ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မေကြးတုိင္း သရက္ ခ႐ုိင္အတြင္း တည္ေဆာက္ေန သည့္ သရက္-ေအာင္လံျမစ္ကူး တံတားစီမံကိန္း ေျမစမ္းအဖဲြ႕မွ ၀န္ထမ္းတစ္ဦး ဧရာ၀တီျမစ္အ တြင္း ျပဳတ္က်ေပ်ာက္ဆုံးမႈ ျဖစ္ ပြားၿပီး ႏုိ၀င္ဘာ ၂၄ ရက္ ညေန တြင္ ယင္းေပ်ာက္ဆုံးသူ၏ အေလာင္းကုိ ရွာေဖြေတြ႕ရွိခဲ့သည္။

သရက္-ေအာင္လံျမစ္ကူး တံတားစီမံကိန္း ေျမစမ္းအဖဲြ႕တြင္ ပါ၀င္သည့္ အသက္(၅၃)ႏွစ္အ ရြယ္ ႐ုံးအကူ၀န္ထမ္းသည္ ႏုိ၀င္ ဘာ ၂၁ ရက္ညေနက လုပ္ငန္း သိမ္းဆည္းၿပီးေနာက္ စက္ေလွ ေပၚ၌ တပ္ဆင္ထားသည့္ မီး စက္ကုိ သြားေရာက္ပိတ္စဥ္ ေလွႏွစ္စီးၾကားသို႔ ေျခေခ်ာ္ကာ ဧရာ၀တီျမစ္အတြင္း ျပဳတ္က်ေပ်ာက္ဆုံးခဲ့ေၾကာင္း ေအာင္လံၿမိဳ႕နယ္ ရဲတပ္ဖဲြ႕မွဴး႐ုံး တာ၀န္ရွိသူတစ္ ဦးက ေျပာသည္။

ေပ်ာက္ဆုံးသူကုိ ရွာေဖြမႈမ်ား ဆက္တုိက္ ျပဳလုပ္ေသာ္ လည္း ႏုိ၀င္ဘာ ၂၄ ရက္ ညေနတြင္ ေအာင္လံၿမိဳ႕ေတာင္ဘက္ ဒုရဂၤဗုိလ္ ျမစ္ေရတင္စက္အနီးဧရာ၀တီျမစ္အတြင္း ႐ုပ္အေလာင္းတစ္ခု ေတြ႕ရွိေၾကာင္း ယင္းအနီးရွိေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးက ရဲတပ္ဖဲြ႕သို႔ အေၾကာင္းၾကားခဲ့သည္။

ထုိ႔ေၾကာင့္ ရဲတပ္ဖဲြ႕က သြားေရာက္စစ္ေဆးရာ သရက္ -ေအာင္လံျမစ္ကူးတံတား စီမံ ကိန္းမွ ျမစ္အတြင္း ေမ်ာက် ေပ်ာက္ဆုံးသည့္ ၀န္ထမ္းျဖစ္ ေၾကာင္း သိရၿပီး ေသဆုံးသူကုိ ေအာင္လံၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံ သို႔ ပို႔ေဆာင္ခဲ့ေၾကာင္း ယင္းမွတ္ တမ္း၌ ေဖာ္ျပသည္။

ေသဆုံးသူကုိ စစ္ေဆးရာ တြင္ ျပင္ပဒဏ္ရာ တစ္စုံတစ္ရာ ေတြ႕ရွိျခင္း မရွိေသာ္လည္း ေသမႈေသခင္းဖြင့္ စစ္ေဆးေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

မကွေးတိုင်း သရက် ခရိုင်အတွင်း တည်ဆောက်နေ သည့် သရက်-အောင်လံမြစ်ကူး တံတားစီမံကိန်း မြေစမ်းအဖွဲ့မှ ဝန်ထမ်းတစ်ဦး ဧရာဝတီမြစ်အ တွင်း ပြုတ်ကျပျောက်ဆုံးမှု ဖြစ် ပွားပြီး နိုဝင်ဘာ ၂၄ ရက် ညနေ တွင် ယင်းပျောက်ဆုံးသူ၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

သရက်-အောင်လံမြစ်ကူး တံတားစီမံကိန်း မြေစမ်းအဖွဲ့တွင် ပါဝင်သည့် အသက်(၅၃)နှစ်အ ရွယ် ရုံးအကူဝန်ထမ်းသည် နိုဝင် ဘာ ၂၁ ရက်ညနေက လုပ်ငန်း သိမ်းဆည်းပြီးနောက် စက်လှေ ပေါ်၌ တပ်ဆင်ထားသည့် မီး စက်ကို သွားရောက်ပိတ်စဉ် လှေနှစ်စီးကြားသို့ ခြေချော်ကာ ဧရာဝတီမြစ်အတွင်း ပြုတ်ကျပျောက်ဆုံးခဲ့ကြောင်း အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ် ဦးက ပြောသည်။

ပျောက်ဆုံးသူကို ရှာဖွေမှုများ ဆက်တိုက် ပြုလုပ်သော် လည်း နိုဝင်ဘာ ၂၄ ရက် ညနေတွင် အောင်လံမြို့တောင်ဘက် ဒုရင်္ဂဗိုလ် မြစ်ရေတင်စက်အနီးဧရာဝတီမြစ်အတွင်း ရုပ်အလောင်းတစ်ခု တွေ့ရှိကြောင်း ယင်းအနီးရှိကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။

ထို့ကြောင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ သရက် -အောင်လံမြစ်ကူးတံတား စီမံ ကိန်းမှ မြစ်အတွင်း မျောကျ ပျောက်ဆုံးသည့် ဝန်ထမ်းဖြစ် ကြောင်း သိရပြီး သေဆုံးသူကို အောင်လံမြို့နယ် ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ခဲ့ကြောင်း ယင်းမှတ် တမ်း၌ ဖော်ပြသည်။

သေဆုံးသူကို စစ်ဆေးရာ တွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ တွေ့ရှိခြင်း မရှိသော်လည်း သေမှုသေခင်းဖွင့် စစ်ဆေးနေသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top