iMyanmarHouse.com - Best Property Website for Myanmar
×

ငါ့အတြက္ မပူၾကနဲ႔.. အေပၚကို လက္ညိွဳးထိုးၿပီး ဟိုမွာနတ္ေတြ လာႀကိဳေနၿပီ..တဲ့။

သရဏဂံုျဖင့္ ဘဝကူးေကာင္းသြားသူ တစ္ေယာက္ အေၾကာင္း ( ျဖစ္ရပ္မွန္ ဇာတ္လမ္းေလးပါ )

( ၇ )တန္းေက်ာင္းသားဘဝက မေမ့နိုင္ေသာ ကိုယ္ေတြ႔ ျဖစ္ရပ္မွန္ အေတြ႔အႀကံဳေလးပါ…

အဘိုးျဖစ္သူ ဦးဘေဖဟာ အသက္( ၈၅ )နွစ္အရြယ္မွာ ဇရာအိုရဲ႕ ဘဝေဝဒနာကို ခံစားရတဲ႔အခါ အဘိုးက…အေမ အေမဆိုၿပီး တမ္းတပါတယ္။

အဲဒီလိုတမ္းတေနေတာ့ ၾကာလာတဲ႔အခါ ေျမးျဖစ္သူကြၽန္​​ေတာ္​ နားျငီးလာတယ္။

ညအိပ္ရင္လည္း အဘိုိုးနဲ႔ အတူ အိပ္ပါတယ္။

အဲဒီလိုညည္​းရင္​ သူ႔နားမွာေနၿပီး ေျခေထာက္ ေတြကိုနိွပ္ေပးရင္ အညည္း​ရပ္ၿပီး အဘိုးဟာ အိပ္ေပ်ာ္သြားပါတယ္။

အဘိုးျဖစ္သူဟာ သရဏဂံုကို သူ႔ပုတီးေလးနဲ႔ အခ်ိန္ရသလို စိတ္ေနတာၾကာပါျပီ။

အာနာပါနတရားကို အနည္းဆုံး မိနစ္( ၃၀ ) တစ္ခါတစ္ေလ( ၁ )နာရီေက်ာ္ တရားထိုင္ပါတယ္။ ျမင္ေတြ႔ေနၾကေပါ့။

ဒီေလာက္နွစ္ေပါင္းမ်ာစြာ လုပ္ထားတာေတာင္ ေဝဒနာ ခံစားရလြန္းတဲ႔အခါ အေမ့ကိုပဲ တ…တ…ေနတယ္။ ၾကာလာေတာ့ ကြၽန္​​ေတာ္​က စိတ္လိုက္မာန္ပါ ေျပာလိုက္မိပါတယ္။

အဘိုး…အေမ့ကို တ…မေနနဲ႔။ အေမ…မကယ္နိုင္ဘူး။ ဘုရားပဲ ကယ္နိုင္မယ္ လို႔။ အဲဒီလို ေျပာလိုက္တာ သူၾကားသြားၿပီး ခဏ ၿငိမ္သြားပါတယ္။

ၿပီးေတာ့ ျပန္ၿပီး ဘုရား ဘုရား…ဆိုၿပီး တ…ပါတယ္။ ဘိုးဘိုး ပုတီးစိတ္တဲ႔အတိုင္း တ…ေလလို႔ ထပ္ေျပာလိုက္တယ္။

အဲဒီေနာက္ ဗုဒၶံ ဓမၼံ သံဃံ အသံထြက္ၿပီး တ…တယ္။ အဲဒီလိုနဲ႔ ေနာက္ပိုင္းမွာ အဘိုးဟာ… အေမ…အေမလို႔ မတေတာ့ပဲ သရဏဂံု( ၃ )ပါးကိုသာ တ…ပါေတာ့တယ္။

အဲဒီတုန္းက ေဖေဖက စာေကာင္းေပေကာင္းေတြ ဝယ္ၿပီး စာဖတ္တာမို႔လို႔ ကြၽန္​​ေတာ္​က အေဖဝယ္ထားတဲ႔ ဓမၼာစရိယ ဦးေဌးလိႈင္ေရးတဲ႔ ရတနာသံုးပါး ဂုဏ္ေက်းဇူး စာအုပ္ကို စိတ္ဝင္တစား ဖတ္ေနတဲ႔ ကာလေပါ့…

အဘိုးရဲ႕ က်န္းမာေရးအေျခအေနက တစ္ေန႔တစ္ျခားမေကာင္းလာေတာ့ ေဖေဖ့ကို လွမ္းအေၾကာင္းၾကားလိုက္ပါတယ္။ ေဖေဖလည္း အျမန္ျပန္လာတယ္။

အားလံုးတိုင္ပင္ၿပီးဘိုးဘိုးအတြက္ သကၤန္းကပ္ဖို႔ စီစဥ္ၾကတယ္ေပါ့။ ဆရာေတာ္ဘုန္းႀကီးကို အိမ္ပင့္ၿပီး အဘိုးလက္​နဲ႔ ကပ္ခိုင္းတယ္။ တရားနာတယ္။

အဲဒီညကစၿပီး အဘိုးညည္းသံ​မၾကားရပဲ သရဏဂံု( ၃ )ပါးကို တိုးတိုးေလး ရြတ္ဆိုေနတာကို ၾကားရပါတယ္။

စိတ္ထဲလည္း အေတာ့္ကို ၿငိမ္ေနတာ ေတြ႔ရတယ္။ ေနာက္တစ္ေန႔ ေန႔လယ္မွာေပါ့… စကားကို တည္ၿငိမ္ေအးခ်မ္း ေလးနက္စြာနဲ႔ ေျပာပါတယ္… ။

မုန့္ဟ​င္းငါးေလး စားခ်င္လိုက္တာကြာ ဆိုၿပီး ေျပာပါတယ္… ။ အားလံုး အလုပ္ရႈတ္ေနၾကခ်ိန္ေပါ့။

ဒါနဲ႔ကြ်န္​ေတာ္လည္း ​​အျပင္မွာ ရွာၿပီးဝယ္ယူကာ အဘိုးကို ေက်ြးလိုက္ပါတယ္။ အဲဒါဟာ အဘိုးရဲ႕ ေနာက္ဆံုး စားျခင္းပါပဲ။

အဘိုးဟာ ေနမေကာင္းလို႔ အစာ မစားနိုင္ျဖစ္ေနတာ ၾကာပါၿပီ… ။ ဒါေပမဲ႔ မုန္႔ဟင္းငါ​​းကိုေတာ့ အကုန္စားႏုိင္တယ္။

စားေကာင္းလိုက္တာကြာ… ေက်းဇူးတင္တယ္ေနာ္ ဆိုၿပီး ဆုေတြေပးေနလိုက္တာ။

အားလံုးလည္း ဝမ္းသာၾကတာေပါ့။ အဘိုးျပန္ၿပီးေတာ့ ေနေကာင္းၿပီေပါ့ေလ… အဲဒီည( ၈ )နာရီမွာ… အိမ္ေပၚထပ္ကို တက္ၿပီး ကြၽန္​​ေတာ္​ ဘုရားရွိခိုးပါတယ္။

( ၁၅ )မိနစ္ေလာက္ၾကာေတာ့ ထူးဆန္းတာေတြ ျဖစ္ပါတယ္။ ဘုရားကိုၾကည့္ၿပီး ဘုရားစာ ဆိုေနတာ။

ဘုရားဆင္းတုဟာ…ဘယ္ ညာ လႈပ္ရမ္းေနတယ္။ ဒါနဲ႔ အာရံုကိုေဖ်ာက္ၾကည့္တယ္။ မေပ်ာက္ဘူး။

အံ႔ၾသစြာနဲ႔ မ်က္ေတာင္မခတ္ပဲ ၾကည့္ေနမိပါတယ္။ တစ္ျခားဘာကိုမွ စိတ္မေရာက္ပဲ ၾကည့္ၿမဲ ၾကည့္ေနလိုက္တယ္။

( ၅ )မိနစ္ေလာက္ ၾကာေတာ့ ပိုၿပီး လႈပ္ရမ္းျပလာတယ္။ နားထဲမွာ ေခၚသံလိုလို ၾကားလိုက္ရတယ္။ ေနာက္မွ ေဖေဖ့ေခၚသံၾကားၿပီး ျပန္ထူးလိုက္တယ္။

ေဖေဖက…အဘိုးေခၚေနတယ္။ ျမန္ျမန္လာခဲ႔တဲ႔။

ဒါနဲ႔ ခ်က္ခ်င္း ဘုရားရွိခိုးရာကေန အိမ္ေအာက္ကို ေျပးဆင္းသြားလိုက္ေတာ့…ျမင္လိုက္ရတာက အဘိုးနားမွာ အားလံုးဝိုင္းလို႔။

ေမေမ အေဒၚ ညီမ အစ္မတို႔က ငိုေနၿပီ။ ကြ်န္​​ေတာ္​ေရာက္​ေ​​အာင္​အဘိုးက ေစာင့္ေနပါတယ္။

ငိုေနတဲ႔အခ်ိန္မွာ အဘိုးက အာနာပါနလုပ္ခဲ႔တဲ႔ အက်င့္အတိုင္း စည္းခ်က္ညီစြာ ဝင္ ထြက္ အသက္ရွဴ လုပ္ေနပါတယ္။

အရမ္းလည္း တည္ၿငိမ္တယ္။ ပါးစပ္ကလည္း သရဏဂံုပါးကို ရြတ္ဆိုေနတယ္။

ကြ်န္​ေ​တာ္​အဘိုးနားေရာက္လို႔ လက္ကိုကိုင္ၿပီး အဘိုးလို႔ ေခၚလိုက္ပါတယ္။

ေခၚတယ္ဆိုရင္ပဲ အဘိုးက မ်က္လံုးဖြင့္ၿပီး တည္ျငိမ္ ေအးခ်မ္းစြာနဲ႔ ကြ်န္​​​ေတာ့္ကို ​​ေခါင္း​​​ၿငိမ့္​​အသိအမွတ္ ျပဳပါတယ္။

ၿပီးေတာ့…အေမ အစ္မ ညီမ အေဒၚ တစ္ဦးခ်င္း ျပဳစုခဲ႔တာေတြကို ေက်းဇူးတင္တယ္။ သြားမယ္ေနာ္…တဲ႔။

ေဖေဖကိုေတာ့ ကေလးေတြကို ေစာင့္ေရွာက္ပါေနာ္ တဲ့… ။

ေနာက္ဆံုးမွ ကြ်န္​ေတာ္႔​ကိုလက္နွစ္ဖက္နဲ႔ ေသခ်ာ ဆုပ္ကိုင္ၿပီး မ်က္လံုးကို ေသခ်ာစူးစိုက္ၾကည့္ကာ ကြၽန္​​ေတာ္​့ နာမည္​ ေခၚၿပီးေတာ့… မင္းကို…အရမ္းေက်းဇူူးတင္တယ္ကြာ ဆိုၿပီး လက္ကို တင္းတင္းေလး ကိုင္ၿပီး ေျပာပါတယ္။

ေနာက္အားလုံးကို ေဝ႔ၾကည့္လိုက္ၿပီး…ငါ့အတြက္ မပူနဲ႔။ အေပၚကို လက္ညိွဳးထိုးၿပီး ဟိုမွာနတ္ေတြ လာႀကိဳေနၿပီ.. ။

တရားဟာ အားကိုးရာ အစစ္ပါ။ သရဏဂံု( ၃ )ပါး အရမ္းေက်းဇူးမ်ားတယ္။

အၿမဲလိုလို ရြတ္ေန နွလံုးသြင္းေနရင္ ဘဝကူး ေကာင္းမယ္။ စိတ္ခ် အားလံုး မေမ့နဲ႔။

အဲဒီလိုေျပာၿပီးေတာ့ ကဲ…သြားမယ္ဆိုၿပီး မ်က္စိမွိတ္ဝင္ေလ ထြက္ေလ ျပင္းျပင္းရွဴၿပီး သရဏဂံု( ၃ )ပါးကို ပါးစပ္က ရြတ္ၿပီး တျဖည္းျဖည္း အသက္ရွဴသံ တိုးတိုုးသြားၿပီး ဘဝနိဂံုး ခ်ဳပ္သြားခဲ႔ပါတယ္…။

ဘဝကူး ေကာင္းသြားပါတယ္…။ အားလံုုးလည္း မငိုေတာ့ပါဘူး…။

ဒါေၾကာင့္… ကြၽန္​​ေတာ္ဟာ​လက္ေတြ႔သိခဲ႔ရလို႔ အခုေတာ့ ျပင္ဆင္ထားပါတယ္။

သရဏဂံု( ၃ )ပါး အာရုံနွလံုုးသြင္းရင္းနဲ႔ ေသမယ္လို႔အနိမ့္ဆံုးအဆင့္ ဆံုးျဖတ္ထားပါတယ္။

မိတ္ေဆြတို႔…ေသခါနီး မိတ္ေဆြေကာင္း လိုတယ္။ အားကိုးရာ ရွာထားၾကေနာ္…



ဖိုးသူေတာ္ (www.phothutaw.com)
Credit: Aung Myo than


#Unicode Version#

ငါ့အတွက် မပူကြနဲ့.. အပေါ်ကို လက်ညှိုးထိုးပြီး ဟိုမှာနတ်တွေ လာကြိုနေပြီ..တဲ့။

သရဏဂုံဖြင့် ဘဝကူးကောင်းသွားသူ တစ်ယောက် အကြောင်း ( ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ )

( ၇ )တန်းကျောင်းသားဘဝက မမေ့နိုင်သော ကိုယ်တွေ့ ဖြစ်ရပ်မှန် အတွေ့အကြုံလေးပါ…

အဘိုးဖြစ်သူ ဦးဘဖေဟာ အသက်( ၈၅ )နှစ်အရွယ်မှာ ဇရာအိုရဲ့ ဘဝဝေဒနာကို ခံစားရတဲ့အခါ အဘိုးက…အမေ အမေဆိုပြီး တမ်းတပါတယ်။

အဲဒီလိုတမ်းတနေတော့ ကြာလာတဲ့အခါ မြေးဖြစ်သူကျွန်တော် နားငြီးလာတယ်။

ညအိပ်ရင်လည်း အဘိုးနဲ့ အတူ အိပ်ပါတယ်။

အဲဒီလိုညည်းရင် သူ့နားမှာနေပြီး ခြေထောက် တွေကိုနှိပ်ပေးရင် အညည်းရပ်ပြီး အဘိုးဟာ အိပ်ပျော်သွားပါတယ်။

အဘိုးဖြစ်သူဟာ သရဏဂုံကို သူ့ပုတီးလေးနဲ့ အချိန်ရသလို စိတ်နေတာကြာပါပြီ။

အာနာပါနတရားကို အနည်းဆုံး မိနစ်( ၃၀ ) တစ်ခါတစ်လေ( ၁ )နာရီကျော် တရားထိုင်ပါတယ်။ မြင်တွေ့နေကြပေါ့။

ဒီလောက်နှစ်ပေါင်းမျာစွာ လုပ်ထားတာတောင် ဝေဒနာ ခံစားရလွန်းတဲ့အခါ အမေ့ကိုပဲ တ…တ…နေတယ်။ ကြာလာတော့ ကျွန်တော်က စိတ်လိုက်မာန်ပါ ပြောလိုက်မိပါတယ်။

အဘိုး…အမေ့ကို တ…မနေနဲ့။ အမေ…မကယ်နိုင်ဘူး။ ဘုရားပဲ ကယ်နိုင်မယ် လို့။ အဲဒီလို ပြောလိုက်တာ သူကြားသွားပြီး ခဏ ငြိမ်သွားပါတယ်။

ပြီးတော့ ပြန်ပြီး ဘုရား ဘုရား…ဆိုပြီး တ…ပါတယ်။ ဘိုးဘိုး ပုတီးစိတ်တဲ့အတိုင်း တ…လေလို့ ထပ်ပြောလိုက်တယ်။

အဲဒီနောက် ဗုဒ္ဓံ ဓမ္မံ သံဃံ အသံထွက်ပြီး တ…တယ်။ အဲဒီလိုနဲ့ နောက်ပိုင်းမှာ အဘိုးဟာ… အမေ…အမေလို့ မတတော့ပဲ သရဏဂုံ( ၃ )ပါးကိုသာ တ…ပါတော့တယ်။

အဲဒီတုန်းက ဖေဖေက စာကောင်းပေကောင်းတွေ ဝယ်ပြီး စာဖတ်တာမို့လို့ ကျွန်တော်က အဖေဝယ်ထားတဲ့ ဓမ္မာစရိယ ဦးဌေးလှိုင်ရေးတဲ့ ရတနာသုံးပါး ဂုဏ်ကျေးဇူး စာအုပ်ကို စိတ်ဝင်တစား ဖတ်နေတဲ့ ကာလပေါ့…

အဘိုးရဲ့ ကျန်းမာရေးအခြေအနေက တစ်နေ့တစ်ခြားမကောင်းလာတော့ ဖေဖေ့ကို လှမ်းအကြောင်းကြားလိုက်ပါတယ်။ ဖေဖေလည်း အမြန်ပြန်လာတယ်။

အားလုံးတိုင်ပင်ပြီးဘိုးဘိုးအတွက် သင်္ကန်းကပ်ဖို့ စီစဉ်ကြတယ်ပေါ့။ ဆရာတော်ဘုန်းကြီးကို အိမ်ပင့်ပြီး အဘိုးလက်နဲ့ ကပ်ခိုင်းတယ်။ တရားနာတယ်။

အဲဒီညကစပြီး အဘိုးညည်းသံမကြားရပဲ သရဏဂုံ( ၃ )ပါးကို တိုးတိုးလေး ရွတ်ဆိုနေတာကို ကြားရပါတယ်။

စိတ်ထဲလည်း အတော့်ကို ငြိမ်နေတာ တွေ့ရတယ်။ နောက်တစ်နေ့ နေ့လယ်မှာပေါ့… စကားကို တည်ငြိမ်အေးချမ်း လေးနက်စွာနဲ့ ပြောပါတယ်… ။

မုန့်ဟင်းငါးလေး စားချင်လိုက်တာကွာ ဆိုပြီး ပြောပါတယ်… ။ အားလုံး အလုပ်ရှုတ်နေကြချိန်ပေါ့။

ဒါနဲ့ကျွန်တော်လည်း အပြင်မှာ ရှာပြီးဝယ်ယူကာ အဘိုးကို ကျွေးလိုက်ပါတယ်။ အဲဒါဟာ အဘိုးရဲ့ နောက်ဆုံး စားခြင်းပါပဲ။

အဘိုးဟာ နေမကောင်းလို့ အစာ မစားနိုင်ဖြစ်နေတာ ကြာပါပြီ… ။ ဒါပေမဲ့ မုန့်ဟင်းငါးကိုတော့ အကုန်စားနိုင်တယ်။

စားကောင်းလိုက်တာကွာ… ကျေးဇူးတင်တယ်နော် ဆိုပြီး ဆုတွေပေးနေလိုက်တာ။

အားလုံးလည်း ဝမ်းသာကြတာပေါ့။ အဘိုးပြန်ပြီးတော့ နေကောင်းပြီပေါ့လေ… အဲဒီည( ၈ )နာရီမှာ… အိမ်ပေါ်ထပ်ကို တက်ပြီး ကျွန်တော် ဘုရားရှိခိုးပါတယ်။

( ၁၅ )မိနစ်လောက်ကြာတော့ ထူးဆန်းတာတွေ ဖြစ်ပါတယ်။ ဘုရားကိုကြည့်ပြီး ဘုရားစာ ဆိုနေတာ။

ဘုရားဆင်းတုဟာ…ဘယ် ညာ လှုပ်ရမ်းနေတယ်။ ဒါနဲ့ အာရုံကိုဖျောက်ကြည့်တယ်။ မပျောက်ဘူး။

အံ့သြစွာနဲ့ မျက်တောင်မခတ်ပဲ ကြည့်နေမိပါတယ်။ တစ်ခြားဘာကိုမှ စိတ်မရောက်ပဲ ကြည့်မြဲ ကြည့်နေလိုက်တယ်။

( ၅ )မိနစ်လောက် ကြာတော့ ပိုပြီး လှုပ်ရမ်းပြလာတယ်။ နားထဲမှာ ခေါ်သံလိုလို ကြားလိုက်ရတယ်။ နောက်မှ ဖေဖေ့ခေါ်သံကြားပြီး ပြန်ထူးလိုက်တယ်။

ဖေဖေက…အဘိုးခေါ်နေတယ်။ မြန်မြန်လာခဲ့တဲ့။

ဒါနဲ့ ချက်ချင်း ဘုရားရှိခိုးရာကနေ အိမ်အောက်ကို ပြေးဆင်းသွားလိုက်တော့…မြင်လိုက်ရတာက အဘိုးနားမှာ အားလုံးဝိုင်းလို့။

မေမေ အဒေါ် ညီမ အစ်မတို့က ငိုနေပြီ။ ကျွန်တော်ရောက်အောင်အဘိုးက စောင့်နေပါတယ်။

ငိုနေတဲ့အချိန်မှာ အဘိုးက အာနာပါနလုပ်ခဲ့တဲ့ အကျင့်အတိုင်း စည်းချက်ညီစွာ ဝင် ထွက် အသက်ရှူ လုပ်နေပါတယ်။

အရမ်းလည်း တည်ငြိမ်တယ်။ ပါးစပ်ကလည်း သရဏဂုံပါးကို ရွတ်ဆိုနေတယ်။

ကျွန်တော်အဘိုးနားရောက်လို့ လက်ကိုကိုင်ပြီး အဘိုးလို့ ခေါ်လိုက်ပါတယ်။

ခေါ်တယ်ဆိုရင်ပဲ အဘိုးက မျက်လုံးဖွင့်ပြီး တည်ငြိမ် အေးချမ်းစွာနဲ့ ကျွန်တော့်ကို ခေါင်းငြိမ့်အသိအမှတ် ပြုပါတယ်။

ပြီးတော့…အမေ အစ်မ ညီမ အဒေါ် တစ်ဦးချင်း ပြုစုခဲ့တာတွေကို ကျေးဇူးတင်တယ်။ သွားမယ်နော်…တဲ့။

ဖေဖေကိုတော့ ကလေးတွေကို စောင့်ရှောက်ပါနော် တဲ့… ။

နောက်ဆုံးမှ ကျွန်တော့်ကိုလက်နှစ်ဖက်နဲ့ သေချာ ဆုပ်ကိုင်ပြီး မျက်လုံးကို သေချာစူးစိုက်ကြည့်ကာ ကျွန်တော့် နာမည် ခေါ်ပြီးတော့… မင်းကို…အရမ်းကျေးဇူူးတင်တယ်ကွာ ဆိုပြီး လက်ကို တင်းတင်းလေး ကိုင်ပြီး ပြောပါတယ်။

နောက်အားလုံးကို ဝေ့ကြည့်လိုက်ပြီး…ငါ့အတွက် မပူနဲ့။ အပေါ်ကို လက်ညှိုးထိုးပြီး ဟိုမှာနတ်တွေ လာကြိုနေပြီ.. ။

တရားဟာ အားကိုးရာ အစစ်ပါ။ သရဏဂုံ( ၃ )ပါး အရမ်းကျေးဇူးများတယ်။

အမြဲလိုလို ရွတ်နေ နှလုံးသွင်းနေရင် ဘဝကူး ကောင်းမယ်။ စိတ်ချ အားလုံး မမေ့နဲ့။

အဲဒီလိုပြောပြီးတော့ ကဲ…သွားမယ်ဆိုပြီး မျက်စိမှိတ်ဝင်လေ ထွက်လေ ပြင်းပြင်းရှူပြီး သရဏဂုံ( ၃ )ပါးကို ပါးစပ်က ရွတ်ပြီး တဖြည်းဖြည်း အသက်ရှူသံ တိုးတိုးသွားပြီး ဘဝနိဂုံး ချုပ်သွားခဲ့ပါတယ်…။

ဘဝကူး ကောင်းသွားပါတယ်…။ အားလုံးလည်း မငိုတော့ပါဘူး…။

ဒါကြောင့်… ကျွန်တော်ဟာလက်တွေ့သိခဲ့ရလို့ အခုတော့ ပြင်ဆင်ထားပါတယ်။

သရဏဂုံ( ၃ )ပါး အာရုံနှလုံးသွင်းရင်းနဲ့ သေမယ်လို့အနိမ့်ဆုံးအဆင့် ဆုံးဖြတ်ထားပါတယ်။

မိတ်ဆွေတို့…သေခါနီး မိတ်ဆွေကောင်း လိုတယ်။ အားကိုးရာ ရှာထားကြနော်…


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top