀ေလာက္ေနရင္ အသားအရည္က ပုိႏူးညံ႔ေခ်ာေမြ႔လာပါလိမ့္မယ္။

ကုိလံဘီယာ

ကုိလံဘီယာသူေတြရဲ႔ အလွအပေရးရာလ်ွိဳ႔၀ွက္ခ်က္ကေတာ့ ေထာပတ္သီးပါပဲ။ေထာပတ္သီးကုိ မ်က္ႏွာ၊ဆံပင္နဲ႔ခႏၶာကုိယ္သံုးမ်ိဳးလံုးအတြက္သံုးၾကပါတယ္။ဆံသားေတြေတာက္ပျပီးႏူးည့ံေစဖုိ႔အတြက္ ေထာပတ္သီးနဲ႔ငွက္ေပ်ာသီးကုိၾကိတ္ေခ်ျပီး သံလြင္ဆီစားပြဲတင္ဇြန္းတစ္ဇြန္းေရာစပ္ပါ။ျပီးရင္ဆံသားအႏွံ႔လိမ္းက်ံျပီးနာရီ၀က္ထားပါ။အားလံုးျပီးရင္ ခါတုိင္းလိုပဲ ေခါင္းေလ်ွာ္လို႔ရပါျပီ။

တရုတ္

တရုတ္လူမ်ိဳးေတြကေတာ့ အေရးအေၾကာင္းေတြ ကာကြယ္ျပီးအသားအရည္နုပ်ိဳေစဖုိ႔အတြက္ ဆန္ေဆးေရကိုသံုးပါတယ္တဲ႔။မိနစ္ ၂၀ေလာက္စိမ္ထားတဲ႔ဆန္ေဆးေရကုိေသခ်ာစင္ၾကယ္ေအာင္စစ္ျပီး မ်က္ႏွာသစ္ေပးရင္ အေရးအေၾကာင္းကင္းစင္ျပီး ေခြ်းေပါက္က်ဥ္းလို႔လွပတဲ႔ အသားအရည္ကုိ ရရွိေစပါတယ္။

အိႏၵိယ

အိႏၵိယလူမ်ိဳးေတြကေတာ့ ပံုထဲမွာျပထားတဲ႔ေလ့က်င့္ခန္းကုိ မနက္မုိးလင္းအိပ္ရာကႏုိးတဲ႔အခါျပဳလုပ္ေလ့ရွိပါတယ္။ဒါက ခႏၶာကုိယ္တြင္းကုိသန္႔စင္ေပးျပီးအားအင္ေတြရရွိေစပါတယ္တဲ႔။ခႏၶာကုိယ္ထဲမွာအဆိပ္အေတာက္ေတြကင္းစင္မွ အျပင္က အသားအရည္ကလည္းလွပမွာပါ။ဒီေလ့က်င့္ခန္းကုိ ၂ေက်ာ့ျပန္လုပ္ၾကတယ္လုိ႔သိရပါတယ္။

အေမရိကန္

အေမရိကန္သူေတြကေတာ့ ေခြ်းေပါက္က်ဥ္းတဲ႔အသားအရည္ကုိ ရရွိေအာင္ လိေမၼာ္ရည္ကုိသံုးပါတယ္။လိေမၼာ္ရည္နဲ႔ ေရကုိ ဆတူေရာစပ္ျပီး ဂြမ္းနဲ႔မ်က္ႏွာကုိ လိမ္းေပးပါတယ္။၁၀မိနစ္ေလာက္ခဏေစာင့္ျပီးေရနဲ႔သန္႔စင္ေပးတယ္လုိ႔ သိရပါတယ္။

ေဘာ္ေဂးရီးယား

သူတုိ႔ရဲ႔ အလွအပေရးရာလ်ွိဳ႔၀ွက္ခ်က္ေလးကေတာ့ ႏွင္းဆီအဆီနဲ႔ႏွင္းဆီပြင့္ဖတ္ေလးေတြပါတဲ႔။ေန႔တုိင္းသူတုိ႔ရဲ႔မ်က္ႏွာကုိ ႏွင္းဆီရည္နဲ႔သစ္ေပးတယ္လုိ႔သိရပါတယ္။နွင္းဆီရည္က အသားအရည္ကုိစုိျပည္ေစျပီး ႏူးည့ံေခ်ာေမြ႔ေစပါတယ္။

ဂရိ

ဂရိလူမ်ိဳးေတြကေတာ့ သံလြင္ဆီကုိအဓိကထားျပီးသံုးၾကပါတယ္။သံလြင္ဆီကုိ အစားအစာအတြက္သံုးၾကသလို အလွအပအတြက္လည္းသံုးၾကပါတယ္။သံလြင္ဆီစားပြဲတင္ဇြန္းတစ္ဇြန္းနဲ႔ဒိန္ခ်ဥ္ခြက္ေသးတစ္ခြက္ကုိေရာစပ္ျပီးဆံသားကုိလိမ္းက်ံေပးပါ။၅မိနစ္ေလာက္ထားျပီးေရနဲ႔သန္႔စင္ပါ။ခ်က္ခ်င္းကုိ ဆံသားႏူးညံ႔ေခ်ာေမြ႔သြားတာခံစားရပါလိမ့္မယ္။သူတုိ႔အတြက္ သံလြင္ဆီကမရွိမျဖစ္ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend


#Unicode Version#

မိန်းကလေးနဲ့အလှအပဆိုတာ ကင်းကွာနေလို့မရပါဘူး။ဘယ်လိုအရာတွေဟာ ကိုယ့်ကိုလှစေမလဲ ဘယ်လိုအရာတွေက ကိုယ့်အသားအရည်ကိုပျက်စီးစေမလဲလေ့လာပြီး အမြဲတမ်းထိန်းသိမ်းနေရတာပါ။ဒီတော့ Trend ပျိုမေတို့အတွက် နိုင်ငံတကာက ကျင့်သုံးကြတဲ့အလှအပရေးရာလျှို့ဝှက်ချက်လေးတွေကိုပြန်ပြီးမျှဝေပေးချင်ပါတယ်။



သြစတေးလျ

သြစတေးလျသူတွေရဲ့ဗောက်ရှင်းနည်းလေးကတော့ သူတို့ရဲ့ခေါင်းလျှော်ရည်ထဲကို tea tree oil အစက်အနည်းငယ်ထည့်လိုက်တာပါပဲတဲ့။အဲ့ဒါက ဗောက်တွေကင်းစင်စေတယ်လို့သိရပါတယ်။

အီဂျစ်
အီဂျစ်တွေရဲ့ ခန္ဓာကိုယ်တစ်ခုလုံးအတွက် အလှအပထိန်းသိမ်းနည်းကတော့ နွားနို့ ၁လီတာ ဒါမှမဟုတ် ၂လီတာနဲ့ ပျားရည် ၁၀၀ ဂရမ်ကို ရောစပ်ကာရေစိမ်ချိုးတာပါတဲ့။ရေချိုးပြီး မိနစ် ၂၀လောက်နေရင် အသားအရည်က ပိုနူးညံ့ချောမွေ့လာပါလိမ့်မယ်။

ကိုလံဘီယာ

ကိုလံဘီယာသူတွေရဲ့ အလှအပရေးရာလျှို့ဝှက်ချက်ကတော့ ထောပတ်သီးပါပဲ။ထောပတ်သီးကို မျက်နှာ၊ဆံပင်နဲ့ခန္ဓာကိုယ်သုံးမျိုးလုံးအတွက်သုံးကြပါတယ်။ဆံသားတွေတောက်ပပြီးနူးညံ့စေဖို့အတွက် ထောပတ်သီးနဲ့ငှက်ပျောသီးကိုကြိတ်ချေပြီး သံလွင်ဆီစားပွဲတင်ဇွန်းတစ်ဇွန်းရောစပ်ပါ။ပြီးရင်ဆံသားအနှံ့လိမ်းကျံပြီးနာရီဝက်ထားပါ။အားလုံးပြီးရင် ခါတိုင်းလိုပဲ ခေါင်းလျှော်လို့ရပါပြီ။

တရုတ်

တရုတ်လူမျိုးတွေကတော့ အရေးအကြောင်းတွေ ကာကွယ်ပြီးအသားအရည်နုပျိုစေဖို့အတွက် ဆန်ဆေးရေကိုသုံးပါတယ်တဲ့။မိနစ် ၂၀လောက်စိမ်ထားတဲ့ဆန်ဆေးရေကိုသေချာစင်ကြယ်အောင်စစ်ပြီး မျက်နှာသစ်ပေးရင် အရေးအကြောင်းကင်းစင်ပြီး ချွေးပေါက်ကျဉ်းလို့လှပတဲ့ အသားအရည်ကို ရရှိစေပါတယ်။

အိန္ဒိယ

အိန္ဒိယလူမျိုးတွေကတော့ ပုံထဲမှာပြထားတဲ့လေ့ကျင့်ခန်းကို မနက်မိုးလင်းအိပ်ရာကနိုးတဲ့အခါပြုလုပ်လေ့ရှိပါတယ်။ဒါက ခန္ဓာကိုယ်တွင်းကိုသန့်စင်ပေးပြီးအားအင်တွေရရှိစေပါတယ်တဲ့။ခန္ဓာကိုယ်ထဲမှာအဆိပ်အတောက်တွေကင်းစင်မှ အပြင်က အသားအရည်ကလည်းလှပမှာပါ။ဒီလေ့ကျင့်ခန်းကို ၂ကျော့ပြန်လုပ်ကြတယ်လို့သိရပါတယ်။

အမေရိကန်

အမေရိကန်သူတွေကတော့ ချွေးပေါက်ကျဉ်းတဲ့အသားအရည်ကို ရရှိအောင် လိမ္မော်ရည်ကိုသုံးပါတယ်။လိမ္မော်ရည်နဲ့ ရေကို ဆတူရောစပ်ပြီး ဂွမ်းနဲ့မျက်နှာကို လိမ်းပေးပါတယ်။၁၀မိနစ်လောက်ခဏစောင့်ပြီးရေနဲ့သန့်စင်ပေးတယ်လို့ သိရပါတယ်။

ဘော်ဂေးရီးယား
သူတို့ရဲ့ အလှအပရေးရာလျှို့ဝှက်ချက်လေးကတော့ နှင်းဆီအဆီနဲ့နှင်းဆီပွင့်ဖတ်လေးတွေပါတဲ့။နေ့တိုင်းသူတို့ရဲ့မျက်နှာကို နှင်းဆီရည်နဲ့သစ်ပေးတယ်လို့သိရပါတယ်။နှင်းဆီရည်က အသားအရည်ကိုစိုပြည်စေပြီး နူးညံ့ချောမွေ့စေပါတယ်။

ဂရိ

ဂရိလူမျိုးတွေကတော့ သံလွင်ဆီကိုအဓိကထားပြီးသုံးကြပါတယ်။သံလွင်ဆီကို အစားအစာအတွက်သုံးကြသလို အလှအပအတွက်လည်းသုံးကြပါတယ်။သံလွင်ဆီစားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ဒိန်ချဉ်ခွက်သေးတစ်ခွက်ကိုရောစပ်ပြီးဆံသားကိုလိမ်းကျံပေးပါ။၅မိနစ်လောက်ထားပြီးရေနဲ့သန့်စင်ပါ။ချက်ချင်းကို ဆံသားနူးညံ့ချောမွေ့သွားတာခံစားရပါလိမ့်မယ်။သူတို့အတွက် သံလွင်ဆီကမရှိမဖြစ်ပါပဲ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top