iMyanmarHouse.com - Best Property Website for Myanmar
×

ဦးဇင္းေသရင္ေတာ့…မ်က္ၾကည္လႊာတို႔ ႏွလုံး ၊ အသည္း ၊ေက်ာက္ကပ္ စတ့ဲအတြင္းကလီစာတို႔ ၊.တျခား အစားထိုးကုသလို႔ရတ့ဲ ခႏၶာကိုယ္ အစိတ္အပိုင္းတို႔ ၊ သုံးလို႔ရတာေတြကို လိုအပ္တ့ဲ လူနာေတြအတြက္ ခြဲေဝၿပီး အသုံးျပဳလိုက္ပါ။

လက္ဆစ္တစ္ဆစ္ လိုလည္း လက္ဆစ္တစ္ဆစ္ ၊ အေၾကာတစ္မ်ွင္ လိုလည္း အေၾကာတစ္မ်ွင္ လိုရာျဖတ္ေတာက္ယူုၿပီး သုံးၾကေပါ့။

ဆရာေတာ္ အ႐ွင္ဆႏၵာဓိက၏ ထူးျခားတဲ့ ေသတမ္းစာ 2

လူနာေတြအတြက္ သုံးလို႔ရသမ်ွ အကုန္လုံး ျဖတ္ေတာက္ယူၿပီးၿပီဆိုရင္ေတာ့ က်န္ေနတ့ဲ ႐ုပ္အေလာင္းကို ဂုန္နီအိတ္ထဲထည့္ ၊ ေက်ာက္တုံးေတြပါ ထည့္ၿပီး ပင္လယ္ထဲသေဘၤာန႔ဲသယ္သြား ၊ ခပ္ေဝးေဝး ေရာက္တာန႔ဲ ေရထဲပစ္ခ်ၿပီး ငါးစာေကြၽးလိုက္ပါလို႔ ဒကာရင္းေတြ ၊ တပည့္ရင္းကေလးေတြကို ေသခ်ာမွာထားပါတယ္။

ဘဝတစ္သက္တာမွာ ကိုယ္စားခ့ဲတ့ဲ ငါးေတြေတာ္ေတာ္မ်ားခ့ဲၿပီ။ကိုယ့္ကိုလည္း ငါးေတြတစ္လွည့္ျပန္စား ပါေစဦး။

မီး႐ႈိ႕၊ ျပာခ်ၿပီး အလကားေပ်ာက္သြားမယ့္ အတူတူ ပင္လယ္ထဲက ငါးေတြစားရေတာ့ ငါးေတြအတြက္ အက်ိဳး႐ွိတာေပါ့။ ကိုယ္ကုသိုလ္ရဖို႔ ရည္ရြယ္လုပ္တာ မဟုတ္ေပမယ့္ ကိုယ္လည္း ကုသိုလ္ရသြားတာပဲ ဒါနကုသိုလ္။

ကိုယ္ေသသြားရင္ ကိုယ္မွာထားတ့ဲအတိုင္း က်န္ရစ္သူေတြ လုပ္မလုပ္ မေသခ်ာေပမယ့္ ကိုယ့္ေစတနာ၊ကိုယ့္ေမတၱာကေတာ့ ဒီအတိုင္းပဲ တစ္သက္မတ္တည္း ႐ွိတ့ဲအတြက္ ဒီကိစၥကို သတိရလိုက္တိုင္း ကိုယ္ကေတာ့မေသခင္ကတည္းက ပုဗၺေစတနာန႔ဲ (ေ႐ွ႕ဦးေစတနာ၊တင္ႀကိဳေစတနာန႔ဲ) ကုသိုလ္ရေနေတာ့တာပါပဲ။

ဂုန္နီအိတ္က အေပါက္ပါတ့ဲ ဂုန္နီအိတ္ေတာ့ ျဖစ္ရမယ္။

ၾကက္သြန္ထည့္တ့ဲ ဂုန္နီအိတ္မ်ိဳးေပါ့။ဒါမွငါးေတြစားလို႔ အဆင္ေျပမွာေလ။ဆာလာအိတ္တို႔ ၊ ပလက္စတစ္အိတ္တို႔ဆို ငါးေတြစားမရဘဲျဖစ္ေနလိမ့္မယ္။အနံ႔ရလို႔ ထိုးရင္လည္း ပါးစပ္ေတြ နာေနမယ္။

ဒါ ဦးဇင္းရဲ႕ ေသတမ္းစာထဲက အခ်က္အလက္တစ္ခုေပါ့ေနာ္……….

အ႐ွင္ဆႏၵာဓိက (အေသလွတ့ဲသူ) တရားစာအုပ္မွကူးယူေဖာ္ျပပါသည္။

အားလုံးေသာ မိတ္ေဆြမ်ား က်န္းမာလို႔ခ်မ္းသာၾကပါေစ။



ဖိုးသူေတာ္ (www.phothutaw.com)
Credit: သက္လြင္ဦး


#Unicode Version#

ဦးဇင်းသေရင်တော့…မျက်ကြည်လွှာတို့ နှလုံး ၊ အသည်း ၊ကျောက်ကပ် စတဲ့အတွင်းကလီစာတို့ ၊.တခြား အစားထိုးကုသလို့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတို့ ၊ သုံးလို့ရတာတွေကို လိုအပ်တဲ့ လူနာတွေအတွက် ခွဲဝေပြီး အသုံးပြုလိုက်ပါ။

လက်ဆစ်တစ်ဆစ် လိုလည်း လက်ဆစ်တစ်ဆစ် ၊ အကြောတစ်မျှင် လိုလည်း အကြောတစ်မျှင် လိုရာဖြတ်တောက်ယူုပြီး သုံးကြပေါ့။

ဆရာတော် အရှင်ဆန္ဒာဓိက၏ ထူးခြားတဲ့ သေတမ်းစာ 2

လူနာတွေအတွက် သုံးလို့ရသမျှ အကုန်လုံး ဖြတ်တောက်ယူပြီးပြီဆိုရင်တော့ ကျန်နေတဲ့ ရုပ်အလောင်းကို ဂုန်နီအိတ်ထဲထည့် ၊ ကျောက်တုံးတွေပါ ထည့်ပြီး ပင်လယ်ထဲသင်္ဘောနဲ့သယ်သွား ၊ ခပ်ဝေးဝေး ရောက်တာနဲ့ ရေထဲပစ်ချပြီး ငါးစာကျွေးလိုက်ပါလို့ ဒကာရင်းတွေ ၊ တပည့်ရင်းကလေးတွေကို သေချာမှာထားပါတယ်။

ဘဝတစ်သက်တာမှာ ကိုယ်စားခဲ့တဲ့ ငါးတွေတော်တော်များခဲ့ပြီ။ကိုယ့်ကိုလည်း ငါးတွေတစ်လှည့်ပြန်စား ပါစေဦး။

မီးရှို့၊ ပြာချပြီး အလကားပျောက်သွားမယ့် အတူတူ ပင်လယ်ထဲက ငါးတွေစားရတော့ ငါးတွေအတွက် အကျိုးရှိတာပေါ့။ ကိုယ်ကုသိုလ်ရဖို့ ရည်ရွယ်လုပ်တာ မဟုတ်ပေမယ့် ကိုယ်လည်း ကုသိုလ်ရသွားတာပဲ ဒါနကုသိုလ်။

ကိုယ်သေသွားရင် ကိုယ်မှာထားတဲ့အတိုင်း ကျန်ရစ်သူတွေ လုပ်မလုပ် မသေချာပေမယ့် ကိုယ့်စေတနာ၊ကိုယ့်မေတ္တာကတော့ ဒီအတိုင်းပဲ တစ်သက်မတ်တည်း ရှိတဲ့အတွက် ဒီကိစ္စကို သတိရလိုက်တိုင်း ကိုယ်ကတော့မသေခင်ကတည်းက ပုဗ္ဗစေတနာနဲ့ (ရှေ့ဦးစေတနာ၊တင်ကြိုစေတနာနဲ့) ကုသိုလ်ရနေတော့တာပါပဲ။

ဂုန်နီအိတ်က အပေါက်ပါတဲ့ ဂုန်နီအိတ်တော့ ဖြစ်ရမယ်။

ကြက်သွန်ထည့်တဲ့ ဂုန်နီအိတ်မျိုးပေါ့။ဒါမှငါးတွေစားလို့ အဆင်ပြေမှာလေ။ဆာလာအိတ်တို့ ၊ ပလက်စတစ်အိတ်တို့ဆို ငါးတွေစားမရဘဲဖြစ်နေလိမ့်မယ်။အနံ့ရလို့ ထိုးရင်လည်း ပါးစပ်တွေ နာနေမယ်။

ဒါ ဦးဇင်းရဲ့ သေတမ်းစာထဲက အချက်အလက်တစ်ခုပေါ့နော်……….

အရှင်ဆန္ဒာဓိက (အသေလှတဲ့သူ) တရားစာအုပ်မှကူးယူဖော်ပြပါသည်။

အားလုံးသော မိတ်ဆွေများ ကျန်းမာလို့ချမ်းသာကြပါစေ။

#Credit——- သက်လွင်ဦး –
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top