(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

မ်က္လုံးဟာလည္း လူတေယာက္ရဲ႕အလွကို ပုံေဖာ္တဲ့ေနရာမွာ အေရးပါတဲ့ အစိတ္အပိုင္းတခု ျဖစ္ပါတယ္။ သင့္မ်က္လုံးမွာ ျခယ္သထားတဲ့ အေရာင္ေပၚ မူတည္ၿပီး သင့္ရဲ႕႐ုပ္ရည္သြင္ျပင္ကို ေျပာင္းလဲသြားေစနိုင္ပါတယ္။

ဒါဆိုရင္ အခုမွ မိတ္ကပ္စလိမ္းတဲ့ သူေတြအတြက္ လြယ္ကူ ရိုးရွင္းၿပီး ေသသပ္လွပတဲ့မ်က္လုံးတစုံကို ပုံေဖာ္နိုင္မယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးသြားပါမယ္။

(၁) ေအာက္ခံကို ဂ႐ုစိုက္ပါ

မိတ္ကပ္လိမ္းတဲ့အခါ မ်က္ႏွာမွာ base ခံရသလိုပဲ မ်က္လုံးျခယ္တဲ့ အခါမွာလည္း base ခံဖို႔ လိုအပ္ပါတယ္။ ပထမဆုံးအေနနဲ႕ မ်က္လုံးတဝိုက္ကို သန႔္ရွင္းေအာင္ ထားပါ။ ၿပီးရင္ Moisturizer (သို႔မဟုတ္) Eye cream လိမ္းပါ။ အေပၚက Eye shadow အေရာင္ၾကာရွည္ခံဖို႔ Primer လိမ္းပါ။

တကယ္လို႔ သင္က မ်က္ကြင္းညိုတတ္တယ္ဆိုရင္ သင့္မ်က္လုံး အေရာင္နဲ႕ လိုက္ဖက္တဲ့ Concealer အေရာင္ကို Primer သုံးၿပီးတဲ့အခါ ျခယ္သေပးပါ။ Concealer ကို ဘရပ္ရွ္နဲ႕ျခယ္သၿပီး Translucent Powder နဲ႕ အုပ္ပါ။ ဒီလိုလုပ္ျခင္းက သင့္မ်က္လုံးက အေရာင္ မညီတာေတြကို ေလွ်ာ့ခ်ေပးၿပီး ပိုေကာင္းမြန္တဲ့ အေရာင္ ထြက္ေစပါလိမ့္မယ္။

(၂) အေရာင္ျခယ္မယ္

သင့္မ်က္ခြံ၊ မ်က္ရိုးနဲ႕ မ်က္ခုံးၾကားက ေထာင့္ေတြမွာ ဘယ္လိုျခယ္သရမလဲဆိုတာ သိရင္ေတာ့ ပိုအဆင္ေျပပါတယ္။ လူတေယာက္နဲ႕ တေယာက္ ပုံစံခ်င္း မတူတဲ့အတြက္ ကိုယ့္အားသာခ်က္ကို သိၿပီး ျခယ္သနိုင္ရင္ေတာ့ အေကာင္းဆုံးပါ။ မ်က္လုံးျခယ္ေတာ့မယ္ဆိုရင္ ဆိုဒ္အစုံရွိတဲ့ ဘရပ္ရွ္ေတြကလည္း အေရးပါတာေၾကာင့္ ႀကိဳစုထားသင့္ပါတယ္။

မ်က္ခြံရဲ႕အလယ္ကို အေရာင္ေတာက္ေတာက္ေလး ျခယ္သေပးၿပီး မ်က္လုံးေထာင့္ေတြကိုေတာ့ ေမွာင္တဲ့အေရာင္ေတြ သုံးပါ။ ျခယ္တဲ့အခါ အလယ္ကေန ေဘးဘက္ကို ယူၿပီးျခယ္သေပးပါ။ ဘရပ္ရွ္ မရွိတဲ့သူေတြက လက္ေလးနဲ႕ ပုတ္ၿပီး ျခယ္သသင့္တယ္လို႔ အႀကံျပဳထားပါတယ္။

(၃) Dark Shade စမယ္

မ်က္လုံးနဲ႕ မ်က္ခုံးၾကားက Layer ကို ျခယ္သဖို႔အတြက္ Deep brown, Black, Deep gray, Dark purple စတဲ့ အေရာင္ေတြ သုံးပါ။ V ပုံစံရေအာင္ အျပင္ဘက္ကေန စျခယ္ပါ။ ၿပီးမွ Blend လုပ္ပါ။ သင့္မ်က္လုံးရဲ႕ပုံကို ေသခ်ာေပၚလြင္ေနေအာင္ သတိျပဳပါ။

(၄) မ်က္လုံးေအာက္ဘက္ အေရာင္ျခယ္ပါ

Water line လို႔ ေခၚတဲ့ မ်က္ခမ္းစပ္နားေတြကို ျခယ္သတဲ့အခါ ပ်က္လြယ္ ျပန႔္လြယ္ျဖစ္တဲ့ Pencil ေတြ မသုံးပါနဲ႕။ သင့္မ်က္စိကို ပိုႀကီးၿပီး ေတာက္ပေနတယ္ ထင္ရေအာင္ ေအာက္ဘက္ေတြကို ျခယ္သသင့္ပါတယ္။

(၅) Eye liner  ဆြဲမယ္

တိက်သပ္ရပ္တဲ့ မ်က္လုံးေလးျဖစ္ေစဖို႔ Eye liner ဆြဲေပးပါ။ Eye liner ဆြဲတဲ့အခါ အျပင္ဘက္ကေန အတြင္းကို ဆြဲေပးပါ။ မ်က္လုံးေလး ပိုႀကီးခ်င္တယ္ဆိုရင္ေတာ့ Wing ေလးဆြဲေပးလိုက္ေပ့ါ။

ကဲ ဒါဆိုရင္ေတာ့ လွပတဲ့ မ်က္လုံးတစုံကို ပုံေဖာ္နိုင္ၿပီ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

မျက်လုံးဟာလည်း လူတယောက်ရဲ့အလှကို ပုံဖော်တဲ့နေရာမှာ အရေးပါတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ သင့်မျက်လုံးမှာ ခြယ်သထားတဲ့ အရောင်ပေါ် မူတည်ပြီး သင့်ရဲ့ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။

ဒါဆိုရင် အခုမှ မိတ်ကပ်စလိမ်းတဲ့ သူတွေအတွက် လွယ်ကူ ရိုးရှင်းပြီး သေသပ်လှပတဲ့မျက်လုံးတစုံကို ပုံဖော်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးသွားပါမယ်။

(၁) အောက်ခံကို ဂရုစိုက်ပါ

မိတ်ကပ်လိမ်းတဲ့အခါ မျက်နှာမှာ base ခံရသလိုပဲ မျက်လုံးခြယ်တဲ့ အခါမှာလည်း base ခံဖို့ လိုအပ်ပါတယ်။ ပထမဆုံးအနေနဲ့ မျက်လုံးတဝိုက်ကို သန့်ရှင်းအောင် ထားပါ။ ပြီးရင် Moisturizer (သို့မဟုတ်) Eye cream လိမ်းပါ။ အပေါ်က Eye shadow အရောင်ကြာရှည်ခံဖို့ Primer လိမ်းပါ။

တကယ်လို့ သင်က မျက်ကွင်းညိုတတ်တယ်ဆိုရင် သင့်မျက်လုံး အရောင်နဲ့ လိုက်ဖက်တဲ့ Concealer အရောင်ကို Primer သုံးပြီးတဲ့အခါ ခြယ်သပေးပါ။ Concealer ကို ဘရပ်ရှ်နဲ့ခြယ်သပြီး Translucent Powder နဲ့ အုပ်ပါ။ ဒီလိုလုပ်ခြင်းက သင့်မျက်လုံးက အရောင် မညီတာတွေကို လျှော့ချပေးပြီး ပိုကောင်းမွန်တဲ့ အရောင် ထွက်စေပါလိမ့်မယ်။

(၂) အရောင်ခြယ်မယ်

သင့်မျက်ခွံ၊ မျက်ရိုးနဲ့ မျက်ခုံးကြားက ထောင့်တွေမှာ ဘယ်လိုခြယ်သရမလဲဆိုတာ သိရင်တော့ ပိုအဆင်ပြေပါတယ်။ လူတယောက်နဲ့ တယောက် ပုံစံချင်း မတူတဲ့အတွက် ကိုယ့်အားသာချက်ကို သိပြီး ခြယ်သနိုင်ရင်တော့ အကောင်းဆုံးပါ။ မျက်လုံးခြယ်တော့မယ်ဆိုရင် ဆိုဒ်အစုံရှိတဲ့ ဘရပ်ရှ်တွေကလည်း အရေးပါတာကြောင့် ကြိုစုထားသင့်ပါတယ်။

မျက်ခွံရဲ့အလယ်ကို အရောင်တောက်တောက်လေး ခြယ်သပေးပြီး မျက်လုံးထောင့်တွေကိုတော့ မှောင်တဲ့အရောင်တွေ သုံးပါ။ ခြယ်တဲ့အခါ အလယ်ကနေ ဘေးဘက်ကို ယူပြီးခြယ်သပေးပါ။ ဘရပ်ရှ် မရှိတဲ့သူတွေက လက်လေးနဲ့ ပုတ်ပြီး ခြယ်သသင့်တယ်လို့ အကြံပြုထားပါတယ်။

(၃) Dark Shade စမယ်

မျက်လုံးနဲ့ မျက်ခုံးကြားက Layer ကို ခြယ်သဖို့အတွက် Deep brown, Black, Deep gray, Dark purple စတဲ့ အရောင်တွေ သုံးပါ။ V ပုံစံရအောင် အပြင်ဘက်ကနေ စခြယ်ပါ။ ပြီးမှ Blend လုပ်ပါ။ သင့်မျက်လုံးရဲ့ပုံကို သေချာပေါ်လွင်နေအောင် သတိပြုပါ။

(၄) မျက်လုံးအောက်ဘက် အရောင်ခြယ်ပါ

Water line လို့ ခေါ်တဲ့ မျက်ခမ်းစပ်နားတွေကို ခြယ်သတဲ့အခါ ပျက်လွယ် ပြန့်လွယ်ဖြစ်တဲ့ Pencil တွေ မသုံးပါနဲ့။ သင့်မျက်စိကို ပိုကြီးပြီး တောက်ပနေတယ် ထင်ရအောင် အောက်ဘက်တွေကို ခြယ်သသင့်ပါတယ်။

(၅) Eye liner  ဆွဲမယ်

တိကျသပ်ရပ်တဲ့ မျက်လုံးလေးဖြစ်စေဖို့ Eye liner ဆွဲပေးပါ။ Eye liner ဆွဲတဲ့အခါ အပြင်ဘက်ကနေ အတွင်းကို ဆွဲပေးပါ။ မျက်လုံးလေး ပိုကြီးချင်တယ်ဆိုရင်တော့ Wing လေးဆွဲပေးလိုက်ပေ့ါ။

ကဲ ဒါဆိုရင်တော့ လှပတဲ့ မျက်လုံးတစုံကို ပုံဖော်နိုင်ပြီ ဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top