ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အမ်ားသံုး ေရအိမ္ၾကမ္းျပင္တခုေပၚမွာ သားျဖစ္သူနဲ႔အတူ အိပ္စက္ခဲ့ဖူးတဲ့ ခရစၥဂါ့ဒ္နာဟာ သူ႔ရဲ႕ ဘ၀ဇာတ္ေၾကာင္းကို ေဟာလိ၀ုဒ္႐ုပ္ရွင္တစ္​ခုမွာ ႐ုိက္ကူးပံုေဖာ္ခြင့္ရလိမ့္မယ္လို႔ အိပ္မက္ေတာင္ မမက္ဖူးခဲ့ပါဘူး။
၁၉၈၀ ျပည့္ႏွစ္ အေစာပိုင္းကာလေတြမွာ သူဟာ အသက္ ၂၇ ႏွစ္အရြယ္သာ ရွိေသးၿပီး လမ္းေလွ်ာက္တတ္စ သားငယ္နဲ႔ ဆန္ဖရန္စစၥကိုၿမိဳ႕မွာ အိမ္ေျခယာမဲ့ဘ၀နဲ႔ တစ္​ႏွစ္ေလာက္ ေနထိုင္ခဲ့ရဖူးပါတယ္။

သူဟာ ကုမၸဏီတစ္​ခုမွာ ၀င္ေငြနိမ့္ အလုပ္သင္တစ္​ဦးအျဖစ္ စေတာ့အေရာင္းအ၀ယ္ သင္ၾကားေရး အစီအစဥ္တစ္​ခုမွာ ပါ၀င္ဖို႔ အမည္စာရင္းသြင္းခံခဲ့ရခ်ိန္မွာ ေနထိုင္ဖို႔ အိမ္တစ္​လံုးအတြက္ အာမခံအပ္ေငြစာရင္းျမႇင့္တင္ဖို႔ေတာင္ မလံုေလာက္ခဲ့ပါဘူး။
အဲဒီထက္ ပိုဆိုးတာေတြက သူဟာ ရထားဘူတာ႐ုံတစ္​ခုတြင္းက ေရအိမ္ထဲမွာ၊ ပန္းၿခံေတြ၊ ဘုရားေက်ာင္းအမိုးေအာက္၊ အလုပ္ခံုစားပြဲေအာက္ေတြမွာ ႀကံဳသလို ေနထိုင္ခဲ့ရတာပါပဲ။

စြပ္ျပဳတ္ရည္ေသာက္ၿပီး ေနထိုင္ကာ အလုပ္လုပ္လုိ႔ရလာတဲ့ နည္းပါးလွတဲ့ ၀င္ေငြကို သားျဖစ္သူရဲ႕ ေန႔ကေလးထိန္းေက်ာင္းအတြက္ အသံုးျပဳခဲ့ရတာပါ။
ဘယ္လိုအခက္အခဲေတြနဲ႔ ႀကံဳေတြ႕ပါေစ၊ သူကေတာ့ အလုပ္ကို မနားမေန ႀကိဳးပမ္းခဲ့တာပါ။
ဒီအက်ိဳးဆက္ကေတာ့ အလုပ္သင္ကာလၿပီးဆံုးခ်ိန္မွာ သူ႔ကို အေမရိကန္အေျခစိုက္ Dean Witter Reynolds (DWR) စေတာ့ရွယ္ယာေရာင္း၀ယ္ေရး ကုမၸဏီႀကီးက အၿမဲတမ္း၀န္ထမ္းအျဖစ္ ခန္႔လိုက္တာပါပဲ။

ေနာက္ဆံုးမွာေတာ့ သူဟာ သားငယ္နဲ႔အတူ ကိုယ္ပိုင္အိမ္တစ္​လံုး ငွားရမ္းေနထိုင္ႏိုင္ခဲ့ၿပီးေနာက္မွာေတာ့ သူ႔ရဲ႕ ျဖတ္သန္းမႈဘ၀ဟာ တရွိန္ထိုးပဲ ေျပာင္းလဲသြားခဲ့ပါၿပီ။၁၉၈၇ ခုႏွစ္မွာေတာ့ သူ႔ရဲ႕ ကိုယ္ပိုင္ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီ Gardner Rich လုပ္ငန္းကို စတင္ဖြင့္လွစ္ႏိုင္ခဲ့တာပါ။

ေဟာလိ၀ုဒ္ေရာက္ ဂါ့ဒ္နာ့ဇာတ္ေၾကာင္း

လက္ရွိ အသက္ ၆၂ ႏွစ္အရြယ္ရွိေနၿပီျဖစ္တဲ့ ခရစၥဂါ့ဒ္နာမွာ ပိုင္ဆိုင္မႈတန္ဖိုး ခန္႔မွန္းေျခ အေမရိကန္ေဒၚလာ သန္း ၆၀ (ေပါင္ ၄၆ သန္း) ရွိေနၿပီး ကမၻာတလႊား စိတ္ဓာတ္ခြန္အားျမႇင့္တင္ေရး ေဟာၾကားသူတစ္​ဦးအျဖစ္ လုပ္ေဆာင္ေနကာ အိမ္ေျခယာမဲ့ေတြနဲ႔ အမ်ိဳးသမီးေတြ အၾကမ္းဖက္မႈဆန္႔က်င္တိုက္ဖ်က္ေရး လုပ္ငန္းေတြမွာ အင္တိုက္အားတိုက္ ေဆာင္ရြက္ေနပါၿပီ။

Dean Witter Reynolds (DWR) စေတာ့ရွယ္ယာေရာင္း၀ယ္ေရးကုမၸဏီမွာ အလုပ္သင္အျဖစ္ မလုပ္ခင္ကာလက ဂါ့ဒ္နာမွာ ငယ္ဘ၀ျဖတ္သန္းမႈ အခက္အခဲျပႆနာေပါင္း မ်ားစြာရွိခဲ့ၿပီး ေထာင္က်ခဲ့ဖူးတဲ့ ေန႔ရက္ေတြကိုေတာင္ ျဖတ္သန္းခဲ့ရဖူးတာပါ။

သူ႔ဘ၀ရဲ႕ ျဖတ္သန္းမႈအေတြ႕အႀကံဳေတြကို The Persuit of Happyness အမည္နဲ႔ ကိုယ္တိုင္ေရး အတၳဳပၸတၱိအျဖစ္ ေရးသားထုတ္ေ၀ခဲ့ခ်ိန္မွာ ဒါဟာ အေရာင္းရဆံုး စာအုပ္တစ္​အုပ္ ျဖစ္လာခဲ့ပါတယ္။

ဒီစာအုပ္ကို အေျခတည္ၿပီး ပံုေဖာ္႐ုိက္ကူးထားတဲ့ ႐ုပ္ရွင္ကိုလည္း စာအုပ္နာမည္အတိုင္း ႐ုိက္ကူးခဲ့ၿပီး ၂၀၀၆ ခုႏွစ္မွာ ျပသခဲ့ရာမွာ သူ႔ေနရာကေန ပါ၀င္သ႐ုပ္ေဆာင္ခဲ့တဲ့ သ႐ုပ္ေဆာင္ ၀ီလ္စမစ္သ္ဟာ ေအာ္စကာဆုစာရင္းမွာ အေကာင္းဆံုး အမ်ိဳးသားသ႐ုပ္ေဆာင္ဆုအတြက္ ဆန္ကာတင္စာရင္း ၀င္ခဲ့ပါတယ္။

ဘီဘီစီ႐ုပ္သံဌာနနဲ႔ အင္တာဗ်ဴးတစ္​ခုမွာေတာ့ ဂါ့ဒ္နာက -

က်ေနာ္ ဘာကိုမွ ေျပာင္းလဲလိမ့္မွာ မဟုတ္ပါဘူး။ ငယ္ဘ၀နာက်င္မႈေတြနဲ႔ ျဖတ္သန္းခဲ့ရတဲ့ က်ေနာ့္အဖို႔ ၅ ႏွစ္အရြယ္မွာကတည္းက က်ေနာ့္ကေလးေတြရလာရင္ သူတို႔ရဲ႕အေဖဟာ ဘယ္သူျဖစ္တယ္ဆိုတာကို သိေစခ်င္တာတစ္​ခုပါပဲ။ က်ေနာ့္ရဲ႕ ဘ၀လက္က်န္အခ်ိန္ေတြကေတာ့ ကံတရားအတိုင္းပါပဲ။ ဘာလို႔လဲဆိုေတာ့ က်ေနာ္ဟာ မွန္ကန္တဲ့ ေရြးခ်ယ္မႈေတြကို လုပ္ခဲ့လို႔ပါပဲ”လို႔ ေျဖခဲ့ပါတယ္။

အားက်အတုယူဖြယ္ မိခင္

ဂါ့ဒ္နာကို ၀စၥကြန္ဆင္ျပည္နယ္၊ မီလ္ေ၀ါ့ကီၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး ဖခင္ဟာ ဘယ္သူျဖစ္တယ္ဆိုတာေတာင္ သိခြင့္မရခဲ့သူပါ။
သိတတ္တဲ့အရြယ္မွာေတာ့ မိခင္ျဖစ္သူ ဘက္တီဂ်ီးန္နဲ႔ ႐ုပ္ပိုင္းဆိုင္ရာအရ ႏွိပ္စက္ညႇဥ္းပန္းတဲ့ ပေထြးျဖစ္သူ အရက္ေက်းကြၽန္တစ္​ဦးနဲ႔အတူ ဘ၀ထဲကို ဆင္းရဲပင္ပန္းစြာ ျဖတ္သန္းခဲ့ရတာပါ။မိခင္ျဖစ္သူဟာ သူ႔အေဖာ္ကိုသတ္ဖို႔ မႀကိဳးစားခင္အခ်ိန္ထိေတာ့ သူဟာ ကယ္တင္ျခင္းခံရတဲ့ အိမ္ထဲမွာ အခ်ိန္ေတြ ကုန္ဆံုးခဲ့ဖူးပါတယ္။ဒီေလာက္ဆိုး၀ါးျပင္းထန္လွတဲ့ အခက္အခဲေတြ ရွိေနေပမယ့္လည္း ဂါ့ဒ္နာက မိခင္ျဖစ္သူဟာ သူ႔အတြက္ေတာ့ ကိုးကြယ္ရာတစ္​ခုပါပဲလို႔ ေျပာပါတယ္။

“အထီးက်န္ျဖတ္သန္းရတဲ့ ေန႔ေတြတိုင္းမွာ အ႐ိုးခံမိခင္ေတြထဲက တစ္​ေယာက္ျဖစ္တဲ့ က်ေနာ့္အေမဟာ အၿမဲေျပာေလ့ရွိတယ္ဗ်။ ‘သား။ မင္းလုပ္ခ်င္တာကို လုပ္ႏိုင္ပါတယ္။ မင္းအလိုရွိရာ ဘာမဆိုေပါ့’ ဆိုတဲ့ စကားကိုေလ။ က်ေနာ္ယံုၾကည္ခဲ့ပါတယ္။ ဒါကို ရာႏႈန္းျပည့္ က်ေနာ္မွတ္သားခဲ့ပါတယ္။”
ကေလးဘ၀တစ္​ရက္မွာ ႐ုပ္သံအစီအစဥ္တစ္​ခုက လာေနတဲ့ ေကာလိပ္ဘတ္စကက္ေဘာပြဲတစ္​ခုကို ၾကည့္ေနတုန္း ဂါ့ဒ္နာက သူတို႔ကစားသမားေတြထဲက တစ္​ေယာက္ ျဖစ္မယ္ဆိုရင္ ေဒၚလာသန္းနဲ႔ခ်ီရမွာပဲလို႔ မွတ္ခ်က္ေပးမိခဲ့တယ္လို႔ ေျပာပါတယ္။

အဲဒီအခ်ိန္မွာ သူ႔ရဲ႕မိခင္ျဖစ္သူက -ငါ့သားရယ္။ တစ္​ေန႔မွာ မင္းလည္း ေဒၚလာေတြ သန္းနဲ႔ခ်ီ ရွာႏိုင္ပါလိမ့္မယ္”
လို႔ အားေပးခဲ့ဖူးတယ္လို႔ ေျပာပါတယ္။

အခြင့္အလမ္းတို႔ ႀကံဳႀကိဳက္ခ်ိန္သန္းခ်ီတဲ့ေဒၚလာေတြ ရရွိတယ္ဆိုတာ ခ်က္ခ်င္းေရာက္လာတာမ်ိဳး မဟုတ္ပါဘူး။
ဂါ့ဒ္နာဟာ အထက္တန္းေက်ာင္းၿပီးဆံုးခ်ိန္မွာ အေမရိကန္ေရတပ္ထဲကို ၀င္ေရာက္ခဲ့ကာ ၄ ႏွစ္ တာ၀န္ထမ္းေဆာင္ခဲ့ပါေသးတယ္။
အဲဒီေနာက္ေတာ့ ၁၉၇၄ ခုႏွစ္မွာ ႏုတ္ထြက္ခြင့္ရခဲ့ၿပီးေနာက္ ဆန္ဖရန္စစၥကိုၿမိဳ႕မွာ ေဆး၀ါးဆိုင္ရာပစၥည္းေတြ ေရာင္းခ်တဲ့အလုပ္နဲ႔ အသက္ေမြးခဲ့ပါတယ္။

အဲဒီအခ်ိန္မွာပဲ သူ႔ရဲ႕ဘ၀ဟာ တဆစ္ခ်ိဳးေျပာင္းလဲဖို႔ အစျပဳခဲ့ျပန္ပါတယ္။
တေန႔မွာ အနီေရာင္ Ferrari ကားတစီးနဲ႔ လူတစ္​ေယာက္ကုိ ကားရပ္နားတဲ့ ေနရာတစ္​ခုအနီးမွာ ျမင္ခဲ့ရပါတယ္။
ဂါ့ဒ္နာဟာ သူ႔ရဲ႕ရပ္တည္ေနထိုင္မႈကို ေမးၾကည့္လိုက္ခ်ိန္မွာ သူက စေတာ့ရွယ္ယာ အေရာင္းအ၀ယ္လုပ္သူမွန္း သိခဲ့ရတယ္လို႔ ဆိုပါတယ္။

အဲဒီအမ်ိဳးသားဟာ ေဘာ့ဘ္ဘရစ္ခ်္လို႔ အမည္ရတဲ့ စေတာ့အေရာင္းအ၀ယ္ျပဳလုပ္သူျဖစ္ကာ ေနာက္တစ္​ႀကိမ္ ေတြ႕ဆံုခဲ့ၾကခ်ိန္မွာ စိတ္၀င္စားေနတဲ့ ဂါ့ဒ္နာကို ဒီလုပ္ငန္းခြင္ထဲကို ေရာက္လာေစဖို႔ အကူအညီေတြ ေပးခဲ့တာပါ။သူ႔ရဲ႕ ျဖစ္ခ်စ္စိတ္နဲ႔ စိတ္အားထက္သန္မႈေတြဟာ အလုပ္တစ္​ခုကို ရရွိေအာင္ျမင္ေစဖို႔ တြန္းအားေတြ ျဖစ္ခဲ့ရတာပါ။

ဘ၀ကို ျပန္လည္သံုးသပ္မိခ်ိန္

ဂါ့ဒ္နာရဲ႕ ကိုယ္တိုင္ေရး အတၳဳပၸတၱိ႐ုပ္ရွင္ ထြက္ရွိခဲ့ၿပီး ၆ ႏွစ္အၾကာမွာေတာ့ သူ႔ဘ၀ဟာ တဆစ္ခ်ိဳး ေျပာင္းလဲခဲ့ျပန္ပါတယ္။

၂၀၁၂ ခုႏွစ္မွာ အသက္ ၅၅ ႏွစ္အရြယ္ရွိေနၿပီျဖစ္တဲ့ ဇနီးျဖစ္သူ ကြယ္လြန္သြားခဲ့လို႔ပါပဲ။
သူဟာ ဘ၀ရဲ႕ လက္က်န္အခ်ိန္ေတြမွာ ဘယ္လိုရပ္တည္ရွင္သန္မလဲ ဆိုတာကို ျပန္ေျပာင္း သံုးသပ္ခဲ့ရတယ္လို႔ ဂါ့ဒ္နာက ေျပာပါတယ္။
က်ေနာ့္ဇနီးနဲ႔ ေနာက္ဆံုး စကားေျပာခဲ့တုန္းက သူေျပာခဲ့တာရွိပါတယ္။ ေနာက္ဆံုးအခ်ိန္မွာ ျဖတ္သန္းဖို႔ ဘာေတြလုပ္မလဲဆိုတာပါ။ မင္းမွာ ျပင္းျပတဲ့ စိတ္အားထက္သန္မႈ မရွိခဲ့ရင္ တစ္​ေယာက္တည္း အထီးက်န္ျဖတ္သန္းရတဲ့အခါမွာ မင္းကိုယ္ကိုပဲ အေပးအယူ လုပ္ရလိမ့္မယ္လို႔ က်ေနာ္က ေျပာခဲ့ပါတယ္။”ခုခ်ိန္မွာေတာ့ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ ဘဏ္လုပ္ငန္းေတြမွာ လုပ္ကိုင္လိုစိတ္မရွိေတာ့တဲ့ ဂါ့ဒ္နာဟာ စာေရးဆရာတစ္​ေယာက္အျဖစ္၊ စိတ္ဓာတ္ခြန္အားျမႇင့္တင္ေရး ေဟာၾကားသူတစ္​ေယာက္အျဖစ္ ကိုယ့္ကိုယ္ကိုယ္ ျပန္လည္တီထြင္ခဲ့ပါၿပီ။

အံ့ၾသေလာက္ဖြယ္ သက္ေသ

ဂါ့ဒ္နာဟာ တစ္​ႏွစ္မွာ ရက္ေပါင္း ၂၀၀ ေလာက္ ကမၻာ့ႏိုင္ငံ ၅၀ ေလာက္ကို ခရီးထြက္ၿပီး ပရိသတ္ေတြကို ေဟာေျပာကာ စိတ္ဓာတ္ခြန္အား ျမႇင့္တင္ေပးသူတစ္​ဦး ျဖစ္လာခဲ့ပါတယ္။ေမာနင္းစတား ရင္းႏွီးျမဳႇပ္ႏွံမႈလုပ္ငန္းမွ ဒါ႐ုိက္တာ စေကာ့တ္ဘန္းစ္က -သူဟာ အံ့ၾသေလာက္ဖြယ္ ႀကံ့ႀကံ့ခိုင္ႏိုင္တဲ့ ဇြဲလံု႔လရဲ႕ သက္ေသခံတစ္​ခုပါပဲ”လို႔ ေျပာပါတယ္။

ဂါ့ဒ္နာက -ငယ္ဘ၀မွာ ႀကီးျပင္းခဲ့တဲ့ ၀န္းက်င္အတိုင္း က်ေနာ္တို႔အားလံုးဟာ ထုတ္ကုန္ေတြသဖြယ္ ျဖစ္ၾကတယ္”
ဆိုတဲ့ အဆိုကို မမွန္ကန္ေၾကာင္း သက္ေသျပႏိုင္ခဲ့သူပါပဲ။

တကယ္သာ အဲဒီလိုျဖစ္ရေၾကးဆိုရင္ က်ေနာ္ဟာ အရက္သမားတစ္​ဦးအျဖစ္ မိန္းမကို ႐ုိက္ႏွက္ဆဲဆိုၿပီး ပညာမဲ့ အ႐ႈံးသမားတစ္​ဦးပဲ ျဖစ္လာသင့္တာေပါ့”
လို႔ သူက ေျပာပါတယ္။
ခုလိုအျပဳသေဘာေဆာင္တဲ့ ေရြးခ်ယ္ဆံုးျဖတ္ႏိုင္ခဲ့မႈေတြ အတြက္ေတာ့ မိခင္ အပါအ၀င္ တျခားပတ္သက္ခဲ့ဖူးသူေတြကိုပါ ေက်းဇူးတင္တယ္လို႔ ဂါ့ဒ္နာက ေျပာပါတယ္။

(ဘီဘီစီသတင္းဌာနမွ စီးပြားေရး သတင္းေထာက္ ေဒ့ဗ္ေဂၚဒြန္၏ ေဆာင္းပါးကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုေဖာ္ျပသည္။)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB News


#Unicode Version#

အများသုံး ရေအိမ်ကြမ်းပြင်တခုပေါ်မှာ သားဖြစ်သူနဲ့အတူ အိပ်စက်ခဲ့ဖူးတဲ့ ခရစ္စဂါ့ဒ်နာဟာ သူ့ရဲ့ ဘဝဇာတ်ကြောင်းကို ဟောလိဝုဒ်ရုပ်ရှင်တစ်ခုမှာ ရိုက်ကူးပုံဖော်ခွင့်ရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးခဲ့ပါဘူး။
၁၉၈၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာ သူဟာ အသက် ၂၇ နှစ်အရွယ်သာ ရှိသေးပြီး လမ်းလျှောက်တတ်စ သားငယ်နဲ့ ဆန်ဖရန်စစ္စကိုမြို့မှာ အိမ်ခြေယာမဲ့ဘဝနဲ့ တစ်နှစ်လောက် နေထိုင်ခဲ့ရဖူးပါတယ်။

သူဟာ ကုမ္ပဏီတစ်ခုမှာ ဝင်ငွေနိမ့် အလုပ်သင်တစ်ဦးအဖြစ် စတော့အရောင်းအဝယ် သင်ကြားရေး အစီအစဉ်တစ်ခုမှာ ပါဝင်ဖို့ အမည်စာရင်းသွင်းခံခဲ့ရချိန်မှာ နေထိုင်ဖို့ အိမ်တစ်လုံးအတွက် အာမခံအပ်ငွေစာရင်းမြှင့်တင်ဖို့တောင် မလုံလောက်ခဲ့ပါဘူး။
အဲဒီထက် ပိုဆိုးတာတွေက သူဟာ ရထားဘူတာရုံတစ်ခုတွင်းက ရေအိမ်ထဲမှာ၊ ပန်းခြံတွေ၊ ဘုရားကျောင်းအမိုးအောက်၊ အလုပ်ခုံစားပွဲအောက်တွေမှာ ကြုံသလို နေထိုင်ခဲ့ရတာပါပဲ။

စွပ်ပြုတ်ရည်သောက်ပြီး နေထိုင်ကာ အလုပ်လုပ်လို့ရလာတဲ့ နည်းပါးလှတဲ့ ဝင်ငွေကို သားဖြစ်သူရဲ့ နေ့ကလေးထိန်းကျောင်းအတွက် အသုံးပြုခဲ့ရတာပါ။
ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ပါစေ၊ သူကတော့ အလုပ်ကို မနားမနေ ကြိုးပမ်းခဲ့တာပါ။
ဒီအကျိုးဆက်ကတော့ အလုပ်သင်ကာလပြီးဆုံးချိန်မှာ သူ့ကို အမေရိကန်အခြေစိုက် Dean Witter Reynolds (DWR) စတော့ရှယ်ယာရောင်းဝယ်ရေး ကုမ္ပဏီကြီးက အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်လိုက်တာပါပဲ။

နောက်ဆုံးမှာတော့ သူဟာ သားငယ်နဲ့အတူ ကိုယ်ပိုင်အိမ်တစ်လုံး ငှားရမ်းနေထိုင်နိုင်ခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ ဖြတ်သန်းမှုဘဝဟာ တရှိန်ထိုးပဲ ပြောင်းလဲသွားခဲ့ပါပြီ။၁၉၈၇ ခုနှစ်မှာတော့ သူ့ရဲ့ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Gardner Rich လုပ်ငန်းကို စတင်ဖွင့်လှစ်နိုင်ခဲ့တာပါ။

ဟောလိဝုဒ်ရောက် ဂါ့ဒ်နာ့ဇာတ်ကြောင်း

လက်ရှိ အသက် ၆၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ခရစ္စဂါ့ဒ်နာမှာ ပိုင်ဆိုင်မှုတန်ဖိုး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၆၀ (ပေါင် ၄၆ သန်း) ရှိနေပြီး ကမ္ဘာတလွှား စိတ်ဓာတ်ခွန်အားမြှင့်တင်ရေး ဟောကြားသူတစ်ဦးအဖြစ် လုပ်ဆောင်နေကာ အိမ်ခြေယာမဲ့တွေနဲ့ အမျိုးသမီးတွေ အကြမ်းဖက်မှုဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ဆောင်ရွက်နေပါပြီ။

Dean Witter Reynolds (DWR) စတော့ရှယ်ယာရောင်းဝယ်ရေးကုမ္ပဏီမှာ အလုပ်သင်အဖြစ် မလုပ်ခင်ကာလက ဂါ့ဒ်နာမှာ ငယ်ဘဝဖြတ်သန်းမှု အခက်အခဲပြဿနာပေါင်း များစွာရှိခဲ့ပြီး ထောင်ကျခဲ့ဖူးတဲ့ နေ့ရက်တွေကိုတောင် ဖြတ်သန်းခဲ့ရဖူးတာပါ။

သူ့ဘဝရဲ့ ဖြတ်သန်းမှုအတွေ့အကြုံတွေကို The Persuit of Happyness အမည်နဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအဖြစ် ရေးသားထုတ်ဝေခဲ့ချိန်မှာ ဒါဟာ အရောင်းရဆုံး စာအုပ်တစ်အုပ် ဖြစ်လာခဲ့ပါတယ်။

ဒီစာအုပ်ကို အခြေတည်ပြီး ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကိုလည်း စာအုပ်နာမည်အတိုင်း ရိုက်ကူးခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ပြသခဲ့ရာမှာ သူ့နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် ဝီလ်စမစ်သ်ဟာ အော်စကာဆုစာရင်းမှာ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်း ဝင်ခဲ့ပါတယ်။

ဘီဘီစီရုပ်သံဌာနနဲ့ အင်တာဗျူးတစ်ခုမှာတော့ ဂါ့ဒ်နာက -

ကျနော် ဘာကိုမှ ပြောင်းလဲလိမ့်မှာ မဟုတ်ပါဘူး။ ငယ်ဘဝနာကျင်မှုတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ကျနော့်အဖို့ ၅ နှစ်အရွယ်မှာကတည်းက ကျနော့်ကလေးတွေရလာရင် သူတို့ရဲ့အဖေဟာ ဘယ်သူဖြစ်တယ်ဆိုတာကို သိစေချင်တာတစ်ခုပါပဲ။ ကျနော့်ရဲ့ ဘဝလက်ကျန်အချိန်တွေကတော့ ကံတရားအတိုင်းပါပဲ။ ဘာလို့လဲဆိုတော့ ကျနော်ဟာ မှန်ကန်တဲ့ ရွေးချယ်မှုတွေကို လုပ်ခဲ့လို့ပါပဲ”လို့ ဖြေခဲ့ပါတယ်။

အားကျအတုယူဖွယ် မိခင်

ဂါ့ဒ်နာကို ဝစ္စကွန်ဆင်ပြည်နယ်၊ မီလ်ဝေါ့ကီမြို့မှာ မွေးဖွားခဲ့ပြီး ဖခင်ဟာ ဘယ်သူဖြစ်တယ်ဆိုတာတောင် သိခွင့်မရခဲ့သူပါ။
သိတတ်တဲ့အရွယ်မှာတော့ မိခင်ဖြစ်သူ ဘက်တီဂျီးန်နဲ့ ရုပ်ပိုင်းဆိုင်ရာအရ နှိပ်စက်ညှဉ်းပန်းတဲ့ ပထွေးဖြစ်သူ အရက်ကျေးကျွန်တစ်ဦးနဲ့အတူ ဘဝထဲကို ဆင်းရဲပင်ပန်းစွာ ဖြတ်သန်းခဲ့ရတာပါ။မိခင်ဖြစ်သူဟာ သူ့အဖော်ကိုသတ်ဖို့ မကြိုးစားခင်အချိန်ထိတော့ သူဟာ ကယ်တင်ခြင်းခံရတဲ့ အိမ်ထဲမှာ အချိန်တွေ ကုန်ဆုံးခဲ့ဖူးပါတယ်။ဒီလောက်ဆိုးဝါးပြင်းထန်လှတဲ့ အခက်အခဲတွေ ရှိနေပေမယ့်လည်း ဂါ့ဒ်နာက မိခင်ဖြစ်သူဟာ သူ့အတွက်တော့ ကိုးကွယ်ရာတစ်ခုပါပဲလို့ ပြောပါတယ်။

“အထီးကျန်ဖြတ်သန်းရတဲ့ နေ့တွေတိုင်းမှာ အရိုးခံမိခင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ကျနော့်အမေဟာ အမြဲပြောလေ့ရှိတယ်ဗျ။ ‘သား။ မင်းလုပ်ချင်တာကို လုပ်နိုင်ပါတယ်။ မင်းအလိုရှိရာ ဘာမဆိုပေါ့’ ဆိုတဲ့ စကားကိုလေ။ ကျနော်ယုံကြည်ခဲ့ပါတယ်။ ဒါကို ရာနှုန်းပြည့် ကျနော်မှတ်သားခဲ့ပါတယ်။”
ကလေးဘဝတစ်ရက်မှာ ရုပ်သံအစီအစဉ်တစ်ခုက လာနေတဲ့ ကောလိပ်ဘတ်စကက်ဘောပွဲတစ်ခုကို ကြည့်နေတုန်း ဂါ့ဒ်နာက သူတို့ကစားသမားတွေထဲက တစ်ယောက် ဖြစ်မယ်ဆိုရင် ဒေါ်လာသန်းနဲ့ချီရမှာပဲလို့ မှတ်ချက်ပေးမိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီအချိန်မှာ သူ့ရဲ့မိခင်ဖြစ်သူက -ငါ့သားရယ်။ တစ်နေ့မှာ မင်းလည်း ဒေါ်လာတွေ သန်းနဲ့ချီ ရှာနိုင်ပါလိမ့်မယ်”
လို့ အားပေးခဲ့ဖူးတယ်လို့ ပြောပါတယ်။

အခွင့်အလမ်းတို့ ကြုံကြိုက်ချိန်သန်းချီတဲ့ဒေါ်လာတွေ ရရှိတယ်ဆိုတာ ချက်ချင်းရောက်လာတာမျိုး မဟုတ်ပါဘူး။
ဂါ့ဒ်နာဟာ အထက်တန်းကျောင်းပြီးဆုံးချိန်မှာ အမေရိကန်ရေတပ်ထဲကို ဝင်ရောက်ခဲ့ကာ ၄ နှစ် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။
အဲဒီနောက်တော့ ၁၉၇၄ ခုနှစ်မှာ နုတ်ထွက်ခွင့်ရခဲ့ပြီးနောက် ဆန်ဖရန်စစ္စကိုမြို့မှာ ဆေးဝါးဆိုင်ရာပစ္စည်းတွေ ရောင်းချတဲ့အလုပ်နဲ့ အသက်မွေးခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ သူ့ရဲ့ဘဝဟာ တဆစ်ချိုးပြောင်းလဲဖို့ အစပြုခဲ့ပြန်ပါတယ်။
တနေ့မှာ အနီရောင် Ferrari ကားတစီးနဲ့ လူတစ်ယောက်ကို ကားရပ်နားတဲ့ နေရာတစ်ခုအနီးမှာ မြင်ခဲ့ရပါတယ်။
ဂါ့ဒ်နာဟာ သူ့ရဲ့ရပ်တည်နေထိုင်မှုကို မေးကြည့်လိုက်ချိန်မှာ သူက စတော့ရှယ်ယာ အရောင်းအဝယ်လုပ်သူမှန်း သိခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီအမျိုးသားဟာ ဘော့ဘ်ဘရစ်ချ်လို့ အမည်ရတဲ့ စတော့အရောင်းအဝယ်ပြုလုပ်သူဖြစ်ကာ နောက်တစ်ကြိမ် တွေ့ဆုံခဲ့ကြချိန်မှာ စိတ်ဝင်စားနေတဲ့ ဂါ့ဒ်နာကို ဒီလုပ်ငန်းခွင်ထဲကို ရောက်လာစေဖို့ အကူအညီတွေ ပေးခဲ့တာပါ။သူ့ရဲ့ ဖြစ်ချစ်စိတ်နဲ့ စိတ်အားထက်သန်မှုတွေဟာ အလုပ်တစ်ခုကို ရရှိအောင်မြင်စေဖို့ တွန်းအားတွေ ဖြစ်ခဲ့ရတာပါ။

ဘဝကို ပြန်လည်သုံးသပ်မိချိန်

ဂါ့ဒ်နာရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိရုပ်ရှင် ထွက်ရှိခဲ့ပြီး ၆ နှစ်အကြာမှာတော့ သူ့ဘဝဟာ တဆစ်ချိုး ပြောင်းလဲခဲ့ပြန်ပါတယ်။

၂၀၁၂ ခုနှစ်မှာ အသက် ၅၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဇနီးဖြစ်သူ ကွယ်လွန်သွားခဲ့လို့ပါပဲ။
သူဟာ ဘဝရဲ့ လက်ကျန်အချိန်တွေမှာ ဘယ်လိုရပ်တည်ရှင်သန်မလဲ ဆိုတာကို ပြန်ပြောင်း သုံးသပ်ခဲ့ရတယ်လို့ ဂါ့ဒ်နာက ပြောပါတယ်။
ကျနော့်ဇနီးနဲ့ နောက်ဆုံး စကားပြောခဲ့တုန်းက သူပြောခဲ့တာရှိပါတယ်။ နောက်ဆုံးအချိန်မှာ ဖြတ်သန်းဖို့ ဘာတွေလုပ်မလဲဆိုတာပါ။ မင်းမှာ ပြင်းပြတဲ့ စိတ်အားထက်သန်မှု မရှိခဲ့ရင် တစ်ယောက်တည်း အထီးကျန်ဖြတ်သန်းရတဲ့အခါမှာ မင်းကိုယ်ကိုပဲ အပေးအယူ လုပ်ရလိမ့်မယ်လို့ ကျနော်က ပြောခဲ့ပါတယ်။”ခုချိန်မှာတော့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘဏ်လုပ်ငန်းတွေမှာ လုပ်ကိုင်လိုစိတ်မရှိတော့တဲ့ ဂါ့ဒ်နာဟာ စာရေးဆရာတစ်ယောက်အဖြစ်၊ စိတ်ဓာတ်ခွန်အားမြှင့်တင်ရေး ဟောကြားသူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပြန်လည်တီထွင်ခဲ့ပါပြီ။

အံ့သြလောက်ဖွယ် သက်သေ

ဂါ့ဒ်နာဟာ တစ်နှစ်မှာ ရက်ပေါင်း ၂၀၀ လောက် ကမ္ဘာ့နိုင်ငံ ၅၀ လောက်ကို ခရီးထွက်ပြီး ပရိသတ်တွေကို ဟောပြောကာ စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။မောနင်းစတား ရင်းနှီးမြုှပ်နှံမှုလုပ်ငန်းမှ ဒါရိုက်တာ စကော့တ်ဘန်းစ်က -သူဟာ အံ့သြလောက်ဖွယ် ကြံ့ကြံ့ခိုင်နိုင်တဲ့ ဇွဲလုံ့လရဲ့ သက်သေခံတစ်ခုပါပဲ”လို့ ပြောပါတယ်။

ဂါ့ဒ်နာက -ငယ်ဘဝမှာ ကြီးပြင်းခဲ့တဲ့ ဝန်းကျင်အတိုင်း ကျနော်တို့အားလုံးဟာ ထုတ်ကုန်တွေသဖွယ် ဖြစ်ကြတယ်”
ဆိုတဲ့ အဆိုကို မမှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သူပါပဲ။

တကယ်သာ အဲဒီလိုဖြစ်ရကြေးဆိုရင် ကျနော်ဟာ အရက်သမားတစ်ဦးအဖြစ် မိန်းမကို ရိုက်နှက်ဆဲဆိုပြီး ပညာမဲ့ အရှုံးသမားတစ်ဦးပဲ ဖြစ်လာသင့်တာပေါ့”
လို့ သူက ပြောပါတယ်။
ခုလိုအပြုသဘောဆောင်တဲ့ ရွေးချယ်ဆုံးဖြတ်နိုင်ခဲ့မှုတွေ အတွက်တော့ မိခင် အပါအဝင် တခြားပတ်သက်ခဲ့ဖူးသူတွေကိုပါ ကျေးဇူးတင်တယ်လို့ ဂါ့ဒ်နာက ပြောပါတယ်။

(ဘီဘီစီသတင်းဌာနမှ စီးပွားရေး သတင်းထောက် ဒေ့ဗ်ဂေါ်ဒွန်၏ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြသည်။)

Credit : DVB News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top