ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မေလးရွားႏိုင္ငံ Selangor ျပည္နယ္ရွိ Panasonic တီဗီစက္႐ံုတြင္ ဖမ္းဆီးရမိသည့္ တရားမဝင္ျမန္မာ လုပ္သား ၁၅၀ ေက်ာ္ကို မေလးရွား အစိုးရက ႏိုဝင္ဘာလ ၂၀ ရက္က ေထာင္ဒဏ္ ၁ လမွ ၃ လအထိ အသီးသီးခ်မွတ္လိုက္ေၾကာင္း ျမန္မာသံအရာရွိ ဦးေအာင္ျမင့္က ေျပာၾကားသည္။

မေလးရွားအစိုးရက တရားမဝင္ အလုပ္သမားႏွိမ္နင္းေရး စီမံခ်က္အရ အဆိုပါစက္႐ံုကို ႏိုဝင္ဘာလ ၃ ရက္ ဝင္ေရာက္စစ္ေဆးဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

“ညဘက္ဝင္ဖမ္းခဲ့တယ္။ စက္႐ံုဝင္းအတြင္းက လူေနေဆာင္ထဲမွာ မိတာပါ။ ျမန္မာ ၁၅၆ ေယာက္မိတယ္။ သူတို႔က တရားမဝင္လုပ္သားျဖစ္ေတာ့ မေလးရွားဥပေဒနဲ႔ အေရးယူတာပါ။ ျပစ္ဒဏ္ေတြကေတာ့ မတူၾကဘူး” ဟု ၎က ဆိုသည္။

မေလးရွားႏိုင္ငံ ဥပေဒအရ တရားမဝင္အလုပ္သမားမ်ား ဖမ္းဆီးရမိပါက အနည္းဆံုး ေထာင္ဒဏ္ ၁ လမွ ၆ လ အထိရွိၿပီး ႀကိမ္ဒဏ္ ၃ ခ်က္ ခ်မွတ္ႏိုင္ေၾကာင္း ၎က ဆက္လက္ေျပာဆိုသည္။

“အခုက ေထာင္ဒဏ္က်ခံရသူမ်ားေနတယ္။ မေလးရွားဥပေဒအရဆိုေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔ ဝင္ကူညီလို႔မရဘူး။ တရားမဝင္လုပ္သားဆိုေတာ့ ေထာင္ဒဏ္အျပစ္ေပးလိုက္တယ္” ဟု ၎က ဆိုသည္။

ျမန္မာသံ႐ံုးအေနႏွင့္ ျပစ္ဒဏ္ကလြတ္ျငိမ္းခြင့္ရရွိပါက ထိန္းသိမ္းေရးစခန္းမ်ားတြင္ ျမန္မာလူမ်ိဳး ဟုတ္၊ မဟုတ္ စစ္ေဆး၍ မိသားစုႏွင့္ ဆက္သြယ္ေပးရန္ စီစဥ္ေပးမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာဆိုသည္။

အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ ေ႐ႊ႕ေျပာင္းဌာနခြဲ ထုတ္ျပန္ခ်က္အရ မေလးရွားႏိုင္ငံေရာက္ ျမန္မာလုပ္သားငါးသိန္းဝန္းက်င္ရွိၿပီး ၂ သိန္းခန္႔သည္ တရားမဝင္လုပ္သားမ်ား ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice


#Unicode Version#

မလေးရှားနိုင်ငံ Selangor ပြည်နယ်ရှိ Panasonic တီဗီစက်ရုံတွင် ဖမ်းဆီးရမိသည့် တရားမဝင်မြန်မာ လုပ်သား ၁၅၀ ကျော်ကို မလေးရှား အစိုးရက နိုဝင်ဘာလ ၂၀ ရက်က ထောင်ဒဏ် ၁ လမှ ၃ လအထိ အသီးသီးချမှတ်လိုက်ကြောင်း မြန်မာသံအရာရှိ ဦးအောင်မြင့်က ပြောကြားသည်။

မလေးရှားအစိုးရက တရားမဝင် အလုပ်သမားနှိမ်နင်းရေး စီမံချက်အရ အဆိုပါစက်ရုံကို နိုဝင်ဘာလ ၃ ရက် ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ညဘက်ဝင်ဖမ်းခဲ့တယ်။ စက်ရုံဝင်းအတွင်းက လူနေဆောင်ထဲမှာ မိတာပါ။ မြန်မာ ၁၅၆ ယောက်မိတယ်။ သူတို့က တရားမဝင်လုပ်သားဖြစ်တော့ မလေးရှားဥပဒေနဲ့ အရေးယူတာပါ။ ပြစ်ဒဏ်တွေကတော့ မတူကြဘူး” ဟု ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံ ဥပဒေအရ တရားမဝင်အလုပ်သမားများ ဖမ်းဆီးရမိပါက အနည်းဆုံး ထောင်ဒဏ် ၁ လမှ ၆ လ အထိရှိပြီး ကြိမ်ဒဏ် ၃ ချက် ချမှတ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အခုက ထောင်ဒဏ်ကျခံရသူများနေတယ်။ မလေးရှားဥပဒေအရဆိုတော့ ကျွန်တော်တို့အနေနဲ့ ဝင်ကူညီလို့မရဘူး။ တရားမဝင်လုပ်သားဆိုတော့ ထောင်ဒဏ်အပြစ်ပေးလိုက်တယ်” ဟု ၎င်းက ဆိုသည်။

မြန်မာသံရုံးအနေနှင့် ပြစ်ဒဏ်ကလွတ်ငြိမ်းခွင့်ရရှိပါက ထိန်းသိမ်းရေးစခန်းများတွင် မြန်မာလူမျိုး ဟုတ်၊ မဟုတ် စစ်ဆေး၍ မိသားစုနှင့် ဆက်သွယ်ပေးရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွှေ့ပြောင်းဌာနခွဲ ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားငါးသိန်းဝန်းကျင်ရှိပြီး ၂ သိန်းခန့်သည် တရားမဝင်လုပ်သားများ ဖြစ်သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top