(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ကိုယ္ကပဲ စၿပီးလမ္းခြဲလိုက္တာပဲျဖစ္ျဖစ္၊ ကိုယ္ကပဲ ထားခဲ့ခံရတာပဲျဖစ္ျဖစ္ လမ္းခြဲၿပီးေနာက္မွာေတာ့ ဘယ္ေလာက္နာက်င္ရလဲဆိုတာ မိန္းကေလးအခ်င္းခ်င္းသာ ခံစားသိၾကပါတယ္။ လမ္းခြဲၿပီးေနာက္ ခံစားခ်က္မတည္မၿငိမ္ျဖစ္ေနခ်ိန္မွာ ျပဳလုပ္လိုက္မိတဲ့ အမွားေတြေၾကာင့္ တစ္ခ်ိန္ခ်ိန္မွာ ေနာင္တရစရာေတြ ျဖစ္လာႏိုင္ပါတယ္။ လမ္းခြဲၿပီးေနာက္မွာ မိန္းကေလးအမ်ားစုျပဳလုပ္မိတဲ့ အမွားေလးေတြက ဘာေတြမ်ားျဖစ္မလဲ။

၁။ ရည္းစားေဟာင္းဆီသို႔ မၾကာခဏဖုန္းဆက္ျခင္း

လမ္းခြဲရျခင္းအေၾကာင္းအရင္းနဲ႔ အေျခအေနကို နားလည္ေအာင္ႀကိဳးစားေနၾကတဲ့ မိန္းကေလးေတြ အမ်ားစုျပဳလုပ္မိၾကတဲ့ အမွားပါ။ ဒီလိုျပဳလုပ္ျခင္းက ရည္းစားေဟာင္းအေပၚမွာ စိတ္မျပတ္ႏိုင္ဘဲ တြယ္ကပ္ေနတဲ့ပံု၊ သူ႔ကိုလိုက္ေႏွာင့္ယွက္ေနတဲ့ပံု ေပၚေစပါတယ္။

၂။ စိတ္လြတ္လိုက္ျခင္း

အသည္းကြဲလို႔ ခံစားရလည္း တစ္ရက္၊ ႏွစ္ရက္၊ တစ္ပတ္၊ ႏွစ္ပတ္ဆို လံုေလာက္ပါၿပီ။ အသည္းကြဲလို႔ စိတ္ထြက္ေပါက္ေပးတဲ့အေနနဲ႔ အစားေတြ အလြန္အကြ်ံစားမယ္၊ အရက္ေတြေသာက္မယ္၊ မျပင္မဆင္ေနမယ္ဆိုရင္ ကိုယ္ပဲ ထိခိုက္နစ္နာမွာပါ။

၃။ ရည္းစားေဟာင္းနဲ႔ ျမန္ျမန္ဆန္ဆန္ျပန္တြဲျခင္း

အထူးသျဖင့္ ကိုယ္ကအရင္လမ္းစခြဲတဲ့ မိန္းကေလးေတြ ျပဳလုပ္ေလ့ရွိပါတယ္။ လမ္းခြဲၿပီး တစ္ပတ္၊ ႏွစ္ပတ္အၾကာမွ ျပန္တြဲတာမ်ိဳးမလုပ္ဘဲ လမ္းခြဲရျခင္း အေၾကာင္းအရင္းကို အခ်ိန္ယူၿပီး စဥ္းစားဖို႔လိုပါတယ္။

၄။ ေနာက္ထပ္ရည္းစားထားရမွာ ေၾကာက္သြားျခင္း

ရည္းစားေဟာင္းေကာင္ေလးက ကိုယ့္အေပၚမွာ သစၥာေဖာက္သြားတာ၊ ကိုယ့္အေပၚမွာ မေကာင္းတာနဲ႔ပဲ တစ္ေလာကလံုးက ေယာက်ာ္းေတြက မေကာင္းဘူးဆိုတဲ့ အေတြးမေတြးလိုက္ပါနဲ႔။ ရည္းစားထားဖို႔ ေၾကာက္ရြံသြားျခင္းေၾကာင့္ မိမိအေပၚေကာင္းမဲ့သူနဲ႔ မဆံုဆည္းရေတာ့ဘဲ အခ်စ္စစ္နဲ႔ေဝးကြာသြားပါလိမ့္မယ္။

၅။ ေနာက္တစ္ေယာက္ ျမန္ျမန္ဆန္ဆန္တြဲတာ

ဒီအခ်က္ကေတာ့ ခုနက အခ်က္ေလးနဲ႔ ဆန္႔က်င္ဘက္ေပါ့။ လမ္းခြဲၿပီးေနာက္ နာက်င္ခံစားရတဲ့ အသည္းကြဲေဝဒနာကို ေမ့ေပ်ာက္ဖို႔အတြက္ အျခားတစ္ေယာက္ျမန္ျမန္ဆန္ဆန္တြဲလိုက္ျခင္းက သင့္အတြက္ေရာ အျခားတစ္ေယာက္အတြက္ပါ ပိုၿပီး နာက်င္ခံစားရမွာပါ။ ဒါ့ေၾကာင့္ လမ္းခြဲၿပီးေနာက္မွာ ေနာက္တစ္ဖန္ျပန္လည္တည္ေဆာက္မဲ့ အခ်စ္ေရးမွာ ဘယ္လိုေပ်ာ္ရႊင္မႈမ်ိဳး လိုခ်င္သလဲဆိုတာ ေသခ်ာအခ်ိန္ယူစဥ္းစားလိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: My Style Myanmar


#Unicode Version#

ကိုယ်ကပဲ စပြီးလမ်းခွဲလိုက်တာပဲဖြစ်ဖြစ်၊ ကိုယ်ကပဲ ထားခဲ့ခံရတာပဲဖြစ်ဖြစ် လမ်းခွဲပြီးနောက်မှာတော့ ဘယ်လောက်နာကျင်ရလဲဆိုတာ မိန်းကလေးအချင်းချင်းသာ ခံစားသိကြပါတယ်။ လမ်းခွဲပြီးနောက် ခံစားချက်မတည်မငြိမ်ဖြစ်နေချိန်မှာ ပြုလုပ်လိုက်မိတဲ့ အမှားတွေကြောင့် တစ်ချိန်ချိန်မှာ နောင်တရစရာတွေ ဖြစ်လာနိုင်ပါတယ်။ လမ်းခွဲပြီးနောက်မှာ မိန်းကလေးအများစုပြုလုပ်မိတဲ့ အမှားလေးတွေက ဘာတွေများဖြစ်မလဲ။

၁။ ရည်းစားဟောင်းဆီသို့ မကြာခဏဖုန်းဆက်ခြင်း

လမ်းခွဲရခြင်းအကြောင်းအရင်းနဲ့ အခြေအနေကို နားလည်အောင်ကြိုးစားနေကြတဲ့ မိန်းကလေးတွေ အများစုပြုလုပ်မိကြတဲ့ အမှားပါ။ ဒီလိုပြုလုပ်ခြင်းက ရည်းစားဟောင်းအပေါ်မှာ စိတ်မပြတ်နိုင်ဘဲ တွယ်ကပ်နေတဲ့ပုံ၊ သူ့ကိုလိုက်နှောင့်ယှက်နေတဲ့ပုံ ပေါ်စေပါတယ်။

၂။ စိတ်လွတ်လိုက်ခြင်း

အသည်းကွဲလို့ ခံစားရလည်း တစ်ရက်၊ နှစ်ရက်၊ တစ်ပတ်၊ နှစ်ပတ်ဆို လုံလောက်ပါပြီ။ အသည်းကွဲလို့ စိတ်ထွက်ပေါက်ပေးတဲ့အနေနဲ့ အစားတွေ အလွန်အကျွံစားမယ်၊ အရက်တွေသောက်မယ်၊ မပြင်မဆင်နေမယ်ဆိုရင် ကိုယ်ပဲ ထိခိုက်နစ်နာမှာပါ။

၃။ ရည်းစားဟောင်းနဲ့ မြန်မြန်ဆန်ဆန်ပြန်တွဲခြင်း

အထူးသဖြင့် ကိုယ်ကအရင်လမ်းစခွဲတဲ့ မိန်းကလေးတွေ ပြုလုပ်လေ့ရှိပါတယ်။ လမ်းခွဲပြီး တစ်ပတ်၊ နှစ်ပတ်အကြာမှ ပြန်တွဲတာမျိုးမလုပ်ဘဲ လမ်းခွဲရခြင်း အကြောင်းအရင်းကို အချိန်ယူပြီး စဉ်းစားဖို့လိုပါတယ်။

၄။ နောက်ထပ်ရည်းစားထားရမှာ ကြောက်သွားခြင်း

ရည်းစားဟောင်းကောင်လေးက ကိုယ့်အပေါ်မှာ သစ္စာဖောက်သွားတာ၊ ကိုယ့်အပေါ်မှာ မကောင်းတာနဲ့ပဲ တစ်လောကလုံးက ယောကျာ်းတွေက မကောင်းဘူးဆိုတဲ့ အတွေးမတွေးလိုက်ပါနဲ့။ ရည်းစားထားဖို့ ကြောက်ရွံသွားခြင်းကြောင့် မိမိအပေါ်ကောင်းမဲ့သူနဲ့ မဆုံဆည်းရတော့ဘဲ အချစ်စစ်နဲ့ဝေးကွာသွားပါလိမ့်မယ်။

၅။ နောက်တစ်ယောက် မြန်မြန်ဆန်ဆန်တွဲတာ

ဒီအချက်ကတော့ ခုနက အချက်လေးနဲ့ ဆန့်ကျင်ဘက်ပေါ့။ လမ်းခွဲပြီးနောက် နာကျင်ခံစားရတဲ့ အသည်းကွဲဝေဒနာကို မေ့ပျောက်ဖို့အတွက် အခြားတစ်ယောက်မြန်မြန်ဆန်ဆန်တွဲလိုက်ခြင်းက သင့်အတွက်ရော အခြားတစ်ယောက်အတွက်ပါ ပိုပြီး နာကျင်ခံစားရမှာပါ။ ဒါ့ကြောင့် လမ်းခွဲပြီးနောက်မှာ နောက်တစ်ဖန်ပြန်လည်တည်ဆောက်မဲ့ အချစ်ရေးမှာ ဘယ်လိုပျော်ရွှင်မှုမျိုး လိုချင်သလဲဆိုတာ သေချာအချိန်ယူစဉ်းစားလိုက်ပါ။

Credit: My Style Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top