(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ဒီခ်ဳပ္အစိုးရက အခြင့္ထူးခံမ်ားလက္မခံသျဖင့္ မည္သည့္အခြင့္အေရးမွ် မရေၾကာင္း ဦးေက်ာ္ေနဝင္းေျပာ
ရန္ကုန္ၿမိဳ႕၏ပထမဆုံး ၂၄ နာရီဘတ္စ္ကားေျပးဆဲြမႈကို ရန္ကုန္ေလဆိပ္မွ ဆူးေလႏွင့္ဘူ တာႀကီးသုိ႔ ယာဥ္လုိင္းလမ္း ေၾကာင္းႏွစ္ခုျဖင့္ ယမန္ေန႔တြင္ စတင္ေျပးဆြဲခဲ့သည္။


ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္မွ ဆူးေလႏွင့္ရန္ကုန္ ဘူတာႀကီးသုိ႔ ျပည္လမ္းႏွင့္ကမၻာ ေအးဘုရားလမ္းတို႔မွ ေျပးဆြဲေနသည့္ Suttle ယာဥ္လုိင္းက ၂၄ နာရီေျပးဆြဲသည့္ ၀န္ေဆာင္မႈ စတင္ျခင္းျဖစ္သည္။

‘‘ကြၽန္ေတာ္တို႔ အေနနဲ႔ ယာဥ္လိုင္းခုနစ္လုိင္း လုပ္ကိုင္ခြင့္ ရထားတာမွာ Suttle လုိင္းကေန ၂၄ နာရီေျပးဆြဲမႈစတင္လုိက္တာ ျဖစ္ၿပီး ေနာက္လမွာ က်န္လုိင္း ေတြကိုပါ ၂၄ နာရီေျပးဆြဲသြားမွာ ျဖစ္ပါတယ္’’ ဟု အဆုိပါယာဥ္ လိုင္းကုိတာ၀န္ယူေျပးဆြဲသည့္ Omni Focus ကုမၸဏီဥကၠ႒     ဦး ေက်ာ္ေန၀င္းက ေျပာသည္။

 ယမန္ေန႔က စတင္သည့္ ၂၄ နာရီေျပးဆဲြမည့္ယာဥ္လုိင္း တြင္ ဘတ္စ္ကားအစီးေရ ၅၀ ခန္႔ရွိၿပီး ည ၁၀ နာရီေနာက္ပိုင္း၌ နာရီ၀က္တစ္စီး ေျပးဆြဲမည္ျဖစ္ သည္။

ထုိ႔အျပင္ ညအခ်ိန္မ်ားတြင္ ေျပးဆြဲရမည္ျဖစ္၍ လုံၿခံဳေရးပုိင္း ကုိလည္း ႀကိဳတင္ျပင္ဆင္ထား ေၾကာင္း ဦးေက်ာ္ေန၀င္းက ေျပာ သည္။

‘‘ကားေပၚမွာလုံၿခံဳေရး၀န္ ထမ္းတစ္ဦးကုိလည္း ထည့္ေပး ထားတယ္။ ကြၽန္ေတာ္တို႔ Control Center ကေနလည္း CCTV ကေန  ေတာက္ေလွ်ာက္ေစာင့္ ၾကည့္ၫႊန္ၾကားေနမွာပါ’’ ဟု ၎က ေျပာသည္။

ထုိသုိ႔ ၂၄ နာရီယာဥ္လုိင္း ေျပးဆြဲရသျဖင့္ အဓိကစိန္ေခၚမႈ မွာ ခရီးသည္ရရွိမႈရွိ၊ မရွိအခ်က္ ျဖစ္ၿပီး ဘတ္စ္ကားစီးနင္းသူမ်ား ၏ အားထားအသုံးျပဳမႈအေပၚမူ တည္၍ ျပင္ဆင္မည္ဟု ဦးေက်ာ္ေန၀င္းက ဆုိသည္။

၂၄ နာရီေျပးဆြဲသည့္ဘတ္စ္ ကားစနစ္ကုိ Omni Focus ကုမၸဏီကစတင္ၿပီး ထုိသုိ႔၀န္ ေဆာင္မႈေပးရန္ အျခားဘတ္စ္ ကားကုမၸဏီမ်ားက ေလွ်ာက္ထား ျခင္းရွိ၊မရွိ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပုိ႔ေဆာင္ေရး ႀကီးၾကပ္ ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕(YRTA)တာ၀န္ရွိသူမ်ားကုိ ေမးျမန္း ရာလက္ခံေျဖၾကားျခင္းမရွိေပ။

 အင္န္အယ္္လ္ဒီ  အစိုးရ သည္ အခြင့္ထူးခံမ်ားကို လက္မခံ သျဖင့္ ၎အေနျဖင့္ မည္သည့္ အခြင့္အေရးမွ် ရရွိခဲ့ျခင္းမရွိ ေၾကာင္း ဦးေက်ာ္ေနဝင္းက ေျပာ သည္။  ယမန္ေန႔ညက Omni Focus  ကုမၸဏီလက္ေအာက္ရွိ ေလဆိပ္မွ ဆူးေလသို႔ ၂၄ နာရီ ဘတ္စ္ကားလုိင္းေျပးဆြဲမႈ ဖြင့္ပြဲ အခမ္းအနားတြင္   သတင္း  ေထာက္တစ္ဦး၏  ေမးျမန္းမႈအ ေပၚ ၎က ျပန္လည္ေျဖၾကား ျခင္းျဖစ္သည္။

‘‘လက္ရွိ အုပ္ခ်ဳပ္ေနတဲ့ အစိုးရသည္ ႏုိင္ငံေရးမွာေရာ စီးပြားေရးမွာပါ အခြင့္ထူးခံလူ တန္းစားကို လက္မခံတဲ့ အစိုးရ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ ကြၽန္ ေတာ့္မွာလည္း  အဲဒီလိုအခြင့္အ ေရးမရွိပါဘူး’’ဟု ဦးေက်ာ္ေနဝင္း က ေျပာသည္။

လက္ရွိအစိုးရသည္ မည္ သည့္ေနရာတြင္မွ်အခြင့္ထူးခံမ်ား လက္ခံေလ့မရွိခဲ့သည္ကို  သတိခ်ပ္သင့္ေၾကာင္း ဦးေနဝင္း၏ေျမး ဦးေက်ာ္ေနဝင္းက  ထပ္မံေျပာ ၾကားသည္။

၎အေနျဖင့္ ရန္ကုန္ၿမိဳ႕ တြင္း ခရီးသြားမ်ား လံုၿခံဳစိတ္ခ် စြာ ခရီးသြားလာႏုိင္ေရးသာ ရည္ရြယ္လုပ္ေဆာင္ေနၿပီး ဝန္ေဆာင္မႈ  ဦးစားေပးေဆာင္ရြက္ျခင္းသာ ျဖစ္သည္ဟု ဆုိသည္။

Omni Focus ကုမၸဏီသည္ မထသ ဘတ္စ္ကားစနစ္တြင္ အၿမဲစိမ္းယာဥ္လုိင္းအမည္ျဖင့္ ဘတ္စ္ကားလိုင္း တည္ေထာင္ ေျပးဆြဲခဲ့ၿပီး ဝိုင္ဘီအက္စ္ ဘတ္စ္ကားစနစ္၌ ယာဥ္လုိင္းခုနစ္လုိင္းကို တာဝန္ယူေျပးဆြဲေနသည္။

ယင္းကုမၸဏီက ျပည္ပမွ ဘတ္စ္ကားအသစ္စီးေရ ၅၀၀ေက်ာ္ ဝယ္ယူၿပီး ေျပးဆြဲေနျခင္း ျဖစ္ကာ ေနာက္ထပ္ယာဥ္လိုင္း အသစ္မ်ား တိုးခ်ဲ႕ေျပးဆြဲႏုိင္ရန္ ႀကိဳးစားေနသည္ဟု ဦးေက်ာ္ေန ဝင္းက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

ဒီချုပ်အစိုးရက အခွင့်ထူးခံများလက်မခံသဖြင့် မည်သည့်အခွင့်အရေးမျှ မရကြောင်း ဦးကျော်နေဝင်းပြော
ရန်ကုန်မြို့၏ပထမဆုံး ၂၄ နာရီဘတ်စ်ကားပြေးဆွဲမှုကို ရန်ကုန်လေဆိပ်မှ ဆူးလေနှင့်ဘူ တာကြီးသို့ ယာဉ်လိုင်းလမ်း ကြောင်းနှစ်ခုဖြင့် ယမန်နေ့တွင် စတင်ပြေးဆွဲခဲ့သည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဆူးလေနှင့်ရန်ကုန် ဘူတာကြီးသို့ ပြည်လမ်းနှင့်ကမ္ဘာ အေးဘုရားလမ်းတို့မှ ပြေးဆွဲနေသည့် Suttle ယာဉ်လိုင်းက ၂၄ နာရီပြေးဆွဲသည့် ဝန်ဆောင်မှု စတင်ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ အနေနဲ့ ယာဉ်လိုင်းခုနစ်လိုင်း လုပ်ကိုင်ခွင့် ရထားတာမှာ Suttle လိုင်းကနေ ၂၄ နာရီပြေးဆွဲမှုစတင်လိုက်တာ ဖြစ်ပြီး နောက်လမှာ ကျန်လိုင်း တွေကိုပါ ၂၄ နာရီပြေးဆွဲသွားမှာ ဖြစ်ပါတယ်’’ ဟု အဆိုပါယာဉ် လိုင်းကိုတာဝန်ယူပြေးဆွဲသည့် Omni Focus ကုမ္ပဏီဥက္ကဋ္ဌ     ဦး ကျော်နေဝင်းက ပြောသည်။

 ယမန်နေ့က စတင်သည့် ၂၄ နာရီပြေးဆွဲမည့်ယာဉ်လိုင်း တွင် ဘတ်စ်ကားအစီးရေ ၅၀ ခန့်ရှိပြီး ည ၁၀ နာရီနောက်ပိုင်း၌ နာရီဝက်တစ်စီး ပြေးဆွဲမည်ဖြစ် သည်။

ထို့အပြင် ညအချိန်များတွင် ပြေးဆွဲရမည်ဖြစ်၍ လုံခြုံရေးပိုင်း ကိုလည်း ကြိုတင်ပြင်ဆင်ထား ကြောင်း ဦးကျော်နေဝင်းက ပြော သည်။

‘‘ကားပေါ်မှာလုံခြုံရေးဝန် ထမ်းတစ်ဦးကိုလည်း ထည့်ပေး ထားတယ်။ ကျွန်တော်တို့ Control Center ကနေလည်း CCTV ကနေ  တောက်လျှောက်စောင့် ကြည့်ညွှန်ကြားနေမှာပါ’’ ဟု ၎င်းက ပြောသည်။

ထိုသို့ ၂၄ နာရီယာဉ်လိုင်း ပြေးဆွဲရသဖြင့် အဓိကစိန်ခေါ်မှု မှာ ခရီးသည်ရရှိမှုရှိ၊ မရှိအချက် ဖြစ်ပြီး ဘတ်စ်ကားစီးနင်းသူများ ၏ အားထားအသုံးပြုမှုအပေါ်မူ တည်၍ ပြင်ဆင်မည်ဟု ဦးကျော်နေဝင်းက ဆိုသည်။

၂၄ နာရီပြေးဆွဲသည့်ဘတ်စ် ကားစနစ်ကို Omni Focus ကုမ္ပဏီကစတင်ပြီး ထိုသို့ဝန် ဆောင်မှုပေးရန် အခြားဘတ်စ် ကားကုမ္ပဏီများက လျှောက်ထား ခြင်းရှိ၊မရှိ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)တာဝန်ရှိသူများကို မေးမြန်း ရာလက်ခံဖြေကြားခြင်းမရှိပေ။

 အင်န်အယ်လ်ဒီ  အစိုးရ သည် အခွင့်ထူးခံများကို လက်မခံ သဖြင့် ၎င်းအနေဖြင့် မည်သည့် အခွင့်အရေးမျှ ရရှိခဲ့ခြင်းမရှိ ကြောင်း ဦးကျော်နေဝင်းက ပြော သည်။  ယမန်နေ့ညက Omni Focus  ကုမ္ပဏီလက်အောက်ရှိ လေဆိပ်မှ ဆူးလေသို့ ၂၄ နာရီ ဘတ်စ်ကားလိုင်းပြေးဆွဲမှု ဖွင့်ပွဲ အခမ်းအနားတွင်   သတင်း  ထောက်တစ်ဦး၏  မေးမြန်းမှုအ ပေါ် ၎င်းက ပြန်လည်ဖြေကြား ခြင်းဖြစ်သည်။

‘‘လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရသည် နိုင်ငံရေးမှာရော စီးပွားရေးမှာပါ အခွင့်ထူးခံလူ တန်းစားကို လက်မခံတဲ့ အစိုးရ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန် တော့်မှာလည်း  အဲဒီလိုအခွင့်အ ရေးမရှိပါဘူး’’ဟု ဦးကျော်နေဝင်း က ပြောသည်။

လက်ရှိအစိုးရသည် မည် သည့်နေရာတွင်မျှအခွင့်ထူးခံများ လက်ခံလေ့မရှိခဲ့သည်ကို  သတိချပ်သင့်ကြောင်း ဦးနေဝင်း၏မြေး ဦးကျော်နေဝင်းက  ထပ်မံပြော ကြားသည်။

၎င်းအနေဖြင့် ရန်ကုန်မြို့ တွင်း ခရီးသွားများ လုံခြုံစိတ်ချ စွာ ခရီးသွားလာနိုင်ရေးသာ ရည်ရွယ်လုပ်ဆောင်နေပြီး ဝန်ဆောင်မှု  ဦးစားပေးဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

Omni Focus ကုမ္ပဏီသည် မထသ ဘတ်စ်ကားစနစ်တွင် အမြဲစိမ်းယာဉ်လိုင်းအမည်ဖြင့် ဘတ်စ်ကားလိုင်း တည်ထောင် ပြေးဆွဲခဲ့ပြီး ဝိုင်ဘီအက်စ် ဘတ်စ်ကားစနစ်၌ ယာဉ်လိုင်းခုနစ်လိုင်းကို တာဝန်ယူပြေးဆွဲနေသည်။

ယင်းကုမ္ပဏီက ပြည်ပမှ ဘတ်စ်ကားအသစ်စီးရေ ၅၀၀ကျော် ဝယ်ယူပြီး ပြေးဆွဲနေခြင်း ဖြစ်ကာ နောက်ထပ်ယာဉ်လိုင်း အသစ်များ တိုးချဲ့ပြေးဆွဲနိုင်ရန် ကြိုးစားနေသည်ဟု ဦးကျော်နေ ဝင်းက ပြောသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top