ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×







ဖိုးသူတော် (www.phothutaw.com)
Credit: 7Day


#Unicode Version#

တိုင်းရင်းသားလူမျိုးတို့ ၏ ရိုးရာယဉ်ကျေးမှုဓလေ့များ ပြသထားသည့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာကို နိုင်ငံတ ကာအဆင့်မီ အဆင့်မြှင့်တင်ပြု ပြင်ဆောင်ရွက်ရန် တင်ဒါခေါ်ယူ ထားသည်ဟု တိုင်းရင်းသားကျေး ရွာအုပ်ချုပ်ရေးမှူး ဦးကျော်လင်း သန်းက ပြောသည်။

ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာကို နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင် ပြုပြင်ရေး ပင်မ စီမံကိန်းရေးဆွဲခြင်းလုပ်ငန်းကို စိတ်ပါဝင်စားသည့်  မြန်မာနိုင်ငံ သားလုပ်ငန်းရှင်များအား  အဆိုပြုလွှာတင်သွင်းနိုင်ရန်  ဖိတ်ခေါ် ထားသည်ဟု ၎င်းက ပြောသည်။

အဆိုပြုလွှာကို ဒီဇင်ဘာ ၂၈ ရက် နောက်ဆုံးတင်သွင်းရမည် ဖြစ်ပြီး ကြီးကြပ်ရေးကော်မတီ က  ပြန်လည်ရွေးချယ်ကာ ပြည် ထောင်စုအစိုးရအဖွဲ့သို့ တင်သွင်း မည်ဖြစ်သည်။ အစိုးရအဖွဲ့၏ခွင့် ပြုချက်ရပါက အကောင်အထည် ဖော်ရေး တင်ဒါထပ်မံ ခေါ်ယူမည် ဖြစ်သည်။

ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာကို အဆင့်မြှင့်တင်ရာ တွင် မြေယာရှုခင်းများအသစ်ပြန် လည်ပြုပြင်ခြင်း၊ ဥယျာဉ်လမ်း ပိုင်းနှင့် ဘတ်ဂီကားကွင်းပြုပြင် ခြင်း၊ ရေပန်းရေကန်ပြုပြင်မွမ်းမံ ခြင်းတို့ပါဝင်သည်။

‘‘အဓိကကတော့ ယဉ်ကျေး မှုလည်း ပပျောက်အောင် အဆင့် မြှင့်တင်တာတွေပြုလုပ်မှာ၊ တိုင်း ရင်းသား နေအိမ်တွေကတော့ မူရင်းဒေသနဲ့ ကိုက်ညီအောင် ပစ္စည်းပစ္စယတွေကအစ ပြုလုပ် ထားတဲ့အတွက် Landscape ပိုင်းတွေပဲ အဆင့်မြှင့်တင်မှာ’’ ဟု ဦးကျော်လင်းသန်းက ပြောသည်။

ရန်ကုန်တိုင်း သာကေတ မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်း သားကျေးရွာသည် တိုင်းရင်းသား များ၏ရိုးရာ ဓလေ့ထုံးတမ်းစဉ် လာများ၊ ရိုးရာအိမ်များနှင့် ရိုးရာ ဝတ်စုံများကို တစုတစည်းတည်း လေ့လာနိုင်ရန် ဖွင့်လှစ်ထားပြီး ဝင်ကြေးတစ်ဦးလျှင် ကျပ်ငါးရာ ကျသင့်သည်။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top