မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ကမာၻပတ္ၿပီး ခရီးသြားဖို႔ စိတ္ကူးဟာ လူတိုင္းနီးပါးမွာ ရွိၾကပါတယ္။ ဒီလို ခရီးသြားဖို႔ ဆုံးျဖတ္တာနဲ႕ ၾကားရတဲ့ အႀကံေပးစကားေတြကလည္း အမ်ားအျပားပါပဲ။ အခုေဖာ္ျပေပးမယ့္ ေနရာေတြကေတာ့ ကမာၻလွည့္ခရီးသြားဖို႔ စတင္သူေတြ ဒါမွမဟုတ္ လူတကာသြားေနက် ခရီးစဥ္ေတြကို မႏွစ္သက္သူေတြအတြက္ တမူ ထူးျခာတဲ့ ေနရာေတြပဲ ျဖစ္ပါတယ္။

(၁) Namibia

ေတာင္အေမရိကတိုက္ရဲ႕ အေနာက္ေတာင္ဖက္မွာ ရွိတဲ့ Namibia နိုင္ငံ အာဖရိကကို စတင္ လည္ပတ္မယ့္သူေတြ အတြက္ အေကာင္းဆုံးနိုင္ငံအျဖစ္ သတ္မွတ္ျခင္းခံထားရပါတယ္။ အာဖရိကတိုက္မွာ အျဖစ္မ်ားတဲ့ ဘာသာစကား အခက္အခဲဟာ ဒီနိုင္ငံမွာ နည္းပါးၿပီး ၿမိဳ႕ေနလူထုဟာ အဂၤလိပ္စကားကို ေကာင္းေကာင္းေျပာနိုင္တယ္လို႔ သိရပါတယ္။

လည္ပတ္စရာေတြကေတာ့ ကႏၲာရေတြ၊ ေတာင္တန္းေတြနဲ႕ ေတာရိုင္းတိရစာၦန္ေတြကို ေလ့လာနိုင္တဲ့ အမ်ိဳးသားဥယ်ာဥ္ေတြ ရွိပါတယ္။ လူဦးေရ နည္းပါးတာေၾကာင့္ ေနထိုင္သြားလာမႈ အဆင္ေျပတဲ့ နိုင္ငံ ျဖစ္ပါတယ္။ ဒီနိုင္ငံကို သ႐ုပ္ေဆာင္ Brad Pitt အဂၤလန္နိုင္ငံမွ ေတာ္ဝင္မင္းသား Harry အစရွိတဲ့ ကမာၻေက်ာ္ေတြဟာ မၾကာခဏ သြားေရာက္ လည္ပတ္ေလ့ရွိၾကတယ္လို႔ သိရပါတယ္။

(၂) Melbourne

ၾသစေတးလ်နိဳင္ငံရဲ႕ ဒုတိယအႀကီးဆုံးၿမိဳ႕ ျဖစ္တဲ့ ဒီၿမိဳ႕ဟာ သက္ဝင္လႈပ္ရွားမႈအရွိဆုံးၿမိဳ႕အျဖစ္ သတ္မွတ္ျခင္းခံထားရတဲ့ ၿမိဳ႕တၿမိဳ႕ျဖစ္ပါတယ္။ လြယ္ကူတဲ့ အမ်ားျပည္သူသုံး ပို႔ေဆာင္ဆက္သြယ္ေရးေတြ ရွိၿပီး ရာဇဝတ္မႈျဖစ္ပြားမႈဟာလည္း အရမ္းနည္းပါးတဲ့ အတြက္ လုံၿခဳံမႈရွိတဲ့ ၿမိဳ႕တၿမိဳ႕ျဖစ္ပါတယ္။

ယဥ္ေက်းမႈႂကြယ္ဝၿပီး ခရီးသြားေတြကို ဆြဲေဆာင္နိုင္တဲ့ လည္ပတ္စရာေတြ အမ်ားႀကီးရွိပါတယ္။ Yarra Velly မွာ တေန႕တာလုံး အပန္းေျဖနိုင္ၿပီး နာမည္ေက်ာ္ ဝိုင္ဆိုင္ေတြ၊ေကာ္ဖီဆိုင္ေတြမွာ စာအုပ္ဖတ္ရင္းလည္း အနားယူနိုင္ပါေသးတယ္။

(၃) Iceland

Iceland ဟာ ေရပူစမ္းေတြေၾကာင့္ နာမည္ေက်ာ္ၾကားတဲ့ ေနရာျဖစ္ပါတယ္။ ေရပူစမ္းမွာ ေရစိမ္ရင္း အနားယူလို႔ ရသလို အားကစားမ်ိဳးစုံကို ျပဳလုပ္ဖို႔ ေျမေနရာက်ယ္က်ယ္ေတြလည္း ရွိပါတယ္။ ညဖက္မွာ အနားယူ အပန္းေျဖစရာေနရာ အလြန္ေပါမ်ားတာေၾကာင့္ ညလုံးေပါက္ လည္ပတ္ခ်င္သူေတြအတြက္ အရမ္းသင့္ေလ်ာ္တဲ့ ေနရာျဖစ္မွာ ေသခ်ာပါတယ္။

(၄) Taipei

ထိုင္ဝမ္ရဲ႕ ၿမိဳ႕ေတာ္ျဖစ္တဲ့ Taipei ဟာ ဖြံ႕ၿဖိဳးမႈျမင့္တဲ့ ၿမိဳ႕ျဖစ္ပါတယ္။ ႐ုံးဝန္ထမ္းအားလုံးဟာ အဂၤလိပ္စကားပဲ ေျပာၾကတာေၾကာင့္ တ႐ုတ္စကားမတတ္သူေတြ အေနနဲ႕ ဘာသာ စကားအခက္အခဲအတြက္ စိတ္ပူစရာ မလိုအပ္ပါဘူး။



ဒါ့အျပင္ တ႐ုတ္ရိုးရာ စားစရာေတြကို ေနရာတိုင္းမွာ ေဈးသက္သက္သာသာနဲ႕ ရနိုင္ပါတယ္။ ၿမိဳ႕ထဲမွာ လည္ပတ္ဖို႔ အတြက္ စက္ဘီးငွားတဲ့ ေနရာေတြလည္း ေပါမ်ားပါတယ္။ ဒါေၾကာင့္ ဒီၿမိဳ႕ကို မိသားစုနဲ႕ လည္ပတ္ခ်င္သူေတြ အတြက္ လည္ပတ္လို႔ အလြန္အဆင္ေျပတဲ့ ၿမိဳ႕အျဖစ္ သတ္မွတ္ထားၾကပါတယ္။

(၅) Dublin

အိုင္ယာလန္နိုင္ငံရဲ႕ ၿမိဳ႕ေတာ္ Dublin ၿမိဳ႕ဟာ ကမာၻလွည့္ခရီးသြားေတြကို လည္ပတ္စရာေနရာမ်ိဳးစုံနဲ႕ ဆြဲေဆာင္ထားပါတယ္။ ဒီၿမိဳ႕ကို လာေရာက္လည္ပတ္သူေတြအတြက္ လမ္းေလွ်ာက္လည္ပတ္တဲ့ ခရီးစဥ္ေတြလည္း ရွိပါတယ္။ လည္ပတ္စရာ ေနရာေတြကေတာ့ ျပတိုက္၊ အိုင္းရစ္လူမ်ိဳးေတြရဲ႕ ယဥ္ေက်းမႈ အေမြအႏွစ္ဆိုင္ရာျပခန္းေတြပဲ ျဖစ္ပါတယ္။ ဒီၿမိဳ႕ရဲ႕ ညစာ စားပြဲ႐ုံေတြဟာလည္း ကမာၻမွာ ေက်ာ္ၾကားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: irrawaddy


#Unicode Version#

ကမ္ဘာပတ်ပြီး ခရီးသွားဖို့ စိတ်ကူးဟာ လူတိုင်းနီးပါးမှာ ရှိကြပါတယ်။ ဒီလို ခရီးသွားဖို့ ဆုံးဖြတ်တာနဲ့ ကြားရတဲ့ အကြံပေးစကားတွေကလည်း အများအပြားပါပဲ။ အခုဖော်ပြပေးမယ့် နေရာတွေကတော့ ကမ္ဘာလှည့်ခရီးသွားဖို့ စတင်သူတွေ ဒါမှမဟုတ် လူတကာသွားနေကျ ခရီးစဉ်တွေကို မနှစ်သက်သူတွေအတွက် တမူ ထူးခြာတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။

(၁) Namibia

တောင်အမေရိကတိုက်ရဲ့ အနောက်တောင်ဖက်မှာ ရှိတဲ့ Namibia နိုင်ငံ အာဖရိကကို စတင် လည်ပတ်မယ့်သူတွေ အတွက် အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ အာဖရိကတိုက်မှာ အဖြစ်များတဲ့ ဘာသာစကား အခက်အခဲဟာ ဒီနိုင်ငံမှာ နည်းပါးပြီး မြို့နေလူထုဟာ အင်္ဂလိပ်စကားကို ကောင်းကောင်းပြောနိုင်တယ်လို့ သိရပါတယ်။

လည်ပတ်စရာတွေကတော့ ကန္တာရတွေ၊ တောင်တန်းတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေကို လေ့လာနိုင်တဲ့ အမျိုးသားဥယျာဉ်တွေ ရှိပါတယ်။ လူဦးရေ နည်းပါးတာကြောင့် နေထိုင်သွားလာမှု အဆင်ပြေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒီနိုင်ငံကို သရုပ်ဆောင် Brad Pitt အင်္ဂလန်နိုင်ငံမှ တော်ဝင်မင်းသား Harry အစရှိတဲ့ ကမ္ဘာကျော်တွေဟာ မကြာခဏ သွားရောက် လည်ပတ်လေ့ရှိကြတယ်လို့ သိရပါတယ်။

(၂) Melbourne

သြစတေးလျနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ ဒီမြို့ဟာ သက်ဝင်လှုပ်ရှားမှုအရှိဆုံးမြို့အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ မြို့တမြို့ဖြစ်ပါတယ်။ လွယ်ကူတဲ့ အများပြည်သူသုံး ပို့ဆောင်ဆက်သွယ်ရေးတွေ ရှိပြီး ရာဇဝတ်မှုဖြစ်ပွားမှုဟာလည်း အရမ်းနည်းပါးတဲ့ အတွက် လုံခြုံမှုရှိတဲ့ မြို့တမြို့ဖြစ်ပါတယ်။

ယဉ်ကျေးမှုကြွယ်ဝပြီး ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ လည်ပတ်စရာတွေ အများကြီးရှိပါတယ်။ Yarra Velly မှာ တနေ့တာလုံး အပန်းဖြေနိုင်ပြီး နာမည်ကျော် ဝိုင်ဆိုင်တွေ၊ကော်ဖီဆိုင်တွေမှာ စာအုပ်ဖတ်ရင်းလည်း အနားယူနိုင်ပါသေးတယ်။

(၃) Iceland

Iceland ဟာ ရေပူစမ်းတွေကြောင့် နာမည်ကျော်ကြားတဲ့ နေရာဖြစ်ပါတယ်။ ရေပူစမ်းမှာ ရေစိမ်ရင်း အနားယူလို့ ရသလို အားကစားမျိုးစုံကို ပြုလုပ်ဖို့ မြေနေရာကျယ်ကျယ်တွေလည်း ရှိပါတယ်။ ညဖက်မှာ အနားယူ အပန်းဖြေစရာနေရာ အလွန်ပေါများတာကြောင့် ညလုံးပေါက် လည်ပတ်ချင်သူတွေအတွက် အရမ်းသင့်လျော်တဲ့ နေရာဖြစ်မှာ သေချာပါတယ်။

(၄) Taipei

ထိုင်ဝမ်ရဲ့ မြို့တော်ဖြစ်တဲ့ Taipei ဟာ ဖွံ့ဖြိုးမှုမြင့်တဲ့ မြို့ဖြစ်ပါတယ်။ ရုံးဝန်ထမ်းအားလုံးဟာ အင်္ဂလိပ်စကားပဲ ပြောကြတာကြောင့် တရုတ်စကားမတတ်သူတွေ အနေနဲ့ ဘာသာ စကားအခက်အခဲအတွက် စိတ်ပူစရာ မလိုအပ်ပါဘူး။



ဒါ့အပြင် တရုတ်ရိုးရာ စားစရာတွေကို နေရာတိုင်းမှာ ဈေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။ မြို့ထဲမှာ လည်ပတ်ဖို့ အတွက် စက်ဘီးငှားတဲ့ နေရာတွေလည်း ပေါများပါတယ်။ ဒါကြောင့် ဒီမြို့ကို မိသားစုနဲ့ လည်ပတ်ချင်သူတွေ အတွက် လည်ပတ်လို့ အလွန်အဆင်ပြေတဲ့ မြို့အဖြစ် သတ်မှတ်ထားကြပါတယ်။

(၅) Dublin

အိုင်ယာလန်နိုင်ငံရဲ့ မြို့တော် Dublin မြို့ဟာ ကမ္ဘာလှည့်ခရီးသွားတွေကို လည်ပတ်စရာနေရာမျိုးစုံနဲ့ ဆွဲဆောင်ထားပါတယ်။ ဒီမြို့ကို လာရောက်လည်ပတ်သူတွေအတွက် လမ်းလျှောက်လည်ပတ်တဲ့ ခရီးစဉ်တွေလည်း ရှိပါတယ်။ လည်ပတ်စရာ နေရာတွေကတော့ ပြတိုက်၊ အိုင်းရစ်လူမျိုးတွေရဲ့ ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာပြခန်းတွေပဲ ဖြစ်ပါတယ်။ ဒီမြို့ရဲ့ ညစာ စားပွဲရုံတွေဟာလည်း ကမ္ဘာမှာ ကျော်ကြားပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top