(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ထုိင္းႏုိင္ငံမွာ ကၽြဲေက်ာင္းသားတစ္ေယာက္နဲ႕ ကၽြဲတစ္ေကာင္တုိ႕ရဲ႕ သူငယ္ခ်င္းသံေယာဇဥ္အေၾကာင္းက အြန္လုိင္းအသုံးျပဳသူေတြၾကား ေရပန္းစားခဲ့ပါတယ္။ သြန္ခမ္လို႕ေခၚတဲ့ ကၽြဲကုိ ပထမဆုံးအႀကိမ္ ထိန္းေက်ာင္းခဲ့ရစဥ္က အခုလုိ ကၽြဲနဲ႕သူငယ္ခ်င္းေတြ ျဖစ္လာမယ္ဆုိတာ ကၽြဲေက်ာင္းသားဆူရတ္တစ္ေယာက္ မည္သည့္အခါကမွ် မေမွ်ာ္လင့္ခဲ့ပါဘူး။

ထုိင္းႏုိင္ငံ Chai Nat ေဒသမွာေနထုိင္တဲ့ အသက္ ၃၄ ႏွစ္အ႐ြယ္ လယ္သမားဆူရတ္ကုိ လြန္ခဲ့တဲ့ ႏွစ္လမွာ ကၽြဲပုိင္႐ွင္က ကၽြဲေက်ာင္းသားအျဖစ္ အခေၾကးေငြေပး ငွားရမ္းခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ဆူရတ္နဲ႕ကၽြဲတုိ႕ဟာ တျဖည္းျဖည္း ခင္မင္ရင္းႏွီးလာခဲ့ၾကၿပီး သူငယ္ခ်င္းေတြ ျဖစ္ခဲ့ၾကပါတယ္။

"သြန္ခမ္က သိပ္လိမၼာတယ္၊ သူ႕ေက်ာေပၚမွာ ကၽြန္ေတာ့္ကုိတင္ၿပီး လယ္ကြင္းထဲလွည့္လည္သြားရတာကို သူက ႀကဳိက္တယ္ဗ်" လုိ႕ ဆူရတ္က BBC Thai သတင္းဌာနကုိ ေျပာပါတယ္။

ဆူရတ္က သူ႕ရဲ႕ကၽြဲ သြန္ခမ္နဲ႕အတူ ႐ိုက္ထားတဲ့ ဆယ္လ္ဖီဓာတ္ပုံအခ်ဳိ႕ကုိ Facebook မွာတင္ခဲ့ရာမွ သူ႕ရဲ႕ဓာတ္ပုံေတြ အလ်င္အျမန္ ပ်ံ႕ႏွံ႕သြားခဲ့ၿပီး ဆူရတ္နဲ႕သြန္ခမ္တုိ႕ဟာလည္း ထုိင္းမွာ အင္တာနက္အသုံးျပဳေတြၾကား ထင္႐ွားေက်ာ္ၾကားလာခဲ့ၾကပါတယ္။ ဆယ္လ္ဖီဓာတ္ပုံအနည္းငယ္ ႐ုိက္ၿပီးခ်ိန္မွာ သြန္ခမ္က သူ႕ရဲ႕ပုံစံအတုိင္း အတုခုိးၿပီးလုိက္လုပ္တာကုိ သတိျပဳခဲ့တယ္လုိ႕ ဆူရတ္ကဆုိပါတယ္။

"သြန္ခမ္က ဆယ္လ္ဖီ႐ိုက္ၿပီဆုိ ကၽြန္ေတာ့္ဟန္ပန္အတုိင္း လုိက္လုပ္တာဗ်၊ သူက ဖုန္းကုိတည့္တည့္ၾကည့္တယ္၊ ကၽြန္ေတာ့္အနားကုိ ကပ္လာတယ္၊ သူက ၿပဳံးေတာင္ၿပဳံးသလုိ လုပ္ေနခဲ့ေသးတယ္ဗ်" လုိ႕ ဆူရတ္က ေျပာပါတယ္။

ဆူရတ္က ကၽြဲနဲ႕အတူ ႐ိုက္ထားတဲ့ ဆယ္လ္ဖီပုံေတြကုိ သူငယ္ခ်င္းေတြအတြက္ ရယ္စရာအျဖစ္သာ ရည္႐ြယ္ၿပီး Facebook မွာ တင္ခ့ဲတာျဖစ္ပါတယ္။ ဆူရတ္ရဲ႕ သူငယ္ခ်င္းေတြက ထုိပုံေတြကုိ သူတုိ႕ရဲ႕ Facebook မွာ ျပန္လည္မွ်ေဝခဲ့ၾကတယ္လို႕ ဆုိပါတယ္။

အခ်ိန္ခဏအတြင္းမွာပဲ ကၽြဲနဲ႕အတူ ဆယ္လ္ဖီ႐ုိက္ထားတဲ့ ဆူရတ္ရဲ႕ဓာတ္ပုံပုိ႕စ္ကုိ ျပန္လည္မွ်ေဝမႈ အႀကိမ္ေရ ၃၂,၀၀၀ အထိ ႐ွိလာခဲ့ၿပီး ေနာက္ထပ္ ဓာတ္ပုံေတြ႐ိုက္ဖုိ႕လည္း ေတာင္းဆုိမႈေတြ ႐ွိခဲ့ပါတယ္။

"လူေတြက ကၽြန္ေတာ္နဲ႕သြန္ခမ္တုိ႕ ဆယ္လ္ဖီဓာတ္ပုံေတြ ထပ္႐ုိက္ဖုိ႕ ေတာင္းဆုိခဲ့ၾကတယ္၊ တခ်ဳိ႕က ကၽြန္ေတာ္တုိ႕ပုံေတြကုိ ၾကည့္ရတာက သူတို႕ရဲ႕ ေန႕စဥ္ဘဝ အခက္အခဲေတြကုိေမ့ၿပီး စိတ္ေပ်ာ္႐ႊင္ရတယ္လို႕ ေျပာထားတယ္ဗ်" လုိ႕ ဆူရတ္ကဆုိပါတယ္။

သို႕ေသာ္ ထုိင္းအင္တာနက္သုံးသူေတြၾကား ထင္႐ွားေက်ာ္ၾကားၿပီး စိတ္ေပ်ာ္႐ႊင္ေစခဲ့တဲ့ ဆူရတ္နဲ႕သြန္ခမ္တုိ႕အတြက္ အလွည့္အေျပာင္းတစ္ခုက ျဖစ္လာခဲ့ၿပီး သူတုိ႕ေတြ ခြဲခြာမယ့္အေရး ႀကဳံလာခဲ့ရပါတယ္။ ဆူရတ္ကုိ ငွားရမ္းခဲ့တဲ့ ကၽြဲပုိင္႐ွင္က သူ႕ရဲ႕ကၽြဲ သြန္ခမ္ကုိ အျခာတစ္ဦးထံ ေရာင္းခ်သြားရန္ စီစဥ္လာခဲ့တာ ျဖစ္ပါတယ္။

"ကၽြန္ေတာ္ တစ္ကယ့္ကုိ စိတ္မေကာင္းျဖစ္ခဲ့ရတယ္၊ ကၽြန္ေတာ့္မွာ သူ႕ကုိဝယ္ထားဖုိ႕က ေငြအလုံအေလာက္မ႐ွိဘူးေလ" လုိ႕ ဆူရတ္က ေျပာပါတယ္။ ဆူရတ္က သူ႕ရဲ႕အခက္အခဲကုိ Facebook ပရိသတ္ေတြကုိလည္း ႐ွင္းျပခဲ့ပါတယ္။ သြန္ခမ္ကုိ ဝယ္ယူရန္အတြက္ ထုိင္းဘတ္ေငြ ၁၀၀,၀၀၀ လုိအပ္တယ္လို႕ ဆူရတ္က သူတုိ႕ရဲ႕ Facebook ပရိသတ္ေတြကုိ ႐ွင္းျပခဲ့ပါတယ္။

"တခ်ဳိ႕က သူတုိ႕ ေငြလွဴခ်င္တယ္လို႕ ေျပာၾကပါတယ္၊ ဒါနဲ႕ပဲ အလွဴေငြေတြ ထည့္ဝင္ၾကဖုိ႕ ကၽြန္ေတာ္ ေတာင္းခံမယ္လုိ႕ ဆုံးျဖတ္ခဲ့ပါတယ္" လုိ႕ ဆူရတ္ကေျပာပါတယ္။ ဆူရတ္က အလွဴေငြေကာက္ခံခဲ့ရာ ႏွစ္ရက္အတြင္းမွာပင္ စုစုေပါင္း ထုိင္းဘတ္ေငြ ၁၃၅,၉၆၉ ရ႐ွိခဲ့ၿပီးေနက္ အလွဴေငြေကာက္ခံမႈကုိ ရပ္ဆုိင္းခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun (ဓါတ္ပံု-surat's fb)

#Unicode Version#

ထိုင်းနိုင်ငံမှာ ကျွဲကျောင်းသားတစ်ယောက်နဲ့ ကျွဲတစ်ကောင်တို့ရဲ့ သူငယ်ချင်းသံယောဇဉ်အကြောင်းက အွန်လိုင်းအသုံးပြုသူတွေကြား ရေပန်းစားခဲ့ပါတယ်။ သွန်ခမ်လို့ခေါ်တဲ့ ကျွဲကို ပထမဆုံးအကြိမ် ထိန်းကျောင်းခဲ့ရစဉ်က အခုလို ကျွဲနဲ့သူငယ်ချင်းတွေ ဖြစ်လာမယ်ဆိုတာ ကျွဲကျောင်းသားဆူရတ်တစ်ယောက် မည်သည့်အခါကမျှ မမျှော်လင့်ခဲ့ပါဘူး။

ထိုင်းနိုင်ငံ Chai Nat ဒေသမှာနေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် လယ်သမားဆူရတ်ကို လွန်ခဲ့တဲ့ နှစ်လမှာ ကျွဲပိုင်ရှင်က ကျွဲကျောင်းသားအဖြစ် အခကြေးငွေပေး ငှားရမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဆူရတ်နဲ့ကျွဲတို့ဟာ တဖြည်းဖြည်း ခင်မင်ရင်းနှီးလာခဲ့ကြပြီး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။

"သွန်ခမ်က သိပ်လိမ္မာတယ်၊ သူ့ကျောပေါ်မှာ ကျွန်တော့်ကိုတင်ပြီး လယ်ကွင်းထဲလှည့်လည်သွားရတာကို သူက ကြိုက်တယ်ဗျ" လို့ ဆူရတ်က BBC Thai သတင်းဌာနကို ပြောပါတယ်။

ဆူရတ်က သူ့ရဲ့ကျွဲ သွန်ခမ်နဲ့အတူ ရိုက်ထားတဲ့ ဆယ်လ်ဖီဓာတ်ပုံအချို့ကို Facebook မှာတင်ခဲ့ရာမှ သူ့ရဲ့ဓာတ်ပုံတွေ အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး ဆူရတ်နဲ့သွန်ခမ်တို့ဟာလည်း ထိုင်းမှာ အင်တာနက်အသုံးပြုတွေကြား ထင်ရှားကျော်ကြားလာခဲ့ကြပါတယ်။ ဆယ်လ်ဖီဓာတ်ပုံအနည်းငယ် ရိုက်ပြီးချိန်မှာ သွန်ခမ်က သူ့ရဲ့ပုံစံအတိုင်း အတုခိုးပြီးလိုက်လုပ်တာကို သတိပြုခဲ့တယ်လို့ ဆူရတ်ကဆိုပါတယ်။

"သွန်ခမ်က ဆယ်လ်ဖီရိုက်ပြီဆို ကျွန်တော့်ဟန်ပန်အတိုင်း လိုက်လုပ်တာဗျ၊ သူက ဖုန်းကိုတည့်တည့်ကြည့်တယ်၊ ကျွန်တော့်အနားကို ကပ်လာတယ်၊ သူက ပြုံးတောင်ပြုံးသလို လုပ်နေခဲ့သေးတယ်ဗျ" လို့ ဆူရတ်က ပြောပါတယ်။

ဆူရတ်က ကျွဲနဲ့အတူ ရိုက်ထားတဲ့ ဆယ်လ်ဖီပုံတွေကို သူငယ်ချင်းတွေအတွက် ရယ်စရာအဖြစ်သာ ရည်ရွယ်ပြီး Facebook မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဆူရတ်ရဲ့ သူငယ်ချင်းတွေက ထိုပုံတွေကို သူတို့ရဲ့ Facebook မှာ ပြန်လည်မျှဝေခဲ့ကြတယ်လို့ ဆိုပါတယ်။

အချိန်ခဏအတွင်းမှာပဲ ကျွဲနဲ့အတူ ဆယ်လ်ဖီရိုက်ထားတဲ့ ဆူရတ်ရဲ့ဓာတ်ပုံပို့စ်ကို ပြန်လည်မျှဝေမှု အကြိမ်ရေ ၃၂,၀၀၀ အထိ ရှိလာခဲ့ပြီး နောက်ထပ် ဓာတ်ပုံတွေရိုက်ဖို့လည်း တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

"လူတွေက ကျွန်တော်နဲ့သွန်ခမ်တို့ ဆယ်လ်ဖီဓာတ်ပုံတွေ ထပ်ရိုက်ဖို့ တောင်းဆိုခဲ့ကြတယ်၊ တချို့က ကျွန်တော်တို့ပုံတွေကို ကြည့်ရတာက သူတို့ရဲ့ နေ့စဉ်ဘဝ အခက်အခဲတွေကိုမေ့ပြီး စိတ်ပျော်ရွှင်ရတယ်လို့ ပြောထားတယ်ဗျ" လို့ ဆူရတ်ကဆိုပါတယ်။

သို့သော် ထိုင်းအင်တာနက်သုံးသူတွေကြား ထင်ရှားကျော်ကြားပြီး စိတ်ပျော်ရွှင်စေခဲ့တဲ့ ဆူရတ်နဲ့သွန်ခမ်တို့အတွက် အလှည့်အပြောင်းတစ်ခုက ဖြစ်လာခဲ့ပြီး သူတို့တွေ ခွဲခွာမယ့်အရေး ကြုံလာခဲ့ရပါတယ်။ ဆူရတ်ကို ငှားရမ်းခဲ့တဲ့ ကျွဲပိုင်ရှင်က သူ့ရဲ့ကျွဲ သွန်ခမ်ကို အခြာတစ်ဦးထံ ရောင်းချသွားရန် စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော် တစ်ကယ့်ကို စိတ်မကောင်းဖြစ်ခဲ့ရတယ်၊ ကျွန်တော့်မှာ သူ့ကိုဝယ်ထားဖို့က ငွေအလုံအလောက်မရှိဘူးလေ" လို့ ဆူရတ်က ပြောပါတယ်။ ဆူရတ်က သူ့ရဲ့အခက်အခဲကို Facebook ပရိသတ်တွေကိုလည်း ရှင်းပြခဲ့ပါတယ်။ သွန်ခမ်ကို ဝယ်ယူရန်အတွက် ထိုင်းဘတ်ငွေ ၁၀၀,၀၀၀ လိုအပ်တယ်လို့ ဆူရတ်က သူတို့ရဲ့ Facebook ပရိသတ်တွေကို ရှင်းပြခဲ့ပါတယ်။

"တချို့က သူတို့ ငွေလှူချင်တယ်လို့ ပြောကြပါတယ်၊ ဒါနဲ့ပဲ အလှူငွေတွေ ထည့်ဝင်ကြဖို့ ကျွန်တော် တောင်းခံမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ ဆူရတ်ကပြောပါတယ်။ ဆူရတ်က အလှူငွေကောက်ခံခဲ့ရာ နှစ်ရက်အတွင်းမှာပင် စုစုပေါင်း ထိုင်းဘတ်ငွေ ၁၃၅,၉၆၉ ရရှိခဲ့ပြီးနေက် အလှူငွေကောက်ခံမှုကို ရပ်ဆိုင်းခဲ့ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top