ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

စစ္မွန္တဲ့ သူငယ္ခ်င္းေကာင္း႐ွိျခင္းက ဘဝမွာ ကံေကာင္းျခင္းလက္ေဆာင္တစ္ခုပါပဲ။ သင္စိတ္ဓာတ္က်ေနတဲ့အခ်ိန္၊ ခက္ခဲပင္ပန္းေနတဲ့အခ်ိန္၊ ဝမ္းနည္းေနတဲ့အခ်ိန္မွာ ျမန္ျမန္ဆန္ဆန္စိတ္ဓာတ္တက္ႂကြလာဖို႔ သူငယ္ခ်င္းေကာင္းေတြက ကူညီေဖးမေပးပါလိမ့္မယ္။ သူငယ္ခ်င္းအတုနဲ႔ အစစ္ကိုေရာ သင္ခြဲျခားသိပါသလား။ ႏွစ္ေတြ အၾကာႀကီး ခင္လာတဲ့ သူငယ္ခ်င္းေတြနဲ႔ေရာ ဘာ့ေၾကာင့္ သူငယ္ခ်င္းသံေယာဇဥ္ေတြ ျပတ္ေတာက္ကုန္ၾကတာလဲ။

၁။ သစၥာေဖာက္ျခင္း

သူငယ္ခ်င္းဆက္ဆံေရး ျပတ္ေတာက္ရျခင္း အဓိက အေၾကာင္းအရင္းကေတာ့ ေနာက္ေက်ာဓားနဲ႔ထိုးၿပီး သစၥာေဖာက္ၾကလို႔ပါပဲ။ သင့္သူငယ္ခ်င္းက သစၥာမဲ့တဲ့ လုပ္ရပ္က်ဴးလြန္ခဲ့တယ္ဆိုရင္ေတာ့ ဘယ္ေလာက္ပဲ ခင္မင္ေနပါေစ သူငယ္ခ်င္းသံေယာဇဥ္ ျဖတ္ေတာက္ပစ္လိုက္ပါေတာ့။

၂။ တစ္ေယာက္နဲ႔ တစ္ေယာက္အားေပးမႈမ႐ွိျခင္း

သူငယ္ခ်င္းေကာင္းေတြဆိုတာ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္အားေပးၾကရပါမယ္။ သူ ဝမ္းနည္းေနတဲ့အခ်ိန္မွာ သင္က အားေပးရမွာ ျဖစ္သလို၊ သူဝမ္းနည္းေနခ်ိန္မွာလည္း သင္က အားေပးပါ။ တစ္ဖက္သတ္ဆိုတာ ဘယ္အရာမွ မေကာင္းပါဘူး။

၃။ မနာလိုျခင္း

စစ္မွန္တဲ့သူငယ္ခ်င္းဆိုတာ တစ္ေယာက္နဲ႔ တစ္ေယာက္ မနာလိုမႈကင္းရပါမယ္။ ကုိယ့္သူငယ္ခ်င္းေကာင္းစားေနတဲ့ အခ်ိန္မွာ သူ႔အတြက္ ဝမ္းသာေပ်ာ္႐ႊင္ေပးရပါမယ္။ အကယ္၍ သင္တို႔ သူငယ္ခ်င္းသံေယာဇဥ္ၾကားမွာ မနာလိုမ႐ွဳစိမ့္ျဖစ္လာၿပီဆိုရင္ေတာ့ စိတ္မေကာင္းစရာပါပဲ။

၄။ အတုအေယာင္သူငယ္ခ်င္း

အတုအေယာင္ကို ဘယ္သူမွ မႀကိဳက္ မႏွစ္သက္ၾကပါဘူး။ ဘဝမွာ လူမ်ိဳးစံုနဲ႔ ေပါင္းသင္းဆက္ဆံၾကတဲ့အခါ စစ္မွန္တဲ့ သူငယ္ခ်င္းေတြလည္း ႐ွိမယ္။ သူငယ္ခ်င္းတုေတြလည္း ႐ွိပါလိမ့္မယ္။ သူငယ္ခ်င္းတုေတြနဲ႔ ေရ႐ွည္ေပါင္းသင္းဆက္ဆံလို႔မရပါဘူး။ ဘယ္သူက ကိုယ့္အတြက္ စစ္မွန္တဲ့ သူငယ္ခ်င္းလည္းဆိုတာကို ခြဲျခားသိျမင္ပါေစ။

၅။ မေကာင္းျမင္စိတ္နဲ႔ ကဲ့ရဲ႕ျခင္း

ကိုယ့္ကို တကယ္ေကာင္းေစခ်င္လို႔ ေစတနာနဲ႔ ဘယ္ေနရာမွာေတာ့ ဘယ္လိုေလးမွားေနတယ္၊ ဘယ္လိုေလးဆိုရင္ေတာ့ ေကာင္းမွာပဲဆိုၿပီး ေဝဖန္အႀကံေပးတာနဲ႔ မေကာင္းျမင္စိတ္နဲ႔ ေဝဖန္တာ မတူပါဘူး။ အထူးသျဖင့္မိန္းကေလးေတြဆို မိန္းကေလးအခ်င္းခ်င္းခံစားသိတဲ့ ေမြးရာပါ အရည္အခ်င္း႐ွိပါတယ္။ တစ္ခ်ိန္လံုးပဲ သင့္ကို မေကာင္းျမင္စိတ္နဲ႔ ကဲ့ရဲ႕ေဝဖန္ေနမယ္ဆိုရင္ သူနဲ႔ ေဝးေဝးေ႐ွာင္လိုက္ပါေတာ့။ ၾကာလာရင္ ကိုယ့္ကိုယ္ကိုယံုၾကည္မႈကို ထိခိုက္လာပါလိမ့္မယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: My Style Myanmar

#Unicode Version#

စစ်မှန်တဲ့ သူငယ်ချင်းကောင်းရှိခြင်းက ဘဝမှာ ကံကောင်းခြင်းလက်ဆောင်တစ်ခုပါပဲ။ သင်စိတ်ဓာတ်ကျနေတဲ့အချိန်၊ ခက်ခဲပင်ပန်းနေတဲ့အချိန်၊ ဝမ်းနည်းနေတဲ့အချိန်မှာ မြန်မြန်ဆန်ဆန်စိတ်ဓာတ်တက်ကြွလာဖို့ သူငယ်ချင်းကောင်းတွေက ကူညီဖေးမပေးပါလိမ့်မယ်။ သူငယ်ချင်းအတုနဲ့ အစစ်ကိုရော သင်ခွဲခြားသိပါသလား။ နှစ်တွေ အကြာကြီး ခင်လာတဲ့ သူငယ်ချင်းတွေနဲ့ရော ဘာ့ကြောင့် သူငယ်ချင်းသံယောဇဉ်တွေ ပြတ်တောက်ကုန်ကြတာလဲ။

၁။ သစ္စာဖောက်ခြင်း

သူငယ်ချင်းဆက်ဆံရေး ပြတ်တောက်ရခြင်း အဓိက အကြောင်းအရင်းကတော့ နောက်ကျောဓားနဲ့ထိုးပြီး သစ္စာဖောက်ကြလို့ပါပဲ။ သင့်သူငယ်ချင်းက သစ္စာမဲ့တဲ့ လုပ်ရပ်ကျူးလွန်ခဲ့တယ်ဆိုရင်တော့ ဘယ်လောက်ပဲ ခင်မင်နေပါစေ သူငယ်ချင်းသံယောဇဉ် ဖြတ်တောက်ပစ်လိုက်ပါတော့။

၂။ တစ်ယောက်နဲ့ တစ်ယောက်အားပေးမှုမရှိခြင်း

သူငယ်ချင်းကောင်းတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အားပေးကြရပါမယ်။ သူ ဝမ်းနည်းနေတဲ့အချိန်မှာ သင်က အားပေးရမှာ ဖြစ်သလို၊ သူဝမ်းနည်းနေချိန်မှာလည်း သင်က အားပေးပါ။ တစ်ဖက်သတ်ဆိုတာ ဘယ်အရာမှ မကောင်းပါဘူး။

၃။ မနာလိုခြင်း

စစ်မှန်တဲ့သူငယ်ချင်းဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မနာလိုမှုကင်းရပါမယ်။ ကိုယ့်သူငယ်ချင်းကောင်းစားနေတဲ့ အချိန်မှာ သူ့အတွက် ဝမ်းသာပျော်ရွှင်ပေးရပါမယ်။ အကယ်၍ သင်တို့ သူငယ်ချင်းသံယောဇဉ်ကြားမှာ မနာလိုမရှုစိမ့်ဖြစ်လာပြီဆိုရင်တော့ စိတ်မကောင်းစရာပါပဲ။

၄။ အတုအယောင်သူငယ်ချင်း

အတုအယောင်ကို ဘယ်သူမှ မကြိုက် မနှစ်သက်ကြပါဘူး။ ဘဝမှာ လူမျိုးစုံနဲ့ ပေါင်းသင်းဆက်ဆံကြတဲ့အခါ စစ်မှန်တဲ့ သူငယ်ချင်းတွေလည်း ရှိမယ်။ သူငယ်ချင်းတုတွေလည်း ရှိပါလိမ့်မယ်။ သူငယ်ချင်းတုတွေနဲ့ ရေရှည်ပေါင်းသင်းဆက်ဆံလို့မရပါဘူး။ ဘယ်သူက ကိုယ့်အတွက် စစ်မှန်တဲ့ သူငယ်ချင်းလည်းဆိုတာကို ခွဲခြားသိမြင်ပါစေ။

၅။ မကောင်းမြင်စိတ်နဲ့ ကဲ့ရဲ့ခြင်း

ကိုယ့်ကို တကယ်ကောင်းစေချင်လို့ စေတနာနဲ့ ဘယ်နေရာမှာတော့ ဘယ်လိုလေးမှားနေတယ်၊ ဘယ်လိုလေးဆိုရင်တော့ ကောင်းမှာပဲဆိုပြီး ဝေဖန်အကြံပေးတာနဲ့ မကောင်းမြင်စိတ်နဲ့ ဝေဖန်တာ မတူပါဘူး။ အထူးသဖြင့်မိန်းကလေးတွေဆို မိန်းကလေးအချင်းချင်းခံစားသိတဲ့ မွေးရာပါ အရည်အချင်းရှိပါတယ်။ တစ်ချိန်လုံးပဲ သင့်ကို မကောင်းမြင်စိတ်နဲ့ ကဲ့ရဲ့ဝေဖန်နေမယ်ဆိုရင် သူနဲ့ ဝေးဝေးရှောင်လိုက်ပါတော့။ ကြာလာရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုကို ထိခိုက်လာပါလိမ့်မယ်။

Credit:My Style Myanmar

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top