ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အလုပ္နားရက္မွာ ေဈးဝယ္ျဖစ္တဲ့အခါ Shopping Mall ေတြမွာပဲ ပါလာသမွ်ပိုက္ဆံ အကုန္ သုံးျဖစ္တာသြားတာမ်ိဳးေတြ မၾကာခဏ ႀကဳံလာရရင္ သင္ရွာသမွ် သင့္လက္ထဲ က်န္မွာ မဟုတ္ပါဘူး။ ဒီလိုေတြ လုပ္ေလ့ရွိတဲ့ သူေတြအတြက္ စိတ္က်န္းမာေရးဌာနက ထုတ္ျပေျပာဆိုထားတဲ့ ေဈးဝယ္လြန္ျခင္း ျဖစ္ေပၚမႈအေပၚ စိတ္ထိန္းနည္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

ဒီနည္းေတြကို လိုက္နာနိုင္ရင္ လမကုန္ခင္ သင့္ပိုက္ဆံကုန္ျခင္းကို ေခြၽတာနိုင္မွာ ေသခ်ာပါတယ္။

(၁) ေဒါက္ဖိနပ္ စီးပါ

ေဈးဝယ္ထြက္တဲ့အခါ ေဒါက္ဖိနပ္ကို စီးသြားပါ။ ဒါမွသာ သင္လမ္းေလွ်ာက္တာကို ပိုဂ႐ုစိုက္ျဖစ္မွာျဖစ္ၿပီး ေဈးဆိုင္ေတြဘက္ကို စိတ္သိပ္မေရာက္နိုင္ေတာ့ပါဘူး။ လုပ္ဖို႔အတြက္ နည္းနည္းခက္ခဲေပမယ့္ သုေသသနေတြအရ အမ်ိဳးသမီး အမ်ားစုဟာ ဒီနည္းလမ္းအတိုင္း ေဈးဝယ္ထြက္တဲ့အခါ ဘာပစၥည္းကိုမွ သိပ္မဝယ္ျဖစ္ေတာ့ဘူးလို႔ ထင္ရပါတယ္။

(၂) ပိုက္ဆံ အသစ္နဲ႔ သြားပါ

လက္ကိုင္အိတ္ထဲမွာ ရွိၿပီးသား ပိုက္ဆံနဲ႕ ေဈးဝယ္ထြက္တဲ့ အက်င့္ကို ေရွာင္ပါ။ သင့္ကတ္ထဲမွာ ပိုက္ဆံ က်န္ပါေသးတယ္ ဆိုတဲ့ အသိနဲ႕ သင္ ဝယ္ၿပီးရင္ ဝယ္ေနတာမ်ိဳး မျဖစ္ေစဖို႔ သင္ရဲ႕ ဘဏ္ကတ္၊ အေႂကြးဝယ္ကတ္ စတာေတြကို အိမ္မွာပဲ ထားခဲ့ပါ။

လိုအပ္လည္းဝယ္၊ မလိုအပ္လည္းဝယ္ မျဖစ္ရေအာင္ ပိုက္ဆံအသစ္ေတြကို သာယူသြားပါ။ တေသာင္းတန္ အသစ္ကို ျဖတ္ၿပီး သုံးဖို႔ သင္ႏွေျမာတဲ့ အတြက္ မလိုအပ္တာေတြကို ဝယ္ျဖစ္မွာ မဟုတ္ေတာ့ပါဘူး။

(၃) သြားမယ့္ေနရာနဲ႔ အခ်ိန္ကို ခ်ဳံ႔လိုက္ပါ

ကမာၻေက်ာ္ Frobes မဂၢဇင္းရဲ႕ အႀကံျပဳခ်က္အရ သင္သြားမယ့္ ေနရာနဲ႕ အခ်ိန္ကို ခ်ဳံ႕လိုက္ရင္ မလိုအပ္ဘဲ ဝယ္တာေတြ မျဖစ္နိုင္ေတာ့ဘူးလို႔ သိရပါတယ္။ သင့္မွာ အခ်ိန္ပိုရရင္ ဟိုဆိုင္ဝင္လိုက္၊ ဒီဆိုင္ဝင္လိုက္နဲ႕ ေတြ႕သမွ် ပစၥည္းတိုင္းကို လိုခ်င္ေနေတာ့မွာပါ။ ဒါမ်ိဳးမျဖစ္ရေအာင္ သင့္ရဲ႕ အခ်ိန္ေတြကို ကန႔္သတ္လိုက္ဖို႔ အႀကံေပးခ်င္ပါတယ္။

(၄) အေရာင္းစာေရးကို မိတ္ေဆြ မဖြဲ႕ပါနဲ႔

အထည္ဆိုင္မ်ားရဲ႕ အေရာင္းစာေရးမ်ားနဲ႕ မိတ္ေဆြမဖြဲ႕တာ အေကာင္းဆုံးပါပဲ။ သင္က သူတို႔နဲ႕ စကားလမ္းေၾကာင္း တည့္ၿပီဆိုတာနဲ႕ သူတို႔ သင့္ကို လိုခ်င္ခ်င္၊ မလိုခ်င္ခ်င္ ေရာင္းခ်ေတာ့မွာပါ။ ဒီလို ေရာင္းခ်ရမွာက သူတို႔ရဲ႕ တာဝန္ ျဖစ္ေနေတာ့ သူတို႔ကို အျပစ္တင္လို႔လည္း မရပါဘူး။ သင့္ပိုက္ဆံကို သင္ေခြၽတာရမွာ ျဖစ္လို႔ သင္သာ ဆင္ျခင္ၿပီးေနဖို႔ တိုက္တြန္းခ်င္ပါတယ္။

(၅) သင့္စိတ္ကို ထိန္းခ်ဳပ္ၾကည့္ပါ

အဝတ္တထည္ ျမင္တိုင္း ျမင္တိုင္း သင္လိုခ်င္ေနလို႔ မရပါဘူး။ ဒါဟာ ေငြကုန္ေပါက္ျဖစ္လို႔ သင့္ကိုယ္သင္ ထိန္းခ်ဳပ္နိုင္ဖို႔ လိုပါတယ္။ တခါတေလမွာ တခ်ိဳ႕အဝတ္ေတြဟာ ဆိုင္မွာ ျပထားတာ လွလို႔ သင့္စိတ္က လိုခ်င္စိတ္ ျဖစ္ေပၚလာတာျဖစ္ၿပီး ဝယ္ၿပီးရင္ မဝတ္ျဖစ္တာမ်ိဳးေတြ ရွိတတ္ပါတယ္။

ဒီလို ျပႆနာမ်ိဳးကို ေရွာင္ရွားနိုင္ဖို႔ သင့္စိတ္ကို သင္ ထိန္းခ်ဳပ္ၿပီး လွည့္ျပန္လာၾကည့္ဖို႔ လိုတယ္လို႔ Wall Street ဂ်ာနယ္မွ သတင္းေထာက္တဦးက အႀကံေပးထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

အလုပ်နားရက်မှာ ဈေးဝယ်ဖြစ်တဲ့အခါ Shopping Mall တွေမှာပဲ ပါလာသမျှပိုက်ဆံ အကုန် သုံးဖြစ်တာသွားတာမျိုးတွေ မကြာခဏ ကြုံလာရရင် သင်ရှာသမျှ သင့်လက်ထဲ ကျန်မှာ မဟုတ်ပါဘူး။ ဒီလိုတွေ လုပ်လေ့ရှိတဲ့ သူတွေအတွက် စိတ်ကျန်းမာရေးဌာနက ထုတ်ပြပြောဆိုထားတဲ့ ဈေးဝယ်လွန်ခြင်း ဖြစ်ပေါ်မှုအပေါ် စိတ်ထိန်းနည်းတွေကို ဖော်ပြပေးချင်ပါတယ်။

ဒီနည်းတွေကို လိုက်နာနိုင်ရင် လမကုန်ခင် သင့်ပိုက်ဆံကုန်ခြင်းကို ချွေတာနိုင်မှာ သေချာပါတယ်။

(၁) ဒေါက်ဖိနပ် စီးပါ

ဈေးဝယ်ထွက်တဲ့အခါ ဒေါက်ဖိနပ်ကို စီးသွားပါ။ ဒါမှသာ သင်လမ်းလျှောက်တာကို ပိုဂရုစိုက်ဖြစ်မှာဖြစ်ပြီး ဈေးဆိုင်တွေဘက်ကို စိတ်သိပ်မရောက်နိုင်တော့ပါဘူး။ လုပ်ဖို့အတွက် နည်းနည်းခက်ခဲပေမယ့် သုသေသနတွေအရ အမျိုးသမီး အများစုဟာ ဒီနည်းလမ်းအတိုင်း ဈေးဝယ်ထွက်တဲ့အခါ ဘာပစ္စည်းကိုမှ သိပ်မဝယ်ဖြစ်တော့ဘူးလို့ ထင်ရပါတယ်။

(၂) ပိုက်ဆံ အသစ်နဲ့ သွားပါ

လက်ကိုင်အိတ်ထဲမှာ ရှိပြီးသား ပိုက်ဆံနဲ့ ဈေးဝယ်ထွက်တဲ့ အကျင့်ကို ရှောင်ပါ။ သင့်ကတ်ထဲမှာ ပိုက်ဆံ ကျန်ပါသေးတယ် ဆိုတဲ့ အသိနဲ့ သင် ဝယ်ပြီးရင် ဝယ်နေတာမျိုး မဖြစ်စေဖို့ သင်ရဲ့ ဘဏ်ကတ်၊ အကြွေးဝယ်ကတ် စတာတွေကို အိမ်မှာပဲ ထားခဲ့ပါ။

လိုအပ်လည်းဝယ်၊ မလိုအပ်လည်းဝယ် မဖြစ်ရအောင် ပိုက်ဆံအသစ်တွေကို သာယူသွားပါ။ တသောင်းတန် အသစ်ကို ဖြတ်ပြီး သုံးဖို့ သင်နှမြောတဲ့ အတွက် မလိုအပ်တာတွေကို ဝယ်ဖြစ်မှာ မဟုတ်တော့ပါဘူး။

(၃) သွားမယ့်နေရာနဲ့ အချိန်ကို ချုံ့လိုက်ပါ

ကမ္ဘာကျော် Frobes မဂ္ဂဇင်းရဲ့ အကြံပြုချက်အရ သင်သွားမယ့် နေရာနဲ့ အချိန်ကို ချုံ့လိုက်ရင် မလိုအပ်ဘဲ ဝယ်တာတွေ မဖြစ်နိုင်တော့ဘူးလို့ သိရပါတယ်။ သင့်မှာ အချိန်ပိုရရင် ဟိုဆိုင်ဝင်လိုက်၊ ဒီဆိုင်ဝင်လိုက်နဲ့ တွေ့သမျှ ပစ္စည်းတိုင်းကို လိုချင်နေတော့မှာပါ။ ဒါမျိုးမဖြစ်ရအောင် သင့်ရဲ့ အချိန်တွေကို ကန့်သတ်လိုက်ဖို့ အကြံပေးချင်ပါတယ်။

(၄) အရောင်းစာရေးကို မိတ်ဆွေ မဖွဲ့ပါနဲ့

အထည်ဆိုင်များရဲ့ အရောင်းစာရေးများနဲ့ မိတ်ဆွေမဖွဲ့တာ အကောင်းဆုံးပါပဲ။ သင်က သူတို့နဲ့ စကားလမ်းကြောင်း တည့်ပြီဆိုတာနဲ့ သူတို့ သင့်ကို လိုချင်ချင်၊ မလိုချင်ချင် ရောင်းချတော့မှာပါ။ ဒီလို ရောင်းချရမှာက သူတို့ရဲ့ တာဝန် ဖြစ်နေတော့ သူတို့ကို အပြစ်တင်လို့လည်း မရပါဘူး။ သင့်ပိုက်ဆံကို သင်ချွေတာရမှာ ဖြစ်လို့ သင်သာ ဆင်ခြင်ပြီးနေဖို့ တိုက်တွန်းချင်ပါတယ်။

(၅) သင့်စိတ်ကို ထိန်းချုပ်ကြည့်ပါ

အဝတ်တထည် မြင်တိုင်း မြင်တိုင်း သင်လိုချင်နေလို့ မရပါဘူး။ ဒါဟာ ငွေကုန်ပေါက်ဖြစ်လို့ သင့်ကိုယ်သင် ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ တခါတလေမှာ တချို့အဝတ်တွေဟာ ဆိုင်မှာ ပြထားတာ လှလို့ သင့်စိတ်က လိုချင်စိတ် ဖြစ်ပေါ်လာတာဖြစ်ပြီး ဝယ်ပြီးရင် မဝတ်ဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။

ဒီလို ပြဿနာမျိုးကို ရှောင်ရှားနိုင်ဖို့ သင့်စိတ်ကို သင် ထိန်းချုပ်ပြီး လှည့်ပြန်လာကြည့်ဖို့ လိုတယ်လို့ Wall Street ဂျာနယ်မှ သတင်းထောက်တဦးက အကြံပေးထားပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top