ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×



အိႏၵိယႏိုင္ငံ အေရွ႕ေတာင္ပိုင္း Nagaland ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ Kohima မွာ ၃ ရက္ၾကာ ျပဳလုပ္မယ့္ “Glocal Hornbill International Film Festival 2018” ပြဲမွာ ျမန္မာႏိုင္ငံမွ ႐ုပ္ရွင္နဲ႔ မွတ္တမ္းဇာတ္ကားတို ၁၂ ကား သြားေရာက္ ျပသရန္ ဖိတ္ၾကားခံရတယ္လို႔ သိရပါတယ္။

အဆိုပါပြဲကို ျမန္မာႏိုင္ငံကိုယ္စားျပဳအေနနဲ႔ ဒီပြဲေတာ္ကို တက္ေရာက္မယ့္ Miracle Post Media Production ရဲ႕ အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာ ကိုဝဏၰေက်ာ္က “က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ လူငယ္ေတြ လြတ္လပ္စြာ ဖန္တီးထားတဲ့ ဇာတ္ကားေကာင္းေတြ အမ်ားႀကီး ရွိပါတယ္။ အခုလိုမ်ိဳး ျမန္မာႏိုင္ငံက ႐ုပ္ရွင္ကားေတြကို လာေရာက္ျပသဖို႔အတြက္ ဖိတ္ေခၚျခင္းခံရတဲ့အတြက္လည္း အတိုင္းမသိ ဝမ္းသာမိပါတယ္”လို႔ ေျပာပါတယ္။

ဆက္လက္ၿပီး ကိုဝဏၰေက်ာ္က “အခုလို ႐ုပ္ရွင္ပြဲေတာ္ေတြကေန က်ေနာ္တို႔ ျမန္မာ႐ုပ္ရွင္ ဒါ႐ိုက္တာေတြရဲ႕ ဖန္တီးႏိုင္မႈေတြကို အိႏၵိယႏိုင္ငံေတာင္ပိုင္း နယ္ေျမေတြထဲမွာ ကမာၻတဝွမ္းက သိတဲ့ Hornbill Festival ရဲ႕ အစိတ္အပိုင္းတခုအျဖစ္ ျပသမွာျဖစ္ၿပီး ႐ုပ္ရွင္ေတြကေနတဆင့္ အေတြးအေခၚနဲ႔ ယဥ္ေက်းမႈေတြကို ဖလွယ္သြားႏိုင္မွာျဖစ္လို႔ စိတ္လႈပ္ရွားမိပါတယ္”လို႔ ေျပာပါတယ္။

႐ုပ္ရွင္ပြဲေတာ္မွာေတာ့ အေမရိကန္ႏိုင္ငံ၊ လက္ဗီးယားႏိုင္ငံ၊ ျမန္မာႏိုင္ငံနဲ႔ အိႏၵိယႏိုင္ငံအေရွ႕ေျမာက္ ေဒသမ်ားမွ ႐ုပ္ရွင္မ်ား ပါဝင္ျပသမွာျဖစ္ၿပီး ေဒသတြင္း တခုတည္းေသာ အျပည္ျပည္ဆိုင္ရာ ႐ုပ္ရွင္ပြဲေတာ္ျဖစ္တာေၾကာင့္ ႏိုင္ငံတကာမွ ႐ုပ္ရွင္ပညာရွင္မ်ားနဲ႔ ႐ုပ္ရွင္ပညာရပ္ဆိုင္ရာ ေဆြးေႏြးေဟာေျပာပြဲမ်ားလည္း ပါဝင္မယ္လို႔ သိရပါတယ္။

“Glocal Hornbill International Film Festival 2018” မွာ ျပသသြားမယ့္ ျမန္မာႏိုင္ငံမွ ဇာတ္ကားေတြကေတာ့ ဒါ႐ိုက္တာ ေအာင္ျမင့္ျမတ္ခ်ိဳရဲ႕Traces ၊ ဒါ႐ိုက္တာ ကိုဂ်က္ရဲ႕Supposes ၊ ဒါ႐ိုက္တာ Mႏိုးရဲ႕ Insomniacs ၊ ဒါ႐ိုက္တာလဲ့လဲ့ေအး ရဲ႕ My Mother is Single ၊ ဒါ႐ိုက္တာမိုင္းအိုက္ေႏြ ရဲ႕ Buffalo Boy ဇာတ္ကား၊ ဒါ႐ိုက္တာေကာင္းျမတ္သူေက်ာ္ႏွင့္ ျမတ္အိမြန္တို႔ရဲ႕ Buffalo Boat ၊ ဒါ႐ိုက္တာ မိုမို(႐ူပါ)ႏွင့္ ေမရီဆယဲတို႔ရဲ႕ Woman With A Gun ၊ ဒါ႐ိုက္တာဉာဏ္က်ယ္ေစရဲ႕My life I don’t want ၊ ဒါ႐ိုက္တာမိုးစက္စၿငိမ္းခ်မ္းသာရဲ႕ 528 ၊ ဒါ႐ိုက္တာေကာင္းဆင့္၏ Home ၊ ဒါ႐ိုက္တာဝဏၰေက်ာ္ႏွင့္ Barry Pousman တို႔ရဲ႕ My Hidden City၊ ဒါ႐ိုက္တာ အာခီးခ်ယ္ရဲ႕ Better Late Than Never စတဲ့ ႐ုပ္ရွင္ဇာတ္ကားတိုမ်ားပဲ ျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္ပြဲေတာ္ကို ၂၀၁၂ ခုႏွစ္မွ စတင္ၿပီး ႏွစ္စဥ္ Hornbill Festival ျပဳလုပ္တဲ့ အခ်ိန္မွာ ပြဲေတာ္ရဲ႕ အစီအစဥ္ တရပ္အေနျဖင့္ ထည့္သြင္းက်င္းပခဲ့တာျဖစ္ၿပီး Nagaland ျပည္နယ္တြင္း ႐ုပ္ရွင္အသိပညာ၊ အတတ္ပညာ ထြန္းကားျပန႔္ပြားေစရန္ ရည္႐ြယ္ခ်က္နဲ႔ အိႏၵိယနဲ႔ ကမာၻ႔ႏိုင္ငံမ်ားမွ ႐ုပ္ရွင္မ်ားျပသကာ အေတြးအေခၚႏွင့္ ယဥ္ေက်းမႈမ်ား အျပန္အလွန္ ကူးလူးဆက္သြယ္လိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ “Glocal” လို႔ အမည္ေပးခဲ့ျခင္း ျဖစ္တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း Nagaland ပြည်နယ်ရဲ့ မြို့တော် Kohima မှာ ၃ ရက်ကြာ ပြုလုပ်မယ့် “Glocal Hornbill International Film Festival 2018” ပွဲမှာ မြန်မာနိုင်ငံမှ ရုပ်ရှင်နဲ့ မှတ်တမ်းဇာတ်ကားတို ၁၂ ကား သွားရောက် ပြသရန် ဖိတ်ကြားခံရတယ်လို့ သိရပါတယ်။

အဆိုပါပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဒီပွဲတော်ကို တက်ရောက်မယ့် Miracle Post Media Production ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ကိုဝဏ္ဏကျော်က “ကျနော်တို့ မြန်မာနိုင်ငံမှာ လူငယ်တွေ လွတ်လပ်စွာ ဖန်တီးထားတဲ့ ဇာတ်ကားကောင်းတွေ အများကြီး ရှိပါတယ်။ အခုလိုမျိုး မြန်မာနိုင်ငံက ရုပ်ရှင်ကားတွေကို လာရောက်ပြသဖို့အတွက် ဖိတ်ခေါ်ခြင်းခံရတဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာမိပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ကိုဝဏ္ဏကျော်က “အခုလို ရုပ်ရှင်ပွဲတော်တွေကနေ ကျနော်တို့ မြန်မာရုပ်ရှင် ဒါရိုက်တာတွေရဲ့ ဖန်တီးနိုင်မှုတွေကို အိန္ဒိယနိုင်ငံတောင်ပိုင်း နယ်မြေတွေထဲမှာ ကမ္ဘာတဝှမ်းက သိတဲ့ Hornbill Festival ရဲ့ အစိတ်အပိုင်းတခုအဖြစ် ပြသမှာဖြစ်ပြီး ရုပ်ရှင်တွေကနေတဆင့် အတွေးအခေါ်နဲ့ ယဉ်ကျေးမှုတွေကို ဖလှယ်သွားနိုင်မှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်”လို့ ပြောပါတယ်။

ရုပ်ရှင်ပွဲတော်မှာတော့ အမေရိကန်နိုင်ငံ၊ လက်ဗီးယားနိုင်ငံ၊ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက် ဒေသများမှ ရုပ်ရှင်များ ပါဝင်ပြသမှာဖြစ်ပြီး ဒေသတွင်း တခုတည်းသော အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်ဖြစ်တာကြောင့် နိုင်ငံတကာမှ ရုပ်ရှင်ပညာရှင်များနဲ့ ရုပ်ရှင်ပညာရပ်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲများလည်း ပါဝင်မယ်လို့ သိရပါတယ်။

“Glocal Hornbill International Film Festival 2018” မှာ ပြသသွားမယ့် မြန်မာနိုင်ငံမှ ဇာတ်ကားတွေကတော့ ဒါရိုက်တာ အောင်မြင့်မြတ်ချိုရဲ့Traces ၊ ဒါရိုက်တာ ကိုဂျက်ရဲ့Supposes ၊ ဒါရိုက်တာ Mနိုးရဲ့ Insomniacs ၊ ဒါရိုက်တာလဲ့လဲ့အေး ရဲ့ My Mother is Single ၊ ဒါရိုက်တာမိုင်းအိုက်နွေ ရဲ့ Buffalo Boy ဇာတ်ကား၊ ဒါရိုက်တာကောင်းမြတ်သူကျော်နှင့် မြတ်အိမွန်တို့ရဲ့ Buffalo Boat ၊ ဒါရိုက်တာ မိုမို(ရူပါ)နှင့် မေရီဆယဲတို့ရဲ့ Woman With A Gun ၊ ဒါရိုက်တာဉာဏ်ကျယ်စေရဲ့My life I don’t want ၊ ဒါရိုက်တာမိုးစက်စငြိမ်းချမ်းသာရဲ့ 528 ၊ ဒါရိုက်တာကောင်းဆင့်၏ Home ၊ ဒါရိုက်တာဝဏ္ဏကျော်နှင့် Barry Pousman တို့ရဲ့ My Hidden City၊ ဒါရိုက်တာ အာခီးချယ်ရဲ့ Better Late Than Never စတဲ့ ရုပ်ရှင်ဇာတ်ကားတိုများပဲ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ပွဲတော်ကို ၂၀၁၂ ခုနှစ်မှ စတင်ပြီး နှစ်စဉ် Hornbill Festival ပြုလုပ်တဲ့ အချိန်မှာ ပွဲတော်ရဲ့ အစီအစဉ် တရပ်အနေဖြင့် ထည့်သွင်းကျင်းပခဲ့တာဖြစ်ပြီး Nagaland ပြည်နယ်တွင်း ရုပ်ရှင်အသိပညာ၊ အတတ်ပညာ ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်ချက်နဲ့ အိန္ဒိယနဲ့ ကမ္ဘာ့နိုင်ငံများမှ ရုပ်ရှင်များပြသကာ အတွေးအခေါ်နှင့် ယဉ်ကျေးမှုများ အပြန်အလှန် ကူးလူးဆက်သွယ်လိုတဲ့ ရည်ရွယ်ချက်နဲ့ “Glocal” လို့ အမည်ပေးခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top