iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ ၃၀ မွဘ၀ကစတယ္ ဆုိတဲ႔စကားကုိၾကားဖူးၾကမွာပါ။ဒီလုိအသက္အရြယ္ဆုိတာ ငယ္လည္းမငယ္၊ၾကီးလည္းမၾကီးပဲ တကယ့္ဘ၀အစစ္ကုိခံစားနားလည္ႏုိင္တဲ႔အရြယ္လုိ႔ပဲဆုိရမွာပါပဲ။ဒီေတာ့ အသက္ ၃၀အရြယ္မွာ မသိမျဖစ္သိထားသင့္တ႔ဲအရာေတြကုိလည္း လက္လႊတ္လုိ႔မျဖစ္ပါဘူး။ဘာေတြလဲဆုိရင္…


ကုိယ္တကယ္ေပ်ာ္ရႊင္တဲ႔အလုပ္ကုိရွာသင့္ေနပါျပီ

လုပ္သင့္လုိ႔ဆုိတာေတြထက္ အသက္ ၃၀အရြယ္မွာ ကုိယ္တကယ္ေပ်ာ္ရႊင္စြာလုပ္ခ်င္တဲ႔အလုပ္က ဘာလဲ၊ကုိယ့္ရဲ႔ႏွလံုးသားက ဘယ္ေနရာကုိပုိျပီးအလုိရွိေနလဲဆုိတာ ကိုယ့္စိတ္ကုိယ္သိထားဖုိ႔လုိေနပါျပီ။အဲ႔ဒါမွ ဘ၀ရဲ ႔ေပ်ာ္ရႊင္မႈအစစ္အမွန္ကုိခံစားရမွာပါ။

အရသာရွိတဲ့ဟင္းတစ္ခြက္ခ်က္တတ္ေနျပီလား

ဘာပဲျဖစ္ျဖစ္ခ်က္တတ္တယ္ဆုိရင္ေတာင္ တစ္ျခားသူေတြထက္ပုိသာတဲ႔၊ကုိယ့္အၾကိဳက္ဆံုးဟင္းလ်ာတစ္မ်ိဳးဆုိတာ ရွိသင့္ပါတယ္။အထူးေပါ့။ကဲ ဘယ္လိုလဲသင္ယူဖုိ႔အဆင့္သင့္ျဖစ္ေနျပီလား?

ဘယ္သူက တကယ့္သူငယ္ခ်င္းအစစ္လဲဆုိတာ နားလည္သင့္ေနပါျပီ

ကုိယ့္အနားမွာ၀ုိင္းေနတဲ႔သူငယ္ခ်င္းေတြထဲက ဘယ္သူက ကုိယ့္အေပၚတကယ္ေကာင္းတယ္၊ဘယ္သူက ဟန္ေဆာင္တယ္ဆုိတာ ခြဲျခားတတ္ဖုိ႔လုိသလို ကုိယ့္ေဘးနားမွာ မလိုအပ္တဲ႔သူေတြကုိလည္းဖယ္ထုတ္တတ္ဖုိ႔လိုပါတယ္။ဘ၀ရဲ ႔အစမွာ သူငယ္ခ်င္းအတုေတြမလုိအပ္ေတာ့ဘူးမဟုတ္လား

ကုိယ့္အေၾကာင္းနဲ႔ပတ္သက္လုိ႔အေသးစိတ္ေျပာျပတတ္တာမ်ိဳး ရပ္ပါေတာ့!

ငယ္ငယ္ကေတာ့ ကုိယ္နဲ႔ပတ္သက္ျပီးသူငယ္ခ်င္းမိတ္ေဆြေတြကုိအေသးစိတ္ေျပာျပတာမ်ိဳးရွိတတ္ပါလိမ့္မယ္။ဒါေပမဲ့ ၂၅ ေက်ာ္ ၃၀ ဆုိတဲ႔အသက္အရြယ္မွာေတာ့ ရင့္က်က္စြာနဲ႔ေနထုိင္သင့္ပါျပီ။သူမ်ားကုိေျပာျပဖို႔မလိုအပ္တဲ႔အေၾကာင္းေတြ၊ေျပာမျပသင့္ေတာ့တဲ႔အရာေတြဆုိတာ လူတုိင္းမွာရွိပါတယ္။ဒါေတြကုိ ပါးပါးနပ္နပ္နဲ႔ကုိင္တြယ္ေျပာျပသင့္ပါတယ္။ကိုယ့္အေၾကာင္းကုိ တစ္လံုးမခ်န္ေျပာျပတာက ကုိယ့္အားနည္းခ်က္ကဘာလဲဆုိတာ ခ်ျပေနသလုိပါပဲ။

ေငြေၾကးရွာေဖြပါ ခရီးေတြထြက္ပါ

ေငြေၾကးရွာေဖြျပီး ရလာတဲ႔ေငြေၾကးနဲ႔ ခရီးထြက္တာမ်ိဳးကသာ အေတြ႔အၾကံဳသစ္ေတြ၊ခံစားမႈအသစ္ေတြလက္ေတြ႔ခံစားသိျမင္ႏုိင္မွာပါ။ရလာတဲ႔လစာ၀င္ေငြရဲ ႔၂၀ရာခုိင္ႏႈန္းကုိ အျမဲစုထားျပီး ဘ၀ရဲ ႔အေတြ႔အၾကံဳခရီးလမ္းသစ္ေတြကုိ ေလ်ွာက္ဖုိ႔မေမ့ပါနဲ႔။

ယာဥ္ေမာင္းလိုင္စင္ရွိထားသင့္ေနပါျပီ

ကုိယ္ဟာ အနာဂတ္မွာဒီထက္ပိုေတာက္ပဖုိ႔ၾကိဳးစားေနသူဆုိရင္ အသက္ ၃၀အရြယ္မွာ ယာဥ္ေမာင္းလုိင္စင္ကေတာ့ ပုိင္ဆုိင္ထားသင့္ပါျပီ။ကုိယ့္ဘ၀ရဲ ႔အနာဂတ္ပန္းတုိင္ရည္မွန္းခ်က္ေတြကုိ တစ္ခုခ်င္းစီၾကိဳးစားဖန္တီးဖုိ႔လည္းမေမ့ပါန႔ဲ

အပုိအလုပ္တစ္ခုရိွထားပါ

ငယ္ရြယ္စဥ္မွာ အလုပ္တစ္ခုေလာက္နဲ႔ပဲတင္းတိမ္ေပမဲ႔ တကယ္တမ္းအသက္အရြယ္တစ္ႏွစ္ထက္တစ္ႏွစ္ၾကီးလာတာနဲ႔အမ်ွ ကုိယ့္အတြက္တကယ္လိုအပ္တဲ႔ အရာေတြက ဘာေတြလဲဆုိတာ ကုိယ့္ဘာသာသိလာပါတယ္။အဲ႔ဒီအခါ အလုပ္တစ္ခုတည္းနဲ႔မရေတာ့ပါဘူး။ေနာက္ထပ္ အပုိအလုပ္တစ္ခု၊၀င္ေငြရႏုိင္တဲ႔တစ္ျခားအပုိအလုပ္တစ္ခုခုကုိ သင့္အေနနဲ႔ရွာေဖြလာပါလိမ့္မယ္။ဒီလုိစိတ္ကူးမ်ိဳးမရွိေသးဘူးဆုိရင္လည္း အခုကတည္းက ရွိလိုက္ပါေတာ့။ရလာတဲ႔အခြင့္အေရးေတြကုိလက္လႊတ္မခံပဲ ၾကိဳးစားလုိက္ပါ

ကိုယ့္ရဲ ႔ကုိယ္ပုိင္ပံုစံကုိရွာေဖြပါ

အရြယ္ေရာက္လာတဲ႔သူတုိင္းမွာ ကုိယ့္အတြက္သက္ေတာင့္သက္သာျဖစ္ေစတဲ႔ ကုိယ္ပုိင္ပံုစံဆုိတာရွိထားဖုိ႔လိုပါတယ္။ကုိယ္က ဘယ္လုိပံုစံ၀တ္ရတာ သေဘာက်တယ္။ဘယ္၀တ္စံုနဲ႔ဆုိ သက္ေတာင့္သက္သာရွိတယ္။ပုိျပီးစိတ္လြတ္လပ္ေပါ့ပါးတယ္စသျဖင့္ ကုိယ့္စိတ္ကုိယ္သိေအာင္ၾကိဳးစားပါ။အဲ့ဒါမွဘယ္လုိအ၀တ္အစားမ်ိဳးကုိ ပုိျပီး၀ယ္သင့္တယ္။ပုိျပီးေရြးခ်ယ္သင့္တယ္ဆုိတာ သိေလာမွာပါ။ဒါကလည္း အသက္ ၃၀ဆုိတဲ႔အရြယ္မွာရွိထားသင့္တဲ႔ ရင့္က်က္မႈတစ္ခုပါပဲ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend


#Unicode Version#

အသက် ၃၀ မှဘဝကစတယ် ဆိုတဲ့စကားကိုကြားဖူးကြမှာပါ။ဒီလိုအသက်အရွယ်ဆိုတာ ငယ်လည်းမငယ်၊ကြီးလည်းမကြီးပဲ တကယ့်ဘဝအစစ်ကိုခံစားနားလည်နိုင်တဲ့အရွယ်လို့ပဲဆိုရမှာပါပဲ။ဒီတော့ အသက် ၃၀အရွယ်မှာ မသိမဖြစ်သိထားသင့်တဲ့အရာတွေကိုလည်း လက်လွှတ်လို့မဖြစ်ပါဘူး။ဘာတွေလဲဆိုရင်…


ကိုယ်တကယ်ပျော်ရွှင်တဲ့အလုပ်ကိုရှာသင့်နေပါပြီ
လုပ်သင့်လို့ဆိုတာတွေထက် အသက် ၃၀အရွယ်မှာ ကိုယ်တကယ်ပျော်ရွှင်စွာလုပ်ချင်တဲ့အလုပ်က ဘာလဲ၊ကိုယ့်ရဲ့နှလုံးသားက ဘယ်နေရာကိုပိုပြီးအလိုရှိနေလဲဆိုတာ ကိုယ့်စိတ်ကိုယ်သိထားဖို့လိုနေပါပြီ။အဲ့ဒါမှ ဘဝရဲ့ပျော်ရွှင်မှုအစစ်အမှန်ကိုခံစားရမှာပါ။

*အရသာရှိတဲ့ဟင်းတစ်ခွက်ချက်တတ်နေပြီလား
ဘာပဲဖြစ်ဖြစ်ချက်တတ်တယ်ဆိုရင်တောင် တစ်ခြားသူတွေထက်ပိုသာတဲ့၊ကိုယ့်အကြိုက်ဆုံးဟင်းလျာတစ်မျိုးဆိုတာ ရှိသင့်ပါတယ်။အထူးပေါ့။ကဲ ဘယ်လိုလဲသင်ယူဖို့အဆင့်သင့်ဖြစ်နေပြီလား?

*ဘယ်သူက တကယ့်သူငယ်ချင်းအစစ်လဲဆိုတာ နားလည်သင့်နေပါပြီ

ကိုယ့်အနားမှာဝိုင်းနေတဲ့သူငယ်ချင်းတွေထဲက ဘယ်သူက ကိုယ့်အပေါ်တကယ်ကောင်းတယ်၊ဘယ်သူက ဟန်ဆောင်တယ်ဆိုတာ ခွဲခြားတတ်ဖို့လိုသလို ကိုယ့်ဘေးနားမှာ မလိုအပ်တဲ့သူတွေကိုလည်းဖယ်ထုတ်တတ်ဖို့လိုပါတယ်။ဘဝရဲ့အစမှာ သူငယ်ချင်းအတုတွေမလိုအပ်တော့ဘူးမဟုတ်လား

*ကိုယ့်အကြောင်းနဲ့ပတ်သက်လို့အသေးစိတ်ပြောပြတတ်တာမျိုး ရပ်ပါတော့!

ငယ်ငယ်ကတော့ ကိုယ်နဲ့ပတ်သက်ပြီးသူငယ်ချင်းမိတ်ဆွေတွေကိုအသေးစိတ်ပြောပြတာမျိုးရှိတတ်ပါလိမ့်မယ်။ဒါပေမဲ့ ၂၅ ကျော် ၃၀ ဆိုတဲ့အသက်အရွယ်မှာတော့ ရင့်ကျက်စွာနဲ့နေထိုင်သင့်ပါပြီ။သူများကိုပြောပြဖို့မလိုအပ်တဲ့အကြောင်းတွေ၊ပြောမပြသင့်တော့တဲ့အရာတွေဆိုတာ လူတိုင်းမှာရှိပါတယ်။ဒါတွေကို ပါးပါးနပ်နပ်နဲ့ကိုင်တွယ်ပြောပြသင့်ပါတယ်။ကိုယ့်အကြောင်းကို တစ်လုံးမချန်ပြောပြတာက ကိုယ့်အားနည်းချက်ကဘာလဲဆိုတာ ချပြနေသလိုပါပဲ။

*ငွေကြေးရှာဖွေပါ ခရီးတွေထွက်ပါ
ငွေကြေးရှာဖွေပြီး ရလာတဲ့ငွေကြေးနဲ့ ခရီးထွက်တာမျိုးကသာ အတွေ့အကြုံသစ်တွေ၊ခံစားမှုအသစ်တွေလက်တွေ့ခံစားသိမြင်နိုင်မှာပါ။ရလာတဲ့လစာဝင်ငွေရဲ့၂၀ရာခိုင်နှုန်းကို အမြဲစုထားပြီး ဘဝရဲ့အတွေ့အကြုံခရီးလမ်းသစ်တွေကို လျှောက်ဖို့မမေ့ပါနဲ့။

*ယာဉ်မောင်းလိုင်စင်ရှိထားသင့်နေပါပြီ
ကိုယ်ဟာ အနာဂတ်မှာဒီထက်ပိုတောက်ပဖို့ကြိုးစားနေသူဆိုရင် အသက် ၃၀အရွယ်မှာ ယာဉ်မောင်းလိုင်စင်ကတော့ ပိုင်ဆိုင်ထားသင့်ပါပြီ။ကိုယ့်ဘဝရဲ့အနာဂတ်ပန်းတိုင်ရည်မှန်းချက်တွေကို တစ်ခုချင်းစီကြိုးစားဖန်တီးဖို့လည်းမမေ့ပါနဲ့

*အပိုအလုပ်တစ်ခုရှိထားပါ

ငယ်ရွယ်စဉ်မှာ အလုပ်တစ်ခုလောက်နဲ့ပဲတင်းတိမ်ပေမဲ့ တကယ်တမ်းအသက်အရွယ်တစ်နှစ်ထက်တစ်နှစ်ကြီးလာတာနဲ့အမျှ ကိုယ့်အတွက်တကယ်လိုအပ်တဲ့ အရာတွေက ဘာတွေလဲဆိုတာ ကိုယ့်ဘာသာသိလာပါတယ်။အဲ့ဒီအခါ အလုပ်တစ်ခုတည်းနဲ့မရတော့ပါဘူး။နောက်ထပ် အပိုအလုပ်တစ်ခု၊ဝင်ငွေရနိုင်တဲ့တစ်ခြားအပိုအလုပ်တစ်ခုခုကို သင့်အနေနဲ့ရှာဖွေလာပါလိမ့်မယ်။ဒီလိုစိတ်ကူးမျိုးမရှိသေးဘူးဆိုရင်လည်း အခုကတည်းက ရှိလိုက်ပါတော့။ရလာတဲ့အခွင့်အရေးတွေကိုလက်လွှတ်မခံပဲ ကြိုးစားလိုက်ပါ

*ကိုယ့်ရဲ့ကိုယ်ပိုင်ပုံစံကိုရှာဖွေပါ

အရွယ်ရောက်လာတဲ့သူတိုင်းမှာ ကိုယ့်အတွက်သက်တောင့်သက်သာဖြစ်စေတဲ့ ကိုယ်ပိုင်ပုံစံဆိုတာရှိထားဖို့လိုပါတယ်။ကိုယ်က ဘယ်လိုပုံစံဝတ်ရတာ သဘောကျတယ်။ဘယ်ဝတ်စုံနဲ့ဆို သက်တောင့်သက်သာရှိတယ်။ပိုပြီးစိတ်လွတ်လပ်ပေါ့ပါးတယ်စသဖြင့် ကိုယ့်စိတ်ကိုယ်သိအောင်ကြိုးစားပါ။အဲ့ဒါမှဘယ်လိုအဝတ်အစားမျိုးကို ပိုပြီးဝယ်သင့်တယ်။ပိုပြီးရွေးချယ်သင့်တယ်ဆိုတာ သိလောမှာပါ။ဒါကလည်း အသက် ၃၀ဆိုတဲ့အရွယ်မှာရှိထားသင့်တဲ့ ရင့်ကျက်မှုတစ်ခုပါပဲ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top