(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

‘က်ားႏွင့္ဆင္’ ဇာတ္ ကားတြင္ ေနတုိး၏ညီမအျဖစ္ ပါ၀င္သ႐ုပ္ေဆာင္ရန္ရွိေၾကာင္း မင္းေမာ္ကြန္း၏ သမီးသ႐ုပ္ ေဆာင္ ေလေျပေသြးက ေျပာ သည္။

‘‘ငယ္ငယ္တုန္းက ကေလး သ႐ုပ္ေဆာင္လုပ္ဖူးတယ္။ အဲဒီ တုန္းကေတာ့ ငယ္ေသးေတာ့ အ ေပ်ာ္သေဘာနဲ႔ လုပ္တာေပါ့ေနာ္။ အခုေတာ့ အသက္ႀကီးလာတဲ့အ ခ်ိန္မွာ ပထမဆုံးစ႐ုိက္တဲ့ကားလို႔ ေျပာရမွာေပါ့။ အရင္ကထက္ ပိုလည္း   ခက္ခဲမယ္ထင္တယ္။ ဒါေပမဲ့ ေဘးနားမွာ သင္ေပးမယ့္ သူေတြကေတာ့ အမ်ားႀကီးရွိပါ တယ္’’ ဟု ၎ကေျပာသည္။

က်ားႏွင့္ဆင္ ဇာတ္ကားကို ဒါ႐ုိက္တာ စတီးလ္က ပုံေဖာ္႐ုိက္ ကူးမည္ျဖစ္ၿပီး ၎အပါအ၀င္ ေန တုိး၊ ေနထက္လင္း၊ ထြန္းထြန္း၊ ေအးျမတ္သူႏွင့္ ေရႊသမီးတို႔ အဓိကပါ၀င္သ႐ုပ္ေဆာင္မည္ ျဖစ္သည္။

‘‘သူက အခု IGCSE ေျဖ ထားတယ္။ Result ထြက္ဖုိ႔က လည္း ႏွစ္လေလာက္လုိေသး တယ္။ အဲဒါၿပီးမွ ဒီပလိုမာ ၂ ႏွစ္ ဆက္တက္ၿပီး ၿပီးမွ Uni သြားရ မွာဆုိေတာ့ ၾကားထဲမွာ တစ္ႏွစ္ ေလာက္အားေနတဲ့အတြက္ ကိုဆာမိ(ဒါ႐ုိက္တာစတီးလ္) ကလည္း ကား႐ုိက္ေခၚေတာ့ ေပး ႐ိုက္လုိက္တဲ့သေဘာပါ’’ဟု ၎၏မိခင္ တင္ဇာလႈိင္က ေျပာသည္။

ယခင္က က်ားနဲ႔ဆင္ ဇာတ္  ကားတြင္ သ႐ုပ္ေဆာင္မင္းေမာ္ ကြန္းပါ၀င္မည္ျဖစ္ေသာ္လည္း ၎၏သမီး သ႐ုပ္ေဆာင္ရာ၌ အခက္အခဲျဖစ္မည္စိုးေသာ ေၾကာင့္ မပါ၀င္ေတာ့ျခင္းျဖစ္ ေၾကာင္း ဒါ႐ုိက္တာ စတီးလ္က ေျပာသည္။

‘‘အစက မင္းေမာ္ကြန္းပါ တယ္။ ထြန္းထြန္းပါတယ္။ ၿပီး ေတာ့ ဇာတ္ေကာင္တစ္ခုလိုေန တယ္။ အဲဒီကားအတြက္ မ်က္ႏွာ သစ္လုိက္ရွာမယ္ဆိုတဲ့ အခ်ိန္မွာ ကိုေက်ာ္(မင္းေမာ္ကြန္း) သမီး ေလးကို သြားသတိထားမိတယ္။ စိတ္ထဲမွာ ေျပာလည္း မေျပာရဲ ေၾကာက္လည္း  ေၾကာက္တာနဲ႔ ကိုေက်ာ္ကို အကူအညီေလး တစ္ ခုေလာက္ေပးပါလားဆုိၿပီး သမီးငယ္ေလးကို ႐ုပ္ရွင္႐ုိက္ခ်င္ တယ္ဆုိၿပီး ဇာတ္လမ္းေလး ေျပာ ျပလုိက္တယ္။ သူလည္း စိတ္၀င္ စားၿပီး သမီးကိုေမးၾကည့္ေပးမယ္ တ့ဲ။ သူ႔အဘုိးကုိလည္း ပူဆာရ တာေပါ့ေလ။ ေနာက္ဆုံး သမီးက ႐ုိက္မယ္ဆိုေတာ့ အေဖက ႏုတ္ ထြက္သြားတယ္။ ကိုေက်ာ္ဘာ ျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္ရွိေန ရင္ သူ႔အတြက္ အေႏွာင့္အယွက္ ျဖစ္လိမ့္မယ္တဲ့။ ကြၽန္ေတာ္က သ႐ုပ္ေဆာင္လုပ္တယ္။ သမီး ကလည္း ပါတယ္ဆိုရင္ သူအ ေႏွာင့္အယွက္ျဖစ္လိမ့္မယ္။ ကြၽန္ ေတာ္ႏုတ္ထြက္ပါရေစဆုိၿပီး ႏုတ္ ထြက္သြားတယ္’’ ဟု ၎က ေျပာ သည္။

က်ားႏွင့္ဆင္ ဇာတ္ကားကို ႏုိ၀င္ဘာလကုန္တြင္ ၿမိတ္ႏွင့္ တနသၤာရီ၌ စတင္႐ိုက္ကူးမည္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

‘ကျားနှင့်ဆင်’ ဇာတ် ကားတွင် နေတိုး၏ညီမအဖြစ် ပါဝင်သရုပ်ဆောင်ရန်ရှိကြောင်း မင်းမော်ကွန်း၏ သမီးသရုပ် ဆောင် လေပြေသွေးက ပြော သည်။

‘‘ငယ်ငယ်တုန်းက ကလေး သရုပ်ဆောင်လုပ်ဖူးတယ်။ အဲဒီ တုန်းကတော့ ငယ်သေးတော့ အ ပျော်သဘောနဲ့ လုပ်တာပေါ့နော်။ အခုတော့ အသက်ကြီးလာတဲ့အ ချိန်မှာ ပထမဆုံးစရိုက်တဲ့ကားလို့ ပြောရမှာပေါ့။ အရင်ကထက် ပိုလည်း   ခက်ခဲမယ်ထင်တယ်။ ဒါပေမဲ့ ဘေးနားမှာ သင်ပေးမယ့် သူတွေကတော့ အများကြီးရှိပါ တယ်’’ ဟု ၎င်းကပြောသည်။

ကျားနှင့်ဆင် ဇာတ်ကားကို ဒါရိုက်တာ စတီးလ်က ပုံဖော်ရိုက် ကူးမည်ဖြစ်ပြီး ၎င်းအပါအဝင် နေ တိုး၊ နေထက်လင်း၊ ထွန်းထွန်း၊ အေးမြတ်သူနှင့် ရွှေသမီးတို့ အဓိကပါဝင်သရုပ်ဆောင်မည် ဖြစ်သည်။

‘‘သူက အခု IGCSE ဖြေ ထားတယ်။ Result ထွက်ဖို့က လည်း နှစ်လလောက်လိုသေး တယ်။ အဲဒါပြီးမှ ဒီပလိုမာ ၂ နှစ် ဆက်တက်ပြီး ပြီးမှ Uni သွားရ မှာဆိုတော့ ကြားထဲမှာ တစ်နှစ် လောက်အားနေတဲ့အတွက် ကိုဆာမိ(ဒါရိုက်တာစတီးလ်) ကလည်း ကားရိုက်ခေါ်တော့ ပေး ရိုက်လိုက်တဲ့သဘောပါ’’ဟု ၎င်း၏မိခင် တင်ဇာလှိုင်က ပြောသည်။

ယခင်က ကျားနဲ့ဆင် ဇာတ်  ကားတွင် သရုပ်ဆောင်မင်းမော် ကွန်းပါဝင်မည်ဖြစ်သော်လည်း ၎င်း၏သမီး သရုပ်ဆောင်ရာ၌ အခက်အခဲဖြစ်မည်စိုးသော ကြောင့် မပါဝင်တော့ခြင်းဖြစ် ကြောင်း ဒါရိုက်တာ စတီးလ်က ပြောသည်။

‘‘အစက မင်းမော်ကွန်းပါ တယ်။ ထွန်းထွန်းပါတယ်။ ပြီး တော့ ဇာတ်ကောင်တစ်ခုလိုနေ တယ်။ အဲဒီကားအတွက် မျက်နှာ သစ်လိုက်ရှာမယ်ဆိုတဲ့ အချိန်မှာ ကိုကျော်(မင်းမော်ကွန်း) သမီး လေးကို သွားသတိထားမိတယ်။ စိတ်ထဲမှာ ပြောလည်း မပြောရဲ ကြောက်လည်း  ကြောက်တာနဲ့ ကိုကျော်ကို အကူအညီလေး တစ် ခုလောက်ပေးပါလားဆိုပြီး သမီးငယ်လေးကို ရုပ်ရှင်ရိုက်ချင် တယ်ဆိုပြီး ဇာတ်လမ်းလေး ပြော ပြလိုက်တယ်။ သူလည်း စိတ်ဝင် စားပြီး သမီးကိုမေးကြည့်ပေးမယ် တဲ့။ သူ့အဘိုးကိုလည်း ပူဆာရ တာပေါ့လေ။ နောက်ဆုံး သမီးက ရိုက်မယ်ဆိုတော့ အဖေက နုတ် ထွက်သွားတယ်။ ကိုကျော်ဘာ ဖြစ်လို့လဲဆိုတော့ ကျွန်တော်ရှိနေ ရင် သူ့အတွက် အနှောင့်အယှက် ဖြစ်လိမ့်မယ်တဲ့။ ကျွန်တော်က သရုပ်ဆောင်လုပ်တယ်။ သမီး ကလည်း ပါတယ်ဆိုရင် သူအ နှောင့်အယှက်ဖြစ်လိမ့်မယ်။ ကျွန် တော်နုတ်ထွက်ပါရစေဆိုပြီး နုတ် ထွက်သွားတယ်’’ ဟု ၎င်းက ပြော သည်။

ကျားနှင့်ဆင် ဇာတ်ကားကို နိုဝင်ဘာလကုန်တွင် မြိတ်နှင့် တနင်္သာရီ၌ စတင်ရိုက်ကူးမည် ဖြစ်သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top