ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

လမ္းမေတာ္ၿမိဳ႕နယ္၊ (၅) ရပ္ကြက္၊ ၁၁ လမ္းတြင္ ႏိုဝင္ဘာလ ၂၁ ရက္ နံနက္ ၁ နာရီက ခုနစ္လႊာတိုက္ခန္း တစ္ခန္းရွိ ဝရန္တာေပၚမွ တိုက္ေအာက္သို႔ ခုန္ခ်၍ အဆံုးစီရင္ေသာ အမ်ိဳးသားတစ္ဦး ပြန္းပဲ့ဒဏ္ရာ အနည္းငယ္သာရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

တိုက္ေပၚမွ ခုန္ခ်သူ အသက္ ၂၉ ႏွစ္ အမ်ိဳးသားမွာ အရက္အမူးလြန္ရာမွ ခုနစ္လႊာတိုက္ခန္းရွိ ဝရန္တာေပၚမွ တိုက္ေအာက္သို႔ ခုန္ခ်စဥ္ လမ္းေဘးဓာတ္မီးတိုင္တြင္ သြယ္တန္းထားသည့္ တြဲႀကိဳး (တိုင္ထိန္းႀကိဳး) ေပၚသို႔ ျပဳတ္က်ခဲ့ၿပီးေနာက္ ယင္းအနီးရွိ ေမာ္ေတာ္ယာဥ္တစ္စီး၏ ေလကာမွန္ေပၚ ျပဳတ္က်ရာမွတစ္ဆင့္ ေျမႀကီးေပၚသို႔ က်ခဲ့သည္။

“တိုက္ေပၚက ခုန္ခ်လိုက္ခ်ိန္ ႀကိဳးေပၚ လူက ျပဳတ္က်သြားတာေၾကာင့္ အရွိန္ေလ်ာ့သြားတယ္။ ၿပီးေတာ့ ေဘးက ကားမွန္ေပၚ တစ္ဆင့္ထပ္က်ၿပီးမွ ေျမေပၚ ထပ္က်ခဲ့တာေၾကာင့္ ဒဏ္ရာျပင္းျပင္းထန္ထန္မရလိုက္တာပါ။ ပခံုးနဲ႔ တင္ပါးမွာ ပြန္းပဲ့ဒဏ္ရာရခဲ့ၿပီး ကိုယ္လက္ကိုက္ခဲနာက်င္ဒဏ္ရာေလာက္ပဲ ရခဲ့တယ္” ဟု ရဲအရာရွိက ေျပာသည္။

ခုနစ္လႊာတိုက္ခန္းေပၚမွ ခုန္ခ်ခဲ့ေသာအမ်ိဳးသားမွာ ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီးတြင္ ေဆးကုသမႈခံယူေနၿပီး ၎ကို လမ္းမေတာ္ၿမိဳ႕မရဲစခန္းက မိမိကိုယ္ကိုယ္ ေသေၾကာင္းႀကံစည္မႈ ပုဒ္မ ၃၀၉ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice


#Unicode Version#

လမ်းမတော်မြို့နယ်၊ (၅) ရပ်ကွက်၊ ၁၁ လမ်းတွင် နိုဝင်ဘာလ ၂၁ ရက် နံနက် ၁ နာရီက ခုနစ်လွှာတိုက်ခန်း တစ်ခန်းရှိ ဝရန်တာပေါ်မှ တိုက်အောက်သို့ ခုန်ချ၍ အဆုံးစီရင်သော အမျိုးသားတစ်ဦး ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

တိုက်ပေါ်မှ ခုန်ချသူ အသက် ၂၉ နှစ် အမျိုးသားမှာ အရက်အမူးလွန်ရာမှ ခုနစ်လွှာတိုက်ခန်းရှိ ဝရန်တာပေါ်မှ တိုက်အောက်သို့ ခုန်ချစဉ် လမ်းဘေးဓာတ်မီးတိုင်တွင် သွယ်တန်းထားသည့် တွဲကြိုး (တိုင်ထိန်းကြိုး) ပေါ်သို့ ပြုတ်ကျခဲ့ပြီးနောက် ယင်းအနီးရှိ မော်တော်ယာဉ်တစ်စီး၏ လေကာမှန်ပေါ် ပြုတ်ကျရာမှတစ်ဆင့် မြေကြီးပေါ်သို့ ကျခဲ့သည်။

“တိုက်ပေါ်က ခုန်ချလိုက်ချိန် ကြိုးပေါ် လူက ပြုတ်ကျသွားတာကြောင့် အရှိန်လျော့သွားတယ်။ ပြီးတော့ ဘေးက ကားမှန်ပေါ် တစ်ဆင့်ထပ်ကျပြီးမှ မြေပေါ် ထပ်ကျခဲ့တာကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်မရလိုက်တာပါ။ ပခုံးနဲ့ တင်ပါးမှာ ပွန်းပဲ့ဒဏ်ရာရခဲ့ပြီး ကိုယ်လက်ကိုက်ခဲနာကျင်ဒဏ်ရာလောက်ပဲ ရခဲ့တယ်” ဟု ရဲအရာရှိက ပြောသည်။

ခုနစ်လွှာတိုက်ခန်းပေါ်မှ ခုန်ချခဲ့သောအမျိုးသားမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီး ၎င်းကို လမ်းမတော်မြို့မရဲစခန်းက မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု ပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top