(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

႐ုပ္ရွင္ေတြ အတူတကြ ၾကည့္ရႈျခင္းအားျဖင့္ တေယာက္နဲ႔ တေယာက္ အျမင္ မတူညီမႈေတြကို ဖလွယ္ႏိုင္မွာျဖစ္ၿပီး အခက္အခဲေတြ ရွိလာတဲ့အခါမ်ိဳးမွာလည္း တေယာက္နဲ႔ တေယာက္ ကူညီႏိုင္မွာျဖစ္ပါတယ္။ အခုေဖာ္ျပေပးမယ့္ ႐ုပ္ရွင္ေတြကေတာ့ ညီအစ္မေတြ ၾကည့္ရႈရင္း တန္ဖိုးရွိတဲ့ အခ်ိန္ေတြကုန္ဆုံးဖို႔အတြက္ ရည္႐ြယ္ၿပီး ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။


(၁) Frozen

Disney ရဲ႕ Animation ႐ုပ္ရွင္တကားျဖစ္ၿပီး ညီအစ္မေတြၾကားထဲက ဆက္ဆံေရးကို အဓိကထား႐ိုက္ကူး ပုံေဖာ္ထားတဲ့ကား ျဖစ္ပါတယ္။ မင္းသမီးႏွစ္ဦးျဖစ္ၾကတဲ့ Anna နဲ႔ Hanna တို႔ဟာ ငယ္႐ြယ္စဥ္ကလို မဟုတ္ဘဲ တေယာက္နဲ႔ တေယာက္ၾကား လွ်ိဳ႕ဝွက္ခ်က္ေတြ မ်ားျပားလာတဲ့အခါ ႀကဳံေတြ႕ရတဲ့ မေျပလည္တဲ့ ဆက္ဆံေရးကို ေတြ႕ရွိရမွာပါ။ Disney ရဲ႕ ဖန္တီးႏိုင္မႈေနာက္ကြယ္ကေန အလြန္လွပတဲ့ အထူးျပဳလုပ္ခ်က္ေတြနဲ႔ ေမွာ္ဆန္ဆန္ ပုံေဖာ္ထားမႈေတြဟာလည္း အျခားေသာ Disney ရဲ႕ Animation ႐ုပ္ရွင္ေတြထဲကေန ကြဲထြက္ေနေစတဲ့ အခ်က္တခ်က္လည္း ျဖစ္ပါတယ္။



(၂) 10 Things I Hate About You

ကမာၻေက်ာ္စာေရးဆရာတဦးျဖစ္တဲ့ William Shakespeare ရဲ႕ “Taming of the Shrew” ကို အေျခခံ ႐ိုက္ကူးထားတာျဖစ္ၿပီး လက္ရွိေခတ္ပုံစံနဲ႔ ျပန္လည္ဆန္းသစ္ ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္တကားလည္း ျဖစ္ပါတယ္။ ညီအစ္မႏွစ္ေယာက္ရဲ႕ဖခင္ျဖစ္သူဟာ အစ္မျဖစ္သူ ဒိတ္ မလုပ္ရေသးဘဲနဲ႔ ညီမျဖစ္သူကို ဒိတ္လုပ္ခြင့္ ပိတ္ပင္ထားသူတဦး ျဖစ္ပါတယ္။ Heath Ledger ကေတာ့ ညီမျဖစ္သူ Larisa Oleynik နဲ႔အတူ အျပင္အတူ ထြက္ခြင့္ ရရွိခ်င္သူျဖစ္တဲ့အတြက္ အစ္မျဖစ္သူ Julia Stiles ကို အရင္ဦးဆုံး ဒိတ္ဖို႔ ႀကိဳးစားရပါေတာ့တယ္။ ဘာလို႔ ဒီ႐ုပ္ရွင္ကို “10 Things I Hate About You” အျဖစ္ ေခၚတြင္ခဲ့သလဲဆိုတာေတာ့ ၾကည့္ရႈရင္း သိရွိလာၾကမွာပါ။



(၃) Pride and Prejudice

ညီအစ္မ ၅ ေယာက္ ပါဝင္တဲ့ ဒီ႐ုပ္ရွင္မွာေတာ့ မင္းသမီးေခ်ာ Keira Knightly ကို အဓိကထား ဇာတ္အိမ္ဖြဲ႕ ႐ိုက္ကူးထားပါတယ္။ Jane Austen ရဲ႕ လက္ရာေျမာက္ ဝတၳဳကို အေျခခံ ႐ိုက္ကူးထားတာျဖစ္ၿပီး အခု Pride Prejudice ဟာ ပထမဆုံးအႀကိမ္ ႐ုပ္ရွင္အျဖစ္ ျပန္လည္ ႐ိုက္ကူးထားတာ မဟုတ္ေပမယ့္ အေကာင္းဆုံးတခု ဆိုတာကိုေတာ့ ႐ုပ္ရွင္ပရိသတ္နဲ႔ ေဝဖန္ေရးဆရာ ေတာ္ေတာ္မ်ားမ်ားက လက္ခံထားတဲ့ ႐ုပ္ရွင္ကားေကာင္းတကား ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

ရုပ်ရှင်တွေ အတူတကွ ကြည့်ရှုခြင်းအားဖြင့် တယောက်နဲ့ တယောက် အမြင် မတူညီမှုတွေကို ဖလှယ်နိုင်မှာဖြစ်ပြီး အခက်အခဲတွေ ရှိလာတဲ့အခါမျိုးမှာလည်း တယောက်နဲ့ တယောက် ကူညီနိုင်မှာဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် ရုပ်ရှင်တွေကတော့ ညီအစ်မတွေ ကြည့်ရှုရင်း တန်ဖိုးရှိတဲ့ အချိန်တွေကုန်ဆုံးဖို့အတွက် ရည်ရွယ်ပြီး ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) Frozen

Disney ရဲ့ Animation ရုပ်ရှင်တကားဖြစ်ပြီး ညီအစ်မတွေကြားထဲက ဆက်ဆံရေးကို အဓိကထားရိုက်ကူး ပုံဖော်ထားတဲ့ကား ဖြစ်ပါတယ်။ မင်းသမီးနှစ်ဦးဖြစ်ကြတဲ့ Anna နဲ့ Hanna တို့ဟာ ငယ်ရွယ်စဉ်ကလို မဟုတ်ဘဲ တယောက်နဲ့ တယောက်ကြား လျှို့ဝှက်ချက်တွေ များပြားလာတဲ့အခါ ကြုံတွေ့ရတဲ့ မပြေလည်တဲ့ ဆက်ဆံရေးကို တွေ့ရှိရမှာပါ။ Disney ရဲ့ ဖန်တီးနိုင်မှုနောက်ကွယ်ကနေ အလွန်လှပတဲ့ အထူးပြုလုပ်ချက်တွေနဲ့ မှော်ဆန်ဆန် ပုံဖော်ထားမှုတွေဟာလည်း အခြားသော Disney ရဲ့ Animation ရုပ်ရှင်တွေထဲကနေ ကွဲထွက်နေစေတဲ့ အချက်တချက်လည်း ဖြစ်ပါတယ်။
(၂) 10 Things I Hate About You

ကမ္ဘာကျော်စာရေးဆရာတဦးဖြစ်တဲ့ William Shakespeare ရဲ့ “Taming of the Shrew” ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး လက်ရှိခေတ်ပုံစံနဲ့ ပြန်လည်ဆန်းသစ် ရိုက်ကူးထားတဲ့ ရုပ်ရှင်တကားလည်း ဖြစ်ပါတယ်။ ညီအစ်မနှစ်ယောက်ရဲ့ဖခင်ဖြစ်သူဟာ အစ်မဖြစ်သူ ဒိတ် မလုပ်ရသေးဘဲနဲ့ ညီမဖြစ်သူကို ဒိတ်လုပ်ခွင့် ပိတ်ပင်ထားသူတဦး ဖြစ်ပါတယ်။ Heath Ledger ကတော့ ညီမဖြစ်သူ Larisa Oleynik နဲ့အတူ အပြင်အတူ ထွက်ခွင့် ရရှိချင်သူဖြစ်တဲ့အတွက် အစ်မဖြစ်သူ Julia Stiles ကို အရင်ဦးဆုံး ဒိတ်ဖို့ ကြိုးစားရပါတော့တယ်။ ဘာလို့ ဒီရုပ်ရှင်ကို “10 Things I Hate About You” အဖြစ် ခေါ်တွင်ခဲ့သလဲဆိုတာတော့ ကြည့်ရှုရင်း သိရှိလာကြမှာပါ။

(၃) Pride and Prejudice

ညီအစ်မ ၅ ယောက် ပါဝင်တဲ့ ဒီရုပ်ရှင်မှာတော့ မင်းသမီးချော Keira Knightly ကို အဓိကထား ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားပါတယ်။ Jane Austen ရဲ့ လက်ရာမြောက် ဝတ္ထုကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး အခု Pride Prejudice ဟာ ပထမဆုံးအကြိမ် ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးထားတာ မဟုတ်ပေမယ့် အကောင်းဆုံးတခု ဆိုတာကိုတော့ ရုပ်ရှင်ပရိသတ်နဲ့ ဝေဖန်ရေးဆရာ တော်တော်များများက လက်ခံထားတဲ့ ရုပ်ရှင်ကားကောင်းတကား ဖြစ်ပါတယ်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top