ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ပုဂံမွာ သုံးဘီးအငွားယာဥ္၀န္ေဆာင္မႈကုိ အခုလကုန္မွာစတင္ေျပးဆြဲေတာ့မွာျဖစ္တယ္လုိ႔ Grab ကေန ႏုိ၀င္ဘာ ၂၃ ရက္ေန႔က ထုတ္ျပန္လုိက္ပါတယ္။

ေရွးေဟာင္းၿမဳိဳ႔ေတာ္ပုဂံမွာ သုံးဘီးအငွားယာဥ္၀န္ေဆာင္မႈကုိ စတင္လုပ္ေဆာင္ေတာ့မွာျဖစ္ၿပီးေတာ့ ျပည္တြင္း၊ျပည္ပခရီးသြားဧည့္သည္ေတြအလာမ်ားတဲ့ ပုဂံမွာစမ္းသပ္ကာလအေနနဲ႔ ေအာက္တုိဘာ ၁၅ ရက္ေန႕မွာစတင္ေျပးဆြဲခဲ့ပါတယ္။

ပုဂံၿမိဳ႕မွာေပးမယ့္၀န္ေဆာင္မႈေတြနဲ႔ ပါတ္သတ္ၿပီးေတာ့လည္းရန္ကုန္မွာစတင္မိတ္ဆက္သြားမွာျဖစ္ၿပီးေတာ့ မႏၱေလးၿမိဳ႕မွာလည္း ၾသဂုတ္လအတြင္းက  စတင္မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာပုဂံမွာ ျပည္တြင္းျပည္ပခရီးသြားေတြအေနနဲဲ႔ ဘုရားေတြသြားေရာက္လည္ပတ္ၾကည့္ရႈဖုိ႔ကိုေတာ့ e-bike ငွားရမ္းတာ၊ျမင္းလွည္းနဲ႔ အငွားကားငွားရမ္းမႈ၀န္ေဆာင္မႈေတြနဲ႔ အသုံးျပဳေနတာျဖစ္ၿပီး သုံးဘီး၀န္ေဆာင္မႈကုိ ေတာ့ ယခုနွစ္ကုန္မွာမွ စတင္ခဲ့တာလည္းျဖစ္ပါတယ္။

ဘုရားပုထုိးေပါင္း ၁၀၀၀၀ ေက်ာ္ရွိတဲ့ ပုဂံကျပည္ပခရီးသြားမ်ားအမ်ားစုလာေရာက္တဲ့ေနရာတစ္ခုျဖစ္ၿပီးေတာ့ယူနက္စကုိစာရင္း၀င္ဖုိ႔ လုပ္ေဆာင္ေနတာလည္းျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun


#Unicode Version#

ပုဂံမှာ သုံးဘီးအငှားယာဉ်ဝန်ဆောင်မှုကို အခုလကုန်မှာစတင်ပြေးဆွဲတော့မှာဖြစ်တယ်လို့ Grab ကနေ နိုဝင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ရှေးဟောင်းမြို့တော်ပုဂံမှာ သုံးဘီးအငှားယာဉ်ဝန်ဆောင်မှုကို စတင်လုပ်ဆောင်တော့မှာဖြစ်ပြီးတော့ ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်တွေအလာများတဲ့ ပုဂံမှာစမ်းသပ်ကာလအနေနဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှာစတင်ပြေးဆွဲခဲ့ပါတယ်။

ပုဂံမြို့မှာပေးမယ့်ဝန်ဆောင်မှုတွေနဲ့ ပါတ်သတ်ပြီးတော့လည်းရန်ကုန်မှာစတင်မိတ်ဆက်သွားမှာဖြစ်ပြီးတော့ မန္တလေးမြို့မှာလည်း သြဂုတ်လအတွင်းက  စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာပုဂံမှာ ပြည်တွင်းပြည်ပခရီးသွားတွေအနေနဲ့ ဘုရားတွေသွားရောက်လည်ပတ်ကြည့်ရှုဖို့ကိုတော့ e-bike ငှားရမ်းတာ၊မြင်းလှည်းနဲ့ အငှားကားငှားရမ်းမှုဝန်ဆောင်မှုတွေနဲ့ အသုံးပြုနေတာဖြစ်ပြီး သုံးဘီးဝန်ဆောင်မှုကို တော့ ယခုနှစ်ကုန်မှာမှ စတင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘုရားပုထိုးပေါင်း ၁၀၀၀၀ ကျော်ရှိတဲ့ ပုဂံကပြည်ပခရီးသွားများအများစုလာရောက်တဲ့နေရာတစ်ခုဖြစ်ပြီးတော့ယူနက်စကိုစာရင်းဝင်ဖို့ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top