ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

(ဓါတ္ပံု-ႏွလံုးလွပရဟိတ)

မေလးရွားႏိုင္ငံ ဘူကစ္ဂ်ာလီကြင္းတြင္ ယွဥ္ၿပိဳင္ကစားခဲ့သည့္ မေလးရွားအသင္းႏွင့္ ျမန္မာအသင္းေဘာလံုးပြဲသို႔ သြားေရာက္အားေပးၿပီး ျပန္လာေသာ ျမန္မာလုပ္သား ၂၀ ခန္႔ကို မေလးရွားႏုိင္ငံသား ၃၀ ခန္႔က တိုက္ခိုက္သျဖင့္ ျမန္မာလုပ္သားငါးဦးခန္႔ ဒဏ္ရာရရွိခဲ့သည္။

ႏိုဝင္ဘာ ၂၃ ရက္တြင္ ကြာလာလမ္ပူနယ္ေျမရွိ ဘူကစ္ဂ်ာလီအားကစားကြင္း၌ ယွဥ္ၿပိဳင္သည့္ ျမန္မာႏွင့္ မေလးရွား ဆူဇူကီးဖလားအုပ္စု ေနာက္ဆံုးပြဲစဥ္သုိ႔ သြားေရာက္အားေပးၿပီးေနာက္ ကြင္းအျပင္ဘက္၌ ကားေစာင့္ ဆုိင္းေနေသာ ျမန္မာလုပ္သား ၂၀ ခန္႔ကို မေလးရွားႏိုင္ငံသားမ်ားက တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း မေလး ရွားအေျခစိုက္ႏွလံုးလွပရဟိတ လူငယ္မ်ား ေသြးလွဴရွင္အဖြဲ႕မွ ကိုသက္က ေျပာသည္။

တိုက္ခိုက္ခံရမႈတြင္ ျမန္မာ လုပ္သားအမ်ိဳးသမီးမ်ားလည္း ပါဝင္ၿပီး ျမန္မာအမ်ိဳးသားသံုးဦး ဦးေခါင္း  ေပါက္ၿပဲဒဏ္ရာမ်ားရရွိေၾကာင္း ကိုသက္က  ေျပာသည္။

‘‘ကြင္းအျပင္ဘက္ အေဝးေျပးလမ္းမွာ ကားေစာင့္ေနတုန္း  ‘ဘာဘီ’ လို႔ေအာ္ၿပီး ႐ိုက္ၾကတာ လို႔ ေျပာတယ္။ ထြက္ေျပးလို႔ ေရေျမာင္းထဲ ျပဳတ္က်တဲ့သူေတြ လည္း ရွိတယ္။ ငါးေယာက္ ေလာက္ေတာ့ ဒဏ္ရာရတယ္။ အမ်ိဳးသမီးေတြတခ်ိဳ႕ကေတာ့ ေပါက္ၿပဲတာေတြရွိေပမယ့္ ေဆး႐ံုမသြားေတာ့ဘူးေပါ့’’ဟု ၎က ဆက္လက္ေျပာသည္။

ျမန္မာ   လုပ္သားမ်ားကို တိုက္ခိုက္ေသာ မေလးရွားႏုိင္ငံ သားမ်ားသည္ လက္ကိုင္ဖုန္းမ်ားလည္း လုယူခဲ့ေၾကာင္း မေလးရွားေရာက္  ျမန္မာလုပ္သားမ်ားကို ကူညီေပးေနေသာ  မေလးရွားႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ံုးမွ ထိန္းသိမ္းေရးစခန္း(ကန္႔)တာဝန္ခံ ကိုသီဟ ေမာင္ေမာင္က ေျပာသည္။

‘‘ကၽြန္ေတာ္တို႔လည္း ေဘာ လံုးပြဲၿပီးခါနီးမွ ျပန္လာတာ၊ ေအး ေဆးျဖစ္တယ္ဆိုၿပီးေပါ့။  ညပိုင္း မွ သတင္းရတယ္။ လုယက္တိုက္ ခိုက္တဲ့ပံုစံေပါ့။ ကၽြန္ေတာ္တို႔  ျမန္ မာအသင္းသာႏုိင္ရင္  မေတြးရဲ စရာပဲ’’ဟု ကိုသီဟေမာင္ေမာင္ က ေျပာသည္။

ဒဏ္ရာရရွိေသာ ျမန္မာလုပ္ သားမ်ားအတြက္ လံုၿခံဳေရးေဆာင္ရြက္ေနေသာ မေလးရွားရဲတပ္ဖြဲ႕ ထံ အကူအညီေတာင္းခံရာ ေဆာင္ရြက္ေပးျခင္း မရွိေၾကာင္း ကိုသက္က ေျပာသည္။

တိုက္ခိုက္ခံရေသာ ျမန္မာ လုပ္သားမ်ားသည္ မေလးရွား ႏုိင္ငံ ဘန္ဂီးၿမိဳ႕တြင္ အလုပ္လုပ္ ကိုင္ေနေသာ ေရႊ႕ေျပာင္းလုပ္ သားမ်ားျဖစ္သည္။

ျမန္မာလုပ္သားမ်ား တိုက္ ခိုက္ခံရမႈျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး မေလးရွားႏိုင္ငံဆိုင္ရာ ျမန္မာသံ ႐ံုးသို႔ ဆက္သြယ္ေမးျမန္းရာ ျပန္ လည္ေျဖၾကားျခင္းမရွိေပ။

၂၀၁၇ ဆီးဂိမ္းတြင္ က်င္းပ ခဲ့သည့္ အိမ္ရွင္မေလးရွားအသင္း ႏွင့္ ျမန္မာယူ-၂၂ အမ်ိဳးသား ေဘာလံုးအသင္းတို႔ပြဲစဥ္သို႔ သြား ေရာက္အားေပးေသာ မေလးရွား ေရာက္ ျမန္မာႏိုင္ငံသားမ်ား ေန ရာခုနစ္ခုတြင္ တိုက္ခိုက္ခံရၿပီး ၁၀ ဦးခန္႔ ဒဏ္ရာရရွိခဲ့သည္။

ထုိ႔အျပင္ ယင္းဆီးဂိမ္းၿပိဳင္ပြဲ ၌ပင္ ျမန္မာအမ်ိဳးသမီးအသင္းက အိမ္ရွင္မေလးရွားအသင္းကို ငါး ဂိုးျပတ္ျဖင့္ အႏိုင္ရရွိသည့္ ပြဲအၿပီး တြင္ ျမန္မာအသင္းကို ပုိ႔ေဆာင္မည့္  ယာဥ္ေမာင္းမရွိေသာ ေၾကာင့္ တစ္နာရီခန္႔ ေနာက္က်ၿပီးမွ ဟိုတယ္သို႔  ျပန္ေရာက္သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။

မေလးရွားႏိုင္ငံတြင္ ျမန္မာ  လုပ္သားသံုးသိန္းေက်ာ္ အလုပ္ လုပ္ကိုင္ေနရာ ႏွစ္သိန္းခန္႔သည္ တရားမဝင္ ေနထုိင္လုပ္ကိုင္သူ မ်ားျဖစ္ေၾကာင္း ျမန္မာအဖြဲ႕အ စည္းမ်ားက ေျပာသည္။

လက္ရွိတြင္ မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕၌ ေန႔စဥ္ တရား မဝင္ ႏိုင္ငံျခားသားလုပ္သားမ်ား ဖမ္းဆီးေရးစီမံခ်က္ ျပဳလုပ္ေန ေၾကာင္း ျမန္မာအဖြဲ႕အစည္းမ်ား က ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

မလေးရှားနိုင်ငံ ဘူကစ်ဂျာလီကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် မလေးရှားအသင်းနှင့် မြန်မာအသင်းဘောလုံးပွဲသို့ သွားရောက်အားပေးပြီး ပြန်လာသော မြန်မာလုပ်သား ၂၀ ခန့်ကို မလေးရှားနိုင်ငံသား ၃၀ ခန့်က တိုက်ခိုက်သဖြင့် မြန်မာလုပ်သားငါးဦးခန့် ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာ ၂၃ ရက်တွင် ကွာလာလမ်ပူနယ်မြေရှိ ဘူကစ်ဂျာလီအားကစားကွင်း၌ ယှဉ်ပြိုင်သည့် မြန်မာနှင့် မလေးရှား ဆူဇူကီးဖလားအုပ်စု နောက်ဆုံးပွဲစဉ်သို့ သွားရောက်အားပေးပြီးနောက် ကွင်းအပြင်ဘက်၌ ကားစောင့် ဆိုင်းနေသော မြန်မာလုပ်သား ၂၀ ခန့်ကို မလေးရှားနိုင်ငံသားများက တိုက်ခိုက်ခြင်းဖြစ်ကြောင်း မလေး ရှားအခြေစိုက်နှလုံးလှပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့မှ ကိုသက်က ပြောသည်။

တိုက်ခိုက်ခံရမှုတွင် မြန်မာ လုပ်သားအမျိုးသမီးများလည်း ပါဝင်ပြီး မြန်မာအမျိုးသားသုံးဦး ဦးခေါင်း  ပေါက်ပြဲဒဏ်ရာများရရှိကြောင်း ကိုသက်က  ပြောသည်။

‘‘ကွင်းအပြင်ဘက် အဝေးပြေးလမ်းမှာ ကားစောင့်နေတုန်း  ‘ဘာဘီ’ လို့အော်ပြီး ရိုက်ကြတာ လို့ ပြောတယ်။ ထွက်ပြေးလို့ ရေမြောင်းထဲ ပြုတ်ကျတဲ့သူတွေ လည်း ရှိတယ်။ ငါးယောက် လောက်တော့ ဒဏ်ရာရတယ်။ အမျိုးသမီးတွေတချို့ကတော့ ပေါက်ပြဲတာတွေရှိပေမယ့် ဆေးရုံမသွားတော့ဘူးပေါ့’’ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာ   လုပ်သားများကို တိုက်ခိုက်သော မလေးရှားနိုင်ငံ သားများသည် လက်ကိုင်ဖုန်းများလည်း လုယူခဲ့ကြောင်း မလေးရှားရောက်  မြန်မာလုပ်သားများကို ကူညီပေးနေသော  မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထိန်းသိမ်းရေးစခန်း(ကန့်)တာဝန်ခံ ကိုသီဟ မောင်မောင်က ပြောသည်။

‘‘ကျွန်တော်တို့လည်း ဘော လုံးပွဲပြီးခါနီးမှ ပြန်လာတာ၊ အေး ဆေးဖြစ်တယ်ဆိုပြီးပေါ့။  ညပိုင်း မှ သတင်းရတယ်။ လုယက်တိုက် ခိုက်တဲ့ပုံစံပေါ့။ ကျွန်တော်တို့  မြန် မာအသင်းသာနိုင်ရင်  မတွေးရဲ စရာပဲ’’ဟု ကိုသီဟမောင်မောင် က ပြောသည်။

ဒဏ်ရာရရှိသော မြန်မာလုပ် သားများအတွက် လုံခြုံရေးဆောင်ရွက်နေသော မလေးရှားရဲတပ်ဖွဲ့ ထံ အကူအညီတောင်းခံရာ ဆောင်ရွက်ပေးခြင်း မရှိကြောင်း ကိုသက်က ပြောသည်။

တိုက်ခိုက်ခံရသော မြန်မာ လုပ်သားများသည် မလေးရှား နိုင်ငံ ဘန်ဂီးမြို့တွင် အလုပ်လုပ် ကိုင်နေသော ရွှေ့ပြောင်းလုပ် သားများဖြစ်သည်။

မြန်မာလုပ်သားများ တိုက် ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံ ရုံးသို့ ဆက်သွယ်မေးမြန်းရာ ပြန် လည်ဖြေကြားခြင်းမရှိပေ။

၂၀၁၇ ဆီးဂိမ်းတွင် ကျင်းပ ခဲ့သည့် အိမ်ရှင်မလေးရှားအသင်း နှင့် မြန်မာယူ-၂၂ အမျိုးသား ဘောလုံးအသင်းတို့ပွဲစဉ်သို့ သွား ရောက်အားပေးသော မလေးရှား ရောက် မြန်မာနိုင်ငံသားများ နေ ရာခုနစ်ခုတွင် တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ယင်းဆီးဂိမ်းပြိုင်ပွဲ ၌ပင် မြန်မာအမျိုးသမီးအသင်းက အိမ်ရှင်မလေးရှားအသင်းကို ငါး ဂိုးပြတ်ဖြင့် အနိုင်ရရှိသည့် ပွဲအပြီး တွင် မြန်မာအသင်းကို ပို့ဆောင်မည့်  ယာဉ်မောင်းမရှိသော ကြောင့် တစ်နာရီခန့် နောက်ကျပြီးမှ ဟိုတယ်သို့  ပြန်ရောက်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

မလေးရှားနိုင်ငံတွင် မြန်မာ  လုပ်သားသုံးသိန်းကျော် အလုပ် လုပ်ကိုင်နေရာ နှစ်သိန်းခန့်သည် တရားမဝင် နေထိုင်လုပ်ကိုင်သူ များဖြစ်ကြောင်း မြန်မာအဖွဲ့အ စည်းများက ပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ နေ့စဉ် တရား မဝင် နိုင်ငံခြားသားလုပ်သားများ ဖမ်းဆီးရေးစီမံချက် ပြုလုပ်နေ ကြောင်း မြန်မာအဖွဲ့အစည်းများ က ပြောသည်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top