(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

သံလြင္ဆီဆိုတာ သံလြင္သီးကေနရရွိတဲ့ အဆီျဖစ္ၿပီး သံလြင္သီးကို Olea europaea ; မ်ိဳး႐ိုး Oleaceae လို႔ မွတ္ သားႏိုင္ပါတယ္ ။ သံလြင္ဆီကို ေယဘူယ်အားျဖင့္ ခ်က္ျပဳတ္ျခင္း အလွအပေရးရာ ၊ ေဆးဝါးထုတ္လုပ္ျခင္း ၊ ဆပ္ျပာ နဲ႔ ေလာင္စာဆီေတြ အျဖစ္လည္းအ သုံးျပဳႏိုင္ပါတယ္ ။ ကမာၻတဝွမ္းလုံးမွာ သံလြင္ဆီကို အသုံးျပဳၾကၿပီး အထူး သျဖင့္ ေျမထဲပင္လယ္အနီးတဝိုက္ ေဒသေတြမွာ အသုံးမ်ားၾကပါတယ္ ။

သံလြင္ဆီ ၌ ပါဝင္ေသာ အရာမ်ား

သံလြင္ဆီမွာ အဓိကအားျဖင့္ ေရာေႏွာေနတဲ့ triglyceride အစုအေဝးေတြျဖစ္တဲ့ oleic acid , palmitic acid နဲ႔ တျခား fatty acids ေတြနဲ႔ ဖြဲ႕စည္းထားပါ့တယ္ ။ ဒါ့အျပင္ squalene 0.7 % နဲ႔sterols အနည္းငယ္ လည္းပါဝင္ ပါတယ္ ။ သံလြင္ဆီက ပါဝင္ဖြဲ႕စည္းမႈဟာ ေနရာေဒသ ၊ စိုက္ပ်ိဳး ရိတ္သိမ္းခ်ိန္ ၊ အဆီထုတ္ယူမႈ နည္း နဲ႔ ရာသီ ဥတုေတြအေပၚမူတည္ပါတယ္ ။ သံလြင္ဆီမွာ သဘာဝ ထုတ္ကုန္ေတြျဖစ္တဲ့ ဓာတ္တိုးဆန႔္က်င္ ပစၥည္း ေတြပါဝင္ၿပီး အေခ်ာမသတ္ရေသးတဲ့ အဆီ extra-virgin unprocessed olive oil ဟာ သူ႔ရဲ႕ ခါးသက္ တဲ့ အရသာရယ္ စူးရွတဲ့ အရသာရယ္ဟာ tyrosl , hydroxytyrosol , oleocanthal နဲ႔ oleuropein စတဲ့ ဓာတ္ေတြ ပါဝင္တဲ့အတြက္ျဖစ္ပါတယ္ ။

အာဟာရႏွင့္ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

ေလ့လာစမ္းသပ္မႈေတြအရ အစားအေသာက္ထဲမွာ monunsaturated fats ေတြ မ်ားမ်ားစားစား ပါဝင္ေနျခင္းဟာ ႏွလုံးေသြးေၾကာက်ဥ္းနဲ႔ ႏွလုံးေသြးေၾကာ အဆီဖုံးေရာဂါေတြ ကို ေလ်ာ့ က်ေစ တယ္ လို႔ သိရပါ တယ္ ။ ဒါဟာ အေရးႀကီးပါတယ္ ။ ဘာလို႔လဲဆိုေတာ့ သံလြင္ဆီမွာ monounsaturated fats ေတြအမ်ား အျပားပါ ဝင္ေနၿပီး အထူးသျဖင့္ oleic acid ပဲျဖစ္ပါတယ္ ။ US မွာဆိုရင္ သံလြင္ဆီထုတ္ ကုန္ေတြမွာ ထုတ္ လုပ္သူေတြက ေအာက္ပါတိုင္း က်န္းမာေရး အေၾကာင္းေတြေရးထားေလ့ရွိတယ္ ။

- သံလြင္ဆီ ၂၃ ဂရမ္ ေန႔ စဥ္ေပးျခင္းျဇင့္ ႏွလုံးေသြးေၾကာ အဆီဖုံးႏွင့္ ႏွလုံးေသြးေၾကာ က်ဥ္းေရာဂါအားေလ်ာ့ နည္းေစႏိုင္ ပါတယ္ ။ ဒါဟာ သံလြင္ဆီမွာပါတဲ့ monounsaturated fats ေၾကာင့္ျဖစ္ပါတယ္ ။ ဒီလို ေကာင္း က်ိဳးေတြကို ရရွိဖို႔အတြက္ သံလြင္ဆီဟာ saturated fat ေတြေနရာမွာ အစားထိုးႏိုင္ၿပီး သင္တစ္ေန႔တာ စားေသာက္ တဲ့ကယ္လီရီ အေရအတြက္ကိုလည္း မမ်ားေစပါဘူး ။

ဒီလို ဆုံးျဖတ္ခ်က္ကို ၂၀ဝ၄ ခုႏွစ္ ႏိုဝင္ဘာ ၁ရက္ေန႔မွာ FDA ကေၾကျငာခဲ့ၿပီး ဒီလို အလားတူ စာတမ္းမ်ိဳးကို omega-3 fatty acids ေတြပါဝင္တဲ့ မက္မြန္ေစ့နဲ႔ ဘန္ေလွ်ာင္ပင္ေစ့တို႔မွာလည္း ေၾကာ္ျငာဖို႔ ခြင့္ျပဳခဲ့ပါတယ္ ။

သံလြင္ဆီဟာ ႏွလုံးက်န္းမာေရးကို အလြန္အေထာက္အကူျပဳေၾကာင္း စမ္းသပ္မႈေတြအမ်ားႀကီးရွိခဲ့ပါတယ္ ။ အထူး သျဖင့္ ကိုလက္စထေရာ ကိုပုံမွန္ လည္ပတ္ေစၿပီး LDL cholesterol ကို ဓာတ္တိုးေစပါတယ္ ။ ဒါ့အျပင္ သံလြင္ ဆီမွာ အေရာင္က်ေစတယ္ ၊ ေသြးခဲတာကို ဆန႔္က်င္ျခင္း ၊ ေသြးတိုးေရာဂါကို သက္သာေစျခင္း နဲ႔ ေသြးေၾကာက်ယ္ေစျခင္းစတဲ့ စြမ္းရည္ေတြရွိပါတယ္ ။

အခ်ိဳ႕ေသာေလ့လာမႈေတြအရ သံလြင္ဆီရဲ႕ Phenolic ပါဝင္မႈဟာ ႏွလုံးကိုကာကြယ္ေပးႏိုင္တဲ့ အစြမ္းသတၱိရွိ တယ္လို႔ ဆိုပါတယ္ ။ သံလြင္ဆီကို ေရရွည္သာအသုံးျပဳမယ္ဆိုရင္ ေသြးလႊတ္ေၾကာနံရံေတြရဲ႕ က်ဳံ႔ႏိုင္ဆန္ ့ႏိုင္စြမ္း အားကို မ်ားေစၿပီး ေသြးေၾကာေတြရဲ႕ stress ကိုနည္းေစပါတယ္ ။ ဒါေၾကာင့္ ႏွလုံး တိုက္ခိုက္ခံရ မႈနဲ႔ ေလျဖတ္ျခင္း ကိုလည္း ကာကြယ္ေပးႏိုင္ျပန္ပါတယ္ ။

အေရျပားနဲ႔ သံလြင္ဆီ

သံလြင္ဆီရဲ႕ ေကာင္းက်ိဳးေတြအရ သံလြင္ဆီကို လိမ္းေဆးအလွဆီအေနနဲ႔လည္း ထုတ္လုပ္လာၾကပါၿပီ ။ အထူးသျဖင့္ Extra virgin olive oil ဟာ အေရျပားကို moisturizing စြမ္းရည္ေပးၿပီးေျခာက္ေသြ႕တဲ့ အေရျပား ပိုင္ရွင္ေတြအတြက္ သင့္ေလွ်ာ္ပါတယ္ ။ ဒါ့အျပင္ OCM ဆိုတာဟာ Oil cleansing method ျဖစ္ၿပီး မ်က္ႏွာကို extra virgin olive oil , castor oil နဲ႔တျခားနံသာဆီေတြ ေပါင္းၿပီး သန႔္စင္ေစတဲ့ နည္းတစ္မ်ိဳးလည္းျဖစ္ပါတယ္ ။ နားအတြင္းပိုင္းသန႔္စင္ဖို႔ကို လည္းတစ္ခ်ိဳ႕ အသုံးျပဳၾကပါေသးတယ္ ။ သံလြင္ဆီကို မ်က္ႏွာနဲ႔ တျခားခႏၶာကိုယ္ က အေမႊးေတြဖယ္ရွားသုတ္သင္ဖို႔အတြက္ shaving oil အေနနဲ႔လည္းအသုံးျပဳႏိုင္ပါေသးတယ္ ။ စမ္းသပ္မႈေတြ အရ သံလြင္ဆီလိမ္းေပးျခင္းျဖင့္ သံလြင္ဆီနဲ႔ UVB rays ေတြထိေတြ႕ရင္ က်ဴမာနဲ႔ အေရျပားကင္ဆာေတြကို ကာကြယ္ေပးႏိုင္တဲ့အစြမ္းလည္း ရွိေနျပန္ပါတယ္ ။

သံလြင္ဆီဟာ အလာ့ဂ်စ္ ဓာတ္မတည့္မႈေတြမျဖစ္ေစႏိုင္ပါဘူး ။ သံလြင္ဆီမွာ ဝမ္းေပ်ာ့ေစတဲ့ laxative စြမး္ရည္ ရွိၿပီး ဒါေၾကာင့္ သူ႔ကို stool softener အျဖစ္သုံးႏိုင္ပါတယ္ ။ ဒါ့အျပင္ အူေတြက်ဳံ႔တာ ကိုလည္း တား ဆီးေပးႏိုင္ပါတယ္ ။ သံလြင္ဆီမွာပါတဲ့ Oleocanthal ဟာ cyclooxygenase (COX) အင္ဇိုင္းကို တား ဆီးေပး တဲ့ Non-selective inhibitor လည္းျဖစ္ပါတယ္ ။ အကိုက္အခဲေပ်ာက္ေဆးထဲက ibuprofen နဲ႔သြားဆင္ ပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မူရင္းေရးသားသူ


#Unicode Version#

သံလွင်ဆီဆိုတာ သံလွင်သီးကနေရရှိတဲ့ အဆီဖြစ်ပြီး သံလွင်သီးကို Olea europaea ; မျိုးရိုး Oleaceae လို့ မှတ် သားနိုင်ပါတယ် ။ သံလွင်ဆီကို ယေဘူယျအားဖြင့် ချက်ပြုတ်ခြင်း အလှအပရေးရာ ၊ ဆေးဝါးထုတ်လုပ်ခြင်း ၊ ဆပ်ပြာ နဲ့ လောင်စာဆီတွေ အဖြစ်လည်းအ သုံးပြုနိုင်ပါတယ် ။ ကမ္ဘာတဝှမ်းလုံးမှာ သံလွင်ဆီကို အသုံးပြုကြပြီး အထူး သဖြင့် မြေထဲပင်လယ်အနီးတဝိုက် ဒေသတွေမှာ အသုံးများကြပါတယ် ။

သံလွင်ဆီ ၌ ပါဝင်သော အရာများ
သံလွင်ဆီမှာ အဓိကအားဖြင့် ရောနှောနေတဲ့ triglyceride အစုအဝေးတွေဖြစ်တဲ့ oleic acid , palmitic acid နဲ့ တခြား fatty acids တွေနဲ့ ဖွဲ့စည်းထားပါ့တယ် ။ ဒါ့အပြင် squalene 0.7 % နဲ့sterols အနည်းငယ် လည်းပါဝင် ပါတယ် ။ သံလွင်ဆီက ပါဝင်ဖွဲ့စည်းမှုဟာ နေရာဒေသ ၊ စိုက်ပျိုး ရိတ်သိမ်းချိန် ၊ အဆီထုတ်ယူမှု နည်း နဲ့ ရာသီ ဥတုတွေအပေါ်မူတည်ပါတယ် ။ သံလွင်ဆီမှာ သဘာဝ ထုတ်ကုန်တွေဖြစ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်း တွေပါဝင်ပြီး အချောမသတ်ရသေးတဲ့ အဆီ extra-virgin unprocessed olive oil ဟာ သူ့ရဲ့ ခါးသက် တဲ့ အရသာရယ် စူးရှတဲ့ အရသာရယ်ဟာ tyrosl , hydroxytyrosol , oleocanthal နဲ့ oleuropein စတဲ့ ဓာတ်တွေ ပါဝင်တဲ့အတွက်ဖြစ်ပါတယ် ။

အာဟာရနှင့် ကျန်းမာရေး အကျိုးကျေးဇူးများ
လေ့လာစမ်းသပ်မှုတွေအရ အစားအသောက်ထဲမှာ monunsaturated fats တွေ များများစားစား ပါဝင်နေခြင်းဟာ နှလုံးသွေးကြောကျဉ်းနဲ့ နှလုံးသွေးကြော အဆီဖုံးရောဂါတွေ ကို လျော့ ကျစေ တယ် လို့ သိရပါ တယ် ။ ဒါဟာ အရေးကြီးပါတယ် ။ ဘာလို့လဲဆိုတော့ သံလွင်ဆီမှာ monounsaturated fats တွေအများ အပြားပါ ဝင်နေပြီး အထူးသဖြင့် oleic acid ပဲဖြစ်ပါတယ် ။ US မှာဆိုရင် သံလွင်ဆီထုတ် ကုန်တွေမှာ ထုတ် လုပ်သူတွေက အောက်ပါတိုင်း ကျန်းမာရေး အကြောင်းတွေရေးထားလေ့ရှိတယ် ။

- သံလွင်ဆီ ၂၃ ဂရမ် နေ့ စဉ်ပေးခြင်းဇြင့် နှလုံးသွေးကြော အဆီဖုံးနှင့် နှလုံးသွေးကြော ကျဉ်းရောဂါအားလျော့ နည်းစေနိုင် ပါတယ် ။ ဒါဟာ သံလွင်ဆီမှာပါတဲ့ monounsaturated fats ကြောင့်ဖြစ်ပါတယ် ။ ဒီလို ကောင်း ကျိုးတွေကို ရရှိဖို့အတွက် သံလွင်ဆီဟာ saturated fat တွေနေရာမှာ အစားထိုးနိုင်ပြီး သင်တစ်နေ့တာ စားသောက် တဲ့ကယ်လီရီ အရေအတွက်ကိုလည်း မများစေပါဘူး ။

ဒီလို ဆုံးဖြတ်ချက်ကို ၂၀ဝ၄ ခုနှစ် နိုဝင်ဘာ ၁ရက်နေ့မှာ FDA ကကြေငြာခဲ့ပြီး ဒီလို အလားတူ စာတမ်းမျိုးကို omega-3 fatty acids တွေပါဝင်တဲ့ မက်မွန်စေ့နဲ့ ဘန်လျှောင်ပင်စေ့တို့မှာလည်း ကြော်ငြာဖို့ ခွင့်ပြုခဲ့ပါတယ် ။

သံလွင်ဆီဟာ နှလုံးကျန်းမာရေးကို အလွန်အထောက်အကူပြုကြောင်း စမ်းသပ်မှုတွေအများကြီးရှိခဲ့ပါတယ် ။ အထူး သဖြင့် ကိုလက်စထရော ကိုပုံမှန် လည်ပတ်စေပြီး LDL cholesterol ကို ဓာတ်တိုးစေပါတယ် ။ ဒါ့အပြင် သံလွင် ဆီမှာ အရောင်ကျစေတယ် ၊ သွေးခဲတာကို ဆန့်ကျင်ခြင်း ၊ သွေးတိုးရောဂါကို သက်သာစေခြင်း နဲ့ သွေးကြောကျယ်စေခြင်းစတဲ့ စွမ်းရည်တွေရှိပါတယ် ။

အချို့သောလေ့လာမှုတွေအရ သံလွင်ဆီရဲ့ Phenolic ပါဝင်မှုဟာ နှလုံးကိုကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိ တယ်လို့ ဆိုပါတယ် ။ သံလွင်ဆီကို ရေရှည်သာအသုံးပြုမယ်ဆိုရင် သွေးလွှတ်ကြောနံရံတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်း အားကို များစေပြီး သွေးကြောတွေရဲ့ stress ကိုနည်းစေပါတယ် ။ ဒါကြောင့် နှလုံး တိုက်ခိုက်ခံရ မှုနဲ့ လေဖြတ်ခြင်း ကိုလည်း ကာကွယ်ပေးနိုင်ပြန်ပါတယ် ။

အရေပြားနဲ့ သံလွင်ဆီ
သံလွင်ဆီရဲ့ ကောင်းကျိုးတွေအရ သံလွင်ဆီကို လိမ်းဆေးအလှဆီအနေနဲ့လည်း ထုတ်လုပ်လာကြပါပြီ ။ အထူးသဖြင့် Extra virgin olive oil ဟာ အရေပြားကို moisturizing စွမ်းရည်ပေးပြီးခြောက်သွေ့တဲ့ အရေပြား ပိုင်ရှင်တွေအတွက် သင့်လျှော်ပါတယ် ။ ဒါ့အပြင် OCM ဆိုတာဟာ Oil cleansing method ဖြစ်ပြီး မျက်နှာကို extra virgin olive oil , castor oil နဲ့တခြားနံသာဆီတွေ ပေါင်းပြီး သန့်စင်စေတဲ့ နည်းတစ်မျိုးလည်းဖြစ်ပါတယ် ။ နားအတွင်းပိုင်းသန့်စင်ဖို့ကို လည်းတစ်ချို့ အသုံးပြုကြပါသေးတယ် ။ သံလွင်ဆီကို မျက်နှာနဲ့ တခြားခန္ဓာကိုယ် က အမွှေးတွေဖယ်ရှားသုတ်သင်ဖို့အတွက် shaving oil အနေနဲ့လည်းအသုံးပြုနိုင်ပါသေးတယ် ။ စမ်းသပ်မှုတွေ အရ သံလွင်ဆီလိမ်းပေးခြင်းဖြင့် သံလွင်ဆီနဲ့ UVB rays တွေထိတွေ့ရင် ကျူမာနဲ့ အရေပြားကင်ဆာတွေကို ကာကွယ်ပေးနိုင်တဲ့အစွမ်းလည်း ရှိနေပြန်ပါတယ် ။

သံလွင်ဆီဟာ အလာ့ဂျစ် ဓာတ်မတည့်မှုတွေမဖြစ်စေနိုင်ပါဘူး ။ သံလွင်ဆီမှာ ဝမ်းပျော့စေတဲ့ laxative စွမ်းရည် ရှိပြီး ဒါကြောင့် သူ့ကို stool softener အဖြစ်သုံးနိုင်ပါတယ် ။ ဒါ့အပြင် အူတွေကျုံ့တာ ကိုလည်း တား ဆီးပေးနိုင်ပါတယ် ။ သံလွင်ဆီမှာပါတဲ့ Oleocanthal ဟာ cyclooxygenase (COX) အင်ဇိုင်းကို တား ဆီးပေး တဲ့ Non-selective inhibitor လည်းဖြစ်ပါတယ် ။ အကိုက်အခဲပျောက်ဆေးထဲက ibuprofen နဲ့သွားဆင် ပါတယ် ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top