ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×



ရာသီဥတုက တဖန္ ေျပာင္းလဲလာခဲ့ပါၿပီ။ မိုးကုန္လို႔ ေဆာင္းကို ေသေသခ်ာခ်ာ ေရာက္လာတဲ့အခါ အရမ္းေအးတဲ့ ႏိုင္ငံေတြမွာ ရာသီဥတု အေျခအေန ဘယ္လိုရွိေနလဲဆိုတာ သိသင့္တဲ့အရာ မဟုတ္လား။

႐ုရွားႏိုင္ငံက ၿမိဳ႕ အခ်ိဳ႕မွာ အပူခ်ိန္က အႏႈတ္ ၇၀ ေက်ာ္ထိ ေရာက္ေလ့ ရွိတာေၾကာင့္ ၿမိဳ႕သူၿမိဳ႕သားေတြဟာ အလုပ္အကိုင္ေတြ အေတာ္ပ်က္ၾကတယ္လို႔ ဆိုပါတယ္။ အ႐ိုးခိုက္ေအာင္ ေအးေလ့ရွိတဲ့ ကမာၻအႏွံ႔က ၿမိဳ႕ေတြကို စာဖတ္သူေတြအတြက္ ေဖာ္ျပေပးခ်င္ပါတယ္။

(၁) Verkhoyansk (႐ုရွား)




႐ုရွားႏိုင္ငံက ဒီၿမိဳ႕ဟာ ေျမာက္ဝင္႐ိုးစြန္း အေအးဆုံးၿမိဳ႕မ်ား အသင္းဝင္ၿမိဳ႕တၿမိဳ႕ျဖစ္ပါတယ္။ ေဆာင္းရာသီမွာ အပူခ်ိန္ဟာ အႏႈတ္ ၉၀ ဒီဂရီဖာရင္ဟိုက္ ရွိတယ္လို႔ သိရပါတယ္။ ႏွစ္စဥ္ေအာက္တိုဘာလကေန ဧၿပီလအထိ အပူခ်ိန္ အႏႈတ္ ၉၀ ဒီဂရီဖာရင္ဟိုက္မွာ ရွိေနတတ္ပါတယ္။ ဒီအခ်ိန္ကို ေရာက္ရင္ အထူဆုံးဆိုတဲ့ သားေမႊးအေႏြးထည္ေတြနဲ႔ ေနရၿပီး ေဗာ့ကာလို႔ ေခၚတဲ့ ႐ုရွား အရက္ကို လက္က မခ်တမ္း ေသာက္ေလ့ ရွိၾကပါတယ္။ အပူခ်ိန္ အႏႈတ္ ၅၀ ဒီဂရီဖာရင္ဟိုက္အတြင္း ဆိုရင္ေတာ့ ေက်ာင္းေတြကို မပိတ္ေပးေသးဘူးလို႔လည္း သိရပါတယ္။

(၂) International Falls (အေမရိကန္)


အေမရိကန္ႏိုင္ငံ မင္နီဆိုးတားျပည္နယ္က International Falls ဆိုတဲ့ ၿမိဳ႕ဟာ ႐ုရွားႏိုင္ငံက ၿမိဳ႕ေတြေလာက္ မေအးဘူးလို႔ ေစာဒက တက္ႏိုင္ေပမယ့္ ဒီၿမိဳ႕က အေမရိကန္ျပည္ေထာင္စုမွာေတာ့ အေအးဆုံးၿမိဳ႕ျဖစ္ပါတယ္။ လူဦးေရ ၆ေထာင္ေက်ာ္ေနထိုင္တဲ့ ဒီၿမိဳ႕က နယ္စပ္ၿမိဳ႕ တခုလည္း ျဖစ္ပါတယ္။ ဒီၿမိဳ႕မွာ ေဆာင္းရာသီက ရွည္လ်ားၿပီး ေအးတဲ့ အခ်ိန္လည္း ၾကာျမင့္ပါတယ္။ ပွ်မ္းမွ် အပူခ်ိန္ အႏႈတ္ ၁၈ ဒီဂရီေလာက္ရွိၿပီး က်ဆင္းတဲ့ ႏွင္းထုက ၆၅ လက္မေလာက္ ရွိပါတယ္။

(၃) Hell (ေနာ္ေဝး)


Hell ဟာ ျမန္မာလို “ငရဲ”လို႔ အဓိပၸာယ္ ရပါတယ္။ Hell ၿမိဳ႕ဟာ အရမ္း ေအးလြန္းလို႔ Hell ၿမိဳ႕သားေတြက အခ်င္းခ်င္း ငရဲက ခဲေနၿပီလို႔ စေနာက္ေလ့ ရွိပါတယ္။ အေအးက ပွ်မ္းမွ် အႏႈတ္ ၅ ဒီဂရီသာ ရွိေပမယ့္ ေရခဲတာေတြ ရွိပါတယ္။ ၂၀၁၆ ခုႏွစ္ေနာက္ပိုင္းက စၿပီးခရီးသြားဝင္ေရာက္မႈ ျမင့္တက္လာတဲ့ ၿမိဳ႕တၿမိဳ႕ျဖစ္တယ္လို႔ သိရပါတယ္။ ခရီးသြားေတြက ၿမိဳ႕အဝင္ ရထားဘူတာမွာ ရွိတဲ့ ဆိုင္းဘုတ္နဲ႔ ဓာတ္ပုံ႐ိုက္ရတာကို အထူးႏွစ္သက္ၾကတယ္လို႔ သိရပါတယ္။

(၄) Snag (ကေနဒါ)




ဒီၿမိဳ႕ဟာ ကေနဒါမွာ အေအးဆုံးၿမိဳ႕ ျဖစ္ပါတယ္။ ဒါကို ဂုဏ္ယူတဲ့ အေနနဲ႔ အေအးဆုံးေနရာဆိုတဲ့ ဆိုင္းဘုတ္တခုကိုလည္း ေထာင္ထားပါေသးတယ္။ မွတ္သားထားတဲ့ အပူခ်ိန္အရ Snag ၿမိဳ႕မွာ အပူခ်ိန္ အႏႈတ္ ၈၇ ဒီဂရီဖာရင္ဟိုက္အထိ ရွိခဲ့ဖူးတယ္လို႔ သိရပါတယ္။ ဒီၿမိဳ႕မွာ ေဆာင္းတြင္းဟာ ေနထိုင္လို႔ အေကာင္းဆုံး ျဖစ္ပါတယ္။

(၅) Vostok Station



ကမာၻအေအးဆုံး ေနရာေတြမွာ လူသားေတြ အတည္တက် ေနထိုင္ျခင္း မရွိေပမယ့္ သုေသသနျပဳလုပ္သူေတြကေတာ့ ေနထိုင္ၾကပါတယ္။ ဒီ Station မွာ ပုံမွန္အခ်ိန္ေတြမွာ ေနထိုင္သူ ၃၀ ဦးေလာက္ရွိေပမယ့္ ရာသီဥတု ဆိုးဝါးခ်ိန္မွာေတာ့ ၁၀ဦးေက်ာ္ပဲ ရွိပါတယ္။ အရမ္းေအးခ်ိန္ေတြမွာ ေရဘူးကေန အျပင္ကို ေရပက္ရင္ေတာင္ ေလထဲမွာတင္ ေရေတြ ခဲသြားတတ္တယ္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

ရာသီဥတုက တဖန် ပြောင်းလဲလာခဲ့ပါပြီ။ မိုးကုန်လို့ ဆောင်းကို သေသေချာချာ ရောက်လာတဲ့အခါ အရမ်းအေးတဲ့ နိုင်ငံတွေမှာ ရာသီဥတု အခြေအနေ ဘယ်လိုရှိနေလဲဆိုတာ သိသင့်တဲ့အရာ မဟုတ်လား။

ရုရှားနိုင်ငံက မြို့ အချို့မှာ အပူချိန်က အနှုတ် ၇၀ ကျော်ထိ ရောက်လေ့ ရှိတာကြောင့် မြို့သူမြို့သားတွေဟာ အလုပ်အကိုင်တွေ အတော်ပျက်ကြတယ်လို့ ဆိုပါတယ်။ အရိုးခိုက်အောင် အေးလေ့ရှိတဲ့ ကမ္ဘာအနှံ့က မြို့တွေကို စာဖတ်သူတွေအတွက် ဖော်ပြပေးချင်ပါတယ်။

(၁) Verkhoyansk (ရုရှား)

ရုရှားနိုင်ငံက ဒီမြို့ဟာ မြောက်ဝင်ရိုးစွန်း အအေးဆုံးမြို့များ အသင်းဝင်မြို့တမြို့ဖြစ်ပါတယ်။ ဆောင်းရာသီမှာ အပူချိန်ဟာ အနှုတ် ၉၀ ဒီဂရီဖာရင်ဟိုက် ရှိတယ်လို့ သိရပါတယ်။ နှစ်စဉ်အောက်တိုဘာလကနေ ဧပြီလအထိ အပူချိန် အနှုတ် ၉၀ ဒီဂရီဖာရင်ဟိုက်မှာ ရှိနေတတ်ပါတယ်။ ဒီအချိန်ကို ရောက်ရင် အထူဆုံးဆိုတဲ့ သားမွှေးအနွေးထည်တွေနဲ့ နေရပြီး ဗော့ကာလို့ ခေါ်တဲ့ ရုရှား အရက်ကို လက်က မချတမ်း သောက်လေ့ ရှိကြပါတယ်။ အပူချိန် အနှုတ် ၅၀ ဒီဂရီဖာရင်ဟိုက်အတွင်း ဆိုရင်တော့ ကျောင်းတွေကို မပိတ်ပေးသေးဘူးလို့လည်း သိရပါတယ်။

(၂) International Falls (အမေရိကန်)

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်က International Falls ဆိုတဲ့ မြို့ဟာ ရုရှားနိုင်ငံက မြို့တွေလောက် မအေးဘူးလို့ စောဒက တက်နိုင်ပေမယ့် ဒီမြို့က အမေရိကန်ပြည်ထောင်စုမှာတော့ အအေးဆုံးမြို့ဖြစ်ပါတယ်။ လူဦးရေ ၆ထောင်ကျော်နေထိုင်တဲ့ ဒီမြို့က နယ်စပ်မြို့ တခုလည်း ဖြစ်ပါတယ်။ ဒီမြို့မှာ ဆောင်းရာသီက ရှည်လျားပြီး အေးတဲ့ အချိန်လည်း ကြာမြင့်ပါတယ်။ ပျှမ်းမျှ အပူချိန် အနှုတ် ၁၈ ဒီဂရီလောက်ရှိပြီး ကျဆင်းတဲ့ နှင်းထုက ၆၅ လက်မလောက် ရှိပါတယ်။

(၃) Hell (နော်ဝေး)

Hell ဟာ မြန်မာလို “ငရဲ”လို့ အဓိပ္ပာယ် ရပါတယ်။ Hell မြို့ဟာ အရမ်း အေးလွန်းလို့ Hell မြို့သားတွေက အချင်းချင်း ငရဲက ခဲနေပြီလို့ စနောက်လေ့ ရှိပါတယ်။ အအေးက ပျှမ်းမျှ အနှုတ် ၅ ဒီဂရီသာ ရှိပေမယ့် ရေခဲတာတွေ ရှိပါတယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်းက စပြီးခရီးသွားဝင်ရောက်မှု မြင့်တက်လာတဲ့ မြို့တမြို့ဖြစ်တယ်လို့ သိရပါတယ်။ ခရီးသွားတွေက မြို့အဝင် ရထားဘူတာမှာ ရှိတဲ့ ဆိုင်းဘုတ်နဲ့ ဓာတ်ပုံရိုက်ရတာကို အထူးနှစ်သက်ကြတယ်လို့ သိရပါတယ်။

(၄) Snag (ကနေဒါ)

ဒီမြို့ဟာ ကနေဒါမှာ အအေးဆုံးမြို့ ဖြစ်ပါတယ်။ ဒါကို ဂုဏ်ယူတဲ့ အနေနဲ့ အအေးဆုံးနေရာဆိုတဲ့ ဆိုင်းဘုတ်တခုကိုလည်း ထောင်ထားပါသေးတယ်။ မှတ်သားထားတဲ့ အပူချိန်အရ Snag မြို့မှာ အပူချိန် အနှုတ် ၈၇ ဒီဂရီဖာရင်ဟိုက်အထိ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒီမြို့မှာ ဆောင်းတွင်းဟာ နေထိုင်လို့ အကောင်းဆုံး ဖြစ်ပါတယ်။

(၅) Vostok Station

ကမ္ဘာအအေးဆုံး နေရာတွေမှာ လူသားတွေ အတည်တကျ နေထိုင်ခြင်း မရှိပေမယ့် သုသေသနပြုလုပ်သူတွေကတော့ နေထိုင်ကြပါတယ်။ ဒီ Station မှာ ပုံမှန်အချိန်တွေမှာ နေထိုင်သူ ၃၀ ဦးလောက်ရှိပေမယ့် ရာသီဥတု ဆိုးဝါးချိန်မှာတော့ ၁၀ဦးကျော်ပဲ ရှိပါတယ်။ အရမ်းအေးချိန်တွေမှာ ရေဘူးကနေ အပြင်ကို ရေပက်ရင်တောင် လေထဲမှာတင် ရေတွေ ခဲသွားတတ်တယ်လို့ ဆိုပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top