ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ငယ္ငယ္တုန္းက “ ပံုျပင္ေလး” တစ္ခု ဖတ္ဖူးတယ္။

အင္မတန္မွ မွတ္သားစရာေကာင္းတဲ႔ ပံုျပင္ေလး

တစ္ခုပဲ။သူငယ္ခ်င္း ႏွစ္ေယာက္ ေတာအုပ္ႀကီး

တစ္ခုကို ျဖတ္သန္းသြားတယ္။တစ္ေယာက္က

လက္နက္ပါလာတယ္။တစ္ေယာက္က မပါဘူး။

လက္နက္ပါတဲ႔ လူက ဘာေျပာလဲ ဆိုေတာ့

“ဒီေနရာမွာ ဆင္ပဲ ေတြ႔ေတြ႔ ၊ က်ားပဲ ေတြ႔ေတြ႔ ၊

ဘာေကာင္ပဲ ေတြ႔ေတြ႔ ငါ ကာကြယ္ႏိုင္တယ္ေပါ့ ၊

ဘယ္အေကာင္မွ မေၾကာက္ဘူး”တဲ့။

သူက ဒီလို ေျပာေနတယ္။ေျပာလို႔မွ မဆံုးေသးဘူး။

လမ္းေကြ႔ တစ္ေကြ႕မွာ “ဝက္ဝံႀကီး”တစ္ေကာင္

ဘြားခနဲ ေပၚလာတယ္။ဝက္ဝံႀကီးကိုလည္း

ေတြ႔လိုက္ေရာ အဲဒီလူက သစ္ပင္ေပၚ

တက္ေျပးပါေလေရာ။လက္နက္ မပါတဲ့

သူငယ္ခ်င္း ကို ဒီအတိုင္း ပစ္ထားခဲ႔ျပီး

ကိုယ္လြတ္ရုန္း ထြက္ေျပးသြားတယ္။

သူငယ္ခ်င္း လုပ္တဲ႔ သူက တိမ္းေရွာင္ဖို႔ အခ်ိန္

မရလိုက္ဘူး။ အဲ႔ဒီေတာ့ သူ႔အသက္ကိုသူ

ကာကြယ္တဲ့ အေနနဲ႔ လွဲအိပ္လိုက္ၿပီး

အသက္ေအာင့္ထားတယ္။

အေသေယာင္ေဆာင္ေနလိုက္ရတယ္။

အဲ႔ဒီ အခ်ိန္မွာ ဝက္ဝံၾကီးက အနားနား လာၿပီးေတာ့

ေခါင္းကို လွ်ာနဲ႔ လ်က္တယ္။ဟိုနမ္း၊ဒီနမ္း

လုပ္တယ္ေပါ့။မလွဳပ္ရဲဘူး။

အသက္လည္း မရွဴရဲဘူး။ၿငိမ္ေနရတယ္။

လွဳပ္လိုက္ရင္ေတာ့ အကိုက္ခံရမွာ ေသခ်ာတယ္။

အဲ႔ဒီမွာ ၿငိမ္ေနတဲ႔ အခါက်ေတာ့ ဝက္ဝံႀကီးက

လက္နဲ႔ ဟိုဘက္က ပုတ္ၾကည့္။

ဒီဘက္က ပုတ္ၾကည့္။အေသႀကီးပဲ မွတ္ထင္ၿပီး

သူ႔လမ္းသူ ဆက္သြားတယ္။

ဝက္ဝံႀကီး ထြက္သြားၿပီဆိုေတာ့မွ ဟိုေသနတ္နဲ႔

ေကာင္က သစ္ပင္ေပၚက ဆင္းလာတယ္။

ဆင္းလာၿပီးေတာ့

“သူငယ္ခ်င္း ၊ မင္းကို ဝက္ဝံႀကီးက တိုးတိုး

တိုးတိုးနဲ႔ ဘာေျပာသြားတာတုန္း”ေမးသတဲ့။

ဟိုလူက ေျပာတယ္။

“ေအး ၊ ဝက္ဝံႀကီးက ငါ့ နားနား ကပ္ေျပာသြားတာ

မိတ္ေဆြ သူငယ္ခ်င္း မပီသတဲ့ အေကာင္မ်ိဳးကို

ေနာင္ ဘယ္ေတာ့မွ မေပါင္းနဲ႔တဲ့”။

အေရးၾကံဳလာျပီဆိုရင္ ႏွစ္ဦး ပူးေပါင္း ခုခံမယ္

မလုပ္ဘဲနဲ႔ “အဲ႔ဒီလို ကိုယ္လြတ္ရံုးသြားတဲ့

အေကာင္မ်ဳိးကို ဘယ္ေတာ့မွ မေပါင္းနဲ႔” လို႔

ဝက္ဝံႀကီးက သူ႔ကို မွာသြားတယ္လို႔ ေျပာသတဲ့။

“အာပဒါသု န ဇဟတိ”ဒုကၡၾကံဳလာတဲ့အခါမွာ

စြန္႔ၿပီး သြားတာမ်ိဳး မျဖစ္ေစရဘူးတဲ့။

အဲ့ဒါ ဘုရားေဟာတဲ့ မိတ္ေကာင္း ေဆြေကာင္း ပါပဲ။

“ေပါင္းသင္းရမည့္ ဆရာသမားေကာင္း”

ဆရာသမားေတြနဲ႔ ပတ္သတ္ၿပီး ေပးထားတဲ့

မိတ္ေကာင္းေဆြေကာင္း အဂၤါရပ္ေတြက

ဘာတုန္းဆိုရင္

“ပိေယာ ဂရု ဘာဝနီေယာ ၊ ဝတၱာ စ ဝစနကၡေမာ”

ဆရာတင္ၿပီး ကိုးကြယ္မယ္ဆိုရင္ အဲဒီ

အရည္အေသြးေတြ ရွိ၊မရွိ ၾကည့္ရမယ္တဲ့။

မိတ္ေကာင္း ေဆြေကာင္း ဆိုတာ

(၁)။“ပိေယာ”

ခ်စ္ခင္ေလးစားေလာက္တဲ့ သီလ၊

သမာဓိ ၊ ပညာ အရည္အေသြးေတြ ရွိရမယ္။

(၂)။“ဂရု”

ေလးစားေလာက္တဲ့ ကိုယ္က်င့္တရား ရွိရမယ္။

(၃)။“ဘာဝနီေယာ”

ခ်ီးမြမ္းေလာက္တဲ့ ကိုယ္က်င့္တရား ရွိရမယ္။

သို႔မဟုတ္ ေမတၱာဘာဝနာပြားတဲ့ ေမတၱာစိတ္ဓာတ္

ထားတာ ရွိရမယ္။

(၄)။“ဝတၱာ”

မေကာင္းရင္လည္း ပြင့္ပြင့္လင္းလင္း ေျပာတတ္တယ္။

ဆံုးမတတ္တယ္။အၾကံေပးတတ္တဲ့ ပုဂၢိဳလ္ ျဖစ္ရမယ္။

(၅) “ဝစနကၡေမာ”

အျပစ္ေတြ႔လို႔ သူ႔ကို သတိေပးေျပာၾကားရင္လည္း

လက္ခံတဲ့ ပုဂၢိဳလ္ ျဖစ္ရမယ္။

တခ်ိဳ႕က သူမ်ားကိုေတာ့ ကိုယ္က ဆံုးမတတ္တယ္။

ကိုယ့္ကို ဆံုးမရင္ေတာ့ ဘာေျပာလဲ။

လွ်ာ မရွည္နဲ႔ တဲ့ ဟုတ္လား။ ကိုယ့္ကို လာေျပာရင္

မႀကိဳက္တဲ့ လူက ပိုမ်ားတယ္ေနာ္။

အဲဒါမ်ိဳး မျဖစ္ေစရဘူးတဲ့။

“ဝတၱာ” ကိုယ္ကလည္း ဆံုးမတတ္ရမယ္။

“ဝစနကၡေမာ” သူက ေျပာလို႔ ရွိရင္လည္း

လက္ခံရမယ္။အဲ့ဒီ အခ်က္က အင္မတန္ ခက္တယ္။

ဘာျဖစ္လို႔ ခက္တာတုန္း ဆိုရင္ လူေတြမွာ

“မာန” ရွိတယ္။မာန ရွိသည့္အတြက္ေၾကာင့္

ကိုယ့္ထက္ငယ္တဲ့ ပုဂၢိဳလ္က ေျပာရင္ လက္မခံဘူး။

ကိုယ့္ေအာက္က လူက ေျပာရင္ “ရန္သူ” ပဲ။

“အရွင္သာရိပုတၱရာရဲ႕ စိတ္ဓာတ္”

ဒီေနရာမွာ အရွင္သာရိပုတၱရာရဲ႕ စိတ္ဓာတ္ဟာ

အင္မတန္မွ အတုခိုးစရာ ေကာင္းတယ္။

ပညာရွိ ပီသ တယ္ေပါ့။ဘယ္လို ပညာရွိပီသတုန္းဆိုရင္

“အရွင္သာရိပုတၱရာ မေထရ္ျမတ္”ဟာ တစ္ခါတုန္းက

သကၤန္းရံုထားတာေလး က မညီမညာတြဲေလာင္းေလး

က်ေနေတာ့ ကိုရင္ေလးတစ္ပါးက ေလွ်ာက္တယ္တဲ႔။

“အရွင္ဘုရား ၊ ေဟာဒီမွာ သကၤန္းေလး တြဲေလာင္း

က်ေနတယ္၊” အရွင္သာရိပုတၱရာ မေထရ္ျမတ္ က

ကိုရင္ေလး ေျပာတဲ့အတိုင္း ဟုတ္ေနေတာ့

သကၤန္းေလးကို သူျပင္ရံုၿပီး လက္အုပ္ေလးခ်ီၿပီး

“ညီသြားပါၿပီလား” လို႔ ေျပာသတဲ့။

“ေက်းဇူးတင္တယ္ ကိုရင္ ၊ ေက်းဇူးတင္တယ္”

လို႔ ကိုရင္ေပါက္စေလးက သတိေပးတာကို

လက္ခံတယ္။လက္ခံၿပီးေတာ့ သံဃပရိတ္သတ္

ၾကားထဲမွာ ဘာေျပာလဲဆိုရင္-

“ဒီကေန႔မွ ကိုရင္ျဖစ္လာၿပီး အသက္အရြယ္ကလည္း

(၇)ႏွစ္ပဲ ရွိေသးတယ္။ အဲဒီ (၇)ႏွစ္ အရြယ္

ကိုရင္ေလးက သူ႔ကို ဆံုးမၾသဝါဒေပးမယ္ဆိုရင္ေတာင္

ဦးထိပ္ပန္ဆင္ပါ့မယ္။”လို႔ ဒီလို ေျပာတာေနာ္။

ဒါ စံနမူနာ ယူရမွာပဲ။

အဲ႔ဒီေတာ့ မိတ္ေကာင္း ေဆြေကာင္းကို အင္မတန္မွ

တန္ဖိုးထားတယ္ဆိုတဲ႔ အဓိပၸါယ္ေပၚတယ္ေပါ့။

ေအး … ဟုတ္ၿပီ။

“ဝတၱာ စ ဝစနကၡေမာ”သူမ်ားက ဆံုးမရင္လည္း

လက္ခံႏိုင္ရမယ္။အဲ႔ဒီ လက္ခံႏိုင္တာလည္းပဲ

မိတ္ေကာင္း၊ေဆြေကာင္းရဲ႕ အဂၤါရပ္ပဲ။

ေနာက္တစ္ခုက

(၆) “ေနာ စ ဌာေန နိေယာဇေကာ”

သူမ်ားကို ေခ်ာက္မတြန္းရဘူး။

မ်ားေသာအားျဖင့္ လူေတြက သူမ်ားကို

ေခ်ာက္တြန္းတတ္တဲ့ အေလ့အထေလး

ရွိတယ္ေပါ့။ေခ်ာက္တြန္းတယ္ဆိုတာ မေကာင္းမွန္း

သိလ်က္နဲ႔ တြန္းပို႔တာမ်ိဳးေပါ့။

အဲ႔ဒါမ်ဳိး မလုပ္တဲ့ ဆရာသမားမ်ိဳးကို ေရြးၿပီးေတာ့

ကိုးကြယ္ပါတဲ့။“ပိေယာ ဂရု ဘာဝနီေယာ ၊

ဝတၱာ စ ဝစနကၡေမာ”အဲ႔ဒီ ပုဂၢိဳလ္မ်ိဳးကို ကိုးကြယ္ပါ။

ထို႔ အတူပဲ ေလာကမွာ အဲဒီလို မိတ္ေဆြေတြ ရွိတတ္တယ္



ဖိုးသူေတာ္ (www.phothutaw.com)
Credit: ပါေမာကၡခ်ဳပ္ဆရာေတာ္ေဒါက္တာအရွင္နႏၵမာလာဘိဝံသ


#Unicode Version#

ငယ်ငယ်တုန်းက “ ပုံပြင်လေး” တစ်ခု ဖတ်ဖူးတယ်။

အင်မတန်မှ မှတ်သားစရာကောင်းတဲ့ ပုံပြင်လေး

တစ်ခုပဲ။သူငယ်ချင်း နှစ်ယောက် တောအုပ်ကြီး

တစ်ခုကို ဖြတ်သန်းသွားတယ်။တစ်ယောက်က

လက်နက်ပါလာတယ်။တစ်ယောက်က မပါဘူး။

လက်နက်ပါတဲ့ လူက ဘာပြောလဲ ဆိုတော့

“ဒီနေရာမှာ ဆင်ပဲ တွေ့တွေ့ ၊ ကျားပဲ တွေ့တွေ့ ၊

ဘာကောင်ပဲ တွေ့တွေ့ ငါ ကာကွယ်နိုင်တယ်ပေါ့ ၊

ဘယ်အကောင်မှ မကြောက်ဘူး”တဲ့။

သူက ဒီလို ပြောနေတယ်။ပြောလို့မှ မဆုံးသေးဘူး။

လမ်းကွေ့ တစ်ကွေ့မှာ “ဝက်ဝံကြီး”တစ်ကောင်

ဘွားခနဲ ပေါ်လာတယ်။ဝက်ဝံကြီးကိုလည်း

တွေ့လိုက်ရော အဲဒီလူက သစ်ပင်ပေါ်

တက်ပြေးပါလေရော။လက်နက် မပါတဲ့

သူငယ်ချင်း ကို ဒီအတိုင်း ပစ်ထားခဲ့ပြီး

ကိုယ်လွတ်ရုန်း ထွက်ပြေးသွားတယ်။

သူငယ်ချင်း လုပ်တဲ့ သူက တိမ်းရှောင်ဖို့ အချိန်

မရလိုက်ဘူး။ အဲ့ဒီတော့ သူ့အသက်ကိုသူ

ကာကွယ်တဲ့ အနေနဲ့ လှဲအိပ်လိုက်ပြီး

အသက်အောင့်ထားတယ်။

အသေယောင်ဆောင်နေလိုက်ရတယ်။

အဲ့ဒီ အချိန်မှာ ဝက်ဝံကြီးက အနားနား လာပြီးတော့

ခေါင်းကို လျှာနဲ့ လျက်တယ်။ဟိုနမ်း၊ဒီနမ်း

လုပ်တယ်ပေါ့။မလှုပ်ရဲဘူး။

အသက်လည်း မရှူရဲဘူး။ငြိမ်နေရတယ်။

လှုပ်လိုက်ရင်တော့ အကိုက်ခံရမှာ သေချာတယ်။

အဲ့ဒီမှာ ငြိမ်နေတဲ့ အခါကျတော့ ဝက်ဝံကြီးက

လက်နဲ့ ဟိုဘက်က ပုတ်ကြည့်။

ဒီဘက်က ပုတ်ကြည့်။အသေကြီးပဲ မှတ်ထင်ပြီး

သူ့လမ်းသူ ဆက်သွားတယ်။

ဝက်ဝံကြီး ထွက်သွားပြီဆိုတော့မှ ဟိုသေနတ်နဲ့

ကောင်က သစ်ပင်ပေါ်က ဆင်းလာတယ်။

ဆင်းလာပြီးတော့

“သူငယ်ချင်း ၊ မင်းကို ဝက်ဝံကြီးက တိုးတိုး

တိုးတိုးနဲ့ ဘာပြောသွားတာတုန်း”မေးသတဲ့။

ဟိုလူက ပြောတယ်။

“အေး ၊ ဝက်ဝံကြီးက ငါ့ နားနား ကပ်ပြောသွားတာ

မိတ်ဆွေ သူငယ်ချင်း မပီသတဲ့ အကောင်မျိုးကို

နောင် ဘယ်တော့မှ မပေါင်းနဲ့တဲ့”။

အရေးကြုံလာပြီဆိုရင် နှစ်ဦး ပူးပေါင်း ခုခံမယ်

မလုပ်ဘဲနဲ့ “အဲ့ဒီလို ကိုယ်လွတ်ရုံးသွားတဲ့

အကောင်မျိုးကို ဘယ်တော့မှ မပေါင်းနဲ့” လို့

ဝက်ဝံကြီးက သူ့ကို မှာသွားတယ်လို့ ပြောသတဲ့။

“အာပဒါသု န ဇဟတိ”ဒုက္ခကြုံလာတဲ့အခါမှာ

စွန့်ပြီး သွားတာမျိုး မဖြစ်စေရဘူးတဲ့။

အဲ့ဒါ ဘုရားဟောတဲ့ မိတ်ကောင်း ဆွေကောင်း ပါပဲ။

“ပေါင်းသင်းရမည့် ဆရာသမားကောင်း”

ဆရာသမားတွေနဲ့ ပတ်သတ်ပြီး ပေးထားတဲ့

မိတ်ကောင်းဆွေကောင်း အင်္ဂါရပ်တွေက

ဘာတုန်းဆိုရင်

“ပိယော ဂရု ဘာဝနီယော ၊ ဝတ္တာ စ ဝစနက္ခမော”

ဆရာတင်ပြီး ကိုးကွယ်မယ်ဆိုရင် အဲဒီ

အရည်အသွေးတွေ ရှိ၊မရှိ ကြည့်ရမယ်တဲ့။

မိတ်ကောင်း ဆွေကောင်း ဆိုတာ

(၁)။“ပိယော”

ချစ်ခင်လေးစားလောက်တဲ့ သီလ၊

သမာဓိ ၊ ပညာ အရည်အသွေးတွေ ရှိရမယ်။

(၂)။“ဂရု”

လေးစားလောက်တဲ့ ကိုယ်ကျင့်တရား ရှိရမယ်။

(၃)။“ဘာဝနီယော”

ချီးမွမ်းလောက်တဲ့ ကိုယ်ကျင့်တရား ရှိရမယ်။

သို့မဟုတ် မေတ္တာဘာဝနာပွားတဲ့ မေတ္တာစိတ်ဓာတ်

ထားတာ ရှိရမယ်။

(၄)။“ဝတ္တာ”

မကောင်းရင်လည်း ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။

ဆုံးမတတ်တယ်။အကြံပေးတတ်တဲ့ ပုဂ္ဂိုလ် ဖြစ်ရမယ်။

(၅) “ဝစနက္ခမော”

အပြစ်တွေ့လို့ သူ့ကို သတိပေးပြောကြားရင်လည်း

လက်ခံတဲ့ ပုဂ္ဂိုလ် ဖြစ်ရမယ်။

တချို့က သူများကိုတော့ ကိုယ်က ဆုံးမတတ်တယ်။

ကိုယ့်ကို ဆုံးမရင်တော့ ဘာပြောလဲ။

လျှာ မရှည်နဲ့ တဲ့ ဟုတ်လား။ ကိုယ့်ကို လာပြောရင်

မကြိုက်တဲ့ လူက ပိုများတယ်နော်။

အဲဒါမျိုး မဖြစ်စေရဘူးတဲ့။

“ဝတ္တာ” ကိုယ်ကလည်း ဆုံးမတတ်ရမယ်။

“ဝစနက္ခမော” သူက ပြောလို့ ရှိရင်လည်း

လက်ခံရမယ်။အဲ့ဒီ အချက်က အင်မတန် ခက်တယ်။

ဘာဖြစ်လို့ ခက်တာတုန်း ဆိုရင် လူတွေမှာ

“မာန” ရှိတယ်။မာန ရှိသည့်အတွက်ကြောင့်

ကိုယ့်ထက်ငယ်တဲ့ ပုဂ္ဂိုလ်က ပြောရင် လက်မခံဘူး။

ကိုယ့်အောက်က လူက ပြောရင် “ရန်သူ” ပဲ။

“အရှင်သာရိပုတ္တရာရဲ့ စိတ်ဓာတ်”

ဒီနေရာမှာ အရှင်သာရိပုတ္တရာရဲ့ စိတ်ဓာတ်ဟာ

အင်မတန်မှ အတုခိုးစရာ ကောင်းတယ်။

ပညာရှိ ပီသ တယ်ပေါ့။ဘယ်လို ပညာရှိပီသတုန်းဆိုရင်

“အရှင်သာရိပုတ္တရာ မထေရ်မြတ်”ဟာ တစ်ခါတုန်းက

သင်္ကန်းရုံထားတာလေး က မညီမညာတွဲလောင်းလေး

ကျနေတော့ ကိုရင်လေးတစ်ပါးက လျှောက်တယ်တဲ့။

“အရှင်ဘုရား ၊ ဟောဒီမှာ သင်္ကန်းလေး တွဲလောင်း

ကျနေတယ်၊” အရှင်သာရိပုတ္တရာ မထေရ်မြတ် က

ကိုရင်လေး ပြောတဲ့အတိုင်း ဟုတ်နေတော့

သင်္ကန်းလေးကို သူပြင်ရုံပြီး လက်အုပ်လေးချီပြီး

“ညီသွားပါပြီလား” လို့ ပြောသတဲ့။

“ကျေးဇူးတင်တယ် ကိုရင် ၊ ကျေးဇူးတင်တယ်”

လို့ ကိုရင်ပေါက်စလေးက သတိပေးတာကို

လက်ခံတယ်။လက်ခံပြီးတော့ သံဃပရိတ်သတ်

ကြားထဲမှာ ဘာပြောလဲဆိုရင်-

“ဒီကနေ့မှ ကိုရင်ဖြစ်လာပြီး အသက်အရွယ်ကလည်း

(၇)နှစ်ပဲ ရှိသေးတယ်။ အဲဒီ (၇)နှစ် အရွယ်

ကိုရင်လေးက သူ့ကို ဆုံးမသြဝါဒပေးမယ်ဆိုရင်တောင်

ဦးထိပ်ပန်ဆင်ပါ့မယ်။”လို့ ဒီလို ပြောတာနော်။

ဒါ စံနမူနာ ယူရမှာပဲ။

အဲ့ဒီတော့ မိတ်ကောင်း ဆွေကောင်းကို အင်မတန်မှ

တန်ဖိုးထားတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ်တယ်ပေါ့။

အေး … ဟုတ်ပြီ။

“ဝတ္တာ စ ဝစနက္ခမော”သူများက ဆုံးမရင်လည်း

လက်ခံနိုင်ရမယ်။အဲ့ဒီ လက်ခံနိုင်တာလည်းပဲ

မိတ်ကောင်း၊ဆွေကောင်းရဲ့ အင်္ဂါရပ်ပဲ။

နောက်တစ်ခုက

(၆) “နော စ ဌာနေ နိယောဇကော”

သူများကို ချောက်မတွန်းရဘူး။

များသောအားဖြင့် လူတွေက သူများကို

ချောက်တွန်းတတ်တဲ့ အလေ့အထလေး

ရှိတယ်ပေါ့။ချောက်တွန်းတယ်ဆိုတာ မကောင်းမှန်း

သိလျက်နဲ့ တွန်းပို့တာမျိုးပေါ့။

အဲ့ဒါမျိုး မလုပ်တဲ့ ဆရာသမားမျိုးကို ရွေးပြီးတော့

ကိုးကွယ်ပါတဲ့။“ပိယော ဂရု ဘာဝနီယော ၊

ဝတ္တာ စ ဝစနက္ခမော”အဲ့ဒီ ပုဂ္ဂိုလ်မျိုးကို ကိုးကွယ်ပါ။

ထို့ အတူပဲ လောကမှာ အဲဒီလို မိတ်ဆွေတွေ ရှိတတ်တယ်

ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ

အရှင်နန္ဒမာလာဘိဝံသ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top