ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ခရီးသည္မ်ား၏ခရီးေဆာင္အိတ္ကို တစ္လၾကာအပ္ႏွံႏိုင္မည့္ Left Baggage Service အစီအစဥ္ကို စတင္ေနၿပီျဖစ္ေၾကာင္း Yangon Aerodrome Company Limited (YACL) တာဝန္ရွိသူက ေျပာၾကားသည္။

“ဒီလ ၁၉ ရက္မွာ စတာျဖစ္တဲ့အတြက္ အခုလက္ရွိမွာေတာ့ ႏိုင္ငံျခားသားေတြပဲ အပ္ေသးတယ္။ ဒီဝန္ေဆာင္မႈက ခရီး သည္ေတြကို အဆင္ေျပေစဖို႔ အခုမွစေပးတာပါ”ဟု Left Baggage Service ေကာင္တာမွ တာဝန္ရွိသူက ဆိုသည္။

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ရွိ Left Baggage Service ကို Terminal-1 ၏ ဝင္ေပါက္ (၇) တြင္ ဖြင့္လွစ္ထားျခင္းျဖစ္ၿပီး အပ္ႏွံသည့္ပစၥည္းအေလးခ်ိန္မ်ားအလိုက္ ဝန္ေဆာင္ခသည္ တစ္ရက္လွ်င္ ၃၀၀၀ က်ပ္မွ ၁၅,၀၀၀ က်ပ္အထိ က်သင့္မည္ျဖစ္ေၾကာင္း သိရသည္။

ေလဆိပ္တြင္ပစၥည္းအပ္ႏွံရာ၌ အေပါ့စားလက္ေဆာင္ပစၥည္းမ်ားအတြက္ သံုးေထာင္က်ပ္ကို ဝန္ေဆာင္ခေပးရမည္ျဖစ္ၿပီး ၁၀ ကီလိုဂရမ္ေအာက္ႏွင့္ ပစၥည္းမ်ားအတြက္ ၆၀၀၀ က်ပ္၊ ၁၀ ကီလိုဂရမ္ႏွင့္ အထက္ပစၥည္းမ်ားအတြက္ ၁၀,၀၀၀ က်ပ္၊ ၃၀ ကီလိုဂရမ္ႏွင့္အထက္ ပစၥည္းမ်ားအတြက္ ၁၅,၀၀၀ က်ပ္ က်သင့္မည္ျဖစ္ၿပီး မည္သည့္ခရီးသည္မဆို ပစၥည္းမ်ားကို အပ္ႏွံႏိုင္မည္ျဖစ္ေၾကာင္း Left Baggage Service ေကာင္တာထံမွ သိရသည္။

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ ခရီးေဆာင္အိတ္ႏွင့္ပစၥည္းအပ္ႏွံျခင္းကို ၂၄ နာရီဝန္ေဆာင္မႈေပးမည္ျဖစ္ၿပီး ပစၥည္းအပ္ႏွံရမည့္သက္တမ္းကို ရက္ ၃၀ ထိသာ လက္ခံမည္ျဖစ္၍ အဆိုပါရက္ ေက်ာ္လြန္အပ္ႏွံသည့္ပစၥည္းမ်ားကို တာဝန္ယူမည္မဟုတ္ေၾကာင္း အဆိုပါဝန္ေဆာင္မႈေကာင္တာထံမွ သိရသည္။

“ႏိုင္ငံတကာေလဆိပ္ေတြမွာေတာ့ ဒီစနစ္ကို တြင္တြင္က်ယ္က်ယ္သံုးေလ့ရွိတယ္။ အခုလိုစနစ္ေပၚလာေတာ့ ေကာင္းပါတယ္။ ေနာက္ပိုင္း ေနရာေတြအထိ လိုက္ပို႔ေပးႏိုင္ရင္ ပိုေကာင္းမယ္” ဟု ခရီးသြားလုပ္ငန္းရွင္တစ္ဦးက မွတ္ခ်က္ျပဳသည္။

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ ခရီးေဆာင္အိတ္ႏွင့္ပစၥည္းအပ္ႏွံမႈမ်ားကို အပ္ႏွံခ်ိန္မွစ၍ ၂၄ နာရီ သတ္မွတ္ထားေၾကာင္း ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ထံမွ သိရသည္။

ယခုႏွစ္ဇန္နဝါရီလမွ ႏိုဝင္ဘာလအထိ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ခရီးသည္ငါးသန္းေက်ာ္ဝင္ေရာက္ထားၿပီး အျပည္ျပည္ဆိုင္ရာေလေၾကာင္း လိုင္းသံုးဆယ္ေက်ာ္ ပ်ံသန္းေျပးဆြဲလ်က္ရွိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice


#Unicode Version#

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်များ၏ခရီးဆောင်အိတ်ကို တစ်လကြာအပ်နှံနိုင်မည့် Left Baggage Service အစီအစဉ်ကို စတင်နေပြီဖြစ်ကြောင်း Yangon Aerodrome Company Limited (YACL) တာဝန်ရှိသူက ပြောကြားသည်။

“ဒီလ ၁၉ ရက်မှာ စတာဖြစ်တဲ့အတွက် အခုလက်ရှိမှာတော့ နိုင်ငံခြားသားတွေပဲ အပ်သေးတယ်။ ဒီဝန်ဆောင်မှုက ခရီး သည်တွေကို အဆင်ပြေစေဖို့ အခုမှစပေးတာပါ”ဟု Left Baggage Service ကောင်တာမှ တာဝန်ရှိသူက ဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Left Baggage Service ကို Terminal-1 ၏ ဝင်ပေါက် (၇) တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အပ်နှံသည့်ပစ္စည်းအလေးချိန်များအလိုက် ဝန်ဆောင်ခသည် တစ်ရက်လျှင် ၃၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်အထိ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

လေဆိပ်တွင်ပစ္စည်းအပ်နှံရာ၌ အပေါ့စားလက်ဆောင်ပစ္စည်းများအတွက် သုံးထောင်ကျပ်ကို ဝန်ဆောင်ခပေးရမည်ဖြစ်ပြီး ၁၀ ကီလိုဂရမ်အောက်နှင့် ပစ္စည်းများအတွက် ၆၀၀၀ ကျပ်၊ ၁၀ ကီလိုဂရမ်နှင့် အထက်ပစ္စည်းများအတွက် ၁၀,၀၀၀ ကျပ်၊ ၃၀ ကီလိုဂရမ်နှင့်အထက် ပစ္စည်းများအတွက် ၁၅,၀၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး မည်သည့်ခရီးသည်မဆို ပစ္စည်းများကို အပ်နှံနိုင်မည်ဖြစ်ကြောင်း Left Baggage Service ကောင်တာထံမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးဆောင်အိတ်နှင့်ပစ္စည်းအပ်နှံခြင်းကို ၂၄ နာရီဝန်ဆောင်မှုပေးမည်ဖြစ်ပြီး ပစ္စည်းအပ်နှံရမည့်သက်တမ်းကို ရက် ၃၀ ထိသာ လက်ခံမည်ဖြစ်၍ အဆိုပါရက် ကျော်လွန်အပ်နှံသည့်ပစ္စည်းများကို တာဝန်ယူမည်မဟုတ်ကြောင်း အဆိုပါဝန်ဆောင်မှုကောင်တာထံမှ သိရသည်။

“နိုင်ငံတကာလေဆိပ်တွေမှာတော့ ဒီစနစ်ကို တွင်တွင်ကျယ်ကျယ်သုံးလေ့ရှိတယ်။ အခုလိုစနစ်ပေါ်လာတော့ ကောင်းပါတယ်။ နောက်ပိုင်း နေရာတွေအထိ လိုက်ပို့ပေးနိုင်ရင် ပိုကောင်းမယ်” ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးဆောင်အိတ်နှင့်ပစ္စည်းအပ်နှံမှုများကို အပ်နှံချိန်မှစ၍ ၂၄ နာရီ သတ်မှတ်ထားကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထံမှ သိရသည်။

ယခုနှစ်ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီးသည်ငါးသန်းကျော်ဝင်ရောက်ထားပြီး အပြည်ပြည်ဆိုင်ရာလေကြောင်း လိုင်းသုံးဆယ်ကျော် ပျံသန်းပြေးဆွဲလျက်ရှိသည်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top