(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

႐ိုးရာေလးပရိတ္သတ္ႀကီးေရ ဖုန္းအသစ္တစ္လုံးဝယ္ဖို႔ စဥ္းစားေနၿပီလား။ ဘယ္ဖုန္းအမ်ိဳးအစားကို သေဘာက်ေနမိၿပီလဲ။ ဝယ္ဖို႔ႀကံေနတဲ့ဖုန္းအမ်ိဳးအစားက ကိုယ့္လိုအပ္ခ်က္နဲ႔ တကယ္ကိုက္ရဲ႕လားဆိုတာေရာ စစ္ၾကည့္ၿပီးၿပီလား။ ဒီေန႔မွာေတာ့ ဖုန္းအသစ္မဝယ္ခင္ စစ္ၾကည့္သင့္တဲ့အခ်က္ေလးေတြကို ေျပာျပေပးမွာမို႔ ဖတ္ၾကည့္လိုက္ပါဦးေနာ္။

ဖုန္းတစ္လုံး ဝယ္ဖို႔ဆိုရင္ေတာ့ အဓိကအေနနဲ႔ အခ်က္ ၆ ခ်က္ကို မျဖစ္မေန အရင္ၾကည့္ရပါမယ္။ ဒီအခ်က္ေတြကေတာ့ မ်က္ႏွာျပင္အမ်ိဳးအစား၊ ဘထၳရီ၊ သိုေလွာင္မႈပမာဏ၊ RAM၊ ထုတ္လုပ္တဲ့ကုမၸဏီ နဲ႔ ကင္မရာ တို႔ပဲ ျဖစ္ပါတယ္။ ဒါေတြက ဖုန္းတစ္လုံးအတြက္ အေရးပါတဲ့ေနရာေတြမွာ ရပ္တည္ေနပါတယ္။

ပထမဆုံးအေနနဲ႔ ဖုန္းမ်က္ႏွာျပင္အမ်ိဳးအစားပါ။ မ်က္ႏွာျပင္အမ်ိဳးအစား မေကာင္းရင္ ေရရွည္သုံးဖို႔ အဆင္မေျပႏိုင္ပါဘူး။ မ်က္လုံးထိခိုက္ႏိုင္ေျခလည္း ပိုမ်ားတဲ့အျပင္ ဓာတ္ပုံေတြ၊ ဗီဒီယိုေတြ ၾကည့္ရတာလည္း အဆင္မေျပပါဘူး။ ဂိမ္းေဆာ့တဲ့သူေတြအတြက္လည္း အရည္အေသြးေကာင္းတဲ့ မ်က္ႏွာျပင္အမ်ိဳးအစားကို လိုအပ္တာမို႔ အ႐ြယ္အစားနဲ႔ အမ်ိဳးအစားကို စစ္ေဆးဝယ္ယူသင့္ပါတယ္။ မ်က္ႏွာျပင္အ႐ြယ္အစားႀကီးတဲ့ဖုန္းဝယ္မယ္ဆိုရင္ 1920×1080p ထက္ ႐ုပ္ထြက္အရည္အေသြးနိမ့္တာကို မေ႐ြးသင့္ပါဘူး။

ဖုန္းတစ္လုံးအတြက္ ဘထၳရီက သိပ္အေရးပါပါတယ္။ ဘထၳရီသိုေလွာင္မႈပမာဏ နည္းတဲ့အခါ အားကုန္လြယ္ၿပီး အလုပ္မတြင္ႏိုင္ပါဘူး။ အကယ္၍ ကိုယ္က တစ္ေနကုန္ သုံးေနတတ္တဲ့သူဆိုရင္ေတာ့ သိုေလွာင္မႈပမာဏမ်ားတာတင္မက အားသြင္းျမန္တာကိုပါ ေ႐ြးသင့္ပါတယ္။ ခုေနာက္ပိုင္း ဖုန္းေတြမွာ fast charging စနစ္ ပါဝင္လာၿပီး ၅ မိနစ္ေလာက္ကေန နာရီဝက္အတြင္း အားျပန္ျပည့္တာမ်ိဳးေတြ ပါလာပါၿပီ။

သိုေလွာင္မႈပမာဏကေတာ့ ကၽြန္ေတာ္တို႔အတြက္ အေရးပါဆုံးလို႔ေတာင္ ေျပာလို႔ရေလာက္ပါတယ္။ ဓာတ္ပုံေတြ၊ ဗီဒီယိုေတြ၊ ဂိမ္းေတြ၊ တျခားဖိုင္ေတြ အစရွိသျဖင့္ မ်ိဳးစုံကို တစ္ေနရာထဲ သိမ္းဆည္းႏိုင္ဖို႔အတြက္ သိုေလွာင္မႈပမာဏမ်ားတဲ့ဖုန္းတစ္လုံးကေတာ့ မရွိမျဖစ္လိုတာပါပဲ။ iPhone အသုံးျပဳသူေတြအတြက္ဆို သိုေလွာင္မႈပမာဏက ပိုအေရးပါပါလိမ့္မယ္။ iOS အတြက္ ထြက္ရွိတဲ့ အပ္ပလီေကးရွင္းေတြက တျခား OS ေတြထက္ ဖိုင္အ႐ြယ္အစားႀကီးတဲ့အတြက္ေၾကာင့္ပါ။

Random Access Memory (RAM) နည္းတဲ့ဖုန္းတစ္လုံးကက အလုပ္လုပ္ေဆာင္မႈ ေႏွးေကြးႏိုင္ပါတယ္။ RAM ပမာဏနည္းတာက အလုပ္လုပ္ရတဲ့ေနရာက်ဥ္းတယ္ဆိုတဲ့သေဘာနဲ႔ ဆင္တူပါတယ္။ ခုေနာက္ပိုင္းဖုန္းေတြမွာ RAM 2GB ေအာက္ ေရာက္ေနရင္ သိပ္အဆင္မေျပႏိုင္ပါဘူး။

ထုတ္လုပ္တဲ့ကုမၸဏီကေရာ ဘာလို႔စဥ္းစားရမယ့္အခ်က္ထဲ ပါဝင္ေနရတာလဲ။ လုံၿခဳံေရးအတြက္ေၾကာင့္ပါ။ တခ်ိဳ႕ေသာဖုန္းကုမၸဏီေတြက ထုတ္လုပ္တဲ့ဖုန္းေတြက အသုံးျပဳသူေတြရဲ႕ ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြကို ဖုန္းကုမၸဏီကို ျပန္ပို႔တဲ့အတြက္ေၾကာင့္ လုံၿခဳံေရးပိုင္းမွာ စိတ္မခ်ရပါဘူး။ ဒီေန႔အထိ ၾကားသိထားရတဲ့သတင္းေတြအရေတာ့ Apple၊ Samsung၊ LG နဲ႔ Sony တံဆိပ္ေတြကေတာ့ ယုံၾကည္လို႔ရတယ္လို႔ ဆိုပါတယ္။

ဒီေန႔ေခတ္မွာ ကင္မရာကို သတ္သတ္ႀကီးဝယ္မေနၾကေတာ့ဘဲ ဖုန္းကင္မရာကိုပဲ အေလးထားဝယ္ယူလာၾကတာကို ေတြ႕ရပါတယ္။ ေနာက္ပိုင္းစမတ္ဖုန္းေတြကလည္း ကင္မရာကို ပိုေကာင္းေအာင္ ျပဳလုပ္လာတာမို႔ ကင္မရာအရည္အေသြးေကာင္းတဲ့အမ်ိဳးအစားကို ဝယ္ယူဖို႔က သိပ္မခက္ခဲေတာ့ပါဘူး။ ကိုယ္က ဓာတ္ပုံ႐ိုက္ရတာကို ႀကိဳက္ႏွစ္သက္တဲ့သူဆိုရင္ေတာ့ Budget ဖုန္းေတြမဝယ္ဘဲ ပိုက္ဆံနည္းနည္းပိုသုံးၿပီး တျခားကင္မရာ ပိုေကာင္းတဲ့ဖုန္းကိုဝယ္ဖို႔ အႀကံျပဳခ်င္ပါတယ္။

အေပၚကအခ်က္ေတြအျပင္ ကိုယ္သေဘာက်တဲ့ပုံစံေတြကိုလည္း ထည့္စဥ္းစားၿပီး ေ႐ြးခ်ယ္ႏိုင္ပါေသးတယ္။ ဥပမာ - ႀကိဳးမဲ့အားသြင္းစနစ္၊ စတူဒီယိုစပီကာ၊ 5G/4G/3G၊ အေရာင္၊ အစရွိသျဖင့္ေပါ့။ ကဲ ဒီေလာက္ဆိုရင္ေတာ့ ႐ိုးရာေလးပရိသတ္ႀကီးတို႔ ဖုန္းေကာင္းေကာင္းတစ္လုံးကို ေသခ်ာေ႐ြးခ်ယ္ႏိုင္ေလာက္မယ္လို႔ ထင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: YoYarLay


#Unicode Version#

ရိုးရာလေးပရိတ်သတ်ကြီးရေ ဖုန်းအသစ်တစ်လုံးဝယ်ဖို့ စဉ်းစားနေပြီလား။ ဘယ်ဖုန်းအမျိုးအစားကို သဘောကျနေမိပြီလဲ။ ဝယ်ဖို့ကြံနေတဲ့ဖုန်းအမျိုးအစားက ကိုယ့်လိုအပ်ချက်နဲ့ တကယ်ကိုက်ရဲ့လားဆိုတာရော စစ်ကြည့်ပြီးပြီလား။ ဒီနေ့မှာတော့ ဖုန်းအသစ်မဝယ်ခင် စစ်ကြည့်သင့်တဲ့အချက်လေးတွေကို ပြောပြပေးမှာမို့ ဖတ်ကြည့်လိုက်ပါဦးနော်။

ဖုန်းတစ်လုံး ဝယ်ဖို့ဆိုရင်တော့ အဓိကအနေနဲ့ အချက် ၆ ချက်ကို မဖြစ်မနေ အရင်ကြည့်ရပါမယ်။ ဒီအချက်တွေကတော့ မျက်နှာပြင်အမျိုးအစား၊ ဘထ္ထရီ၊ သိုလှောင်မှုပမာဏ၊ RAM၊ ထုတ်လုပ်တဲ့ကုမ္ပဏီ နဲ့ ကင်မရာ တို့ပဲ ဖြစ်ပါတယ်။ ဒါတွေက ဖုန်းတစ်လုံးအတွက် အရေးပါတဲ့နေရာတွေမှာ ရပ်တည်နေပါတယ်။

ပထမဆုံးအနေနဲ့ ဖုန်းမျက်နှာပြင်အမျိုးအစားပါ။ မျက်နှာပြင်အမျိုးအစား မကောင်းရင် ရေရှည်သုံးဖို့ အဆင်မပြေနိုင်ပါဘူး။ မျက်လုံးထိခိုက်နိုင်ခြေလည်း ပိုများတဲ့အပြင် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ကြည့်ရတာလည်း အဆင်မပြေပါဘူး။ ဂိမ်းဆော့တဲ့သူတွေအတွက်လည်း အရည်အသွေးကောင်းတဲ့ မျက်နှာပြင်အမျိုးအစားကို လိုအပ်တာမို့ အရွယ်အစားနဲ့ အမျိုးအစားကို စစ်ဆေးဝယ်ယူသင့်ပါတယ်။ မျက်နှာပြင်အရွယ်အစားကြီးတဲ့ဖုန်းဝယ်မယ်ဆိုရင် 1920×1080p ထက် ရုပ်ထွက်အရည်အသွေးနိမ့်တာကို မရွေးသင့်ပါဘူး။

ဖုန်းတစ်လုံးအတွက် ဘထ္ထရီက သိပ်အရေးပါပါတယ်။ ဘထ္ထရီသိုလှောင်မှုပမာဏ နည်းတဲ့အခါ အားကုန်လွယ်ပြီး အလုပ်မတွင်နိုင်ပါဘူး။ အကယ်၍ ကိုယ်က တစ်နေကုန် သုံးနေတတ်တဲ့သူဆိုရင်တော့ သိုလှောင်မှုပမာဏများတာတင်မက အားသွင်းမြန်တာကိုပါ ရွေးသင့်ပါတယ်။ ခုနောက်ပိုင်း ဖုန်းတွေမှာ fast charging စနစ် ပါဝင်လာပြီး ၅ မိနစ်လောက်ကနေ နာရီဝက်အတွင်း အားပြန်ပြည့်တာမျိုးတွေ ပါလာပါပြီ။

သိုလှောင်မှုပမာဏကတော့ ကျွန်တော်တို့အတွက် အရေးပါဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ ဂိမ်းတွေ၊ တခြားဖိုင်တွေ အစရှိသဖြင့် မျိုးစုံကို တစ်နေရာထဲ သိမ်းဆည်းနိုင်ဖို့အတွက် သိုလှောင်မှုပမာဏများတဲ့ဖုန်းတစ်လုံးကတော့ မရှိမဖြစ်လိုတာပါပဲ။ iPhone အသုံးပြုသူတွေအတွက်ဆို သိုလှောင်မှုပမာဏက ပိုအရေးပါပါလိမ့်မယ်။ iOS အတွက် ထွက်ရှိတဲ့ အပ်ပလီကေးရှင်းတွေက တခြား OS တွေထက် ဖိုင်အရွယ်အစားကြီးတဲ့အတွက်ကြောင့်ပါ။

Random Access Memory (RAM) နည်းတဲ့ဖုန်းတစ်လုံးကက အလုပ်လုပ်ဆောင်မှု နှေးကွေးနိုင်ပါတယ်။ RAM ပမာဏနည်းတာက အလုပ်လုပ်ရတဲ့နေရာကျဉ်းတယ်ဆိုတဲ့သဘောနဲ့ ဆင်တူပါတယ်။ ခုနောက်ပိုင်းဖုန်းတွေမှာ RAM 2GB အောက် ရောက်နေရင် သိပ်အဆင်မပြေနိုင်ပါဘူး။

ထုတ်လုပ်တဲ့ကုမ္ပဏီကရော ဘာလို့စဉ်းစားရမယ့်အချက်ထဲ ပါဝင်နေရတာလဲ။ လုံခြုံရေးအတွက်ကြောင့်ပါ။ တချို့သောဖုန်းကုမ္ပဏီတွေက ထုတ်လုပ်တဲ့ဖုန်းတွေက အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဖုန်းကုမ္ပဏီကို ပြန်ပို့တဲ့အတွက်ကြောင့် လုံခြုံရေးပိုင်းမှာ စိတ်မချရပါဘူး။ ဒီနေ့အထိ ကြားသိထားရတဲ့သတင်းတွေအရတော့ Apple၊ Samsung၊ LG နဲ့ Sony တံဆိပ်တွေကတော့ ယုံကြည်လို့ရတယ်လို့ ဆိုပါတယ်။

ဒီနေ့ခေတ်မှာ ကင်မရာကို သတ်သတ်ကြီးဝယ်မနေကြတော့ဘဲ ဖုန်းကင်မရာကိုပဲ အလေးထားဝယ်ယူလာကြတာကို တွေ့ရပါတယ်။ နောက်ပိုင်းစမတ်ဖုန်းတွေကလည်း ကင်မရာကို ပိုကောင်းအောင် ပြုလုပ်လာတာမို့ ကင်မရာအရည်အသွေးကောင်းတဲ့အမျိုးအစားကို ဝယ်ယူဖို့က သိပ်မခက်ခဲတော့ပါဘူး။ ကိုယ်က ဓာတ်ပုံရိုက်ရတာကို ကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ Budget ဖုန်းတွေမဝယ်ဘဲ ပိုက်ဆံနည်းနည်းပိုသုံးပြီး တခြားကင်မရာ ပိုကောင်းတဲ့ဖုန်းကိုဝယ်ဖို့ အကြံပြုချင်ပါတယ်။

အပေါ်ကအချက်တွေအပြင် ကိုယ်သဘောကျတဲ့ပုံစံတွေကိုလည်း ထည့်စဉ်းစားပြီး ရွေးချယ်နိုင်ပါသေးတယ်။ ဥပမာ - ကြိုးမဲ့အားသွင်းစနစ်၊ စတူဒီယိုစပီကာ၊ 5G/4G/3G၊ အရောင်၊ အစရှိသဖြင့်ပေါ့။ ကဲ ဒီလောက်ဆိုရင်တော့ ရိုးရာလေးပရိသတ်ကြီးတို့ ဖုန်းကောင်းကောင်းတစ်လုံးကို သေချာရွေးချယ်နိုင်လောက်မယ်လို့ ထင်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top