ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 ေဒၚခင္ၾကည္ေဖာင္ေဒး ရွင္းဥကၠ႒ ေဒၚေအာင္ဆန္းစု ၾကည္၏ လမ္းၫႊန္ခ်က္အရ ရဲေလ့က်င့္ေရးသင္တန္းေက်ာင္းခုနစ္ ေက်ာင္းရွိ စာၾကည့္တိုက္မ်ားသို႔ က်ပ္ ၂၂ သိန္းေက်ာ္တန္ဖိုးရွိ စာ အုပ္မ်ားကို ယမန္ေန႔က လွဴဒါန္းခဲ့ေၾကာင္း ယင္းေဖာင္ေဒးရွင္း အလုပ္အမႈေဆာင္အဖြဲ႕ဝင္ ေဒါက္တာသန္႔ေသာ္ေကာင္းက ေျပာ သည္။

 ရဲေလ့က်င့္ေရးသင္တန္း ေက်ာင္း ခုနစ္ေက်ာင္းအတြက္ သုတ၊ ရသ၊ ဥပေဒ၊ ဘာသာ စကား၊ စီမံခန္႔ခြဲမႈ စသည့္စာအုပ္ အမ်ိဳးအစားမ်ိဳးစံု ပါဝင္သည့္ စာ အုပ္ေရ ၈၅၄ အုပ္ကို အလုပ္အမႈေဆာင္အဖြဲ႕ဝင္မ်ားျဖစ္သည့္ ေဒါက္တာဥမၼာႏွင့္ ေဒါက္တာ သန္႔ေသာ္ေကာင္းတုိ႔က ျမန္မာႏုိင္ငံ ရဲေလ့က်င့္ေရးအရာရွိခ်ဳပ္ ရဲမွဴးခ်ဳပ္ ေအာင္ေအာင္ထံ လႊဲ ေျပာင္းေပးအပ္ေၾကာင္း ေဒၚခင္ ၾကည္ေဖာင္ေဒးရွင္းက ယမန္ ေန႔တြင္ သတင္းထုတ္ျပန္သည္။


  ‘‘ကြၽန္ေတာ္တုိ႔ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က ဟို တစ္ေလာက စစ္ကိုင္းမွာရွိတဲ့ ရဲသင္တန္းေက်ာင္းကို သြားခဲ့ တယ္။ ဘာလိုအပ္ခ်က္ေတြရွိလဲ။ ကြၽန္ေတာ္တုိ႔ဘက္က ဝိုင္းဝန္း ဘာေတြ လုပ္ေပးႏုိင္မလဲ။ စာ အုပ္၊ စာေပနဲ႔ ပတ္သက္ရင္ ေဒၚေအာင္ဆန္းစုၾကည္က အမ်ားႀကီးပံ့ပိုးေပးေနတာရွိေတာ့ ရဲသင္ တန္းေက်ာင္းေတြ ေထာက္ပံ့ေပး ခ်င္တယ္’’ဟု ေဒါက္တာသန္႔ ေသာ္ေကာင္းက လွဴဒါန္းျဖစ္ သည့္အေၾကာင္း ရွင္းျပသည္။

အမွတ္ (၁) ရဲေလ့က်င့္ေရး ေက်ာင္း (ရမည္းသင္း)၊ အမွတ္ (၂) ရဲေလ့က်င့္ေရးေက်ာင္း (ျပည္)၊ အမွတ္ (၃) ရဲေလ့က်င့္ ေရးေက်ာင္း (စစ္ကိုင္း)၊ အမွတ္ (၄) ရဲေလ့က်င့္ေရးေက်ာင္း (ေတာင္ႀကီး)၊ ရဲအရာရွိအတတ္ သင္ေက်ာင္း (မႏၲေလး)၊ ရဲအရာ ရွိေလ့က်င့္ေရးေက်ာင္း (ဇီးပင္ ႀကီး)၊ ရဲအၾကပ္အတတ္သင္ ေက်ာင္း (ေလွာ္ကား)တုိ႔ကို လွဴ ဒါန္းခဲ့သည္။ တစ္ေက်ာင္းလွ်င္ က်ပ္ ၃၁၆,၅၀၀ တန္ဖိုးရွိ စာအုပ္၁၂၂ စီ လွဴဒါန္းခဲ့ေၾကာင္း ေဖာင္ ေဒးရွင္းက ထုတ္ျပန္သည္။

 ယင္းလွဴဒါန္းမႈသည္ ရဲေလ့ က်င့္ေရးသင္တန္းေက်ာင္းမ်ား သို႔ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းက ပထမဆံုး စာအုပ္မ်ား လွဴဒါန္း ျခင္းျဖစ္ၿပီး ထပ္မံ၍ လွဴဒါန္းရန္ အစီအစဥ္ရွိေၾကာင္း ေဒါက္တာ သန္႔ေသာ္ေကာင္းက ေျပာသည္။

 ေဒၚေအာင္ဆန္းစုၾကည္ သည္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္ တာဝန္ယူၿပီးေနာက္ ၂၀၁၆ဇြန္လတြင္ ရမည္းသင္းၿမိဳ႕ရွိ အ မွတ္ (၁) ရဲေလ့က်င့္ေရးေက်ာင္း သို႔ သြားေရာက္ေလ့လာၿပီး ဝန္ထမ္းမိသားစုမ်ားႏွင့္ ေတြ႕ဆံုခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

 ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်၏ လမ်းညွှန်ချက်အရ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းခုနစ် ကျောင်းရှိ စာကြည့်တိုက်များသို့ ကျပ် ၂၂ သိန်းကျော်တန်ဖိုးရှိ စာ အုပ်များကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်း ယင်းဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသန့်သော်ကောင်းက ပြော သည်။

 ရဲလေ့ကျင့်ရေးသင်တန်း ကျောင်း ခုနစ်ကျောင်းအတွက် သုတ၊ ရသ၊ ဥပဒေ၊ ဘာသာ စကား၊ စီမံခန့်ခွဲမှု စသည့်စာအုပ် အမျိုးအစားမျိုးစုံ ပါဝင်သည့် စာ အုပ်ရေ ၈၅၄ အုပ်ကို အလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာဥမ္မာနှင့် ဒေါက်တာ သန့်သော်ကောင်းတို့က မြန်မာနိုင်ငံ ရဲလေ့ကျင့်ရေးအရာရှိချုပ် ရဲမှူးချုပ် အောင်အောင်ထံ လွှဲ ပြောင်းပေးအပ်ကြောင်း ဒေါ်ခင် ကြည်ဖောင်ဒေးရှင်းက ယမန် နေ့တွင် သတင်းထုတ်ပြန်သည်။


  ‘‘ကျွန်တော်တို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဟို တစ်လောက စစ်ကိုင်းမှာရှိတဲ့ ရဲသင်တန်းကျောင်းကို သွားခဲ့ တယ်။ ဘာလိုအပ်ချက်တွေရှိလဲ။ ကျွန်တော်တို့ဘက်က ဝိုင်းဝန်း ဘာတွေ လုပ်ပေးနိုင်မလဲ။ စာ အုပ်၊ စာပေနဲ့ ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည်က အများကြီးပံ့ပိုးပေးနေတာရှိတော့ ရဲသင် တန်းကျောင်းတွေ ထောက်ပံ့ပေး ချင်တယ်’’ဟု ဒေါက်တာသန့် သော်ကောင်းက လှူဒါန်းဖြစ် သည့်အကြောင်း ရှင်းပြသည်။

အမှတ် (၁) ရဲလေ့ကျင့်ရေး ကျောင်း (ရမည်းသင်း)၊ အမှတ် (၂) ရဲလေ့ကျင့်ရေးကျောင်း (ပြည်)၊ အမှတ် (၃) ရဲလေ့ကျင့် ရေးကျောင်း (စစ်ကိုင်း)၊ အမှတ် (၄) ရဲလေ့ကျင့်ရေးကျောင်း (တောင်ကြီး)၊ ရဲအရာရှိအတတ် သင်ကျောင်း (မန္တလေး)၊ ရဲအရာ ရှိလေ့ကျင့်ရေးကျောင်း (ဇီးပင် ကြီး)၊ ရဲအကြပ်အတတ်သင် ကျောင်း (လှော်ကား)တို့ကို လှူ ဒါန်းခဲ့သည်။ တစ်ကျောင်းလျှင် ကျပ် ၃၁၆,၅၀၀ တန်ဖိုးရှိ စာအုပ်၁၂၂ စီ လှူဒါန်းခဲ့ကြောင်း ဖောင် ဒေးရှင်းက ထုတ်ပြန်သည်။

 ယင်းလှူဒါန်းမှုသည် ရဲလေ့ ကျင့်ရေးသင်တန်းကျောင်းများ သို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ပထမဆုံး စာအုပ်များ လှူဒါန်း ခြင်းဖြစ်ပြီး ထပ်မံ၍ လှူဒါန်းရန် အစီအစဉ်ရှိကြောင်း ဒေါက်တာ သန့်သော်ကောင်းက ပြောသည်။

 ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် တာဝန်ယူပြီးနောက် ၂၀၁၆ဇွန်လတွင် ရမည်းသင်းမြို့ရှိ အ မှတ် (၁) ရဲလေ့ကျင့်ရေးကျောင်း သို့ သွားရောက်လေ့လာပြီး ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံခဲ့သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top