(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ေရႊတိဂံုေစတီေတာ္ ၾကာ ေမွာက္ၾကာလန္ဧရိယာရွိ နမူနာေရႊစင္ ျပားကို ျပန္လည္သန္႔စင္ရာတြင္ ေရႊပါ ဝင္မႈ ၉၉ ရာခိုင္ႏႈန္းအထိရွိသည္ဟု လူမႈကြန္ရက္၌ ေရးသားမႈမ်ားသည္ ေအာက္ၾကာႏုဧရိယာတြင္ ပူေဇာ္ထားေသာ ေရႊစင္ျပား ၃,၉၂၁ ခ်ပ္ အနက္ မည္းေနေသာ ေရႊစင္ျပား ကိုးခ်ပ္၏ရလဒ္သာျဖစ္ၿပီး ၾကာေမွာက္ၾကာလန္ဧရိယာတစ္ခုလံုးရွိ ေရႊစင္ျပားမ်ား ရလဒ္မဟုတ္သျဖင့္ ယင္းရလဒ္အေပၚ သံုးသပ္အေျဖရွာပါက အဓိပၸာယ္သက္ေရာက္မႈ မွားယြင္းႏိုင္မည္ျဖစ္ေၾကာင္း သာသနာေရးဦးစီးဌာနက ထုတ္ျပန္သည္။

‘‘ကိုးခ်ပ္စစ္ေဆးေတြ႕ရွိခ်က္ေလးကို ေဖာ္ျပထားတာ။ ထင္ေယာင္ထင္မွားေတြ ျဖစ္မွာစိုးလို႔ ထုတ္ျပန္တာပါ။ က်န္တာေတြက ပညာရွင္ေတြနဲ႔ ေဆာင္ရြက္ေန တယ္’’ဟု သာသနာေရးဦးစီးဌာန ၫႊန္ၾကားေရးမွဴး ဦးေအာင္ဆန္း ဝင္းက ေျပာသည္။

 ထို႔အျပင္ ေရႊတိဂံုေစတီ ေတာ္ရွိ ၾကာေမွာက္ၾကာလန္တြင္ ကပ္လွဴထားေသာ ေရႊစင္ျပားမ်ားသည္ လက္ရွိပကတိျမင္ကြင္းအရ မည္းေနေသာေၾကာင့္ ျဖဳတ္ခ်၍ လံုၿခံဳစိတ္ခ်ရေသာ အခန္းတြင္ သိမ္းဆည္းထားၿပီး ပညာရွင္အဖြဲ႕ က စနစ္တက်ၾကပ္မတ္စစ္ေဆး သန္႔စင္ကာ ရရွိလာသည့္ ေရႊအ ေလးခ်ိန္ကို မွတ္တမ္းတင္ မည္ ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။

ၾကာေမွာက္ၾကာလန္  ဧရိ ယာအတြင္းရွိ မည္းေနေသာ ေရႊစင္မ်ားကိုသာ ျဖဳတ္၍ လဲလွယ္ ပါက အသစ္ကပ္လွဴေသာ ေရႊစင္ ျပားအေရာင္ႏွင့္ ယခင္ေရႊစင္ျပား တို႔ အေရာင္ညီညာမႈမရွိဘဲ ၾကည္ညိဳသပၸာယ္မႈအားနည္းႏိုင္၍ အရန္သင့္ျပဳလုပ္ထားေသာ ေရႊစင္ျပားမ်ားႏွင့္ အစားထိုးပူေဇာ္မည္ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။ လက္ရွိတြင္ ေရႊတိဂံု ေရႊသကၤန္းေတာ္ကပ္လွဴခ်ိန္ျဖစ္ ၿပီး ထုိသို႔ကပ္လွဴႏုိင္ရန္ ေလးလခန္႔ ဝါးျငမ္းဆင္ရၿပီး ယခင္က  က်ပ္သိန္းရာေက်ာ္ ကုန္က်ခဲ့သည္ဆိုသည္။

လက္ရွိ ျငမ္းဆင္ေနေသာေၾကာင့္ ၾကာေမွာက္ၾကာလန္ ဧရိယာတစ္ခုလံုး ေရႊစင္ေရႊျပား မ်ား အစားထိုးရန္ သင့္ေလ်ာ္ခ်ိန္ ျဖစ္ၿပီး ေရႊစင္ေရႊျပား ေရႊသကၤန္း ေတာ္ ကပ္လွဴပူေဇာ္ရန္ လုပ္ငန္းမ်ား ခ်မွတ္ေဆာင္ရြက္ေန ေၾကာင္းႏွင့္ ထင္ေယာင္ထင္မွား ျဖစ္ေစသည့္ သတင္းမ်ားအေပၚ ယံုၾကည္မႈ မရွိေစရန္ အသိေပး ရွင္းလင္းျခင္းျဖစ္ေၾကာင္း ထုတ္ ျပန္ခ်က္တြင္ ပါရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day


#Unicode Version#

ရွှေတိဂုံစေတီတော် ကြာ မှောက်ကြာလန်ဧရိယာရှိ နမူနာရွှေစင် ပြားကို ပြန်လည်သန့်စင်ရာတွင် ရွှေပါ ဝင်မှု ၉၉ ရာခိုင်နှုန်းအထိရှိသည်ဟု လူမှုကွန်ရက်၌ ရေးသားမှုများသည် အောက်ကြာနုဧရိယာတွင် ပူဇော်ထားသော ရွှေစင်ပြား ၃,၉၂၁ ချပ် အနက် မည်းနေသော ရွှေစင်ပြား ကိုးချပ်၏ရလဒ်သာဖြစ်ပြီး ကြာမှောက်ကြာလန်ဧရိယာတစ်ခုလုံးရှိ ရွှေစင်ပြားများ ရလဒ်မဟုတ်သဖြင့် ယင်းရလဒ်အပေါ် သုံးသပ်အဖြေရှာပါက အဓိပ္ပာယ်သက်ရောက်မှု မှားယွင်းနိုင်မည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနက ထုတ်ပြန်သည်။

‘‘ကိုးချပ်စစ်ဆေးတွေ့ရှိချက်လေးကို ဖော်ပြထားတာ။ ထင်ယောင်ထင်မှားတွေ ဖြစ်မှာစိုးလို့ ထုတ်ပြန်တာပါ။ ကျန်တာတွေက ပညာရှင်တွေနဲ့ ဆောင်ရွက်နေ တယ်’’ဟု သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်း ဝင်းက ပြောသည်။

 ထို့အပြင် ရွှေတိဂုံစေတီ တော်ရှိ ကြာမှောက်ကြာလန်တွင် ကပ်လှူထားသော ရွှေစင်ပြားများသည် လက်ရှိပကတိမြင်ကွင်းအရ မည်းနေသောကြောင့် ဖြုတ်ချ၍ လုံခြုံစိတ်ချရသော အခန်းတွင် သိမ်းဆည်းထားပြီး ပညာရှင်အဖွဲ့ က စနစ်တကျကြပ်မတ်စစ်ဆေး သန့်စင်ကာ ရရှိလာသည့် ရွှေအ လေးချိန်ကို မှတ်တမ်းတင် မည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ကြာမှောက်ကြာလန်  ဧရိ ယာအတွင်းရှိ မည်းနေသော ရွှေစင်များကိုသာ ဖြုတ်၍ လဲလှယ် ပါက အသစ်ကပ်လှူသော ရွှေစင် ပြားအရောင်နှင့် ယခင်ရွှေစင်ပြား တို့ အရောင်ညီညာမှုမရှိဘဲ ကြည်ညိုသပ္ပာယ်မှုအားနည်းနိုင်၍ အရန်သင့်ပြုလုပ်ထားသော ရွှေစင်ပြားများနှင့် အစားထိုးပူဇော်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ လက်ရှိတွင် ရွှေတိဂုံ ရွှေသင်္ကန်းတော်ကပ်လှူချိန်ဖြစ် ပြီး ထိုသို့ကပ်လှူနိုင်ရန် လေးလခန့် ဝါးငြမ်းဆင်ရပြီး ယခင်က  ကျပ်သိန်းရာကျော် ကုန်ကျခဲ့သည်ဆိုသည်။

လက်ရှိ ငြမ်းဆင်နေသောကြောင့် ကြာမှောက်ကြာလန် ဧရိယာတစ်ခုလုံး ရွှေစင်ရွှေပြား များ အစားထိုးရန် သင့်လျော်ချိန် ဖြစ်ပြီး ရွှေစင်ရွှေပြား ရွှေသင်္ကန်း တော် ကပ်လှူပူဇော်ရန် လုပ်ငန်းများ ချမှတ်ဆောင်ရွက်နေ ကြောင်းနှင့် ထင်ယောင်ထင်မှား ဖြစ်စေသည့် သတင်းများအပေါ် ယုံကြည်မှု မရှိစေရန် အသိပေး ရှင်းလင်းခြင်းဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ပါရှိသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top