ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ခါးကုန္းျခင္း၊ လက္ျပင္ကိုင္းျခင္းနဲ႔ ကိုယ္ခႏၶာ balance မညီမွ်ျခင္းေၾကာင့္ ကိုယ္တျခမ္းေစာင္းျခင္းတို႔ကို ျဖစ္ေစႏိုင္တဲ့ အေၾကာင္းရင္းမ်ားစြာရွိၿပီး ကိုယ့္ရဲ႕ပံုပန္းသ႑ာန္ကို ဆိုးရြားေစသလို တစ္သက္လံုး အက်င့္ပါသြားေစပါတယ္။ ေကာင္းမြန္တဲ့ကိုယ္အေနအထား ရွိျခင္းဟာ သင့္ရဲ႕စိတ္ခံစားခ်က္ကို ေကာင္းမြန္ေစ႐ံုသာမက ၾကည့္ေကာင္းေစပါတယ္။ ဒီလို ကိုယ္အေနအထားမ်ိဳးကို ရရွိဖို႔ဆိုရင္ သင့္ရဲ႕ေနာက္ေက်ာကို ျပန္လည္သန္မာလာေစဖို႔အတြက္ အထူးေလ့က်င့္ခန္း တစ္မ်ိဳးမ်ိဳးကို ပံုမွန္ေလ့က်င့္ေပးဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ကိုယ္အေနအထား ပံုမက်မႈေၾကာင့္ စိတ္ညစ္ေနမယ့္အစား ယခုေျပာျပမယ့္ ေလ့က်င့္ခန္းသံုးမ်ိဳးကို ႀကိဳးစားၾကည့္ဖို႔ တိုက္တြန္းပါတယ္။

1. Superman hold exercise
ယခုေလ့က်င့္ခန္းဟာ ခႏၶာကိုယ္က တစ္႐ႈးမ်ားကို အေၾကာေျပေစၿပီး သင့္ရဲ႕ကိုယ္အေနအထားပံုစံကို ျပဳျပင္ေပးဖို႔ ကူညီေပးႏိုင္ပါတယ္။ သင့္ရဲ႕ကိုယ္အေနအထားနဲ႔ ခႏၶာကိုယ္ေပ်ာ့ေပ်ာင္းမႈကို တိုးျမွင့္ေစခ်င္ရင္ေတာ့ ယခုေလ့က်င့္ခန္းကို ပံုမွန္ျပဳလုပ္ေပးပါ။

2. Cobra Pose
ယခုေလ့က်င့္ခန္းဟာ သင့္ေနာက္ေက်ာၾကြက္သားေတြကို ပိုၿပီးသန္မာေစၿပီး ရင္အုပ္ၾကြက္သားေတြကို ဆန္႔ထုတ္ေပးႏိုင္သလို ခါးကုန္းမႈကိုလည္း ကာကြယ္ေပးပါတယ္။ ကိုယ္ခႏၶာေပ်ာ့ေျပာင္းမႈကို ျမွင့္တင္ဖို႔အတြက္ ယခုေလ့က်င့္ခန္းကို တစ္ရက္မွာ အႀကိမ္ေပါင္းမ်ားစြာ ျပဳလုပ္ေပးပါ။

3. Cat Pose
သင့္ရဲ႕ ကိုယ္အေနအထား ဖြံ႕ၿဖိဳးေစဖို႔အတြက္ ယခုေလ့က်င့္ခန္းကို လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။ ဒီေလ့က်င့္ခန္းဟာ ခါးကုန္းေနတဲ့ သူေတြကိုအျမန္ဆံုး ျပင္ဆင္ေပးႏိုင္တဲ့ အေကာင္းဆံုး ေလ့က်င့္ခန္းဆိုရင္လည္း မမွားပါဘူး။ ယခုေလ့က်င့္ခန္းကို မနက္တိုင္း ျပဳလုပ္ေပးျခင္းေၾကာင့္ သင့္ရဲ႕စိတ္ခံစားခ်က္ေတြကို ပိုမိုေပ်ာ္ရြင္လာေစသလို တစ္ေန႔လံုးအတြက္ စြမ္းအင္ေတြရရွိပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: LifeStyle


#Unicode Version#

ခါးကုန်းခြင်း၊ လက်ပြင်ကိုင်းခြင်းနဲ့ ကိုယ်ခန္ဓာ balance မညီမျှခြင်းကြောင့် ကိုယ်တခြမ်းစောင်းခြင်းတို့ကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများစွာရှိပြီး ကိုယ့်ရဲ့ပုံပန်းသဏ္ဍာန်ကို ဆိုးရွားစေသလို တစ်သက်လုံး အကျင့်ပါသွားစေပါတယ်။ ကောင်းမွန်တဲ့ကိုယ်အနေအထား ရှိခြင်းဟာ သင့်ရဲ့စိတ်ခံစားချက်ကို ကောင်းမွန်စေရုံသာမက ကြည့်ကောင်းစေပါတယ်။ ဒီလို ကိုယ်အနေအထားမျိုးကို ရရှိဖို့ဆိုရင် သင့်ရဲ့နောက်ကျောကို ပြန်လည်သန်မာလာစေဖို့အတွက် အထူးလေ့ကျင့်ခန်း တစ်မျိုးမျိုးကို ပုံမှန်လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ကိုယ်အနေအထား ပုံမကျမှုကြောင့် စိတ်ညစ်နေမယ့်အစား ယခုပြောပြမယ့် လေ့ကျင့်ခန်းသုံးမျိုးကို ကြိုးစားကြည့်ဖို့ တိုက်တွန်းပါတယ်။

1. Superman hold exercise
ယခုလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်က တစ်ရှုးများကို အကြောပြေစေပြီး သင့်ရဲ့ကိုယ်အနေအထားပုံစံကို ပြုပြင်ပေးဖို့ ကူညီပေးနိုင်ပါတယ်။ သင့်ရဲ့ကိုယ်အနေအထားနဲ့ ခန္ဓာကိုယ်ပျော့ပျောင်းမှုကို တိုးမြှင့်စေချင်ရင်တော့ ယခုလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးပါ။

2. Cobra Pose
ယခုလေ့ကျင့်ခန်းဟာ သင့်နောက်ကျောကြွက်သားတွေကို ပိုပြီးသန်မာစေပြီး ရင်အုပ်ကြွက်သားတွေကို ဆန့်ထုတ်ပေးနိုင်သလို ခါးကုန်းမှုကိုလည်း ကာကွယ်ပေးပါတယ်။ ကိုယ်ခန္ဓာပျော့ပြောင်းမှုကို မြှင့်တင်ဖို့အတွက် ယခုလေ့ကျင့်ခန်းကို တစ်ရက်မှာ အကြိမ်ပေါင်းများစွာ ပြုလုပ်ပေးပါ။

3. Cat Pose
သင့်ရဲ့ ကိုယ်အနေအထား ဖွံ့ဖြိုးစေဖို့အတွက် ယခုလေ့ကျင့်ခန်းကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ ခါးကုန်းနေတဲ့ သူတွေကိုအမြန်ဆုံး ပြင်ဆင်ပေးနိုင်တဲ့ အကောင်းဆုံး လေ့ကျင့်ခန်းဆိုရင်လည်း မမှားပါဘူး။ ယခုလေ့ကျင့်ခန်းကို မနက်တိုင်း ပြုလုပ်ပေးခြင်းကြောင့် သင့်ရဲ့စိတ်ခံစားချက်တွေကို ပိုမိုပျော်ရွင်လာစေသလို တစ်နေ့လုံးအတွက် စွမ်းအင်တွေရရှိပါလိမ့်မယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top