(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

သကၤန္းမွာ ကထိန္၊ ေက်ာင္းမွာ သိမ္၊ ဆြမ္းမွာ ပိ႑ပါတ္ဟု အဆုိ ရွိခဲ့သည့္အတုိင္း ကထိန္သကၤန္း ကပ္လွဴျခင္းသည္ အျမတ္ဆံုးျဖစ္ ပါသည္။

ကထိန္သကၤန္းအလွဴသည္ အျခားေသာအလွဴမ်ားကဲ့သို႔ အ ခ်ိိန္မေရြးလွဴႏုိင္ေသာ အလွဴမ်ိဳး မဟုတ္ေပ။ တစ္ႏွစ္မွာ တစ္လ၊ တစ္လမွာ တစ္ႀကိမ္၊ တစ္ႀကိမ္မွာ တစ္ေက်ာင္းသာ လွဴခြင့္ရွိသည္။

ကထိန္ဆိုေသာ ေဝါဟာရ သည္ ပါဠိ ‘ကထိန’ မွ ဆင္းသက္ လာၿပီး ‘ကထိန္’ ဟု ျမန္မာမႈျပဳ ထားျခင္းျဖစ္သည္။ အဓိပၸာယ္မွာ ၿမဲၿမံျခင္း၊ ခုိင္ခံ့ျခင္း၊ ခုိင္ၿမဲျခင္းျဖစ္ သည္။ ၿမဲျခင္းဆိုသည္မွာ အခ်ိန္ ကာလအားျဖင့္ ၿမဲျခင္းႏွင့္ အက်ိဳး တရားအားျဖင့္ ၿမဲျခင္းတုို႔ျဖစ္ သည္။ အခ်ိန္ကာလ ၿမဲျခင္းမွာ ကထိန္သကၤန္းကို သီတင္းကြၽတ္ လျပည့္ေက်ာ္ ၁ ရက္ေန႔မွ တန္ ေဆာင္မုန္းလျပည့္ေန႔အထိ တစ္ လအတြင္း ဆက္ကပ္လွဴဒါန္းရ ျခင္းျဖစ္သည္။ အျခားလမ်ားတြင္ လွဴဒါန္း၍ မရေသာေၾကာင့္ အ ခ်ိန္ကာလၿမဲျခင္းျဖစ္ပါသည္။ အ က်ိဳးတရားၿမဲျခင္းမွာ ကထိန္ခင္းသည့္ ေက်ာင္းတိုက္တြင္ သီတင္း သံုးေတာ္မူၾကသည့္ ပုရိမဝါမွ ထေသာ (ဝါဆုိလျပည့္ေက်ာ္ ၁ ရက္ေန႔မွ သီတင္းကြၽတ္လျပည့္ ေန႔ထိ ဝါဆုိဝါကပ္ၾကေသာ) ရဟန္းေတာ္မ်ားမွာ သီတင္း ကြၽတ္လျပည့္ေက်ာ္ ၁ ရက္ေန႔မွ တေပါင္းလျပည့္ေန႔တုိင္ေအာင္ ငါးလတိတိ ကထိန္အက်ိဳးငါးမ်ိဳး ကို ခိုင္ခိုင္ၿမဲၿမဲ ရရွိေစပါသည္။

ကထိန္သကၤန္း ကပ္လွဴပြဲ သည္ ဗုဒၶဘုရားရွင္လက္ထက္က ပင္ စတင္ခဲ့သည္။ သာဝတၳိျပည္ ေဇတဝန္ေက်ာင္းေတာ္၌ သီတင္းသံုးေနေတာ္မူေသာ ျမတ္စြာဘုရားသခင္အား ဖူးေျမာ္ရန္ ဘဒၵဝဂၢီရဟန္း သံုးက်ိပ္တို႔သည္မိမိတို႔ ဝါဆိုဝါကပ္ရာျဖစ္ေသာ ေကတျပည္မွ ဝါကြၽတ္ေသာအခါ ေျခက်င္ခရီးျဖင့္ ႂကြလာၾက၏။ ထိုအခါ မိုးႀကီးသည္းထန္စြာ ရြာသြန္းသျဖင့္ ရဟန္းမ်ား မိုးေရစိုစြတ္ၾကကုန္သည္။ ထိုသို႔ မိုးေရစိုစြတ္ေသာ သကၤန္းျဖင့္ပင္ ပူေဇာ္ၾကရသည္ကို ျမတ္စြာဘုရားသခင္ ျမင္ေတြ႕ရေသာအခါ ထိုခရီးသည္ရဟန္းတုိ႔ကို အေၾကာင္းျပဳ၍ ပုရိမဝါကပ္ျခင္း၌ ျပည့္စံုေသာ ရဟန္းတုိ႔အား ကထိန္ခင္းခြင့္ျပဳေၾကာင္း ပညတ္ေတာ္မူခဲ့ေလသည္။

ထိုရဟန္းေတာ္မ်ားသည္ သကၤန္းသံုးထည္သာ ေဆာင္ရ ေသာ ရဟန္းမ်ားျဖစ္ၾကရာ ဘုရားရွင္သည္ သနားေတာ္မူေသာ ေၾကာင့္ ရဟန္းေတာ္မ်ားသည္-

(၁) အဓိ႒ာန္တင္သကၤန္း သံုး ထည္တို႔တြင္ တစ္ထည္ကိုသာ ထား၍ မပင္မပန္းေပါ့ပါးရႊင္လန္း စြာ သြားႏုိင္ၾကပါေစ၊

(၂) သကၤန္းပါးရွားႏြမ္းပါးျခင္းမွ ကင္းၾကပါေစ စေသာရည္ရြယ္ ခ်က္မ်ားျဖင့္ ကထိန္ခင္းျခင္းကို ခြင့္ျပဳေတာ္မူလိုက္သည္။ ထိုအ ခ်ိန္မွစ၍ ကထိန္ပြဲေတာ္ျဖစ္ေပၚ လာသည္။

ဗုဒၶဘုရားရွင္သည္ ကထိန္ ခင္းရာတြင္ ႏွစ္ထပ္သကၤန္းႀကီး၊ အေပၚ႐ံု ဧကသီသကၤန္း၊ ခါးဝတ္ သင္းပိုင္ဟူေသာ သံုးထည္ရွိရာ တစ္ထည္ျဖင့္သာ ခင္းခြင့္ျပဳ သည္။ ထိုသံုးထည္တြင္လည္း အလွဴရွင္က  မိမိအလိုအေလ်ာက္ သဒၶါေပါက္၍ လွဴဒါန္းေသာ သကၤန္းသည္သာ ကထိန္ခင္း ထိုက္ေသာ သကၤန္းျဖစ္သည္။

ရဟန္းတစ္ပါးသည္ မည္ သည့္အေၾကာင္းႏွင့္မွ် ကထိန္ သကၤန္းကို အလွဴမခံရ။ အလွဴ ရွင္လွဴခ်င္လာေအာင္ အရိပ္ျပမႈ၊ ပရိယာယ္ဆင္မႈတုိ႔ျဖင့္ ရရွိလာ ေသာ သကၤန္းကား ကထိန္မခင္း ထိုက္ေသာ သကၤန္းျဖစ္သည္။ ထို႔ အျပင္ ေခတၱငွားရမ္းယူထားေသာ သကၤန္း၊ လွဴၿပီးေနာက္ တစ္ည လြန္၍ သိုးေသာ သကၤန္း၊ သကၤန္းခ်ဳပ္ေနစဥ္ အ႐ုဏ္တက္လာေသာ သကၤန္းမ်ိဳးတုိ႔သည္လည္း ကထိန္ ခင္းခြင့္မျပဳေသာ သကၤန္းမ်ားျဖစ္ သည္။

ဤသို႔ ကထိန္ခင္းရာ၌ ကထိန္လ်ာသကၤန္းကို ခံယူေသာ ရဟန္းသည္ ကထိန္အက်ိဳးငါးပါး ကို ရရွိေလသည္။ ထိုအက်ိဳးမ်ား မွာ-

(၁) အနာမႏၲစာရ- ထင္ရွားရွိ ေသာ ရဟန္းကို မပန္ၾကားဘဲ ရပ္ရြာအတြင္းသို႔ သြားႏုိင္ျခင္းအ က်ိဳး။

(၂) အသမာဒါနစာရ- အဓိ႒ာန္ တင္ထားေသာ ႏွစ္ထပ္သကၤန္း ႀကီးႏွင့္ ညဥ့္ကင္းေနႏုိင္ျခင္းအ က်ိဳး။

(၃) ဂဏေဘာဇန- (မအပ္မရာ ပင့္ဖိတ္သည့္) ဂဏေဘာဇဥ္ကို ဘုဥ္းေပးေသာ္လည္း အာပတ္ မသင့္ျခင္းအက်ိဳး။

(၄) ယာဝဒတၳစီဝရ- အဓိ႒ာန္ ဝိကပၸနာမျပဳဘဲ သကၤန္းကို အလို ရွိသေလာက္ထားႏုိင္ျခင္း။

(၅) ေယာစတတၳစီဝ႐ုပၸါဒ- ကထိန္ခင္းရာေက်ာင္း၌ ျဖစ္ေပၚ ေသာ သံဃိကသကၤန္းကို ရပိုင္ ခြင့္ရွိေသာ အက်ိဳးတုိ႔ျဖစ္သည္။

ထိုနည္းတူစြာ ကထိန္ သကၤန္းလွဴဒါန္းေသာ အလွဴရွင္ မ်ားသည္လည္း-

(၁) သြားေလရာရာအရပ္တုိ႔၌ အ ေႏွာင့္အယွက္မရွိဘဲ ေဘးကင္း စြာ သြားရျခင္း။

(၂) မိမိပိုင္ပစၥည္းကို ရန္သူတို႔ မဖ်က္ဆီးႏုိင္ျခင္း။

(၃) စားေကာင္းေသာက္ဖြယ္ အ ထူးေပါမ်ား၍ အစားအစာအ တြက္ ေဘးမျဖစ္၊ အဆိပ္မသင့္ ႏုိင္ျခင္း။

(၄) မိမိပိုင္ပစၥည္းမ်ားကို ကာလ ၾကာျမင့္စြာ ေမ့ေလ်ာ့ေနေသာ္ လည္း မဆံုးပါး၊ မေပ်ာက္ရွႏိုင္ ျခင္း။

(၅) ပစၥည္းဥစၥာရွာေဖြရာတြင္ သူ တစ္ပါးတုိ႔ထက္ ထူးကဲစြာ အစု လိုက္ အၿပံဳလိုက္ရျခင္း။

(၆) ႐ုပ္ရည္႐ူပကာ အလြန္ေခ်ာ ေမာ၊ လွပတင့္တယ္၍ ဂုဏ္ က်က္သေရေက်ာ္ေစာထင္ရွား ျခင္း စသည့္အက်ိဳးေက်းဇူးမ်ား ရရွိေစသည္။

ကထိန္ပြဲေတာ္ကို ေရွးဘုရင္ မ်ား လက္ထက္ကပင္ ႀကီးက်ယ္ ခမ္းနားစြာ က်င္းပခဲ့ၾကသည္။ ယခုကာလ အထိတိုင္ေအာင္ လည္း အစဥ္အလာမပ်က္ က်င္းပလ်က္ရွိသည္။ မ်က္ေမွာက္ေခတ္ တြင္ ကထိန္ခင္းျခင္းကို တစ္ဦး တစ္ေယာက္ တစ္မိသားစုေသာ္ လည္းေကာင္း၊ ရပ္ကြက္အလိုက္ ေသာ္လည္းေကာင္း က်င္းပလ်က္ရွိေၾကာင္းကို ၾကည္ႏူးပီတိ ျဖစ္ဖြယ္ ေတြ႕ျမင္ေနရေၾကာင္း ေရးသားလိုက္ရပါသည္။

ကိုးကား-

(၁) ျမန္မာ့စြယ္စုံက်မ္း

(၂) ပန္းတုိင္ဦးသန္းေမာင္၊ ဆယ့္ ႏွစ္လရာသီပြဲေတာ္မ်ားႏွင့္ မွတ္ တမ္းကဗ်ာမ်ား။

(၃) မဟာဝါ ပါဠိေတာ္

(ေဆာင္းပါးရွင္ေမာင္ခန္႔ (ျမန္မာစာ)သည္ ျမန္မာ့႐ိုးရာ ၁၂ လရာသီပဲြေတာ္မ်ားအေၾကာင္း စိတ္ပါ ၀င္စားသူျဖစ္သည္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

သင်္ကန်းမှာ ကထိန်၊ ကျောင်းမှာ သိမ်၊ ဆွမ်းမှာ ပိဏ္ဍပါတ်ဟု အဆို ရှိခဲ့သည့်အတိုင်း ကထိန်သင်္ကန်း ကပ်လှူခြင်းသည် အမြတ်ဆုံးဖြစ် ပါသည်။

ကထိန်သင်္ကန်းအလှူသည် အခြားသောအလှူများကဲ့သို့ အ ချိန်မရွေးလှူနိုင်သော အလှူမျိုး မဟုတ်ပေ။ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ကြိမ်၊ တစ်ကြိမ်မှာ တစ်ကျောင်းသာ လှူခွင့်ရှိသည်။

ကထိန်ဆိုသော ဝေါဟာရ သည် ပါဠိ ‘ကထိန’ မှ ဆင်းသက် လာပြီး ‘ကထိန်’ ဟု မြန်မာမှုပြု ထားခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာ မြဲမြံခြင်း၊ ခိုင်ခံ့ခြင်း၊ ခိုင်မြဲခြင်းဖြစ် သည်။ မြဲခြင်းဆိုသည်မှာ အချိန် ကာလအားဖြင့် မြဲခြင်းနှင့် အကျိုး တရားအားဖြင့် မြဲခြင်းတို့ဖြစ် သည်။ အချိန်ကာလ မြဲခြင်းမှာ ကထိန်သင်္ကန်းကို သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှ တန် ဆောင်မုန်းလပြည့်နေ့အထိ တစ် လအတွင်း ဆက်ကပ်လှူဒါန်းရ ခြင်းဖြစ်သည်။ အခြားလများတွင် လှူဒါန်း၍ မရသောကြောင့် အ ချိန်ကာလမြဲခြင်းဖြစ်ပါသည်။ အ ကျိုးတရားမြဲခြင်းမှာ ကထိန်ခင်းသည့် ကျောင်းတိုက်တွင် သီတင်း သုံးတော်မူကြသည့် ပုရိမဝါမှ ထသော (ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှ သီတင်းကျွတ်လပြည့် နေ့ထိ ဝါဆိုဝါကပ်ကြသော) ရဟန်းတော်များမှာ သီတင်း ကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့တိုင်အောင် ငါးလတိတိ ကထိန်အကျိုးငါးမျိုး ကို ခိုင်ခိုင်မြဲမြဲ ရရှိစေပါသည်။

ကထိန်သင်္ကန်း ကပ်လှူပွဲ သည် ဗုဒ္ဓဘုရားရှင်လက်ထက်က ပင် စတင်ခဲ့သည်။ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားသခင်အား ဖူးမြော်ရန် ဘဒ္ဒဝဂ္ဂီရဟန်း သုံးကျိပ်တို့သည်မိမိတို့ ဝါဆိုဝါကပ်ရာဖြစ်သော ကေတပြည်မှ ဝါကျွတ်သောအခါ ခြေကျင်ခရီးဖြင့် ကြွလာကြ၏။ ထိုအခါ မိုးကြီးသည်းထန်စွာ ရွာသွန်းသဖြင့် ရဟန်းများ မိုးရေစိုစွတ်ကြကုန်သည်။ ထိုသို့ မိုးရေစိုစွတ်သော သင်္ကန်းဖြင့်ပင် ပူဇော်ကြရသည်ကို မြတ်စွာဘုရားသခင် မြင်တွေ့ရသောအခါ ထိုခရီးသည်ရဟန်းတို့ကို အကြောင်းပြု၍ ပုရိမဝါကပ်ခြင်း၌ ပြည့်စုံသော ရဟန်းတို့အား ကထိန်ခင်းခွင့်ပြုကြောင်း ပညတ်တော်မူခဲ့လေသည်။

ထိုရဟန်းတော်များသည် သင်္ကန်းသုံးထည်သာ ဆောင်ရ သော ရဟန်းများဖြစ်ကြရာ ဘုရားရှင်သည် သနားတော်မူသော ကြောင့် ရဟန်းတော်များသည်-

(၁) အဓိဋ္ဌာန်တင်သင်္ကန်း သုံး ထည်တို့တွင် တစ်ထည်ကိုသာ ထား၍ မပင်မပန်းပေါ့ပါးရွှင်လန်း စွာ သွားနိုင်ကြပါစေ၊

(၂) သင်္ကန်းပါးရှားနွမ်းပါးခြင်းမှ ကင်းကြပါစေ စသောရည်ရွယ် ချက်များဖြင့် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလိုက်သည်။ ထိုအ ချိန်မှစ၍ ကထိန်ပွဲတော်ဖြစ်ပေါ် လာသည်။

ဗုဒ္ဓဘုရားရှင်သည် ကထိန် ခင်းရာတွင် နှစ်ထပ်သင်္ကန်းကြီး၊ အပေါ်ရုံ ဧကသီသင်္ကန်း၊ ခါးဝတ် သင်းပိုင်ဟူသော သုံးထည်ရှိရာ တစ်ထည်ဖြင့်သာ ခင်းခွင့်ပြု သည်။ ထိုသုံးထည်တွင်လည်း အလှူရှင်က  မိမိအလိုအလျောက် သဒ္ဓါပေါက်၍ လှူဒါန်းသော သင်္ကန်းသည်သာ ကထိန်ခင်း ထိုက်သော သင်္ကန်းဖြစ်သည်။

ရဟန်းတစ်ပါးသည် မည် သည့်အကြောင်းနှင့်မျှ ကထိန် သင်္ကန်းကို အလှူမခံရ။ အလှူ ရှင်လှူချင်လာအောင် အရိပ်ပြမှု၊ ပရိယာယ်ဆင်မှုတို့ဖြင့် ရရှိလာ သော သင်္ကန်းကား ကထိန်မခင်း ထိုက်သော သင်္ကန်းဖြစ်သည်။ ထို့ အပြင် ခေတ္တငှားရမ်းယူထားသော သင်္ကန်း၊ လှူပြီးနောက် တစ်ည လွန်၍ သိုးသော သင်္ကန်း၊ သင်္ကန်းချုပ်နေစဉ် အရုဏ်တက်လာသော သင်္ကန်းမျိုးတို့သည်လည်း ကထိန် ခင်းခွင့်မပြုသော သင်္ကန်းများဖြစ် သည်။

ဤသို့ ကထိန်ခင်းရာ၌ ကထိန်လျာသင်္ကန်းကို ခံယူသော ရဟန်းသည် ကထိန်အကျိုးငါးပါး ကို ရရှိလေသည်။ ထိုအကျိုးများ မှာ-

(၁) အနာမန္တစာရ- ထင်ရှားရှိ သော ရဟန်းကို မပန်ကြားဘဲ ရပ်ရွာအတွင်းသို့ သွားနိုင်ခြင်းအ ကျိုး။

(၂) အသမာဒါနစာရ- အဓိဋ္ဌာန် တင်ထားသော နှစ်ထပ်သင်္ကန်း ကြီးနှင့် ညဉ့်ကင်းနေနိုင်ခြင်းအ ကျိုး။

(၃) ဂဏဘောဇန- (မအပ်မရာ ပင့်ဖိတ်သည့်) ဂဏဘောဇဉ်ကို ဘုဉ်းပေးသော်လည်း အာပတ် မသင့်ခြင်းအကျိုး။

(၄) ယာဝဒတ္ထစီဝရ- အဓိဋ္ဌာန် ဝိကပ္ပနာမပြုဘဲ သင်္ကန်းကို အလို ရှိသလောက်ထားနိုင်ခြင်း။

(၅) ယောစတတ္ထစီဝရုပ္ပါဒ- ကထိန်ခင်းရာကျောင်း၌ ဖြစ်ပေါ် သော သံဃိကသင်္ကန်းကို ရပိုင် ခွင့်ရှိသော အကျိုးတို့ဖြစ်သည်။

ထိုနည်းတူစွာ ကထိန် သင်္ကန်းလှူဒါန်းသော အလှူရှင် များသည်လည်း-

(၁) သွားလေရာရာအရပ်တို့၌ အ နှောင့်အယှက်မရှိဘဲ ဘေးကင်း စွာ သွားရခြင်း။

(၂) မိမိပိုင်ပစ္စည်းကို ရန်သူတို့ မဖျက်ဆီးနိုင်ခြင်း။

(၃) စားကောင်းသောက်ဖွယ် အ ထူးပေါများ၍ အစားအစာအ တွက် ဘေးမဖြစ်၊ အဆိပ်မသင့် နိုင်ခြင်း။

(၄) မိမိပိုင်ပစ္စည်းများကို ကာလ ကြာမြင့်စွာ မေ့လျော့နေသော် လည်း မဆုံးပါး၊ မပျောက်ရှနိုင် ခြင်း။

(၅) ပစ္စည်းဥစ္စာရှာဖွေရာတွင် သူ တစ်ပါးတို့ထက် ထူးကဲစွာ အစု လိုက် အပြုံလိုက်ရခြင်း။

(၆) ရုပ်ရည်ရူပကာ အလွန်ချော မော၊ လှပတင့်တယ်၍ ဂုဏ် ကျက်သရေကျော်စောထင်ရှား ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေသည်။

ကထိန်ပွဲတော်ကို ရှေးဘုရင် များ လက်ထက်ကပင် ကြီးကျယ် ခမ်းနားစွာ ကျင်းပခဲ့ကြသည်။ ယခုကာလ အထိတိုင်အောင် လည်း အစဉ်အလာမပျက် ကျင်းပလျက်ရှိသည်။ မျက်မှောက်ခေတ် တွင် ကထိန်ခင်းခြင်းကို တစ်ဦး တစ်ယောက် တစ်မိသားစုသော် လည်းကောင်း၊ ရပ်ကွက်အလိုက် သော်လည်းကောင်း ကျင်းပလျက်ရှိကြောင်းကို ကြည်နူးပီတိ ဖြစ်ဖွယ် တွေ့မြင်နေရကြောင်း ရေးသားလိုက်ရပါသည်။

ကိုးကား-

(၁) မြန်မာ့စွယ်စုံကျမ်း

(၂) ပန်းတိုင်ဦးသန်းမောင်၊ ဆယ့် နှစ်လရာသီပွဲတော်များနှင့် မှတ် တမ်းကဗျာများ။

(၃) မဟာဝါ ပါဠိတော်

(ဆောင်းပါးရှင်မောင်ခန့် (မြန်မာစာ)သည် မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များအကြောင်း စိတ်ပါ ဝင်စားသူဖြစ်သည်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top