(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

မိတ္ကပ္ပညာရွင္ ခင္စန္းဝင္းကေတာ့ ေနာက္ထပ္ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယိုဇာတ္ကားေတြ ထပ္ရိုက္ဖို႔ ျပင္ဆင္ေန တယ္လို႔ ဆိုၿပီး ေနာက္ထပ္ ထပ္ရိုက္မယ့္ ဇာတ္ေကာင္ျဖစ္တဲ့ “အျမ”ဆိုတဲ့ ဇာတ္ေကာင္ကိုလည္း မလုပ္ဘူးေသးတဲ့ ကာရိုက္တာျဖစ္လို႔ လုပ္ၾကည့္ခ်င္တယ္လို႔ဆိုပါတယ္ ဧရာဝတီကိုေျပာပါတယ္။

“မႀကီးဇာတ္ကားေတြလည္း ရိုက္ဖို႔ရွိတယ္။ happy trip ကိုလင္းလင္းတို႔၊ သုသုတို႔၊ မထက္တို႔ ျမင့္ျမတ္တို႔ ထြန္းထြန္းတို႔နဲ႕ ရိုက္ဖို႔ မႀကီးကိုေျပာထားတယ္။ ဟာသကားေလးေပါ့။ ခင္စန္းဝင္းအျပင္မွာ ဘယ္လိုပုံရွိတယ္။ ပရိသတ္သိၿပီးသားဆိုေတာ့ သိပ္စိုးရိမ္တာေတာ့ မရွိပါဘူး။ ဒါရိုက္တာနဲ႕ေတာ့ ညွိထားတယ္”

“ ဟာသေတြ မလုပ္ခိုင္းဖို႔ေပါ့။ အျပင္မွာလည္း လွ်ပ္ေပၚေလာ္လီေအာင္ သိပ္မေနတဲ့သူဆိုေတာ့ ဟာသေတြ လုပ္ခိုင္းမွာေတာ့ စိုးရိမ္တယ္။ အခက္အခဲကေတာ့ မႀကီးက ဟာသမလုပ္တတ္ဘူး။ ဒါေပမယ့္ မႀကီးက အရမ္းအရယ္သန္ေတာ့ ဇာတ္လမ္းမွာသူမ်ားအေႏွာင့္အယွက္ျဖစ္မွာေတာ့ စိုးရိမ္တယ္” လို႔ ခင္စန္းဝင္းက ဆိုပါတယ္။

အခုထပ္မံရိုက္မယ့္ ဇာတ္ကားအတြက္ ဖက္ရွင္ပိုင္းကိုေတာ့ သီးသန႔္ျပင္ဆင္မွာမဟုတ္ဘဲ ဝတ္ေနက်ပဳံစံအတိုင္းပဲ ဝတ္ျဖစ္မယ္လို႔ ဆိုပါတယ္။ မၾကာခင္ရိုက္မယ့္ အျမဆိုတဲ့ ဇာတ္ကားနဲ႕ ပတ္သက္ၿပီးလည္း ခင္စန္းဝင္းက အခုလိုဆိုပါတယ္။

“ဆရာဦးဝင္းၿငိမ္းေျပာတဲ့ “အျမ”ဆိုတဲ့ ဇာတ္ကို မႀကီးအရမ္းရိုက္ခ်င္တယ္။ ဒီကားက လုပ္ကြက္လည္း ရမယ္။ ကိုယ့္အတြက္ မွတ္တမ္းလည္း က်န္မယ့္ ကားေလးလို႔ေျပာလို႔ရတယ္။ ဆရာႀကီး လူထုဦးလွရဲ႕ ဝတၳဳေပါ့”

“ေဈးကြက္အေျခအေနအရ လက္ရွိဥပေဒနဲ႕ စည္းမ်ဥ္းစည္းကမ္းအရ ႐ုပ္ရွင္သမားေတြအေနနဲ႕ ခက္ခဲတယ္ေလ၊ ေရာင္းဖို႔၊ ဝယ္ဖို႔၊ စီးပြားျဖစ္ဖို႔ ခက္ခဲတဲ့ အခါက်ေတာ့ ဇာတ္ကားအေျခအေနကိုၾကည့္ၿပီး ရိုက္ဖို႔ ေစာင့္ေနပါတယ္။ ဇာတ္ကားအေျခအေနေကာင္းတယ္ဆိုရင္ေတာ့ ရိုက္ျဖစ္မယ္လို႔ထင္တယ္။ မလုပ္ဘူးေသးတဲ့ ကာရိုက္တာဆိုေတာ့ လုပ္ၾကည့္ခ်င္တယ္”

ျမန္မာဇာတ္ကားေတြမွာ မိတ္ကပ္ပညာရွင္ေတြ သ႐ုပ္ေဆာင္ေနတာနဲ႕ ပတ္သက္ၿပီး ေဝဖန္မႈမ်ားလည္း ရွိေနေပမယ့္ ခ်စ္တဲ့ပရိသတ္ေတြအတြက္ ရိုက္ကူးျဖစ္တာလို႔ ခင္စန္းဝင္းကဆိုပါတယ္။

“မႀကီးတို႔ အင္တာဗ်ဴးေတြ ေအာက္မွာလာမန႔္ထားတဲ့ သူေတြရွိတယ္။ ျမန္မာ႐ုပ္ရွင္မွာ ေဂးလႊမ္းမိုးေနၿပီတို႔ ေျပာၾကတယ္။ ေဝဖန္တိုက္ခိုက္ၿပီး မေကာင္းျမင္တဲ့ သူလည္းရွိရင္ရွိမွာပါ။ အဲ့ဒါက လူနည္းစုပါ။ အမွန္အတိုင္း ေျပာရင္ေတာ့ မမွားပါဘူး”

“ ဒါေပမယ့္ ကိုယ့္ကိုခ်စ္တဲ့ ပရိသတ္ေတြအတြက္လည္း မႀကီးတို႔လုပ္ေပးတာေပါ့။ မႀကီးကေတာ့ လူမွန္းသိတတ္စ ကတည္းက ကိုယ့္ကိုယ္ကို မိန္းမတေယာက္လို႔ ခံယူထားတယ္။ မိန္းမလ်ာဆိုတာ မိန္းမစိတ္ေပါက္တဲ့သူကို မိန္းမလ်ာလို႔ေခၚတယ္။ တခ်ိဳ႕ရိုင္းတဲ့ သူေတြက အေျခာက္လို႔ေခၚၾကတယ္”

“ကိုယ့္ရဲ႕စိတ္နဲ႕ ကိုယ့္ခံစားခ်က္အတိုင္းပဲေျပာမယ္။ ေဝဖန္တာလည္း မဟုတ္ဘူး။ တိုက္ခိုက္တာလည္း မဟုတ္ဘူး။ ကိုယ့္ကိုကိုယ္ မိန္းမလို႔ခံယူတယ္။ စိတ္ေနစိတ္ထားကအစ မိန္းမတေယာက္လို႔ခံယူတယ္။ လက္ရွိမွာလည္း မိန္းမလိုပဲ ခံယူၿပီးေနတဲ့အတြက္ မိန္းမလ်ာေလာကနဲ႕ အေရာတဝင္မေနဘူးေပါ့။ မေနဘူးဆိုတာက ခြဲျခားၿပီး ေနတာေတာ့မဟုတ္ဘူး။ မႀကီးကမိန္းမလိုျဖစ္ေနေတာ့ နည္းနည္းေလးၿငိမ္လြန္းအားႀကီးေတာ့ သူငယ္ခ်င္းေတြ ကိုအားနာတယ္”လို႔ ေျပာပါတယ္။

မိတ္ကပ္ခင္စန္းဝင္းဟာ မိတ္ကပ္ေလာကမွာရပ္တည္ေနတာ ၂၅ ႏွစ္ရွိၿပီျဖစ္ၿပီး ပထမဆုံးအႀကိမ္ရိုက္ကူးလိုက္တဲ့ ‘မႀကီးစန္းႏွင့္ သူ၏ခ်စ္သူမ်ား’ ဗီဒီယို ဇာတ္ကားကေနစၿပီး ပရိသတ္အေရွ႕ကို သ႐ုပ္ေဆာင္တေယာက္အျဖစ္ ေရာက္ရွိလာတာျဖစ္ပါတယ္။

ေနာက္ထပ္လည္း ‘တေန႕က်မွ ေမာင့္ကို ဒီအေၾကာင္းေတြေျပာျပရဦးမယ္’ ဆိုတဲ့ ဗီဒီယိုဇာတ္ကားကိုလည္း ထြက္ရွိခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

မိတ်ကပ်ပညာရှင် ခင်စန်းဝင်းကတော့ နောက်ထပ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေ ထပ်ရိုက်ဖို့ ပြင်ဆင်နေ တယ်လို့ ဆိုပြီး နောက်ထပ် ထပ်ရိုက်မယ့် ဇာတ်ကောင်ဖြစ်တဲ့ “အမြ”ဆိုတဲ့ ဇာတ်ကောင်ကိုလည်း မလုပ်ဘူးသေးတဲ့ ကာရိုက်တာဖြစ်လို့ လုပ်ကြည့်ချင်တယ်လို့ဆိုပါတယ် ဧရာဝတီကိုပြောပါတယ်။

“မကြီးဇာတ်ကားတွေလည်း ရိုက်ဖို့ရှိတယ်။ happy trip ကိုလင်းလင်းတို့၊ သုသုတို့၊ မထက်တို့ မြင့်မြတ်တို့ ထွန်းထွန်းတို့နဲ့ ရိုက်ဖို့ မကြီးကိုပြောထားတယ်။ ဟာသကားလေးပေါ့။ ခင်စန်းဝင်းအပြင်မှာ ဘယ်လိုပုံရှိတယ်။ ပရိသတ်သိပြီးသားဆိုတော့ သိပ်စိုးရိမ်တာတော့ မရှိပါဘူး။ ဒါရိုက်တာနဲ့တော့ ညှိထားတယ်”

“ ဟာသတွေ မလုပ်ခိုင်းဖို့ပေါ့။ အပြင်မှာလည်း လျှပ်ပေါ်လော်လီအောင် သိပ်မနေတဲ့သူဆိုတော့ ဟာသတွေ လုပ်ခိုင်းမှာတော့ စိုးရိမ်တယ်။ အခက်အခဲကတော့ မကြီးက ဟာသမလုပ်တတ်ဘူး။ ဒါပေမယ့် မကြီးက အရမ်းအရယ်သန်တော့ ဇာတ်လမ်းမှာသူများအနှောင့်အယှက်ဖြစ်မှာတော့ စိုးရိမ်တယ်” လို့ ခင်စန်းဝင်းက ဆိုပါတယ်။

အခုထပ်မံရိုက်မယ့် ဇာတ်ကားအတွက် ဖက်ရှင်ပိုင်းကိုတော့ သီးသန့်ပြင်ဆင်မှာမဟုတ်ဘဲ ဝတ်နေကျပုံစံအတိုင်းပဲ ဝတ်ဖြစ်မယ်လို့ ဆိုပါတယ်။ မကြာခင်ရိုက်မယ့် အမြဆိုတဲ့ ဇာတ်ကားနဲ့ ပတ်သက်ပြီးလည်း ခင်စန်းဝင်းက အခုလိုဆိုပါတယ်။

“ဆရာဦးဝင်းငြိမ်းပြောတဲ့ “အမြ”ဆိုတဲ့ ဇာတ်ကို မကြီးအရမ်းရိုက်ချင်တယ်။ ဒီကားက လုပ်ကွက်လည်း ရမယ်။ ကိုယ့်အတွက် မှတ်တမ်းလည်း ကျန်မယ့် ကားလေးလို့ပြောလို့ရတယ်။ ဆရာကြီး လူထုဦးလှရဲ့ ဝတ္ထုပေါ့”

“ဈေးကွက်အခြေအနေအရ လက်ရှိဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းအရ ရုပ်ရှင်သမားတွေအနေနဲ့ ခက်ခဲတယ်လေ၊ ရောင်းဖို့၊ ဝယ်ဖို့၊ စီးပွားဖြစ်ဖို့ ခက်ခဲတဲ့ အခါကျတော့ ဇာတ်ကားအခြေအနေကိုကြည့်ပြီး ရိုက်ဖို့ စောင့်နေပါတယ်။ ဇာတ်ကားအခြေအနေကောင်းတယ်ဆိုရင်တော့ ရိုက်ဖြစ်မယ်လို့ထင်တယ်။ မလုပ်ဘူးသေးတဲ့ ကာရိုက်တာဆိုတော့ လုပ်ကြည့်ချင်တယ်”

မြန်မာဇာတ်ကားတွေမှာ မိတ်ကပ်ပညာရှင်တွေ သရုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုများလည်း ရှိနေပေမယ့် ချစ်တဲ့ပရိသတ်တွေအတွက် ရိုက်ကူးဖြစ်တာလို့ ခင်စန်းဝင်းကဆိုပါတယ်။

“မကြီးတို့ အင်တာဗျူးတွေ အောက်မှာလာမန့်ထားတဲ့ သူတွေရှိတယ်။ မြန်မာရုပ်ရှင်မှာ ဂေးလွှမ်းမိုးနေပြီတို့ ပြောကြတယ်။ ဝေဖန်တိုက်ခိုက်ပြီး မကောင်းမြင်တဲ့ သူလည်းရှိရင်ရှိမှာပါ။ အဲ့ဒါက လူနည်းစုပါ။ အမှန်အတိုင်း ပြောရင်တော့ မမှားပါဘူး”

“ ဒါပေမယ့် ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေအတွက်လည်း မကြီးတို့လုပ်ပေးတာပေါ့။ မကြီးကတော့ လူမှန်းသိတတ်စ ကတည်းက ကိုယ့်ကိုယ်ကို မိန်းမတယောက်လို့ ခံယူထားတယ်။ မိန်းမလျာဆိုတာ မိန်းမစိတ်ပေါက်တဲ့သူကို မိန်းမလျာလို့ခေါ်တယ်။ တချို့ရိုင်းတဲ့ သူတွေက အခြောက်လို့ခေါ်ကြတယ်”

“ကိုယ့်ရဲ့စိတ်နဲ့ ကိုယ့်ခံစားချက်အတိုင်းပဲပြောမယ်။ ဝေဖန်တာလည်း မဟုတ်ဘူး။ တိုက်ခိုက်တာလည်း မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် မိန်းမလို့ခံယူတယ်။ စိတ်နေစိတ်ထားကအစ မိန်းမတယောက်လို့ခံယူတယ်။ လက်ရှိမှာလည်း မိန်းမလိုပဲ ခံယူပြီးနေတဲ့အတွက် မိန်းမလျာလောကနဲ့ အရောတဝင်မနေဘူးပေါ့။ မနေဘူးဆိုတာက ခွဲခြားပြီး နေတာတော့မဟုတ်ဘူး။ မကြီးကမိန်းမလိုဖြစ်နေတော့ နည်းနည်းလေးငြိမ်လွန်းအားကြီးတော့ သူငယ်ချင်းတွေ ကိုအားနာတယ်”လို့ ပြောပါတယ်။

မိတ်ကပ်ခင်စန်းဝင်းဟာ မိတ်ကပ်လောကမှာရပ်တည်နေတာ ၂၅ နှစ်ရှိပြီဖြစ်ပြီး ပထမဆုံးအကြိမ်ရိုက်ကူးလိုက်တဲ့ ‘မကြီးစန်းနှင့် သူ၏ချစ်သူများ’ ဗီဒီယို ဇာတ်ကားကနေစပြီး ပရိသတ်အရှေ့ကို သရုပ်ဆောင်တယောက်အဖြစ် ရောက်ရှိလာတာဖြစ်ပါတယ်။

နောက်ထပ်လည်း ‘တနေ့ကျမှ မောင့်ကို ဒီအကြောင်းတွေပြောပြရဦးမယ်’ ဆိုတဲ့ ဗီဒီယိုဇာတ်ကားကိုလည်း ထွက်ရှိခဲ့ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top