(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×



ရန္ကုန္ၿမိဳ႕ေတာ္စည္ ပင္သာယာေရး နယ္နိမိတ္အ တြင္း ဆိုင္ကယ္မ်ား တရားဝင္ စနစ္တက် စီးနင္းအသံုးျပဳႏိုင္ရန္ အမိန္႔ၫႊန္ၾကားခ်က္မ်ား ထုတ္ ျပန္ႏိုင္ေအာင္ ေဆာင္ရြက္ေန ေၾကာင္း တိုင္းေဒသႀကီးအစိုးရ၏ ကတိကဝတ္၊ အာမံခ်က္မ်ားႏွင့္ လႊတ္ေတာ္အခြင့္အေရးေကာ္မ တီ အတြင္းေရးမွဴး ေဒၚမိုးမိုးစု ၾကည္က ေျပာသည္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ နယ္နိမိတ္ ၃၃ ၿမိဳ႕နယ္အတြင္း ဆိုင္ကယ္စီးနင္းခြင့္ တားျမစ္ထား ေသာ္လည္း စီးနင္းမႈမ်ားျပားျခင္း ေၾကာင့္ တရားဝင္ခြင့္ျပဳ၍ စနစ္ တက်ျဖစ္ေအာင္ စိစစ္ၾကပ္မတ္ ေဆာင္ရြက္ရန္ တိုင္းေဒသႀကီး အစိုးရ၏ ကတိကဝတ္၊ အာမခံ ခ်က္မ်ားႏွင့္ လႊတ္ေတာ္အခြင့္အ ေရးေကာ္မတီက ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီႏွင့္ ရန္ကုန္တုိင္းေဒသႀကီး သယ္ယူ ပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA)တို႔ ႏုိ ဝင္ဘာ ၂၀ ရက္တြင္ ေတြ႕ဆံုေဆြးေႏြးခဲ့ေၾကာင္း ၎က ဆိုသည္။

‘‘ခြင့္မျပဳဘူးဆိုေပမယ့္ အ ျပင္မွာက ထိန္းခ်ဳပ္ဖို႔ခက္တဲ့အ ေနအထားျဖစ္တယ္။ တခ်ိဳ႕ေနရာ ေတြမွာ အမွန္တကယ္လည္း ဆိုင္ ကယ္ကယ္ရီေတြက သြားလာေရးေတြအတြက္ လိုအပ္ခ်က္ရွိေန တယ္။ ဒါေၾကာင့္ ဒါကို ဘယ္လို လုပ္ေဆာင္မယ္ဆိုတာကို အႀကိမ္ ႀကိမ္ေတြ႕ဆံုေဆြးေႏြးၿပီး အေျဖထုတ္သြားရမွာျဖစ္ပါတယ္’’ဟု ေဒၚမိုးမိုးစုၾကည္က ေျပာသည္။

ယင္းေဆြးေႏြးမႈမ်ားတြင္ သံုး ဘီးဆုိင္ကယ္မ်ားသည္ အႏၲရာယ္ရွိႏိုင္၍ အသံုးျပဳခြင့္မေပးဘဲ ႏွစ္ ဘီးဆုိင္ကယ္မ်ားကို လိုင္စင္ျဖင့္ သတ္မွတ္နယ္ေျမအတြင္း တရား ဝင္စီးနင္းခြင့္ျပဳရန္၊ ဆုိင္ကယ္စီး ဦးထုပ္ေဆာင္းရန္၊ ႏွစ္ဦးထက္ ပို၍ စီးနင္းျခင္းမျပဳရန္ စသည့္ အခ်က္မ်ားပါဝင္ေၾကာင္း ၎က ဆိုသည္။

သို႔ေသာ္ ယင္းအခ်က္မ်ားကို အေကာင္အထည္ေဖာ္ရန္ ဥပေဒ ျပ႒ာန္းခ်က္အခ်ိဳ႕ကို ျပင္ဆင္ ျခင္း၊ အသစ္ျပ႒ာန္းျခင္း၊ ၿမိဳ႕နယ္ တစ္ခုႏွင့္တစ္ခု လိုက္ေလ်ာညီ ေထြျဖစ္ေအာင္ ထိန္းညႇိျခင္းမ်ား လုပ္ေဆာင္ရန္ လိုအပ္သျဖင့္ အ ခ်ိန္ယူျပင္ဆင္ရမည့္ အေျခအေန တြင္ ရွိသည္ဟု ေဒၚမိုးမိုးစုၾကည္ က ေျပာသည္။

ဆိုင္ကယ္မ်ားကို စည္ပင္သာယာနယ္နိမိတ္အတြင္း စီးနင္းခြင့္မျပဳသည့္ အမိန္႔ၫႊန္ၾကား ခ်က္မွာ ယခုအခ်ိန္အထိ ပယ္ဖ်က္ျခင္းမရွိေသးသျဖင့္ ယင္းအမိန္႔ကို ပယ္ဖ်က္ၿပီး အစားထိုးအမိန္႔ၫႊန္ ၾကားခ်က္ထုတ္ျပန္မွသာ မူဝါဒ အသစ္ကို က်င့္သံုးႏုိင္မည္ျဖစ္ ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး အစိုးရအဖြဲ႕႐ံုး တာဝန္ရွိသူတစ္ဦး က ဆိုသည္။

‘‘အမိန္႔ၫႊန္ၾကားခ်က္က ေတာ့ အစိုးရအဖြဲ႕က ထုတ္ရမွာ ျဖစ္ပါတယ္။ အဲဒီမတိုင္ခင္ လို အပ္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြ ေရးဆြဲဖို႔ေတာ့ ဌာနဆိုင္ရာေတြ ညႇိႏိႈင္းေဆာင္ရြက္ရဦးမယ္’’ဟု ၎က ေျပာသည္။

၂၀၁၆ ေအာက္တုိဘာက ျပဳ လုပ္သည့္ ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးတြင္ ဆုိင္ကယ္မ်ားကို လိုအပ္သည့္ ေဒသႏၲရအမိန္႔မ်ား ထုတ္ျပန္ႏုိင္ ေရးႏွင့္ လိုက္နာမႈမရွိပါက ထိ ေရာက္စြာ အေရးယူေပးႏိုင္ေရး အတြက္ တုိင္းေဒသႀကီးအစိုးရ အား တိုက္တြန္းေသာအဆိုကို အတည္ျပဳခဲ့သည္။

သို႔ေသာ္ ယင္းအဆိုကို တိုင္း ေဒသႀကီးအစိုးရက ယခုအခ်ိန္အ ထိ အေကာင္အထည္ေဖာ္ေဆာင္ ရြက္ႏုိင္ျခင္းမရွိေသး၍ လႊတ္ ေတာ္ေရးရာေကာ္မတီအေနျဖင့္ သက္ဆုိင္ရာ ဌာနမ်ားႏွင့္ေတြ႕ဆံု ေဆြးေႏြးရျခင္းျဖစ္ေၾကာင္း ေဒၚမိုး မိုးစုၾကည္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thadinyatkwat


#Unicode Version#

ရန်ကုန်မြို့တော်စည် ပင်သာယာရေး နယ်နိမိတ်အ တွင်း ဆိုင်ကယ်များ တရားဝင် စနစ်တကျ စီးနင်းအသုံးပြုနိုင်ရန် အမိန့်ညွှန်ကြားချက်များ ထုတ် ပြန်နိုင်အောင် ဆောင်ရွက်နေ ကြောင်း တိုင်းဒေသကြီးအစိုးရ၏ ကတိကဝတ်၊ အာမံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မ တီ အတွင်းရေးမှူး ဒေါ်မိုးမိုးစု ကြည်က ပြောသည်။

ရန်ကုန်မြို့တော်စည်ပင် နယ်နိမိတ် ၃၃ မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် တားမြစ်ထား သော်လည်း စီးနင်းမှုများပြားခြင်း ကြောင့် တရားဝင်ခွင့်ပြု၍ စနစ် တကျဖြစ်အောင် စိစစ်ကြပ်မတ် ဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုးရ၏ ကတိကဝတ်၊ အာမခံ ချက်များနှင့် လွှတ်တော်အခွင့်အ ရေးကော်မတီက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)တို့ နို ဝင်ဘာ ၂၀ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘ခွင့်မပြုဘူးဆိုပေမယ့် အ ပြင်မှာက ထိန်းချုပ်ဖို့ခက်တဲ့အ နေအထားဖြစ်တယ်။ တချို့နေရာ တွေမှာ အမှန်တကယ်လည်း ဆိုင် ကယ်ကယ်ရီတွေက သွားလာရေးတွေအတွက် လိုအပ်ချက်ရှိနေ တယ်။ ဒါကြောင့် ဒါကို ဘယ်လို လုပ်ဆောင်မယ်ဆိုတာကို အကြိမ် ကြိမ်တွေ့ဆုံဆွေးနွေးပြီး အဖြေထုတ်သွားရမှာဖြစ်ပါတယ်’’ဟု ဒေါ်မိုးမိုးစုကြည်က ပြောသည်။

ယင်းဆွေးနွေးမှုများတွင် သုံး ဘီးဆိုင်ကယ်များသည် အန္တရာယ်ရှိနိုင်၍ အသုံးပြုခွင့်မပေးဘဲ နှစ် ဘီးဆိုင်ကယ်များကို လိုင်စင်ဖြင့် သတ်မှတ်နယ်မြေအတွင်း တရား ဝင်စီးနင်းခွင့်ပြုရန်၊ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရန်၊ နှစ်ဦးထက် ပို၍ စီးနင်းခြင်းမပြုရန် စသည့် အချက်များပါဝင်ကြောင်း ၎င်းက ဆိုသည်။

သို့သော် ယင်းအချက်များကို အကောင်အထည်ဖော်ရန် ဥပဒေ ပြဋ္ဌာန်းချက်အချို့ကို ပြင်ဆင် ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်း၊ မြို့နယ် တစ်ခုနှင့်တစ်ခု လိုက်လျောညီ ထွေဖြစ်အောင် ထိန်းညှိခြင်းများ လုပ်ဆောင်ရန် လိုအပ်သဖြင့် အ ချိန်ယူပြင်ဆင်ရမည့် အခြေအနေ တွင် ရှိသည်ဟု ဒေါ်မိုးမိုးစုကြည် က ပြောသည်။

ဆိုင်ကယ်များကို စည်ပင်သာယာနယ်နိမိတ်အတွင်း စီးနင်းခွင့်မပြုသည့် အမိန့်ညွှန်ကြား ချက်မှာ ယခုအချိန်အထိ ပယ်ဖျက်ခြင်းမရှိသေးသဖြင့် ယင်းအမိန့်ကို ပယ်ဖျက်ပြီး အစားထိုးအမိန့်ညွှန် ကြားချက်ထုတ်ပြန်မှသာ မူဝါဒ အသစ်ကို ကျင့်သုံးနိုင်မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦး က ဆိုသည်။

‘‘အမိန့်ညွှန်ကြားချက်က တော့ အစိုးရအဖွဲ့က ထုတ်ရမှာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် လို အပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲဖို့တော့ ဌာနဆိုင်ရာတွေ ညှိနှိုင်းဆောင်ရွက်ရဦးမယ်’’ဟု ၎င်းက ပြောသည်။

၂၀၁၆ အောက်တိုဘာက ပြု လုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဆိုင်ကယ်များကို လိုအပ်သည့် ဒေသန္တရအမိန့်များ ထုတ်ပြန်နိုင် ရေးနှင့် လိုက်နာမှုမရှိပါက ထိ ရောက်စွာ အရေးယူပေးနိုင်ရေး အတွက် တိုင်းဒေသကြီးအစိုးရ အား တိုက်တွန်းသောအဆိုကို အတည်ပြုခဲ့သည်။

သို့သော် ယင်းအဆိုကို တိုင်း ဒေသကြီးအစိုးရက ယခုအချိန်အ ထိ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခြင်းမရှိသေး၍ လွှတ် တော်ရေးရာကော်မတီအနေဖြင့် သက်ဆိုင်ရာ ဌာနများနှင့်တွေ့ဆုံ ဆွေးနွေးရခြင်းဖြစ်ကြောင်း ဒေါ်မိုး မိုးစုကြည်က ပြောသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top