ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

စိတ္အားငယ္ျခင္း၊စိတ္ဓာတ္က်ေရာဂါေ၀ဒနာဟာ ကမာၻတစ္၀န္းလံုးက လူေတာ္ေတာ္မ်ားမ်ား ခံစားေနရတဲ႔ေ၀ဒနာတစ္ခုပါ။စိတ္က်ေရာဂါေ၀ဒနာရဲ ႔ဆုိးက်ိဳးသက္ေရာက္မႈေတြကလည္း ေၾကာက္လန္႔စရာပါပဲ။ဒီလုိစိတ္က်ေရာဂါနဲ႔ပတ္သက္ျပီး လူသိပ္မသိေသးတဲ႔အေၾကာင္းအရာေတြရွိေနေသးလုိ႔ ပရိသတ္ၾကီးအတြက္ ဗဟုသုတအျဖစ္ျပန္ျပီးမ်ွေ၀ေပးလိုက္ပါတယ္။

စိတ္ဓာတ္က်ေရာဂါဟာ အမ်ိဳးသမီးေတြမွာအျဖစ္မ်ားတယ္

အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြဟာ ၂ဆပုိျပီး စိတ္ဓာတ္က်လြယ္တယ္။စိတ္က်လြယ္ပါတယ္။ဘာလုိ႔လဲဆုိေတာ့ အမ်ိဳးသမီးေတြဟာ စိတ္က်ေရာဂါ၀င္ေရာက္လာႏုိင္တဲ႔အေျခအေနေတြအမ်ားၾကီးၾကံဳေတြ႔ရလုိ႔ပဲျဖစ္ပါတယ္။

စိတ္က်ေရာဂါ၀င္ေနျပီဆုိတာ အိပ္မက္ကေနသိႏုိင္တယ္
စိတ္က်ေရာဂါခံစားေနရတဲ႔လူတစ္ေယာက္သာ တစ္ျခားလူေတြထက္ သံုးေလးဆ အိပ္မက္ပုိမက္ေလ့ရွိတယ္။ေန႔ေရာ ညပါ အိပ္တဲ့အခ်ိန္တုိင္းအိပ္မက္မက္တာမ်ိဳး၊တစ္ညတည္းမွာပဲ အိပ္မက္ ႏွစ္ခုသံုးခုဆက္မက္တာမ်ိဳးျဖစ္တတ္ပါတယ္။

ဖန္တီးႏုိင္စြမ္းရွိလာတယ္

ဒီတစ္ခ်က္ကေတာ့ ယူတတ္ရင္ေကာင္းတာပါပဲ။ဖန္တီးႏုိင္စြမ္းေကာင္းတာဟာ စိတ္ဖိစီးမႈေတြ၊စိတ္ဓာတ္က်တာေတြနဲ႔ဆက္စပ္ေနတတ္ပါတယ္။ဥပမာ အသည္းကြဲတဲ႔အခါ စိတ္ညစ္၊စိတ္ဓာတ္ေတြက်ျပီး ကဗ်ာေတြဖန္တီးတတ္လာတာမ်ိဳး၊သီခ်င္းေကာင္းေကာင္းေတြဖန္တီးလာႏုိင္တာမ်ိဳးေပါ့။

ဟာသပညာရွင္ေတြဟာ ပုိျပီးစိတ္ဓာတ္က်လြယ္ပါတယ္တဲ႔
ထူးထူးျခားျခားပါပဲ ။ေလ့လာရွာေဖြေတြ႔ရွိခ်က္ေတြအရ ဟာသပညာရွင္ေတြဟာ သာမန္လူေတြထက္ ပုိျပီးစိတ္ဓာတ္က်လြယ္တယ္။စိတ္က်ေ၀ဒနာခံစားရလြယ္တယ္လုိ႔သိရပါတယ္။

ေလ့က်င့္ခန္းလုပ္တာဟာ စိတ္က်ေ၀ဒနာခံစားရမႈကုိေလ်ွာ့ခ်ေပးႏုိင္

ေလ့က်င့္ခန္းေတာ္ေတာ္မ်ားမ်ားဟာ စိတ္က်ေ၀ဒနာခံစားရမႈ၊စိတ္ဓာတ္က်မႈကုိ ျပန္ျပီးကုသေပးႏုိင္တယ္လုိ႔ေတြ႔ရွိရပါတယ္။ဒါေၾကာင့္ ကုိယ့္ကိုယ့္ကုိယ္စိတ္ဓာတ္က်ေနျပီ၊စိတ္က်ေ၀ဒနာခံစားေနရျပီဆုိတာရိပ္မိတာနဲ႔ လူမႈလႈပ္ရွားေရးေတြ၊သူငယ္ခ်င္းေတြကုိအခ်ိန္ေပးတာေတြလုပ္ျပီး ေလ့က်င့္ခန္းကုိလည္းမွန္မွန္လုပ္ေပးသင့္ပါတယ္။

မိခင္သစ္မ်ား ရင္ေသြးကုိႏုိ႔ခ်ိဳတုိက္ေကြ်းပါက စိတ္က်ေ၀ဒနာျဖစ္ပြားမႈႏႈန္းေလ်ာ့ပါး

ရင္ေသြးငယ္ေလးေတြကုိ မိခင္ႏုိ႔ရည္တုိက္ေကြ်းတာက စိတ္ဓာတ္က်မႈ၊စိတ္က်ေရာဂါျဖစ္ပြားမႈကုိ ေလ်ွာ့ခ်ေပးႏုိင္ေၾကာင္း မိခင္သစ္ ၁၄၀၀၀ ကုိေလ့လာၾကည့္တဲ႔အခါ ေတြ႔ရွိရတယ္လုိ႔သိရပါတယ္။

အင္တာနက္နဲ႔ဆက္စပ္ေနတဲ႔ စိတ္က်ေ၀ဒနာ
အင္တာနက္ေပၚမွာပဲ အခ်ိန္ကုန္ဆံုးတာမ်ားတဲ႔လူဟာ ပုိျပီးအထီးက်န္ဆန္ျပီး စိတ္က်ေ၀ဒနာခံစားရမႈလည္း ပုိမ်ားေၾကာင္းေလ့လာေတြ႔ရွိခ်က္ေတြအရသိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend


#Unicode Version#

စိတ်အားငယ်ခြင်း၊စိတ်ဓာတ်ကျရောဂါဝေဒနာဟာ ကမ္ဘာတစ်ဝန်းလုံးက လူတော်တော်များများ ခံစားနေရတဲ့ဝေဒနာတစ်ခုပါ။စိတ်ကျရောဂါဝေဒနာရဲ့ဆိုးကျိုးသက်ရောက်မှုတွေကလည်း ကြောက်လန့်စရာပါပဲ။ဒီလိုစိတ်ကျရောဂါနဲ့ပတ်သက်ပြီး လူသိပ်မသိသေးတဲ့အကြောင်းအရာတွေရှိနေသေးလို့ ပရိသတ်ကြီးအတွက် ဗဟုသုတအဖြစ်ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

စိတ်ဓာတ်ကျရောဂါဟာ အမျိုးသမီးတွေမှာအဖြစ်များတယ်

အမျိုးသားတွေထက် အမျိုးသမီးတွေဟာ ၂ဆပိုပြီး စိတ်ဓာတ်ကျလွယ်တယ်။စိတ်ကျလွယ်ပါတယ်။ဘာလို့လဲဆိုတော့ အမျိုးသမီးတွေဟာ စိတ်ကျရောဂါဝင်ရောက်လာနိုင်တဲ့အခြေအနေတွေအများကြီးကြုံတွေ့ရလို့ပဲဖြစ်ပါတယ်။

*စိတ်ကျရောဂါဝင်နေပြီဆိုတာ အိပ်မက်ကနေသိနိုင်တယ်
စိတ်ကျရောဂါခံစားနေရတဲ့လူတစ်ယောက်သာ တစ်ခြားလူတွေထက် သုံးလေးဆ အိပ်မက်ပိုမက်လေ့ရှိတယ်။နေ့ရော ညပါ အိပ်တဲ့အချိန်တိုင်းအိပ်မက်မက်တာမျိုး၊တစ်ညတည်းမှာပဲ အိပ်မက် နှစ်ခုသုံးခုဆက်မက်တာမျိုးဖြစ်တတ်ပါတယ်။

ဖန်တီးနိုင်စွမ်းရှိလာတယ်

ဒီတစ်ချက်ကတော့ ယူတတ်ရင်ကောင်းတာပါပဲ။ဖန်တီးနိုင်စွမ်းကောင်းတာဟာ စိတ်ဖိစီးမှုတွေ၊စိတ်ဓာတ်ကျတာတွေနဲ့ဆက်စပ်နေတတ်ပါတယ်။ဥပမာ အသည်းကွဲတဲ့အခါ စိတ်ညစ်၊စိတ်ဓာတ်တွေကျပြီး ကဗျာတွေဖန်တီးတတ်လာတာမျိုး၊သီချင်းကောင်းကောင်းတွေဖန်တီးလာနိုင်တာမျိုးပေါ့။

ဟာသပညာရှင်တွေဟာ ပိုပြီးစိတ်ဓာတ်ကျလွယ်ပါတယ်တဲ့
ထူးထူးခြားခြားပါပဲ ။လေ့လာရှာဖွေတွေ့ရှိချက်တွေအရ ဟာသပညာရှင်တွေဟာ သာမန်လူတွေထက် ပိုပြီးစိတ်ဓာတ်ကျလွယ်တယ်။စိတ်ကျဝေဒနာခံစားရလွယ်တယ်လို့သိရပါတယ်။

လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ကျဝေဒနာခံစားရမှုကိုလျှော့ချပေးနိုင်

လေ့ကျင့်ခန်းတော်တော်များများဟာ စိတ်ကျဝေဒနာခံစားရမှု၊စိတ်ဓာတ်ကျမှုကို ပြန်ပြီးကုသပေးနိုင်တယ်လို့တွေ့ရှိရပါတယ်။ဒါကြောင့် ကိုယ့်ကိုယ့်ကိုယ်စိတ်ဓာတ်ကျနေပြီ၊စိတ်ကျဝေဒနာခံစားနေရပြီဆိုတာရိပ်မိတာနဲ့ လူမှုလှုပ်ရှားရေးတွေ၊သူငယ်ချင်းတွေကိုအချိန်ပေးတာတွေလုပ်ပြီး လေ့ကျင့်ခန်းကိုလည်းမှန်မှန်လုပ်ပေးသင့်ပါတယ်။

မိခင်သစ်များ ရင်သွေးကိုနို့ချိုတိုက်ကျွေးပါက စိတ်ကျဝေဒနာဖြစ်ပွားမှုနှုန်းလျော့ပါး

ရင်သွေးငယ်လေးတွေကို မိခင်နို့ရည်တိုက်ကျွေးတာက စိတ်ဓာတ်ကျမှု၊စိတ်ကျရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ကြောင်း မိခင်သစ် ၁၄၀၀၀ ကိုလေ့လာကြည့်တဲ့အခါ တွေ့ရှိရတယ်လို့သိရပါတယ်။

အင်တာနက်နဲ့ဆက်စပ်နေတဲ့ စိတ်ကျဝေဒနာ
အင်တာနက်ပေါ်မှာပဲ အချိန်ကုန်ဆုံးတာများတဲ့လူဟာ ပိုပြီးအထီးကျန်ဆန်ပြီး စိတ်ကျဝေဒနာခံစားရမှုလည်း ပိုများကြောင်းလေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top