(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

Big Bag အဖြဲ႕နဲ႕ Pencell Studio တို႔က Music Video အျဖစ္ Animation ပုံစံဖန္တီးခဲ့တဲ့ “သတိရတယ္”ဆိုတဲ့ သီခ်င္းနဲ႕ ေနာ္ေဝးနိုင္ငံမွာ ျပဳလုပ္ခဲ့တဲ့ Ringerike International Youth Film Festival 2018 မွာ Best Music Film Award ဆုကို ရရွိခဲ့ပါတယ္။ ဒီဆု ရရွိခဲ့တာနဲ႕ ပတ္သက္ၿပီး အဆိုေတာ္ က်ားေပါက္က အခုလိုပဲ ေျပာပါတယ္။

“သတိရတယ္ (Grounded) Music Video ဟာ Norway မွာ က်င္းပတဲ့ Ringerike International Youth Film Festival 2018 မွာ Best Music Film Award ဆု ရခဲ့တယ္။ Pencells က က်ေနာ့္ကို ေခၚပါတယ္။ က်ေနာ္ ဘယ္လိုမွ မအားဘူး။ သူတို႔ သြားတုန္းကေတာ့ က်ေနာ္ ေျပာလိုက္တယ္။ မင္းတို႔ ဆုရပါေစကြာလို႔ ေျပာလိုက္တယ္။ သူတို႔ အရမ္းႀကိဳးစားထားတယ္။ ၆ လေလာက္ ကြန္ပ်ဴတာေရွ႕မွာ ေန႕မအိပ္ ညမအိပ္ လုပ္ထားေတာ့ က်ေနာ္က တခုခုေလး ျပန္ရေစခ်င္တယ္”

“ဆုရတာကို ဉာဏ္က်ယ္က ခ်က္ခ်င္း မေျပာဘူး။ ဆုတံဆိပ္ရေတာ့မွ က်ေနာ္ကို ဓာတ္ပုံရိုက္ၿပီးပို႔ေတာ့ ဝမ္းသာတာေပါ့။ ဒီလိုဆုရတာကလည္း လူေတြ အမ်ားႀကီးဝိုင္းေတြးၿပီး ဝိုင္းစဥ္းစားၾကလို႔ ဆုရခဲ့တာပါ။ အဲ့လို ရခဲ့တဲ့အတြက္ အရမ္း ဂုဏ္ယူပါတယ္။ သတိရတယ္နဲ႕ လြန္ခဲ့တဲ့ ၁၅ ႏွစ္က သတိရရဲ႕လားနဲ႕ ဘာမွ မဆိုင္ဘူး”လို႔ က်ားေပါက္က ေျပာပါတယ္။

STARRY NIGHT သီခ်င္းကို Music Video ထြက္ဖို႔ ရွိသလို J me နဲ႕ ႏွစ္ေယာက္ေပါင္းၿပီး သီခ်င္းေတြလည္းလုပ္ဖို႔ ရွိတယ္လို႔ က်ားေပါက္က ေျပာပါတယ္။

“J me နဲ႕ ႏွစ္ေယာက္ေပါင္းၿပီး လုပ္ထားတာရွိတယ္။ ၁၀ ႏွစ္ေလာက္ ရွိေနၿပီ။ ငါတို႔ မရဘူး ၂ ပုဒ္၊ ၃ ပုဒ္ေလာက္ေတာ့ Record လုပ္ေတာ့မယ္ဆိုၿပီး ခ်ိန္းထားတယ္။ STARRY NIGHT ကို Music Video ထြက္လာမယ္။ J me နဲ႕ တြဲ႕ဖို႔ ခ်ိန္းရင္ အရမ္းအားေနတဲ့ အခ်ိန္မွေတြ႕ျဖစ္တယ္။ ႏွစ္ေယာက္လုံးက ကိုယ့္ Schedule နဲ႕ ကိုယ္ဆိုေတာ့။ ဘယ္ေလာက္ၾကာၾကာ က်ေနာ္တို႔ ႏွစ္ေယာက္က ထြက္လာရင္ ထြက္လာတဲ့ တပုဒ္ကို သေဘာက်က်တယ္”

“အသံဆိုလည္း ၅ ႏွစ္၊ ၆ ႏွစ္ေလာက္ အၾကာႀကီးလုပ္ၿပီး အထပ္ထပ္ျပင္လိုက္ လုပ္လိုက္နဲ႕ ထြက္လာေတာ့ဆိုေတာ့ အဲ့ေလာက္ေတာ့ အခ်ိန္ယူရမွာပဲ။ Hip Hop လုပ္ရရင္ ေနာက္အရသာအသစ္တခုကို စဥ္းစာတာကအစ Melody ကို စၿပီး မစဥ္းစားရဘူး။ အလုပ္လုပ္ကအစ က်ေနာ္အရင္တုန္းက လုပ္တာေတြနဲ႕ ဘာမွ မတူဘူးေပါ့။ အဲ့ဒါမ်ိဳးလည္း က်ေနာ့္ အတြက္ လိုအပ္တယ္။ ဒိုင္အေနနဲ႕လည္း လုပ္ဖို႔ရွိပါတယ္။ က်ေနာ္လုပ္စရာေတြ အမ်ားႀကီးရွိပါတယ္။ လုပ္ေနတာေတြ ရွိပါတယ္။ ႐ုပ္ရွင္ၾကည့္သလို ေစာင့္ၾကည့္ေပးၾကပါလို႔”လို႔ က်ားေပါက္က ေျပာပါတယ္။

အဆိုေတာ္ က်ားေပါက္က လက္ရွိမွာေတာ့ Big Bag အဖြဲ႕ဝင္မ်ားနဲ႕အတူ အႏုပညာအလုပ္မ်ားကိုလည္း လုပ္ကိုင္လ်က္ရွိကာ “ေဆးေပါင္းခတဲ့ ရန္ကုန္ည” ပြဲမွာလည္း ေဖ်ာ္ေျဖသြားဦးမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

Big Bag အဖွဲ့နဲ့ Pencell Studio တို့က Music Video အဖြစ် Animation ပုံစံဖန်တီးခဲ့တဲ့ “သတိရတယ်”ဆိုတဲ့ သီချင်းနဲ့ နော်ဝေးနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Ringerike International Youth Film Festival 2018 မှာ Best Music Film Award ဆုကို ရရှိခဲ့ပါတယ်။ ဒီဆု ရရှိခဲ့တာနဲ့ ပတ်သက်ပြီး အဆိုတော် ကျားပေါက်က အခုလိုပဲ ပြောပါတယ်။

“သတိရတယ် (Grounded) Music Video ဟာ Norway မှာ ကျင်းပတဲ့ Ringerike International Youth Film Festival 2018 မှာ Best Music Film Award ဆု ရခဲ့တယ်။ Pencells က ကျနော့်ကို ခေါ်ပါတယ်။ ကျနော် ဘယ်လိုမှ မအားဘူး။ သူတို့ သွားတုန်းကတော့ ကျနော် ပြောလိုက်တယ်။ မင်းတို့ ဆုရပါစေကွာလို့ ပြောလိုက်တယ်။ သူတို့ အရမ်းကြိုးစားထားတယ်။ ၆ လလောက် ကွန်ပျူတာရှေ့မှာ နေ့မအိပ် ညမအိပ် လုပ်ထားတော့ ကျနော်က တခုခုလေး ပြန်ရစေချင်တယ်”

“ဆုရတာကို ဉာဏ်ကျယ်က ချက်ချင်း မပြောဘူး။ ဆုတံဆိပ်ရတော့မှ ကျနော်ကို ဓာတ်ပုံရိုက်ပြီးပို့တော့ ဝမ်းသာတာပေါ့။ ဒီလိုဆုရတာကလည်း လူတွေ အများကြီးဝိုင်းတွေးပြီး ဝိုင်းစဉ်းစားကြလို့ ဆုရခဲ့တာပါ။ အဲ့လို ရခဲ့တဲ့အတွက် အရမ်း ဂုဏ်ယူပါတယ်။ သတိရတယ်နဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်က သတိရရဲ့လားနဲ့ ဘာမှ မဆိုင်ဘူး”လို့ ကျားပေါက်က ပြောပါတယ်။

STARRY NIGHT သီချင်းကို Music Video ထွက်ဖို့ ရှိသလို J me နဲ့ နှစ်ယောက်ပေါင်းပြီး သီချင်းတွေလည်းလုပ်ဖို့ ရှိတယ်လို့ ကျားပေါက်က ပြောပါတယ်။

“J me နဲ့ နှစ်ယောက်ပေါင်းပြီး လုပ်ထားတာရှိတယ်။ ၁၀ နှစ်လောက် ရှိနေပြီ။ ငါတို့ မရဘူး ၂ ပုဒ်၊ ၃ ပုဒ်လောက်တော့ Record လုပ်တော့မယ်ဆိုပြီး ချိန်းထားတယ်။ STARRY NIGHT ကို Music Video ထွက်လာမယ်။ J me နဲ့ တွဲ့ဖို့ ချိန်းရင် အရမ်းအားနေတဲ့ အချိန်မှတွေ့ဖြစ်တယ်။ နှစ်ယောက်လုံးက ကိုယ့် Schedule နဲ့ ကိုယ်ဆိုတော့။ ဘယ်လောက်ကြာကြာ ကျနော်တို့ နှစ်ယောက်က ထွက်လာရင် ထွက်လာတဲ့ တပုဒ်ကို သဘောကျကျတယ်”

“အသံဆိုလည်း ၅ နှစ်၊ ၆ နှစ်လောက် အကြာကြီးလုပ်ပြီး အထပ်ထပ်ပြင်လိုက် လုပ်လိုက်နဲ့ ထွက်လာတော့ဆိုတော့ အဲ့လောက်တော့ အချိန်ယူရမှာပဲ။ Hip Hop လုပ်ရရင် နောက်အရသာအသစ်တခုကို စဉ်းစာတာကအစ Melody ကို စပြီး မစဉ်းစားရဘူး။ အလုပ်လုပ်ကအစ ကျနော်အရင်တုန်းက လုပ်တာတွေနဲ့ ဘာမှ မတူဘူးပေါ့။ အဲ့ဒါမျိုးလည်း ကျနော့် အတွက် လိုအပ်တယ်။ ဒိုင်အနေနဲ့လည်း လုပ်ဖို့ရှိပါတယ်။ ကျနော်လုပ်စရာတွေ အများကြီးရှိပါတယ်။ လုပ်နေတာတွေ ရှိပါတယ်။ ရုပ်ရှင်ကြည့်သလို စောင့်ကြည့်ပေးကြပါလို့”လို့ ကျားပေါက်က ပြောပါတယ်။

အဆိုတော် ကျားပေါက်က လက်ရှိမှာတော့ Big Bag အဖွဲ့ဝင်များနဲ့အတူ အနုပညာအလုပ်များကိုလည်း လုပ်ကိုင်လျက်ရှိကာ “ဆေးပေါင်းခတဲ့ ရန်ကုန်ည” ပွဲမှာလည်း ဖျော်ဖြေသွားဦးမှာ ဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top