ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

Photo - Ministry of Information


လြန္ခဲ့တဲ့ ၁ လခြဲ ခန္႔ကဆင္ေသကုိေတြ႔ရွိရာကေနဆင္သတ္မုဆုိး ၅ ေယာက္ကုိ ဖမ္းဆီးရမိခဲ့တယ္ လုိ႔သာေပါင္းျမိဳ႕နယ္ရဲစခန္းကေန သိရပါတယ္။

ႏိုဝင္ဘာလ ၂၂ ရက္ေန႔ ကပုသိမ္ခ႐ိုင္၊ သာေပါင္းၿမိဳ႕နယ္၊ ေတာင္တန္းေခ်ာင္းဖ်ားမွာ ပုပ္ပြျပီးအ႐ိုးမ်ားက်ေနတဲ့ အသက္(၂၅)ႏွစ္ခန္႔ အျမင့္ ၇ ေပခြဲခန္႔၊ အလ်ား ၉ ေပခန္႔၊ အၿမီး ၃ ေပခန္႔ ေတာဆင္႐ိုင္း ဟိုင္းဆင္အထီး အေသ ၁ ေကာင္တစ္ေကာင္ကုိေတြ႔ရွိခဲ့ပါတယ္။

အဲ့ဒီေနာက္ ဆင္သတ္မုဆုိးေတြသတ္ထားတာေတြ႔ရွိရတာေၾကာင့္ စုံစမ္းရာကေနလြန္ခဲ့တဲ့ ၁ လခြဲ ခန္႔က ေတာင္တန္းေခ်ာင္းဖ်ားမွာ တဲထိုးေနထိုင္တဲ့သိန္းေအာင္ဆုိသူအပါ ၅ ဦးေယာက္က ပစ္သတ္ၿပီး သားေရခြံေတြကုိ ၾကပ္တိုက္ျပီး ပီနံအိတ္ျဖင့္ထုတ္ပိုး၍ ေနမင္းထြန္း(၄၅)ႏွစ္မွ ေရာင္းခ်ရန္ ယူေဆာင္သြားၿပီး ဆင္ပစ္သည့္ တူမီးေသနတ္အား ဝွက္ထားခဲ့တာကုိ ရဲတပ္ဖြဲ႔ကစစ္ေဆးေတြ႔ရွိခဲ့ပါတယ္။

"ေလးေယာက္ကုိ သာေပါင္းမွာ မိပါတယ္။ တစ္ေယာက္ကေတာ့ ပုသိမ္မွာမိပါတယ္။ ဧရာ၀တီတုိင္းက ဆင္မုဆုိးေတြေပါလုိ႔ လုိက္ဖမ္းေနရတယ္။"လုိ႔ သာေပါင္းရဲစခန္းက တာ၀န္ရွိသူရဲအရာရွိက Duwun ကုိေျပာပါတယ္။

ေတာဆင္႐ိုင္းသတ္ျဖတ္သူ သိန္းေအာင္ပါ ၄ ဦးဆီကေန ဆင္သတ္ရာမွာ အသုံးျပဳခဲ့တဲ့ ပစၥည္းေတြကုိဖမ္းဆီးရမိခဲ့ျပီး သိန္းေအာင္ပါ ၄ ဦး(ဖမ္းမိ)ႏွင့္ ေနမင္းထြန္း(ဖမ္းမမိ)တုိ႔ကုိ သာေပါင္းၿမိဳ႕မရဲစခန္း(ပ) ၃၅၀/၂၀၁၈၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲႏွင့္ သဘာဝ နယ္ေျမမ်ားကာကြယ္ေစာင့္ေရွာက္ျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၄၁(က) နဲ႔ အမႈဖြင့္စစ္ေဆးေနျပီး ေနမင္းထြန္းကုိေတာ့ ပုသိမ္ၿမိဳ႕မရဲစခန္း(ပ)၆၄၄/၂၀၁၈၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲႏွင့္ သဘာဝနယ္ေျမမ်ား ကာကြယ္ေစာင့္ေရွာက္ျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၄၁(က)အမႈနဲ႔ ဖမ္းဆီးအေရးယူထားတယ္လုိ႔သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun


#Unicode Version#

လွန်ခဲ့တဲ့ ၁ လခွဲ ခန့်ကဆင်သေကိုတွေ့ရှိရာကနေဆင်သတ်မုဆိုး ၅ ယောက်ကို ဖမ်းဆီးရမိခဲ့တယ် လို့သာပေါင်းမြို့နယ်ရဲစခန်းကနေ သိရပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ကပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ တောင်တန်းချောင်းဖျားမှာ ပုပ်ပွပြီးအရိုးများကျနေတဲ့ အသက်(၂၅)နှစ်ခန့် အမြင့် ၇ ပေခွဲခန့်၊ အလျား ၉ ပေခန့်၊ အမြီး ၃ ပေခန့် တောဆင်ရိုင်း ဟိုင်းဆင်အထီး အသေ ၁ ကောင်တစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။

အဲ့ဒီနောက် ဆင်သတ်မုဆိုးတွေသတ်ထားတာတွေ့ရှိရတာကြောင့် စုံစမ်းရာကနေလွန်ခဲ့တဲ့ ၁ လခွဲ ခန့်က တောင်တန်းချောင်းဖျားမှာ တဲထိုးနေထိုင်တဲ့သိန်းအောင်ဆိုသူအပါ ၅ ဦးယောက်က ပစ်သတ်ပြီး သားရေခွံတွေကို ကြပ်တိုက်ပြီး ပီနံအိတ်ဖြင့်ထုတ်ပိုး၍ နေမင်းထွန်း(၄၅)နှစ်မှ ရောင်းချရန် ယူဆောင်သွားပြီး ဆင်ပစ်သည့် တူမီးသေနတ်အား ဝှက်ထားခဲ့တာကို ရဲတပ်ဖွဲ့ကစစ်ဆေးတွေ့ရှိခဲ့ပါတယ်။

"လေးယောက်ကို သာပေါင်းမှာ မိပါတယ်။ တစ်ယောက်ကတော့ ပုသိမ်မှာမိပါတယ်။ ဧရာဝတီတိုင်းက ဆင်မုဆိုးတွေပေါလို့ လိုက်ဖမ်းနေရတယ်။"လို့ သာပေါင်းရဲစခန်းက တာဝန်ရှိသူရဲအရာရှိက Duwun ကိုပြောပါတယ်။

တောဆင်ရိုင်းသတ်ဖြတ်သူ သိန်းအောင်ပါ ၄ ဦးဆီကနေ ဆင်သတ်ရာမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကိုဖမ်းဆီးရမိခဲ့ပြီး သိန်းအောင်ပါ ၄ ဦး(ဖမ်းမိ)နှင့် နေမင်းထွန်း(ဖမ်းမမိ)တို့ကို သာပေါင်းမြို့မရဲစခန်း(ပ) ၃၅၀/၂၀၁၈၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ နယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က) နဲ့ အမှုဖွင့်စစ်ဆေးနေပြီး နေမင်းထွန်းကိုတော့ ပုသိမ်မြို့မရဲစခန်း(ပ)၆၄၄/၂၀၁၈၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က)အမှုနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့သိရပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top