ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ျပည္ေထာင္စုအစိုးရအဖြဲ႔႐ံုး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ လက္ရွိ သမၼတ႐ံုး ဒုဝန္ႀကီး ဦးမင္းသူကို ခန္႔အပ္တာဝန္ေပးလိုေၾကာင္း ႏိုင္ငံေတာ္သမၼတက ႏိုဝင္ဘာလ ၂၆ ရက္က က်င္းပျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးသို႔ အမည္စာရင္းေပးပို႔ကာ အဆိုျပဳတင္ျပခဲ့သည္။

အဆိုပါ ျပည္ေထာင္စု အစိုးရအဖြဲ႔႐ံုးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းကို အသစ္ဖြဲ႔စည္းလိုက္သည့္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ေျပာင္းလဲတာဝန္ေပးလိုက္ၿပီးေနာက္ လစ္လပ္သြားသည့္ ေနရာတြင္ ဦးမင္းသူကို ခန္႔အပ္ရန္ ႏိုင္ငံေတာ္သမၼတက လႊတ္ေတာ္သို႔ အမည္စာရင္းေပးပို႔ခဲ့ျခင္းျဖစ္သည္။

ဦးမင္းသူ၏ ကိုယ္ေရးအက်ဥ္းကိုလည္း ေပးပို႔ခဲ့ၿပီး ကန္႔ကြက္လိုသည့္ ကိုယ္စားလွယ္ရွိပါက ႏိုဝင္ဘာလ ၂၈ ရက္ ေနာက္ဆံုးထား စာရင္းေပးပို႔ႏိုင္ၿပီး ႏိုဝင္ဘာလ ၂၉ ရက္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးတြင္ အတည္ျပဳေဆာင္႐ြက္မည္ျဖစ္ေၾကာင္း လႊတ္ေတာ္နာယကက ေၾကညာခဲ့သည္။

ထို႔ျပင္ ဦးေသာင္းထြန္းကို အသစ္ဖြဲ႔စည္းခဲ့သည့္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ေျပာင္းလဲတာဝန္ေပးအပ္ျခင္းကိုလည္း လႊတ္ေတာ္က အတည္ျပဳခဲ့သည္။

ဦးမင္းသူကို ျပည္ေထာင္စုဝန္ႀကီးအျဖစ္ တာဝန္ေပးအပ္ခဲ့သည့္ ျပည္ေထာင္စုအစိုးရအဖြဲ႔႐ံုး ဝန္ႀကီးဌာနသည္လည္း လက္ရွိအစိုးရသက္တမ္းအတြင္း အသစ္တိုးခဲ့သည့္ ဝန္ႀကီးဌာနတစ္ခုျဖစ္ၿပီး ၿပီးခဲ့သည့္ ၂၀၁၇ ႏိုဝင္ဘာလက ဖြဲ႔စည္းခဲ့ျခင္းျဖစ္သည္။

ျပည္ေထာင္စုအစိုးရအဖြဲ႔ အတြင္း ေဆာင္႐ြက္ေနသည့္ လုပ္ငန္းမ်ားပိုမို ထိေရာက္ေအာင္ျမင္ေရးႏွင့္ လုပ္ငန္းတာဝန္မ်ား ဆက္စပ္ေဆာင္႐ြက္ႏိုင္ေရးအတြက္ အဆိုပါဝန္ႀကီးဌာနကို ဖြဲ႔စည္းခဲ့ျခင္းျဖစ္ေၾကာင္း အစိုးရေၾကညာခဲ့သည္။

ဦးမင္းသူကို ၿပီးခဲ့သည့္ ၂၀၁၆ ခုႏွစ္ ႏွစ္ကုန္ပိုင္းက ဒုဝန္ႀကီးႏွစ္ဦး စတင္ခန္႔အပ္စဥ္က သမၼတ႐ံုး ဒုဝန္ႀကီးအျဖစ္ ခန္႔အပ္ခဲ့ျခင္းျဖစ္ၿပီး ၎သည္ အျငိမ္းစားဗိုလ္မွဴးႀကီးေဟာင္းတစ္ဦးလည္း ျဖစ္သည္။

ဦးမင္းသူ ဒုဝန္ႀကီးအျဖစ္ သမၼတ႐ံုးတြင္ တာဝန္ထမ္းေဆာင္စဥ္က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ျပည္ပခရီးစဥ္အခ်ိဳ႕တြင္လည္း လိုက္ပါခဲ့သူျဖစ္သည္။

ထို႔ျပင္ ၎သည္ စစ္တကၠသိုလ္မွ သိပၸံဘြဲ႔၊ မဟာဝိဇၨာဘြဲ႔ (ကာကြယ္ေရးပညာ) စသည့္ ပညာအရည္အခ်င္းရွိၿပီး အသက္ ၆၂ ႏွစ္ရွိသူျဖစ္ေၾကာင္း ၎၏ ကိုယ္ေရးအက်ဥ္းတြင္ ေဖာ္ျပထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice


#Unicode Version#

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လက်ရှိ သမ္မတရုံး ဒုဝန်ကြီး ဦးမင်းသူကို ခန့်အပ်တာဝန်ပေးလိုကြောင်း နိုင်ငံတော်သမ္မတက နိုဝင်ဘာလ ၂၆ ရက်က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ အမည်စာရင်းပေးပို့ကာ အဆိုပြုတင်ပြခဲ့သည်။

အဆိုပါ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို အသစ်ဖွဲ့စည်းလိုက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးလိုက်ပြီးနောက် လစ်လပ်သွားသည့် နေရာတွင် ဦးမင်းသူကို ခန့်အပ်ရန် နိုင်ငံတော်သမ္မတက လွှတ်တော်သို့ အမည်စာရင်းပေးပို့ခဲ့ခြင်းဖြစ်သည်။

ဦးမင်းသူ၏ ကိုယ်ရေးအကျဉ်းကိုလည်း ပေးပို့ခဲ့ပြီး ကန့်ကွက်လိုသည့် ကိုယ်စားလှယ်ရှိပါက နိုဝင်ဘာလ ၂၈ ရက် နောက်ဆုံးထား စာရင်းပေးပို့နိုင်ပြီး နိုဝင်ဘာလ ၂၉ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်နာယကက ကြေညာခဲ့သည်။

ထို့ပြင် ဦးသောင်းထွန်းကို အသစ်ဖွဲ့စည်းခဲ့သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခြင်းကိုလည်း လွှတ်တော်က အတည်ပြုခဲ့သည်။

ဦးမင်းသူကို ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနသည်လည်း လက်ရှိအစိုးရသက်တမ်းအတွင်း အသစ်တိုးခဲ့သည့် ဝန်ကြီးဌာနတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ နိုဝင်ဘာလက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများပိုမို ထိရောက်အောင်မြင်ရေးနှင့် လုပ်ငန်းတာဝန်များ ဆက်စပ်ဆောင်ရွက်နိုင်ရေးအတွက် အဆိုပါဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း အစိုးရကြေညာခဲ့သည်။

ဦးမင်းသူကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းက ဒုဝန်ကြီးနှစ်ဦး စတင်ခန့်အပ်စဉ်က သမ္မတရုံး ဒုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် အငြိမ်းစားဗိုလ်မှူးကြီးဟောင်းတစ်ဦးလည်း ဖြစ်သည်။

ဦးမင်းသူ ဒုဝန်ကြီးအဖြစ် သမ္မတရုံးတွင် တာဝန်ထမ်းဆောင်စဉ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်အချို့တွင်လည်း လိုက်ပါခဲ့သူဖြစ်သည်။

ထို့ပြင် ၎င်းသည် စစ်တက္ကသိုလ်မှ သိပ္ပံဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ) စသည့် ပညာအရည်အချင်းရှိပြီး အသက် ၆၂ နှစ်ရှိသူဖြစ်ကြောင်း ၎င်း၏ ကိုယ်ရေးအကျဉ်းတွင် ဖော်ပြထားသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top