ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

KG+12 (၁၂ တန္းပညာေရးစနစ္) သစ္အတြက္ ဖတ္စာအုပ္အသစ္မ်ားကို ျပဳစုလ်က္ရွိၿပီး ဘဝတြက္တာ ကၽြမ္းက်င္စရာဖတ္စာအုပ္တြင္ အစာအာဟာရဆိုင္ရာ အသိပညာေပးမ်ားကို ထည့္သြင္းသြားမည္ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံအာဟာရ ဖြံ႔ၿဖိဳးမႈျမႇင့္တင္ေရးအမ်ိဳးသားအဆင့္ ဦးေဆာင္ေကာ္မတီအဖြဲ႔ဝင္၊ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာၾကားသည္။

“အသက္ ၈ ႏွစ္အ႐ြယ္ (Grade-3) ၿပီးတဲ့ကေလးက ေကာင္းစြာစာဖတ္တတ္၊ ေရးတတ္ၿပီး အေျခခံသခ်ၤာတြက္ႏိုင္ရင္ တစ္သက္လံုးလုပ္ႏိုင္တဲ့အတြက္ တစ္သက္ တာသင္ယူႏိုင္မွာျဖစ္တယ္။ ဒီအတြက္ က်န္းမာေရးအသိပညာကို ငယ္ငယ္ကတည္းက ေပးႏိုင္ဖို႔လိုအပ္တယ္”ဟု ၎က ရွင္းျပသည္။

ထို႔အတြက္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ပညာေရးဝန္ႀကီးဌာန၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနႏွင့္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနတို႔ ပူးေပါင္းပါဝင္သည့္ အမ်ိဳးသားအာဟာရဖြံ႔ၿဖိဳးမႈဆိုင္ရာ ငါးႏွစ္စီမံကိန္းအတြက္ အဖြဲ႔မ်ားဖြဲ႔စည္းခဲ့ၿပီး ျမန္မာႏိုင္ငံအာဟာရ ဖြံ႔ၿဖိဳးျမႇင့္တင္ေရးအမ်ိဳးသားအဆင့္ ဦးေဆာင္ေကာ္မတီ ပထမအႀကိမ္ ညႇိႏိႈင္းအစည္းအေဝးကို ႏိုဝင္ဘာလ ၂၆ ရက္ေန႔တြင္ Novotel Hotel ၌ ျပဳလုပ္ခဲ့သည္။

ျမန္မာႏိုင္ငံတြင္ ေက်ာင္းသား၊ ေက်ာင္းသူ ၉ ဒသမ ၇ သန္းရွိၿပီး ၎တို႔ အေနႏွင့္ လံုေလာက္သည့္အာဟာရ ဖြံ႔ၿဖိဳးမႈမရရွိပါက ေက်ာင္းသင္ခန္းစာမ်ားကို သင္ယူႏိုင္မည္မဟုတ္သည့္အတြက္ ေက်ာင္းမ်ားတြင္ က်န္းမာေရးအသိပညာ ေပးျခင္းသည္ အဓိကက်ေၾကာင္း ျမန္မာႏိုင္ငံ အာဟာရဖြံ႔ၿဖိဳးမႈျမႇင့္တင္ေရးအမ်ိဳးသား အဆင့္ဦးေဆာင္ေကာ္မတီဥကၠ႒၊ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးေဒါက္တာျမင့္ေထြးက ေျပာၾကားသည္။

ထို႔အျပင္ တကၠသိုလ္မ်ားႏွင့္ေက်ာင္းမ်ားရွိ မုန္႔ေဈးတန္းမ်ား၌ အာဟာရျပည့္ဝစြာပါဝင္သည့္ အစားအစာမ်ားေရာင္းခ်ေပးရန္ လိုအပ္လ်က္ရွိၿပီး မုန္႔ေဈးတန္းမ်ား သန္႔ရွင္းသပ္ရပ္ရန္လိုအပ္ေနေသးေၾကာင္း ေဒါက္တာမ်ိဳးသိမ္းႀကီးက ျဖည့္စြက္ေျပာၾကားသည္။

KG+12 (၁၂တန္းပညာေရးစနစ္) ကို လြန္ခဲ့သည့္ သံုးႏွစ္မွစတင္၍ KG တန္းမွ ေျပာင္းလဲခဲ့ရာ ယခုႏွစ္တြင္ ဒုတိယအတန္းအထိေျပာင္းလဲခဲ့ၿပီး လာမည့္ ၂၀၂၃ ခုႏွစ္တြင္ အားလံုးအၿပီးသတ္ ေျပာင္းလဲသြားမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice


#Unicode Version#


KG+12 (၁၂ တန်းပညာရေးစနစ်) သစ်အတွက် ဖတ်စာအုပ်အသစ်များကို ပြုစုလျက်ရှိပြီး ဘဝတွက်တာ ကျွမ်းကျင်စရာဖတ်စာအုပ်တွင် အစာအာဟာရဆိုင်ရာ အသိပညာပေးများကို ထည့်သွင်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံအာဟာရ ဖွံ့ဖြိုးမှုမြှင့်တင်ရေးအမျိုးသားအဆင့် ဦးဆောင်ကော်မတီအဖွဲ့ဝင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

“အသက် ၈ နှစ်အရွယ် (Grade-3) ပြီးတဲ့ကလေးက ကောင်းစွာစာဖတ်တတ်၊ ရေးတတ်ပြီး အခြေခံသင်္ချာတွက်နိုင်ရင် တစ်သက်လုံးလုပ်နိုင်တဲ့အတွက် တစ်သက် တာသင်ယူနိုင်မှာဖြစ်တယ်။ ဒီအတွက် ကျန်းမာရေးအသိပညာကို ငယ်ငယ်ကတည်းက ပေးနိုင်ဖို့လိုအပ်တယ်”ဟု ၎င်းက ရှင်းပြသည်။

ထို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပါဝင်သည့် အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်းအတွက် အဖွဲ့များဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံအာဟာရ ဖွံ့ဖြိုးမြှင့်တင်ရေးအမျိုးသားအဆင့် ဦးဆောင်ကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် Novotel Hotel ၌ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကျောင်းသား၊ ကျောင်းသူ ၉ ဒသမ ၇ သန်းရှိပြီး ၎င်းတို့ အနေနှင့် လုံလောက်သည့်အာဟာရ ဖွံ့ဖြိုးမှုမရရှိပါက ကျောင်းသင်ခန်းစာများကို သင်ယူနိုင်မည်မဟုတ်သည့်အတွက် ကျောင်းများတွင် ကျန်းမာရေးအသိပညာ ပေးခြင်းသည် အဓိကကျကြောင်း မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေးအမျိုးသား အဆင့်ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ထို့အပြင် တက္ကသိုလ်များနှင့်ကျောင်းများရှိ မုန့်ဈေးတန်းများ၌ အာဟာရပြည့်ဝစွာပါဝင်သည့် အစားအစာများရောင်းချပေးရန် လိုအပ်လျက်ရှိပြီး မုန့်ဈေးတန်းများ သန့်ရှင်းသပ်ရပ်ရန်လိုအပ်နေသေးကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ဖြည့်စွက်ပြောကြားသည်။

KG+12 (၁၂တန်းပညာရေးစနစ်) ကို လွန်ခဲ့သည့် သုံးနှစ်မှစတင်၍ KG တန်းမှ ပြောင်းလဲခဲ့ရာ ယခုနှစ်တွင် ဒုတိယအတန်းအထိပြောင်းလဲခဲ့ပြီး လာမည့် ၂၀၂၃ ခုနှစ်တွင် အားလုံးအပြီးသတ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top