(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

တကၠသိုလ္ဝင္စာေမးပြဲရမွတ္ စုစုေပါင္း ၄၅၁ မွတ္မွ ၅၁၄ မွတ္ အထိရထားၿပီး တကၠသိုလ္ဝင္ခြင့္မရေသးသည့္ ေက်ာင္းသား၊ ေက်ာင္းသူ၂၁၁ ဦးသည္ ရန္ကုန္ႏွင့္ မႏၲေလးရွိ တကၠသိုလ္ ၁၁ ခု၏ဝင္ခြင့္ကို ႏိုဝင္ ဘာ ၂၃ ရက္မွ ၂၉ ရက္အထိ ထပ္မံေလွ်ာက္ထားရမည္ျဖစ္သည္။

၂၀၁၈ တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္ၿပီး တကၠသိုလ္ဝင္ခြင့္ ေလွ်ာက္ထားရာတြင္ မည္သည့္တကၠသိုလ္မွ်ဝင္ခြင့္မရေသာ ေက်ာင္း သား၊ ေက်ာင္းသူမ်ားကို ေဖာ္ျပထားသည့္က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနစာရင္း၌ ၂၁၁ ဦး ပါဝင္ေနသည္။ ထိုေက်ာင္းသား၊ ေက်ာင္း သူမ်ားသည္ ေဆးတကၠသိုလ္ႏွင့္ ေဆးပညာႏွင့္ ႏွီးႏႊယ္သည့္တကၠသိုလ္ မ်ားသို႔ ေလွ်ာက္ထားၿပီး ဝင္ခြင့္အမွတ္မမီ၍ ယခုအခ်ိန္ထိ တကၠသိုလ္ဝင္ခြင့္မရေသးသူမ်ားျဖစ္သည္။‘‘က်န္းမာေရးေအာက္က ေဆးနဲ႔ ေဆးႏွီးႏႊယ္ တကၠသိုလ္ ေတြကို ေလွ်ာက္ၾကတဲ့အခါမွာ အဲဒီတကၠသိုလ္ေတြက လူဦးေရ ျပည့္သြားလို႔ လက္မခံႏုိင္ေတာ့ ေၾကာင္း အေၾကာင္းျပန္လာေတာ့ အခု ဒီက ပညာေရးဝန္ႀကီးဌာန ေအာက္က သီးျခားေခၚထားတဲ့ အမွတ္ျမင့္ တကၠသိုလ္ေတြကို မေန႔က (ႏိုဝင္ဘာ ၂၃ ရက္) ည ေနကေန ျပန္ေလွ်ာက္လုိ႔ရတယ္’’ ဟု အဆင့္ျမင့္ ပညာဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသန္းသန္းဝင္းက ေျပာ သည္။

ရန္ကုန္တကၠသိုလ္၊ ရန္ကုန္ နည္းပညာတကၠသိုလ္၊ သတင္း အခ်က္အလက္ႏွင့္ နည္းပညာ တကၠသိုလ္၊ ရန္ကုန္ႏုိင္ငံျခားဘာ သာတကၠသိုလ္၊ ရန္ကုန္စီးပြား ေရးတကၠသိုလ္၊ ရန္ကုန္ပညာေရး တကၠသိုလ္၊ မႏၲေလးတကၠသိုလ္၊ မႏၲေလး နည္းပညာတကၠသိုလ္၊ မႏၲေလး ကြန္ပ်ဴတာတကၠသိုလ္၊ မႏၲေလးႏုိင္ငံျခားဘာသာတကၠ သိုလ္၊ နည္းပညာတကၠသိုလ္ (မႏၲ ေလး)တို႔သို႔ တက္ေရာက္ခြင့္အ တြက္ ထိုေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ျပန္လည္ေလွ်ာက္ထား ခြင့္ျပဳမည္ျဖစ္သည္။

ျပန္လည္ေလွ်ာက္ထားရ မည့္သူမ်ားသည္ ရန္ကုန္ၿမိဳ႕ သထံုလမ္းရွိ အဆင့္ျမင့္ပညာ ဦးစီးဌာန႐ံုးတြင္ ႏိုဝင္ဘာ ၂၄ ရက္ ႏွင့္ ၂၉ ရက္အတြင္း ပိတ္ရက္မရွိ ေလွ်ာက္ထားႏုိင္ၿပီး ထိုတကၠ သိုလ္ ၁၁ ခုအနက္ မိမိတက္လို သည့္ တကၠသိုလ္မ်ားကို ဦးစား ေပးအစဥ္လိုက္အတုိင္း ေလွ်ာက္ ခြင့္ရမည္ျဖစ္သည္။

   ‘‘ျပန္ေလွ်ာက္လို႔ရတဲ့ ေက်ာင္းအားလံုးကို တုိ႔ဘက္က ေန Organize လုပ္ၿပီး လက္ခံေပး ထားတယ္။ ဦးစားေပးအလိုက္ ေလွ်ာက္၊ ၿပီးေတာ့မွ အစည္းအ ေဝးေလးလုပ္ၿပီးေတာ့ လက္ခံႏုိင္ တဲ့ ေက်ာင္းအားလံုး အကုန္လံုး ဆံုၿပီးေတာ့ သူတို႔ အမွတ္အကန္႔ အသတ္မီတဲ့လူေတြကို ဝင္ခြင့္ေပးသြားမွာ’’ဟု ဝင္ခြင့္ေရြးခ်ယ္မည့္ အစီအစဥ္ႏွင့္ ပတ္သက္ၿပီး ေဒါက္တာ  သန္းသန္းဝင္းက ရွင္းျပ သည္။

ေဆးတကၠသိုလ္ႏွင့္ ေဆးႏွီး ႏႊယ္တကၠသိုလ္မ်ားသို႔ ဝင္ခြင့္မရ သည့္ ေက်ာင္းသား၊ ေက်ာင္းသူ ၂၀၀ ေက်ာ္ကို တုိက္႐ိုက္ဝင္ခြင့္ ေခၚယူသည့္ တကၠသိုလ္ ၁၁ ခုသို႔ ဝင္ခြင့္ေလွ်ာက္ထားႏုိင္ေၾကာင္း အဆင့္ျမင့္ပညာဦးစီးဌာနက ႏိုဝင္ဘာ ၂၃ ရက္ ညေန ၅ နာရီခန္႔ တြင္ ဆက္သြယ္အေၾကာင္းၾကား ခဲ့သည္ဟု ေက်ာင္းသားမိဘမ်ား က ဆုိသည္။

‘‘အဆည႐ံုးမွာပဲ ေလွ်ာက္ လႊာအသစ္ ျပန္တင္ရတာေပါ့။ ဒါေပမဲ့ က်န္းမာေရးဌာနကေတာ့ ထည့္မစဥ္းစားေပးေတာ့ဘူး။ တကယ္ဆုိရင္ မိန္းကေလး ၅၁၄ ဆုိရင္ သြားေဆးမီတယ္။ ဒါေပမဲ့ က်န္းမာေရးဝန္ႀကီးဌာနက လံုးဝ ထည့္မစဥ္းစားေပးေတာ့ဘူး။ က်န္းမာေရးဌာနကို ေလွ်ာက္လုိ႔ မရေတာ့ဘူး။ ၁၁ ေက်ာင္းကိုပဲ ေလွ်ာက္လုိ႔ရမယ္။ အဲဒီ ၁၁ ေက်ာင္းကိုမွ ျပည့္ေနတာေတြရွိ တဲ့အတြက္ ရွစ္ေက်ာင္းကိုပဲ ေလွ်ာက္ခဲ့ရတယ္။ အဲဒီေက်ာင္း ေတြမရရင္ေတာ့ အဆညက အ ေနာက္ပိုင္းတကၠသိုလ္တုိ႔ ဘာတုိ႔ က်န္တာေလးေတြ ထပ္ျဖည့္ေပး မွာေပါ့’’ဟု ၅၀၉ မွတ္ရထားၿပီး မည္သည့္တကၠသိုလ္မွ် ဝင္ခြင့္မရ ေသးသည့္ ေက်ာင္းသူ၏ မိခင္ ေဒၚသိဂႌက ဆုိသည္။

ယခုႏွစ္တြင္ ေဆးတကၠ သိုလ္ငါးခု၏ အနိမ့္ဆံုးဝင္ခြင့္ရ အမွတ္မ်ားကို အမ်ိဳးသား ၅၀၅ မွတ္၊ အမ်ိဳးသမီး ၅၁၅ မွတ္ျဖတ္ ကာ ေရြးခ်ယ္ၿပီး ယခင္ႏွစ္ထက္ သင္တန္းသား ၁၃၁ ဦး ေလွ်ာ့ခ် ေခၚယူခဲ့သည္။ မည္သည့္တကၠ သိုလ္မွ် ဝင္ခြင့္မရသည့္စာရင္း၌ အမ်ိဳးသမီးအမွတ္ အျမင့္ဆံုးသူ သည္ ၅၁၄ မွတ္ရထားၿပီး အမ်ိဳး သား အမွတ္အျမင့္ဆံုးသူသည္ ၅၀၄ မွတ္ရထားသည္။

ယခုႏွစ္ တကၠသိုလ္ ပထမ ႏွစ္ သင္တန္းမ်ားကို ဒီဇင္ဘာ ၃ ရက္တြင္ စတင္ဖြင့္လွစ္မည္ျဖစ္ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

တက္ကသိုလ်ဝင်စာမေးပွဲရမှတ် စုစုပေါင်း ၄၅၁ မှတ်မှ ၅၁၄ မှတ် အထိရထားပြီး တက္ကသိုလ်ဝင်ခွင့်မရသေးသည့် ကျောင်းသား၊ ကျောင်းသူ၂၁၁ ဦးသည် ရန်ကုန်နှင့် မန္တလေးရှိ တက္ကသိုလ် ၁၁ ခု၏ဝင်ခွင့်ကို နိုဝင် ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ ထပ်မံလျှောက်ထားရမည်ဖြစ်သည်။

၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် မည်သည့်တက္ကသိုလ်မျှဝင်ခွင့်မရသော ကျောင်း သား၊ ကျောင်းသူများကို ဖော်ပြထားသည့်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနစာရင်း၌ ၂၁၁ ဦး ပါဝင်နေသည်။ ထိုကျောင်းသား၊ ကျောင်း သူများသည် ဆေးတက္ကသိုလ်နှင့် ဆေးပညာနှင့် နှီးနွှယ်သည့်တက္ကသိုလ် များသို့ လျှောက်ထားပြီး ဝင်ခွင့်အမှတ်မမီ၍ ယခုအချိန်ထိ တက္ကသိုလ်ဝင်ခွင့်မရသေးသူများဖြစ်သည်။‘‘ကျန်းမာရေးအောက်က ဆေးနဲ့ ဆေးနှီးနွှယ် တက္ကသိုလ် တွေကို လျှောက်ကြတဲ့အခါမှာ အဲဒီတက္ကသိုလ်တွေက လူဦးရေ ပြည့်သွားလို့ လက်မခံနိုင်တော့ ကြောင်း အကြောင်းပြန်လာတော့ အခု ဒီက ပညာရေးဝန်ကြီးဌာန အောက်က သီးခြားခေါ်ထားတဲ့ အမှတ်မြင့် တက္ကသိုလ်တွေကို မနေ့က (နိုဝင်ဘာ ၂၃ ရက်) ည နေကနေ ပြန်လျှောက်လို့ရတယ်’’ ဟု အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းဝင်းက ပြော သည်။

ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် နည်းပညာတက္ကသိုလ်၊ သတင်း အချက်အလက်နှင့် နည်းပညာ တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာ သာတက္ကသိုလ်၊ ရန်ကုန်စီးပွား ရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေး တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်၊ မန္တလေး ကွန်ပျူတာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္က သိုလ်၊ နည်းပညာတက္ကသိုလ် (မန္တ လေး)တို့သို့ တက်ရောက်ခွင့်အ တွက် ထိုကျောင်းသား၊ ကျောင်းသူများကို ပြန်လည်လျှောက်ထား ခွင့်ပြုမည်ဖြစ်သည်။

ပြန်လည်လျှောက်ထားရ မည့်သူများသည် ရန်ကုန်မြို့ သထုံလမ်းရှိ အဆင့်မြင့်ပညာ ဦးစီးဌာနရုံးတွင် နိုဝင်ဘာ ၂၄ ရက် နှင့် ၂၉ ရက်အတွင်း ပိတ်ရက်မရှိ လျှောက်ထားနိုင်ပြီး ထိုတက္က သိုလ် ၁၁ ခုအနက် မိမိတက်လို သည့် တက္ကသိုလ်များကို ဦးစား ပေးအစဉ်လိုက်အတိုင်း လျှောက် ခွင့်ရမည်ဖြစ်သည်။

   ‘‘ပြန်လျှောက်လို့ရတဲ့ ကျောင်းအားလုံးကို တို့ဘက်က နေ Organize လုပ်ပြီး လက်ခံပေး ထားတယ်။ ဦးစားပေးအလိုက် လျှောက်၊ ပြီးတော့မှ အစည်းအ ဝေးလေးလုပ်ပြီးတော့ လက်ခံနိုင် တဲ့ ကျောင်းအားလုံး အကုန်လုံး ဆုံပြီးတော့ သူတို့ အမှတ်အကန့် အသတ်မီတဲ့လူတွေကို ဝင်ခွင့်ပေးသွားမှာ’’ဟု ဝင်ခွင့်ရွေးချယ်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး ဒေါက်တာ  သန်းသန်းဝင်းက ရှင်းပြ သည်။

ဆေးတက္ကသိုလ်နှင့် ဆေးနှီး နွှယ်တက္ကသိုလ်များသို့ ဝင်ခွင့်မရ သည့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော်ကို တိုက်ရိုက်ဝင်ခွင့် ခေါ်ယူသည့် တက္ကသိုလ် ၁၁ ခုသို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက နိုဝင်ဘာ ၂၃ ရက် ညနေ ၅ နာရီခန့် တွင် ဆက်သွယ်အကြောင်းကြား ခဲ့သည်ဟု ကျောင်းသားမိဘများ က ဆိုသည်။

‘‘အဆညရုံးမှာပဲ လျှောက် လွှာအသစ် ပြန်တင်ရတာပေါ့။ ဒါပေမဲ့ ကျန်းမာရေးဌာနကတော့ ထည့်မစဉ်းစားပေးတော့ဘူး။ တကယ်ဆိုရင် မိန်းကလေး ၅၁၄ ဆိုရင် သွားဆေးမီတယ်။ ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနက လုံးဝ ထည့်မစဉ်းစားပေးတော့ဘူး။ ကျန်းမာရေးဌာနကို လျှောက်လို့ မရတော့ဘူး။ ၁၁ ကျောင်းကိုပဲ လျှောက်လို့ရမယ်။ အဲဒီ ၁၁ ကျောင်းကိုမှ ပြည့်နေတာတွေရှိ တဲ့အတွက် ရှစ်ကျောင်းကိုပဲ လျှောက်ခဲ့ရတယ်။ အဲဒီကျောင်း တွေမရရင်တော့ အဆညက အ နောက်ပိုင်းတက္ကသိုလ်တို့ ဘာတို့ ကျန်တာလေးတွေ ထပ်ဖြည့်ပေး မှာပေါ့’’ဟု ၅၀၉ မှတ်ရထားပြီး မည်သည့်တက္ကသိုလ်မျှ ဝင်ခွင့်မရ သေးသည့် ကျောင်းသူ၏ မိခင် ဒေါ်သိင်္ဂီက ဆိုသည်။

ယခုနှစ်တွင် ဆေးတက္က သိုလ်ငါးခု၏ အနိမ့်ဆုံးဝင်ခွင့်ရ အမှတ်များကို အမျိုးသား ၅၀၅ မှတ်၊ အမျိုးသမီး ၅၁၅ မှတ်ဖြတ် ကာ ရွေးချယ်ပြီး ယခင်နှစ်ထက် သင်တန်းသား ၁၃၁ ဦး လျှော့ချ ခေါ်ယူခဲ့သည်။ မည်သည့်တက္က သိုလ်မျှ ဝင်ခွင့်မရသည့်စာရင်း၌ အမျိုးသမီးအမှတ် အမြင့်ဆုံးသူ သည် ၅၁၄ မှတ်ရထားပြီး အမျိုး သား အမှတ်အမြင့်ဆုံးသူသည် ၅၀၄ မှတ်ရထားသည်။

ယခုနှစ် တက္ကသိုလ် ပထမ နှစ် သင်တန်းများကို ဒီဇင်ဘာ ၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ် သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top