ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

သီဟသုဓမၼမဏိေဇာတဓရ၊ အဘိဓမၼဓရ အကယ္ဒမီ ခန္႔စည္သူက အခုလည္း ဗိုလ္တေထာင္ က်ိဳက္ေဒးအပ္ ဆံေတာ္ဦး ေစတီ ေတာ္ျမတ္ႀကီး မွာ မိသားစုနဲ႔အတူ မသိုးသကၤန္းလွဴခဲ့ပါေသးတယ္တဲ့။ ကုသိုလ္ေရးေတြလည္း ေဆာင္ရြက္ေနတာျဖစ္သလုိ အႏုပညာ အလုပ္ေတြလည္း ေဆာင္ရြက္ေနရသူျဖစ္ပါတယ္။

ကုသုိလ္ေရး၊ ဘာသာေရးေတြဆုိ လက္မေႏွးတတ္တ့ဲ သရုပ္ေဆာင္ အကယ္ဒမီခန္႔စည္သူက ဗိုလ္တေထာင္ က်ိဳက္ေဒးအပ္ ဆံေတာ္ဦး ေစတီ ေတာ္ျမတ္ႀကီးမွာ ႏုိဝင္ဘာလ ၂၁ ရက္ေန႔ညက မိသားစုနဲ႔အတူ မသုိးသကၤန္းကပ္လွဴပူေဇာ္ခဲ့တယ္လုိ႔ သိရပါတယ္။ ဒီလုိအလွဴ လွဴျဖစ္ခဲ့တာ ၁၈ ႏွစ္ရွိၿပီလုိ႔ ဆုိပါတယ္။

'' ဗိုလ္တေထာင္ က်ိဳက္ေဒးအပ္ ဆံေတာ္ဦးေစတီေတာ္ျမတ္ႀကီးတြင္ ဝဏၰပဘာ ယကၠန္းစင္ေတာ္ျဖင့္ ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီး အား မိဘမ်ားႏွင့္အတူ ႏွစ္စဥ္မျပတ္၊မသိုးသကၤန္း ဆက္ကပ္ပူေဇာ္ခဲ့သည္မွာ (၁၈)ႏွစ္ တိုင္ခဲ့ပါၿပီ။ ႏွစ္စဥ္ျပဳျပဳသမွ် ကုသိုလ္အစုစုတို႔ကို (၇)ရက္သား၊သမီးအေပါင္းတို႔အား မွ်ေဝပါတယ္။ သာဓုေခၚဆိုႏိုင္ၾကပါေစ'' ဆိုၿပီးေတာ့ ႏုိဝင္ဘာလ ၂၁ ရက္ေန႔ည ၇ နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္ မွာ တင္ခဲ့ပါတယ္။

သရုပ္ေဆာင္ခန္႔စည္သူ ဟာ အလွဴအတန္းေတြနဲ႔ ပတ္သက္ၿပီး ခဏခဏေဆာင္ရြက္လွ်က္ရွိပါတယ္။ ေမတၱာသိဂၤဟ ပရဟိတ အဖြဲ႕ အေနနဲ႔ ပရဟိတအက်ဳိးေတြေဆာင္ရြက္လွ်က္ရွိၿပီး သီဟသုဓမၼမဏိေဇာတဓရ၊ အဘိဓမၼဓရ အကယ္ဒမီ ခန္႔စည္သူဆိုတဲ့ ဘြဲ႕ကုိ လည္း ရရွိထား သူျဖစ္ပါတယ္။

သရုပ္ေဆာင္ခန္႔စည္သူဟာ အခုလက္ရွိမွာေတာ့ ေမတၱာသိဂၤဟ ေဖာင္ေဒးရွင္းနဲ႔အတူ အလွဴအတန္းေတြလုပ္ေနတယ္လုိ႔ သိရပါတယ္။ အဲ့ဒါ ေၾကာင့္လည္း ဇာတ္ကားရုိက္ကူးမႈေတြ ခဏ နားထားတယ္လုိ႔လည္း မီဒီယာအင္တာဗ်ဴးေတြမွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။

'' လက္ရွိမွာေတာ့ ဇာတ္ကားရုိက္ကူးမႈေတြ ခဏနားထားပါတယ္။ ကၽြန္ေတာ္တုိ႔ ေမတၱာ သိဂၤဟေဖာင္ေဒးရွင္းနဲ႔ အတူ အလွဴေတြ လုပ္ဖုိ႔ စီစဥ္ ေနတယ္။ မၾကာခင္ကလည္း ဆရာေတာ္အရွင္ဆႏၵာဓိက ရဲ႕ ပညာေရးေဖာင္ေဒးရွင္းမွာ ကၽြန္ေတာ္တို႔ လွဴခဲ့ပါေသးတယ္'' လုိ႔ ခန္႔စည္သူက ေျပာပါတယ္။

ခန္႔စည္သူဟာ ရုပ္ရွင္ဇာတ္ကားႀကီးေတြလည္း ရုိက္ကူးေနရသူျဖစ္သလုိ ေမတၱာသိဂၤဟ ပရဟိတအသင္းႀကီးရဲ႕ ဦးေဆာင္သူ တစ္ဦးလည္း ျဖစ္ပါတယ္။ သူဟာ အႏုပညာအလုပ္ေတြနဲ႔ ကုသုိလ္ေရးအလုပ္ေတြပါပဲ လုံးပန္းေနရသူျဖစ္ပါတယ္။ ဒီ့အတြက္ေၾကာင့္လည္း သူ႔ရဲ႕ အခ်စ္ေရး သတင္းေတြက တည္ျငိမ္ေနတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
Photo: Khant Si Thu's fb

#Unicode Version#

သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူက အခုလည်း ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီ တော်မြတ်ကြီး မှာ မိသားစုနဲ့အတူ မသိုးသင်္ကန်းလှူခဲ့ပါသေးတယ်တဲ့။ ကုသိုလ်ရေးတွေလည်း ဆောင်ရွက်နေတာဖြစ်သလို အနုပညာ အလုပ်တွေလည်း ဆောင်ရွက်နေရသူဖြစ်ပါတယ်။

ကုသိုလ်ရေး၊ ဘာသာရေးတွေဆို လက်မနှေးတတ်တဲ့ သရုပ်ဆောင် အကယ်ဒမီခန့်စည်သူက ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီ တော်မြတ်ကြီးမှာ နိုဝင်ဘာလ ၂၁ ရက်နေ့ညက မိသားစုနဲ့အတူ မသိုးသင်္ကန်းကပ်လှူပူဇော်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုအလှူ လှူဖြစ်ခဲ့တာ ၁၈ နှစ်ရှိပြီလို့ ဆိုပါတယ်။

'' ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် ဝဏ္ဏပဘာ ယက္ကန်းစင်တော်ဖြင့် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး အား မိဘများနှင့်အတူ နှစ်စဉ်မပြတ်၊မသိုးသင်္ကန်း ဆက်ကပ်ပူဇော်ခဲ့သည်မှာ (၁၈)နှစ် တိုင်ခဲ့ပါပြီ။ နှစ်စဉ်ပြုပြုသမျှ ကုသိုလ်အစုစုတို့ကို (၇)ရက်သား၊သမီးအပေါင်းတို့အား မျှဝေပါတယ်။ သာဓုခေါ်ဆိုနိုင်ကြပါစေ'' ဆိုပြီးတော့ နိုဝင်ဘာလ ၂၁ ရက်နေ့ည ၇ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ် မှာ တင်ခဲ့ပါတယ်။

သရုပ်ဆောင်ခန့်စည်သူ ဟာ အလှူအတန်းတွေနဲ့ ပတ်သက်ပြီး ခဏခဏဆောင်ရွက်လျှက်ရှိပါတယ်။ မေတ္တာသိင်္ဂဟ ပရဟိတ အဖွဲ့ အနေနဲ့ ပရဟိတအကျိုးတွေဆောင်ရွက်လျှက်ရှိပြီး သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။

သရုပ်ဆောင်ခန့်စည်သူဟာ အခုလက်ရှိမှာတော့ မေတ္တာသိင်္ဂဟ ဖောင်ဒေးရှင်းနဲ့အတူ အလှူအတန်းတွေလုပ်နေတယ်လို့ သိရပါတယ်။ အဲ့ဒါ ကြောင့်လည်း ဇာတ်ကားရိုက်ကူးမှုတွေ ခဏ နားထားတယ်လို့လည်း မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' လက်ရှိမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေ ခဏနားထားပါတယ်။ ကျွန်တော်တို့ မေတ္တာ သိင်္ဂဟဖောင်ဒေးရှင်းနဲ့ အတူ အလှူတွေ လုပ်ဖို့ စီစဉ် နေတယ်။ မကြာခင်ကလည်း ဆရာတော်အရှင်ဆန္ဒာဓိက ရဲ့ ပညာရေးဖောင်ဒေးရှင်းမှာ ကျွန်တော်တို့ လှူခဲ့ပါသေးတယ်'' လို့ ခန့်စည်သူက ပြောပါတယ်။

ခန့်စည်သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရသူဖြစ်သလို မေတ္တာသိင်္ဂဟ ပရဟိတအသင်းကြီးရဲ့ ဦးဆောင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်တွေနဲ့ ကုသိုလ်ရေးအလုပ်တွေပါပဲ လုံးပန်းနေရသူဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း သူ့ရဲ့ အချစ်ရေး သတင်းတွေက တည်ငြိမ်နေတာဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top