ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×














ဖိုးသူတော် (www.phothutaw.com)
Credit: The Trend


#Unicode Version#

အတွဲတွေ အိမ်ထောင်ရေးတွေမှာ အရေးအကြီးဆုံးကတစ်ယောက်နဲ့တစ်ယောက် တစ်နေ့ထက်တစ်နေ့ပိုချစ်လာဖို့ပါပဲ။ အတွဲတွေက ကြာရင် ရိုးသွားတယ်ဆိုတာ တစ်ချို့တွေအတွက်တော့မှန်ပင်မဲ့ တစ်ယောက်နဲ့တစ်ယောက်စစ်မှန်တဲ့ချစ်ခြင်းမေတ္တာနဲ့စတင်ခဲ့ပြီး အခုချိန်ထိ ချစ်ခြင်းမေတ္တာတရားတွေစစ်မှန်နေတဲ့သူတွေဟာ ရိုးဖို့တောင်တွေးမိမယ်မထင်ပါဘူး။ အနည်းငယ်တော့ အနေအေးရင်အေးမယ် ချစ်ခြင်းမေတ္တာတွေကတော့ပေါ့သွားတယ်လျော့သွားတယ်ရယ်မရှိနိုင်ပါဘူး။ ဆိုတော့ မင်းတို့ အတွဲဟာ စတွဲတုန်းကထက် အချိန်တွေကြာလေရက်တွေကြာ နှစ်တွေကြာလေ ပိုလို့ ချစ်လာကြပြီးခိုင်မြဲလာကြတယ်ဆိုတာ ဘယ်အရာတွေကပြနေလဲ…


(၁) တစ်ယောက်ကိုတစ်ယောက်သည်းခံတတ်လာတယ်

တစ်ယောက်နဲ့တစ်ယောက်အစပိုင်းတုန်းကသည်းခံဖို့ကို အောက်ကျတယ်ထင်ချင်ထင်လိမ့်မယ်။ ကြာတော့လည်း သည်းခံတယ်ဆိုတာ လေးကိုမပြောရပဲနဲ့ကို လုပ်လာတတ်ကြတယ်။

(၂) အရင်ကထက်ပိုပြီး နားလည်မှုပေးတယ်

အရင်ကထက်ပိုပြီးတစ်ယောက်ကိုတစ်ယောက်နားလည်မှုပေးရင်း ရှင်သန်ကြတယ်။ တစ်ဇွက်ထိုး တစ်ဇောက်ကမ်းတွေမလုပ်တတ်ကြတော့ဘူး။

(၃) ပိုပြီးစိတ်ပူလာတတ်တယ်

အရင်ကထက်ပိုပြီးစိတ်ပူတတ်လာကြတယ်။ တစ်ယောက်အတွက်တစ်ယောက်ကသိပ်ကိုအရေးပါတတ်ကြတာကို…

(၄) တစ်ယောက်ရဲ့ပျော်ရွှင်မှုကိုတစ်ယောက်ဦးစားပေးတယ်

တစ်ယောက်ရဲ့ပျော်ရွှင်မှုကို တစ်ယောက်ပိုပြီးဦးစားပေးတွေးတတ်လာတယ်။ ကိုယ့်ချစ်သူစိတ်ချမ်းသာဖို့ အဆင်ပြေဖို့ကိုပိုပြီးကြည့်တတ်လာကြတယ်။

(၅) မင်းကလွဲပြီးတစ်ခြားသူဆိုတာမစဉ်းစားမိဘူး

အချိန်ကြာလို့ ရိုးအီတယ်ဆိုတာ မစစ်မမှန်တဲ့သူတွေပါ။ မင်းအပေါ်တကယ်မေတ္တာရှိတဲ့သူဆိုတာ အချိန်ကြာလို့ အရင်လိုချစ်မပြတော့ပဲအနေအေးရင်တောင် သူ့ဘဝအတွက်မင်းမှမင်းပါပဲ။

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top